Friday 9 October 2015

သွေးကြောကျဉ်း  ( ဆရာ ဝရဇိန်မင်း )

သွေးကြောတွေနံရံကျဉ်းလာရင် ကုသနည်း
==========================
၁။အနောက်တိုင်းဆေးနည်းကတော့ သွေးအဆီကျဆေး 

သောက်ရပါတယ်။

တစ်ပြီုင်တည်းမှာ သွေးတိုးနေရင် သွေးတိုးကျဆေး 

သွေးပြစ်လာရင် သွေးကြဲဆေး စသောက်သင့်ပါပြီ။

၂။အနောက်တိုင်းနည်း မှာ ECG နဲ့ နှလုံးသွေးကြောတွေ


ကျဉ်း မကျဉ်း ရှာနိုင်ပါတယ်။

၃။ECHO ရိုက်ရင် နှလုံးနံရံတွေ ထူ မထူ အခန်းတွေ 


ကောင်း မကောင်း မွေးရာပါ နှလုံး

အခန်းတွေမှာ အပေါက် ပါ မပါ ။ဗာ့ဘ်တွေ လုံမလုံ သိနိုင်ပါတယ်။
၎။မြန်မာဆေး ကုသနည်း ပြောပါ့မယ်။


၅။ကြွက်နားရွက်မှို(ခ)ကြာဇံကြီး ဟင်းခါးမှာ ထည့်စားတဲ့ 


အဖိုးကြီး အဖွားကြီး နားရွက်

သုတ်စား ပြုတ်စားရပါတယ်။အဆီကျပါမယ်။ပူပါတယ်။


၆။ယူရစ်အက်စစ် တက်စေလို့ ကင်းပုံညွန့်ကြော်စာ 


တို့စားရင် ယူရစ် အက်စစ် ကျပါတယ်။

ရ။ဒါမှခက်ခဲနေရင်တော့ အောက်ပါဆေးကို ဖော်ပြီး နံနက်


 အိပ်ယာထ လဖက်စား

ဇွန်းတစ်ဇွန်း ရေအေးနဲ့သောက်ပါ။


၈။သွေးတွင်းအဆီကျစေတဲ့အပြင် သွေးတိုးကိုပါ ထိန်းပါတယ်။
သွေးတိုးကျဆေးနှင့်သွေးတွင်းအဆီကျဆေး
============================
၁။ ဇာသီး ၄ ပဲသား
၂။ ဇာပွင့် ၄ ပဲသား 


၃။ တြိကဋုတ်( ၃ ပါး) ၁ ကျပ်သားစီ 


၎။ ကတ္တရသင်္ချေ (ကတြသင်္ချေ) ၁ ကျပ်သား 


၅။ ကုလားဆောင်းမေခါး ၁ ကျပ်သား 


၆။ကြဇု ၁ ကျပ်သား 


၇။ ပန်းနု ၄ ပဲသား 


၈။ပန်းမ ၄ ပဲသား 


၉။စမုန်ငါးပါး ၄ ပဲသား 


၁၀။သစ်ကြံပိုး ၄ ပဲသား 


၁၁။စမုံနက် ၄ ပဲသား 


၁၂။စူလာနဖာ ၄ ပဲသား 


၁၃။ကပ္ဖိုလ် ၄ ပဲသား 


၁၄။ကပ်မ ၄ ပဲသား 


၁၅။ဖာလာနမိတ် ၄ ပဲသား 


၁၆။ကြက်မအုပ်သီး ၄ ပဲသား(မရရင် လင်းနေ ၄ပဲသား)
၁၇။ဥပသကာ ၄ ပဲသား 


၁၈။ဆေးပုလဲ ၄ ပဲသား 


၁၉။လင်းနေ ၄ ပဲသား 


၂၀။ဇီယာ ၄ ပဲသား 


၂၁။ကရဝေး ရွက် ၄ ပဲသား 


၂၂။မိုးနံမြစ် ၁၀ သား


၂၃။ဆူးခေါက်နက် ၁၀ သား 


၂၄။ဆင်သ မနွယ် ၁၀ သား 


၂၅။ဘုမ္မ ရာဇာ ၁၀ သား


+ရေချိုးနိုင်ရပါမည်။အရက်သောက်နှုံးပါကျပါသည်)


(ကျွန်တော်ရော ဆရာ ဦးသူရရော မိတ်ဆွေ 



ဆရာဝန်တွေရော စမ်းသပ် သောက်

သုံးပြီးပါပြီ။ကျွန်တော် ဆေးနည်းတင်ရင်


 ကိုယ်တိုင်စမ်းသပ်ပြီးမှ တင်ပါတယ်။)

Thursday 8 October 2015

သိင်္ဂဓရသံဟိတာဆေးကျမ်းလာ

   သတ္တုဆေးရည်တို့ အကြောင်း။

 သတ္တုရည်၊ ကြိတ်ဆေး၊ ပြုတ်ဆေးရည်၊ စိမ်ဆေးရည်၊
ဖန်ဆေးရည်  စသည်ဖြင့် ငါးမျိုး ရှိရာတွင် အစဉ် အတိုင်း
အစွမ်းသတ္တိ တို့ သည် ပေါ့လေ့ရှိသည်။ ဥပမာ သတ္တုရည်
ထက် ကြိတ်ဆေးရည်သည် ပေါ့သည်။ ဆက်၍ နည်းမှီလေ။
#သတ္တုရည်သဘောကိုပြခြင်း
(ပိုး မီး လေ ရေ ) စသောအပြစ်ဒေါသ တို့ မှကင်းသော ဆေးပင်၌ အမှုန့် ကို ပြုလုပ်ပြီး အဝတ်တွင်ထည့်၍ ညှစ်ယူ ထားသော အရည် ကို ( မိမိအရည် ) ဟုလည်းကောင်း အစိတ် အပိုင်း အရည်ဟုလည်ကောင်း
ခေါ်ဆိုအပ်သည်။
#သတ္တုရည်ထုတ်ယူပုံဒုတိယနည်း
 ၂၄ိ - သား အလေးချိန်ရှိသောဆေးဘက်ဝါးဘက်ကို အမှုန့် ပြုပါ။ ၄င်း နှစ်ဆ တက် ရေကို ထည့်ပါ။ တစ်စုံတစ်ရာ အိုးခွက် စသည်၌ ထည့်ပြီးလျှင် ထို ဆေးဘက်များကို စိမ်ယူပါ။ တစ်နေ့ နှင့် တစ်ည တိတိ စိမ်ထားပါလေ။ နောက်တစ်နေ့ ဆေးဘက်များကို နယ်
ပြီး ထိုစိမ်ရည်မှ အဝတ်ဖြင့် စစ်ယူပါ။ ၄င်း အရည်သည်
သတ္တုရည်ဖြစ်သည်။
       #နောက်တစ်နည်း
စိုသောဆေးဖက်များကို မရသည်ရှိသော် အခြောက် ဆေး
ဘက် များကိုယူ၍ ထုချေပြီးလျှင် ဆေးဘက်၏  ၈ ဆ တက်ရေကို လောင်းထည့်ပြီးပြုတ်ပါ။ ၄ ပုံ ၁ ပုံ ကျန်သော အခါ ရေကို စစ်ယူပါ။ ၄င်း ကိုလည်း သတ္တုရည် ဟုခေါ်ကာ သတ္တုရည် ကဲ့သို့ ပင်သတ္တိရှိပြီး
၁ိ-၈ ပဲးသားခန့် မှီဝဲ နိုင်ပြီး ဆေးဘက်များကို ည စိမ်ပြီး
နံနက်တွင် ပြုတ် ထားသော အရည်ဖြစ်ပါက။ သတ္တိ ပေါ့
သည့် အတွက် ၃ိ သား ခန့် မှီဝဲနိုင်ပါသည်။
အခြောက် မဟုတ်ဘဲ အစို အဖြစ် ဆင်သမနွယ်၊ လက်ထုပ်။ မုယားကြီး၊ ကျောက်ဖရုံ၊ ရှင့်မတက်(ကညွတ်)၊ ဒဟဿကိုင်း၊ လိပ်ဆူးရွှေ၊ စမုံစပါး။ ပီဘုတ်ပင်။ ဤဆေးဘက် ၉ မျိုးကို အခါခပ်သိမ်း အစို ကိုသာ အသုံးပြုရမည်။ ၄င်းပြင် ဆေး
ဖေါ်စပ်ရာတွင် စို လျှင်နှစ်ဆ ယူရမည်ဆိုသော်လည်း။
ဤဆေးဘက် တို့ ကို မည်သည့် အခါမှ မထည့်သင့်။
သတ္တုရည်တွင် အခြား ပျားရည် သကြာခဲ တင်လဲ ဂျုံဆား
ဇီယာ သိန္ဓောဆား ထောပတ် ဆီ ဆေးမှုန့်  စသသည်တို့ ကို ထည်သည်ရှိသော် ၆-ပဲသား အလေးချိန်ထည့်ရမည်။
#ဆင်တုံးမနွယ်သတ္တုဆေးနည်း
 ပျားရည်ဖြင့် ရောစပ်ထားသော ဆင်တုံးမနွယ် သတ္တု
ရည်သည် ( ဒူလာသရော ရောဂါ အမျိုးမျိုး) ကို အောင်မြင်စေနိုင်သည်။
#ဆီးဖြူသီးသတ္တုရည်
   ဆီးဖြူသီး သတ္တုရည်သည်လည်း ပျားရည်နှင့်တစ်ကွ
နနွင်းမှုံ့ ရောစပ်ပြီသောက်ပါက (ဒူလာသရောရောဂါ)
အမျိုးမျိုးကို အောင်မြင်စေနိုင်သည်။
#မုယားကြီးရွက်သတ္တုရည်
မုယားကြီးရွက်သတ္တုရည်နှင့် ပျားရည် ရောစပ် သောက်ပါက
အဖျားရောဂါ ချောင်းဆိုးရောဂါ ဓါတ်အားကုန်ခမ်းသော ရောဂါ များပျောက်ကင်းပါသည်။ မုယားကြီး ၆ ပဲ သား ပျားရည် ၆ ပဲသား သောက်သင့်ပါသည်။
#ကိုယ်ရေဝါရောဂါအတွက်
အသီးသုံးပါး ( ဆီးဖြူ ဖန်ခါး သစ်ဆိမ့် နနွင်းရွှေ တမာခေါက် ဆင်တုံးမနွယ် ၄င်းတို့ ၏ ရရာ သတ္တုရည်ကို ပျားရည်ဖြင့် ရောပြီးသောက်ပါက အထက်ပါရောဂါ ပျောက်သည်။
#ပင်စိမ်းသတ္တုရည်/ပင့်ကူထိပ်ပိတ် စသည် နှစ်မျိုး၏ အရွက် သတ္တုရည်တွင် ငြုပ်ကောင်းမှုန့် ထည့်ပြီးသောက်ပါကဝိသမလအဖျားပျောက်ကင်းပါသည်
#သပြေသတ္တုရည်
သပြေ သရက် ဆီးဖြူ ၄င်းသုံးမျိုး ၏အရွက်သတ္တုရည်ကို ပျားရည် ထောပတ် နို့ ရောပြီး သောက်ပါက အလွန်ပြင်းထန်သော သွေးဝမ်းသက်ရောဂါပျောက်ကင်းပါသည်။
#ဆူးဖြူပင်သတ္တုရည်
ဆူးမပါသော ဆူးဖြူပင်၏ အရွက်ကို သတ္တုရည်ထုတ်ပြီး
သောက်ပါကဝမ်းသက်ရောဂါပျောက်ကင်းပါသည်။ကြောင်လျှာ ခေါက် သတ္တုရည် သည်လည်ကောင်း လက်ထုပ် ခေါက် သတ္တုရည်သည် လည်ကောင်း ရရာ ကို ယူ၍ သောက်သည်ရှိသော်အမျိုးမျိုးသောဝမ်းသက်ရောဂါ ပျောက် ကင်းပါသည်။
#ချင်းသတ္တုရည်
ချင်း သတ္တုရည်တွင် ပျားရည်ရောစပ်ပြီး သောက်ပါက မုတ် ရောင်သောရောဂါ ကို ပျောက်ကင်းစေနိုင်သလို ပန်းနာ ချောင်းဆိုးနာ နှုတ်မမြိန်နာရောဂါများနှင့်နှာစေးသော ရောဂါကိုပျောက်ကင်းစေပါသည်။
#ရှောက်ကြီးမြစ်သတ္တုရည်
ရှောက်ကြီးအမြစ် ၏ သတ္တုရည်ကို ပျားရည် ဂျုံ ဆားရောပြီး သောက်ပါက နံဘေးထိုးအောင့်သောရောဂါ နှလုံးထိုးအောင့်သောရောဂါဆီးအိမ်၌ထိုးသောရောဂါ အလွန်ပြင်းထန်သောဝမ်း၌တည်သည့် လေရောဂါများကို ပျောက်ကင်းစေပါသည်။
#ရှားဇောင်းသတ္တုရည်
ရှားစောင်းလက်ပတ် သတ္တုရည်တွင် နနွင်းရောစပ်ပြီးသောက်ပါက အသည်းရောဂါများပျောက်သည့် အပြင် ကျပ်ပတီးနာ အစို၏ အမျိုးအစားဖြစ်သော ကျပ်ပတီးနာ အမှည့်ရောဂါများပျောက်ကင်းပါသည်။
#မုယားကန်ကြီးသတ္တုရည်
မုယားကန်ကြီး သတ္တုရည်ကို  ၁ိ ၈ ပဲသား သောက်သည်ရှိသော် ကျပ်ပတီးနာအမည့် ကျပ်ပတီးနာ အစိမ်း ကိုယ်ရေဝါ ရောဂါများပျောက်ကင်းပါသည်။