Tuesday 9 February 2016
Binomial name.
Peperomia pellucida.
==( ကျောက်သင်ပုန်း ပင်)==
ကင်ဆာရောဂါကာကွယ်ရန်အတွက် ဆေးနည်း။
ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲ့
ကျောက်သင်ပုန်းဖျက်ရွက်
ယခုပုံမှာ မြင်နေတဲ့ ဒီအပင်ဟာ
 ကျောက်သင်ပုန်းသုတ်ရွက်ပင် ဖြစ်ပါတယ်။
 နတ်သမီးကွမ်းရွက်၊ နတ်သမီးကွမ်းတံတွေးပင်၊
 ရေကြည်ပင် စသဖြင့် နေရာဒေသအပေါ်မူတည်ပြီး
 အခေါ်အဝေါ်များ ကွဲပြားကြပါတယ်။
 ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကို
 ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။
 အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။
ဒီအပင်မှာ ကင်ဆာရောဂါကို
 တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidants
 ပါဝင်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီး
ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါဝင်ပါတယ်။
ဒီအပင်ဟာ ဆေးဖက်ဝင်အပင်ဆိုတာ
 သိလာကြတဲ့အတွက် ထိုင်းနိုင်ငံမှာတော့
 အစိမ်းသုပ်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊
 တို့စရာအဖြစ် စားသုံးခြင်း၊ ဟင်းရည်ချက်၍
 သောက်ခြင်းများကို ပြုလုပ်ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့
 ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ)
 အတွက် ဒီအပင်ကို သုပ်စားခြင်း၊
 ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။
#ဆေးအဖြစ် အသုံပြုပုံများ-
(၁) ရင်သားကင်ဆာရောဂါအတွက်
 အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ
 ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို
 အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို
 အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင်
 သက်သာပျောက်ကင်းစေပါသည်။
(၂) ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမ်ျိုး၊ အနာစိမ်း၊
 ပြည်တည်၊ ၀က်ခြံနာ၊
 အရေပြားရောဂါအမျိုးမျိုးတို့အတွက်
 အရွက်ခပ်သန့်သန့်ကို ကျိတ်၍ အနာပေါ် အုံပေး၊
 လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။
(၃) ရေရုံရောဂါအတွက် အပင်၊ အရွက်၊ အပွင်စတဲ့
 တပင်လုံးကို နနွင်း၊
 ဆန်စေ့အနည်းငယ်တို့နှင့်အတူ ရောထောင်း၍
 ရေယုံ နာပေါ်ကို တစ်ညခန့် အုံပေးပါက
 သက်သာပျောက်ကင်းစေပါသည်။
(၄) ၀က်ခြံ၊ တင်းတိပ်များအတွက် ပဉ္စငါးပါးလုံးကို
 ပြုတ်၍ ၄င်းဆေးပြုတ်ရည်ကို မနက်တိုင်း
 မျက်နှာသစ်ပေးပါက
 သက်သာပျောက်ကင်းစေပါသည်။
(၅) ဒူလာရောဂါ၊ အဆစ်မြစ်ရောင်
 ဂေါက်ရောဂါများအတွက် ၄င်းအရွက်ကို
 ရေစင်အောင်ကြောကာ သုပ်စားခြင်း၊
 ပြုတ်စားခြင်း၊ တို့စာခြင်းများ ပြုလုပ်ပေးပါက
 ရောဂါကို သက်သာပျောက်ကင်းစေပါသည်။
(၆) မျက်စိနာ၊ မျက်စိတိမ်ဖြစ်ခြင်းတို့အတွက်
 ဒီအရွက်ကို လက်တစ်ဆုပ်ခန့်
 သန့်သန့်လေးဖြစ်အောင် ဆေးကြောပြီး
 အရည်ညစ်ယူကာ မျက်စိကို အနည်းငယ်စီ
 တစ်နေ့ ၂ ကြိမ် ခပ်ပေးပါက မျက်စိနာနဲ့
 မျက်စိတိမ်များ ပျောက်ကင်းပါတယ်။
(၇) ကြွက်နို့ပေါက်သူများအတွက် အပင်ကို
 အရည်ညစ်၍ ကြွက်နို့ပေါ်ကို ၄င်းအရည်ဖြင့်
 မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း
 ကြွက်နို့ပေါ်ကို အုံထားပေးပါ။ ကြွက်နို့များ
 အံ့သြစွာ ပျောက်ကင်းသွားပါလိမ့်မည်။
စောနွဲ့နေဆိုင် (ပူတာအို) ။ ဘီဘီစီ ၀င်းမြင့်
ကျီးကန်းးးး
ရှင်နာဂသိန် ပုံပြဆေး အဘိဓါန်မှအသုံး။
ကျီးတောင် မီးဖုတ် ငရုတ်ကောင်း စဖိုလယ်ပြာ
ဤ သုံးမျိုး တစ်မူး စီ စု အမှုန့်ပြု မီးဖွားပြီးနောက်
ဖြစ်တတ်သော သွေးပုပ်ကျန် လူမှန်းမသိ တုံးကဲ့
သို့ဖြစ်နေသော မိန်းမအား နမ်းရှုစေသော် ယင်း
ဝေဒနာမှ ချမ်းသာရာ ရ၏။
ကျီးတောင်ကို မီးမြိုက် ၍ ရ သမျှ ကိုယူ ဂုံး အရှင်
ရည်ဖြင့် ဖျော် ကြံတစ်ဆစ် ခဲပုပ် ကို အတန်ငယ်
သွေး၍ခပ်ပါ။ တိမ်သလာ ကွာ၏ စား၏။
တောကျီးကန်း သားကို အသံဝင်အသံပြာ သော
ရောဂါ ပျောက်ကင်းစေရန် ကြော်၍ စားရသည်။
ကျီးတောင်ကို အုန်းဆီ ဆွတ်ပြီး နားကျပ်ပေးပါက
နားအူ နားပင်း ရောဂါ ပျောက်သည်။
ဘုတ် တစ္ဆေ ဖမ်းစား၍ ဖြစ်သော ရောဂါတို့ ၌
တောကျီးအတောင် လင်းနို့ချေး ခိုချေး
ကြက်တောင်ပျံ ချေး ဖြူဆူး သီးသခွံ  ဤဆေး ၆ပါး
မီးကျွမ်းအောင်လှော် အမှုန့်ပြု၍ နှာ အဖြစ်မှုတ်ပေး
ကျီးတောင် ခုနှစ်တောင် ကို မီးတွင်ဖုတ် ၄င်း အမှုန့်ဖြင့် အရက် ကောင်းကောင်း အချိန် ၂ ကျပ်
သား ရော၍ သောက်ပါက သွေးအန်ရောဂါ ပျောက်
ကင်းသည်။
ဆရာမင်းမင်းထက်သာ။
==================================
ကျမ်းမာရေးသုတပဒေသာ
စပ်မိစပ်ရာမြန်မာ့ဆေးပညာ
*****************အပိုင်း(၂)
(မီးယပ်အဖြူဆင်းခြင်းပြဿနာနှင့်
    မြန်မာ့ဆေးပညာအမြင်
    **************
       &*သွေးဆုံပြီး၅၀ကျော်မီးယပ်အဖြူဆင်းခြင်း
      ပထမဆုံးကျနော်မြန်မာ့ဆေးပညာသင်ယူပြီး
နောက်မှာဒေါ်ခင်ခင်သန်း(၅၈)ဟာအသက်၅၆နှစ်မှ
မီးယပ်အဖြူဆင်းဆင်းနေလို့ဆေးရုံဆေးခန်းစုံပြပေ
မဲ့နောက်ဆုးံ(သားအိမ်ကင်ဆာဖြစ်နိင်ခြေ ၇၅%ရှိ
တယ်ခွဲထုပ်ပြီးဓါတ်ကင်ရမယ်ဆိုတော့ ဒီအရွယ်မခွဲ
ဘူးသေချင်သေ ဓါတ်ကင်ပြီး  ရှင်နေတာငါ့ဖြင့်မ
တွေ့ဘူးပါဘူး(1998)ပေါ့နော် ဒီလိုနဲ့ဒီလိုနဲ့ကျနော်
စစ်ကိုင်းတိုင်းထဲကသူတို့မြိုကိုတာဝန်ကျတယ် ဆေး
ခန်းပိစိပေါက်စလေးဖွင့်ကုတာလဲအချိန်ပိုင်းလုပ်တာ
ပေါ့ ကျနော်အကြောင်းသိတဲ့မိတ်ဆွေကခေါ်လာပြီး
ပြတယ်တိုင်ပင်တယ်ပေါ့(*ကျနော်ကလည်းရှင်းရှင်း
ပြောကုတယ် *ပျောက်မယ်လို့တာဝန်တော့မယူဘူး
အကုသခံချင်ရင်တော့ မြန်မာတိုင်းရင်ဆေးနဲ့ကုသ
ပေးမယ် ပြောတော့ အဲ့ဒီအန်တီဒေါ်ခင်ခင်သန်းက
ဝမ်းသာအားရ ဆေးဘယ်လောက်ခါးခါးပြင်းပြင်းဗမာ
ဆေးဆိုသူသောက်နိင်တယ်တဲ့ ဒါနဲ့ကျနော်ကုသ
ဖြစ်တယ်ပေါ့နော်
   &*၂နှစ်ကျော်မီးယပ်အဖြူ အနီအဝါရောင်စုံနဲနဲ
ဆင်းလူကလည်းဖြူဖတ်ဖြူရော် အမြဲမူးဝေအကြော
တက်နေပြီးနေလို့ကောင်းတယ်တဲ့နေ့ရယ်မရှိဘူး
မိသားစုကဆန်စက်နဲ့သစ်တိုက်ကားတွေရှိလိုသာ
ပေါ့   ပထမဆုးံ၂ရက်မှာကျနော်
၁။မနက်၆နာရီမုတ်ကဲဆေးကော်ဖီ၂ဇွန်းကိုမန်းကျီး
   ထန်လျက်ဖျော်ရည်နဲ့တိုက်တယ်
၂။နေ့၁ နာရီမှာအမှတ် ၆ ဟလိန္ဒစုဏ္ဏတိုက်တယ်
   ကော်ဖီ၁ဇွန်းရေနွေးနဲ့်
၃။ညနေ၆နာရီမှာအမှတ်၂၇တိုက်တယ် ကော်ဖီ၁ဇွန်း
    ရေနွေးနဲ့
၎။ည၉နာရီမှာအမှတ်၁၀ဆီးရွှင်ဝမ်းနုတ်ဆေးကော်
   ဖီ၁ဇွန်းမန်ကျီးဖျော်ရည်ချဉ်ခိုနဲ့တိုက်တယ်
       &*ဘာကြောင့်တိုက်တာလဲ???
%*၁၁မုတ်ကဲဆေးကဝမ်းလဲပျော့တယ် ရှားစောင်း
    လက်ပတ်လဲပါတယ်အေးလဲအေးတယ်*မီးယပ်
   အစ/အလယ်/အဆုံးအရွယ်၃ပါးလုးံတွက်ကောင်း
   လို့ဘဲ(အထူးသဖြင်*မီးယပ်အဖြူဆင်းတာအပူ
   အားကြီးလို့ဒါကြောင့်(က)ပါစကဝမ်းမီးအစာချက်
 တဲ့အပူရှိန်လျော့ချဖို့(ခ)သားအိမ်ထဲလောင်နေတဲ့
အပူတွေအပုတ်တွေအေးအောင်ကြေအောင်ဒီဆေး
ကိုတိုက်လိုက်တာဖြစ်တယ်
&*အမှတ်၆ဟလိန္ဒစုဏ္ဏဆေးအစွမ်းကအေးကြေ
   ကြည်သန့်ပွင့်ဆိုတဲ ဂုဏ်သတ္တိ၎ပါးရှိတယ်
#*၆ ဆေးဟာအေးတဲ့ပဘာဝသတ္တိရှိတယ်
#*၆ဆေးဟာအစာနဲ့တကွဓါတ်၅ပါးကိုညီစေတယ်
#*၆ဆေးကအခိုးလဲပွင်ပြီးအကာသရစေတယ်
#*အထူးသဖြင့်သွေးဓါတ်ကိုသန့်ရှင်းစေတယ်
    ကြည်လင်စေတယ်ဒါကြောင့်ဆရာကြီးတစ်ခိုက
    ဟလိန္ဒစုဏ္ဏလိုမခေါ်ဘဲ(သွေးကြည်သွေးသန့်)
    အခိုးပွင့်ဆေးလို့ခေါ်တယ်(မိုးနဲ့ဆောင်း)လက်
   သုးံဆေးထားလေ့ရှိတယ် ဘာကြောင်လဲဆိုတော
    အဲ့ဒီရာသီ၂ပါးလူအများစုဗိုက်ထဲအပူအားကြီးလို့
     ပေါ့ဗျာ ဆောင်းချွေးမထွက်မိုးချွေးမထွက်အခိုး
    ပိတ်တော *ချွေးထွက်ဖိုမလိုတဲ့အေးပြီးပွင်တဲ့
    ဒီဆေးကနတ်ဆေးတစ်ပါးပေါ့ နှာစေနှာပိတ်
    ချောင်းဆိုးဥတုဖျားများမက်လင်ချဉ်အမှတ်၁နဲ့
    ဒီ၆ ဆေးဖိတိုက်၂၄နာရီကျော်ဒေါင်ဒေါင်မြည်
    စေတဲ့တုတ်ကွေးဖျားပျောက်ဆေးပေါ့ ထားပါစို
%&အမှတ်၂၇ဆေးကတောလေကြွတယ်ဗျ အရပ်
သားနားလည်အောင်အောင်ပြောရရင်သွေးသလိပ်ကို
အထက်ပင်အောင်ကြွအောင်လုပ်နိင်သလိုလမ်းလွဲနေတဲ့လေကြောသွေးကြောတွေ မှန်စေတယ်
     *ဘာကြောင့်တိုက်တာလဲ????
        မီးယပ်သွေးအဖြူဖြစ်ဖြစ်အနီဖြစ်ဆီးဝမ်းတွေ
အောက်ဒွါရပေါက်ကထွက်အောင်တွန်းပို့တာ*လေ
လေ ဓါတ်ပေါက် ခုသားအိမ်အဖြူဆင်းဆင်းနေ
အောင်တွန်းချနေတာလေဘဲပေါအဲ့ဒီတွန်းချလေကို
တွန်းတင်ချင်တာ*အဲ့လိုတွန်းတင်လိုရတဲ့ဆေးဖြစ်
ရုံနဲ့မပီးဘူးလေဗျာ မီယပ်သွေးခေါ်(အာပေါဓါတ်နဲ့
ပထဝီဓါတ်ပါအထက်ကြွအောင်လုပ်နိင်တဲ့ဆေးလို
တယ်အဲ့ဒီဆေး၂၇ဆေးပေါ့လေသလိပ်သွေးကြွ
အပေါ်တက်နေမှ (သားအိမ်ထဲလေဖိအားနည်းတော့
မပေါ့ တက်နေတဲ့အပုတ်သွေး/သလိပ်ခိုးတွေအ
ပေါ်ကထွက်စေချင်လို*အာကာသရတဲ့၆ဆေးနေ့ကိုတိုက်ထားပြီးဖွင့်ထားတာလေ**ဆေးကုတာ
*အတွေးအခေါ်ရှိမှမြန်မာဆရာကောင်းဖြစ်မှာပေါ့
ဒါကြောင် ဖွင့်တယ်*အခိုး* ကြွစေတယ်ထစေတယ်
၂၇ဆေးတိုက်တယ်(*အထက်ဖွင့်ပြီးပြီ)ဒါဆိုအောက်ပေါက်ကဖွင်ရအုန်းမှာပေါ့
#@*ဒါကြောင့်အောက်ကိုသက်လျောပွင့်စေတဲ့
ချီးမစင်အဖြစ်နဲ့ဆီးမစင်အဖြစ်ထုပ်ရမဲ့(ဆီးရွှင်
ဝမ်းနုတ်ဆေး)တိုက်တယ်
    %&*ဗမာလိုပြောရင်ဆေးမကုခင်ခန္ဓာကိုယ်အ
တွင်းအပြင်သန့်ရှင်ရေးလုပ်တာပေါ(ဆေးအခေါ်အစ္ဈတ္တအတွင်းကလီစာသန့်ရှင်းရေးလုပ်တာ)***မြန်မာ့ဆေးဆရာအတော်များများဒါနာမလည်တာတွေ့ရတယ် ဒါကြောင့်ဆေးကုသတာမထိရောက်ဖူးကွ**
လိုဆရာဆရာကြီးတွေကပြောကြတာပေါ့**ဒူနာခါး
နာဗိုက်အောင့် ပျောက်ဆေးပေးရုံပေးခဏပျောက်အ
မြစ်မပြတ်တာ သနါ့ရှင်းရေးမလုပ်ဘဲကုလိုကွတဲ့**
ဆရာကြီးတွေမှာတာကိုပြောပြတာပါ**အင်သနှ်ုရှင်း
ရေးကစကုထုးရေးပြရတာနဲ့ပြီယ်ထင်တယ်
&*ဒုတိယလုပ်ငန်းစဉ်
**************
      အပူအစပ်နဲ့မာတဲအစာအာဟာရတွေအကုန်
ဖြတ်တယ်။
      အေးခိုဖန်ဆမ် တဲ့အစာတွေကျွေးတယ်အ
ကြေးပါတဲ့*အေးတက်စငါးလေးပေါက်စနငါးခုန်မ
ဝက်သားအသား/ငါးနဲ့ဇီဖြူသီး/ငါးဟင်းနဲ့ဖန်ခါးသီး
ဗူးသီးဂေါ်ရခါးသီး/မက်လင်ခြောက်ပါတဲ့ဗူးတို့
ကန်းစွန်ရွက်တို့ချဉ်ပြုးံလေးငါးခေါင်းလိုထည့်ချက်ဟင်းမိုးပေါ့ဗျာ (အေးဖန်ဆိမ်ခိုစာ)ရှာကြွေး
&*အနည်းဆုးံနာတာရှည်ဆိုတော၃ရက်တွင်းကု
ဆေးမပေးပါဘူးသန်ရှင်ရေးလုပ်နေတာအဲ့သန့်
ရှင်ရေးနဲ့အတူပေါ့ဗျာ(သာအိမ်ထဲပြွန်ပိုက်နဲ့တိုင်း
ရင်ဆေးအမှတ်၄၃ရေနွေနဲ့စိမ်ထားတဲ့ဖန်ဆေးရည်
နဲ့ထည့် ဟဲဟဲ ၂၀စီစီဆေးထိုးပိုက်နဲ့*ဆရာမကို
ခိုင်းရတာပေါ့**ပြီးရင် ဂေါ့စအဝတ်လိပ်မှာ(နှမ်းဆီနဲ
အမှတ်၄၅ဆေးဆီနဲနဲဆွတ်ပြီးသားအိပ်မထဲထည့်
ထားလိုက်တယ်ညနေပိုင်းပေါ့ မနက်ထုပ်ပစ်လှဲ။
&*ဆေးကုသပြီ
***********
၁။ဖေါ်ပြခဲ့ပြီးဖြစ်တဲ့အမှတ်၁၅ဆေးနဲ့၂၁ဆေးကို
၂။မနက်၆နာရီ မုတ်ကဲအမှတ်၁၁ဆေးနေတိုင်းတိုက်
   တယ်
၃။ညနေ၆နာရီအမှတ်၁၆ဆေးကိုသကြားရေလေး
   ရေအေးနဲ့တိုက်တယ်/၁၅ဆေးသီးသန့်လဲ၂ရက်
   စီချိန်းပြောင်းပြီးတိုက်တယ်။
၎။အမှတ်၁၀နဲ့အမှတ်၂၇ဆေးဆတူ(၁ကျပ်သားစီ
)စပ်ထားတဲ့ဆေးည၉နာရီကော်ဖီ၁ဇွန်းတိုက်တယ်
(*ကြက်သိမ်နွေးရေကျက်အေးနဲ့ပေါ့  ဟဲဟဲ
ဥာဏ်လေ ဥာဏ်  (ဆီးဝမ်းလဲမှန်စေအကြေလေ
သွေးလမ်းမှန်စေပေါခင်ဗျ*
၎။၃ရက်ခြားတစ်ကြိမ်အမှတ်၆ဆေးတိုက်တယ်
    (အဲ ၇ရက်လောက်ဇီးဖြူသီးနဲ့ငါးဟင်း)အမြင်
    ကပ်အောင်ချက်ကျွေးခိုင်လိုက်တယ်
၅®¥သားအိမ်ကိုဆေးစတိုက်တဲ့နေကစပြီး(×၄၅
ဆေးမသုးံတော့ဘူ ပူလိုဗျဟဲဟဲ)
£€အဲ့ဒီအစာ၄၃အကင်း၁၀ပါးစေနဲ့နှမ်းဆီဖျော်အရည်စစ်ထားတာလေး ဂေါ့စနဲ့ဆွတ်သားအိမ်ထဲထည့်
မကြာပါဘူး၎ရက်ထည်ပြီးရပ်ထားဆေးတိုက်
&**ကျနော်ကုသတာ၁၂ရက် လုးံဝအဖြူဆင်းရပ်
သွားတယ်(သွေးဆုးံပြီးသူဖြစ်လိုနောက်၁၄ရက်
အဲ့ဒီအတိုင်းဆေးဆက်ပေးတယ်
@#*၁၄ပြည့်ပြီးနောက်နေ့ကစလို၆နာရီ၁ကြိမ်
၁၅ဆေးမရောစပ်/၂၁ဆေးမရောစပ်ဘဲ၁၄ရက်
ဆက်တိုက်တယ်(မနက်၆/ည၉ဆေးမပြောင်းဘူး)
ပုံမှန်တိုက်တယ်
    &*၁လ၂၀ရက်လုးံဝစိတ်ချသွားရလို့(၆လအပူ
အစပ် *အဖန်*)မစားဖို့မှာလိုက်တယ်တယ်
အင် ဆီးဝမ်းသွေးလေမှန်စေတဲ့(၁၁/၂ရ/နဲ့
လူကြီးဆိုတော့ ၁၆ဆေးလေးကော်ဖီဇွန်းတစ်ဝက်ရေ
အေးနဲ့သောက်ဖို့၁လစာလောက်ပေးလိုက်တယ်
အတော်အသက်ရှည်တယ်ဗျ
 &**အသက်၇၅ကျော်၂၀၁၅မှာမှဆုးံသွားတယ်ခင်
ဗျအိုနာပေါ့ခင်ဗျ
   &*ဒါက သွေးဆုးံပြီးနောက်ကုထုးံပါဗျာ
%&*သိစေချင်တာက(၁၅+၂၁)ဆေးဟာမီးယပ်အဖြူဆင်းတာကိုပျောက်စေတယ်/သားအိမ်နာကိုအဓိ
ကဆရာ့ဆရာကြီးတွေ (ရှိပြီးဆေးနဲ့ပေါင်းစပ်)ကု
သကြတယ်အဲ့ဒီပညာမိုးတွေ*ရှာဖွေ လေ့လာ သင်
ယူစေချင်တဲ့စေတနာနဲ့ဘဝမှာ(အနောက်တိုင်းခေတ်မှီကုသနည်းစနစ်နဲ့ဆေးကုသဖို့ဆေးကုန်ပြီ/မတတ်နိင်တော့ဘူးဆိုတဲ့အခါ…………
{¥လက်တွေ့အသုးံချတတ်တဲ့မြန်မာ့ဆေးပညာ
ဟာ အာကိုးအားထားစရာပါဗျာ………ဝမ်းနည်းစ
ရာကောင်းတာက
   &*ကူပ်တို့လူမိုးတွေဘဲ
&*ဗန္ဓောဆေးလေးသောက်ပျောက်တော့ ကံကောင်းလိုပျောက်တာပါ သေနေ့မစေ့သေးလို့
ပါ  သေမဲ့ကင်ဆာလို အေအိုင်ဒီအက်စ်လိုရောဂါ
မဟုတ်လို့ပေါ့တဲ့………
¥¥¥¥အင်မရေးတော့ဘူး
ကျမ်းမာပါစေခင်ဗျား
%&*ဆေးနည်းဆေးစာများgpတွေမှာစာအုပ်ရှိပါ
တယ်ရှာဖတ်ပါခင်ဗျာ်း
 ဆရာမင်းမင်းထက်သာ။
================================
ကျမ်းမာရေးသုတပဒေသာ
စပ်မိစပ်ရာမြန်မာ့ဆေးပညာ
****************အပိုင်း{၁}
(မီးယပ်အဖြူဆင်းခြင်းပြဿနာနှင်တိုင်းရင်းဆေး)
      အမိုးသမီးများဟာအသက်၁၂နှစ်၁၃နှစ်ပိုဖေါ်
ဝင်စအချိန်ကနေပြီး၄၇-၄၈-၅၀(တစ်ခို၄၀နှစ်)
သွေးဆုးံချိန်ကာလအရွယ်အတွင်းမှ၈၀%သောအမိုး
သမီးတွေဟာ မီးယပ်အဖြူအနည်းနှင်အများဆင်းဘူး
ပါတယ်။
     တစ်ခိုမီးယပ်သွေးအနီမဆင်ခင်မီးယယပ်အဖြူ
ပြပြီးဆင်တာ/တစ်ခိုမီးယပ်သွေးအနီဆင်ပြီးအဖြူ
အနည်းငယ်ဆင်းပြီးရပ်သွားတာမိုးကတော့သဘာ
ဝလိုသတ်မှတ်ထားကြပေမဲ့  *တစ်ခိုတစ်ခိုဟာ
မီးယပ်အဖြူဆင်းဆင်းနေတတ်ပါတယ်။
     &*မီးယပ်အဖြူဆင်းလွန်းခြင်ဟာအန္တရာယ်ရှိပါ
တယ် ဒီနေ့သားအိမ်ကင်ဆာ/သားအိမ်ခေါင်းကင်
ဆာအထိဖြစ်နိင်ပါတယ်။
     သိပ်အကျယ်မချဲ့တော့ပါဘူးမြန်မာ့ဆေးပညာ
မီးယပ်အဖြူဆင်းခြင်းဟာ(အပူလွန်-ဥဏှတေဇေါ
မီးလွန်)ပြီးဖြစ်တဲ့ရောဂါဖြစ်ပါတယ်//နောက်ဆုးံ
သားအိမ်ကင်ဆာဆိုတာ  အပူလွန်သန္ဓပတ်နာလို့
ခေါ်ပါတယ်။ဒီနေ့သားအိမ်ခေါင်းကင်ဆာကာကွယ်
ဆေးတွေရှိပေမဲ့အနေအထိုင်အစားအသောက်မဆင်ချင်လို့ကတော့ အခန့်မသင်ရင် မီးယပ်အဖြူဆင်
လာပြီးနောက်မှာတော့မဟာသန္ဓိပါတ်ကုမရတဲ့
သားအိမ်ကင်ဆာအဖြစ်ပြန်ရတတ်ပါတယ်။
    ဒါကတော့သုတအဖြစ်ရေးတာပါ
&*အမိုးသမီးတွေမီးယပ်အဖြူရက်ရှည်လများဆင်း
နေရင်တော့မပေါ့ဆပါနဲ့တတ်သိနားလည်တဲ့အင်္ဂလိပ်မြန်မာဆရာတွေကိုနဲ့တိုင်ပင်ကုစေချင်ပါတယ်
     %&*ကျနော်ခုရေးသားတင်ပြပေးမဲ့ဆေးကုသ
နည်းကတော့တိုင်းရင်ဆေး၅၇မိုးထဲမှာ(သားအိမ်
ကင်ဆာအထိကုသနိင်စွမ်းတဲ့***တိုင်ရင်းဆေးအ
ခြင်းခြင်း ပေါင်းစပ်ကုသနိင်တဲ့ နည်းစနစ်ကိုရေးပါ
ပြပါမယ်။ဒါဟာ ဆေးဆရာဘဝမှာလက်တွေ့ကုသ
ခဲ့ရသမျှကိုမျှဝေတာပါ။
       မြန်မာဆရာတွေ /မြန်မာ့သမားတော်တွေဆီ
ရောက်လာတဲ့လွန်ခဲ့တဲ့၁၈နှစ်ကစယနေထိလူနာ
အများစုဟာ  *ခေတ်မှီဆေးခန်းကြီးတွေမှာပြသကု
သပြီးငွေကုန်လူပန်းရောဂါကျွမ်းမှ  မခန်းမနားမြန်မာ့
ဆေးခန်းလေးတွေဆီရောက်လာတတ်တာတွေ့ရတယ်   နယ်တွေမှာတာဝန်ထမ်းဆောင်ရင်းမီးယပ်ရော
ဂါအမိုးမိုးကြောင်သာအိမ်ထုပ်သူတွေ/သားအိမ်
ကင်ဆာလို့ဆိုပြီးဓါတ်ကင်တာတွေဆေးဖိုးဝါးခမတတ်နိင်တော့လို့ငုတ်တုတ်အသေခံရမဲ့သူတွေအများ
ကြီးရှိပါတယ်  ဒီထဲက ကျနော်နဲ့ကြုံသမျှတွေကို
အင်္ဂလိပ်+မြန်မာ ကြုံသလိုကုသခဲ့ရတဲ့အထဲ
{®မီးယပ်အဖြူဆင်းတာကိုအင်္ဂလိပ်ဆေးနဲ့လုးံဝ
ရပ်တန့်အောင်မလုပ်နိင်ဘဲ အသက်အန္တရာယ်ချိန်း
ခြောက်လာမဲ့သားအိမ်ထုပ်ပြစ်ရမဲ့အခြေအနေရောက်လာတဲ့အခါမှာ ကျနော်အနေနဲ့ကိုယ်စွမ်းဥာဏ်
စွမ်းရှိသမျှ ကျေးဇူးရှင်မြန်မာဆရာကြီးများလက်ထပ်
သင်ကြားပေးလိုက်တဲ့{မြန်မာတိုင်ရင်ဆေးဗိန္ဓော
ဆေးပညာကိုထုပ်သုးံရပါတော့တယ်။)
      တိုင်းရင်ဆေး၅၇မိုးထဲမှာ{မီးယပ်အဖြူဆင်း
မီးယပ်သားအိမ်နာရောဂါအတွက်အလွန်အစွမ်းထက်
တဲ့ဆေးနံပါတ်တွေပေါင်းစပ်ကုသရတဲ့နည်း၂၅၈၀
တိတိထိကျနော်ကျေးဇူးရှင်ဆရာများအာဂုံဆောင်
ဆေးစပ်ကုသပုံကိုလက်ထပ်တင်ပေးခဲ့တာပ့ါ။
     &*ဘယ်ပြင်ပဆေးမှမသုးံဘဲ ဆရာဦးသိန်းလွင်
ဆေးစာအုပ်မှာဖေါ်ပြထားတဲ့ဆေးနည်း၅၇မိုးနဲ့
ထောင်ချီကုသပေးခဲ့ဘူးတယ်(*မီးယပ်အဖြူဆင်း
တဲ့ဝေဒနာရှင်တွေပါ)
     ခုခေတ်တိုင်းရင်းဆေးတက္ကသိုလ်ဆင်းတဲ့ဆရာ
တွေသင်ရမသင်ရတော့ကျနော်မသိတော့ပါ ဒါက
ကျနော်ဆရာကြီးများလက်ထပ်သင်ပေးတဲ့*ဆေး
နံပါတ်ပေါင်းစပ်ကုထုးံတွေထဲကမီးယပ်အဖြူဆင်း
ရောဂါကုသဖို့နည်းပါ။
&*မီးယပ်အဖြူဆင်းသူအရွယ်၃ပါးရှိပါတယ်
(၁)ပိုဖေါ်ဝင်ပြီးနောက်အသက်၁၆နှစ်နဲ့၂၀နှစ်ရွယ်
     မီးယပ်အဖြူဆင်းခြင်း
(၂)အသက်၂၀မှ၅၈သွေးဆုးံချိန်အထိအရွယ်မှာမီး
      ယပ်အဖြူဆင်းခြင်း
(၃)သွေးဆုးံပြီးနောက်အသက်၅၅မှ၇၀ထိအရွယ်အ
      ဖြူဆင်းခြင်(ရှာပါးသောလည်းသိာမ်ကင်ဆာ
      ဖြစ်လာရင်ဆင်းပါတယ်)
         ဘယ်အရွယ်ဘဲဖြစ်ဖြစ်ဒီလိုဆေးစပ်တိုက်ပါ
1**အမှတ်၂၁ဆီးဆေးဖြူ  +အမှတ်၁၅သည်းခြေ
       ဆေး(ဆတူစပ်စပ်တိုက်ပါ)
      &*၂၁ဆေး၁ကျပ်သား+၁၅ဆေး၁ကျပ်သား
     ပေါင်း၂ကျပ်သားစပ်ပါZeberစတီးဟင်းရေ
      သောက်ဇွန်း ၁ဇွန်းစာဆေးတစ်ခွက်စာ/ကို
&*ရောဂါနုလျင် ၆နာရီတစ်ကြိမ် သကြားရေနဲ့တိုက်
     ပါ(ခိုရုံကလေးသာ)
&*ရောဂါရင်လျင်၎နာရီတစ်ကြိမ်တိုက်ပါ*
&*သားအိမ်ကင်ဆာအဆင့်ဆိုလျင်၃နာရီတစ်ကြိမ်
     တိုက်ပါ။
$*ဘာကြောင့်တိုက်တာလဲ???
    $အမှတ်၁၅ဟာအပူသည်းခြေ၄၀ကိုငြိမ်းစေသ
    လိုအေးဖန်ဆိမ့်ရသာရှိပါတယ်
*အအေးကအပူငြိမ်းစေတယ်
*အဖန်ကသွေးနီဥကိုဖျက်ဆီးတဲ့(အပူသွေးဖြူဥဖြစ်
   မဲ့သာအိမ်တွင်းဝင်မဲ့သွေး*ကိုခူပ်စေဖြတ်
    တောက်တားဆီးနိုင်တယ်**ဖန်လျင်ခူပ်**ဆို
    တဲ့ဆေးဥပဒေသလာစကားရပ်ဖြစ်တယ်။
        *လူပိန်းသိပြောရင်*သားအိမ်ထဲသွေးအသစ်
     ထပ်မဝင်အောင်သားအိအိမ်သွေးဝင်ကြောကို
     ပိတ်စေတဲ့သွေးဆေးတစ်မိုးဖြစ်လိုပါ……ဒီ
     ၁၅ဆေးကိုမိန်းမသားတွေရာသီလာချိန်မီးယပ်
     ဆင်ချိန်သောက်လိုက်ရင်သွေးဆင်းရပ်သွား
     ပါတယ်ဒါဗမာဆေးကိုင်သူတိုင်းသိပါတယ်)
&*ဆိမ့် တဲ့ရသသတ္တိဂုဏ်ဟာအာပေါပထဝီကို
      ဖြစ်စေတယ် *မီးယပ်အဖြူဆင်းမှတော့
      သွေးအားနည်းမယ်အဲ့ဒီအတွက်မူးမယ်နုးံချိ
      မယ် ရှင်းရှင်းပြောရင်သွေးအားတိုးစေတယ်ပေါ
 %&*အမှတ်၂၁ဆီးဆေးဖြူ
            အေးခါးကြေပွင်စေတဲ့သတ္တိရှိသလိုဆီး
ရောဂါအမိုးမိုးအပြင်အမိုးသမီးသာအိမ်အပူမိတာ
တွေ သားအိမ်ထဲအညစ်အကြေးမလကြောင်ပိတ်
ဆိုအနာဖြစ်တာတွေသားအိမ်နံရံရှိ သွေးအိပ်ကလေး
တွေကိုသန့်ရှင်စေတယ်(ကျောက်ကပ်ဇကာကိုသန်
ရှင်းနိင်သလိုသားအိမ်နဲ့တကွကလီစာအတော်များ
များကိုသန့်ရှင်စင်ကြယ်စေပြီးမလအညစ်အကြေးကို
ဆီးအဖြစ်ပြန်ထုပ်နိင်စွမ်းတယ်ဒါကြောင့်သုးံတာပါ။
      $*အေးတာကအပူငြိမ်းသာသိပြီးသား
&*ခါးတာဟာလေဓါတ်ကိုအားပေးတယ်*မြန်မာလို
မန်းတို့ငန်းတိုနင်တယ်ဒါလူတိုင်သိအောင်ပြောတာ
ခါးတာဖန်တာပေါင်းမိမှာငန်း၆၀မန်၄၀အကုန်နိင်ပြီ
ပေါ့ ဒါအပြင်**လေဓါတ် ခေါ်ဝါယောသားအိမ်အပူ
မီးနဲ့လေနဲ့တွေတဲ့အခါ ဘာဖြစ်မလဲ???သားအိမ်
မှာစောစောကမီးယပ်အဖြူဖြစ်စေတဲ့*အပူရှိန်ရှိတယ် အဲ့ဒီအပူရှိန်ကိုလေ လေထပ်ပေးလိုက်တောမီး
ခဲလေမူတ်သလို သားအိမ်မီးကင်သလို(ဓါတ်ကင်
သလိုပေါ့နော်)ဆေးနဲ့အပူဓါတ်ဖြစ်စေတယ်ပိုထူး
ခြားတာက ဒီဆေးက*ကြေ*ဆိုတော့သားအိမ်နံရံ
မှာရှိတဲ့အညစ်အကြေးနဲ့သွေးအိပ်ကလေးတွေကို
အပူရှိန်နဲ့ ကူံ့သွားစေတယ်*ရှင်းရှင်းပြောရင်အနာ
ပြည်ညှစ်သလိုဆေးနဲ့ညှစ်ထုပ်လိုက်တယ်လိုသ
ဘောပေါက်ပေါ့ နောက်တစ်က**ပွင်**စေတာ
ရှင်းရှင်းပြောရင်အာကာသပွင်စေတာသားအိမ်ထဲ
ကနေ အညစ်အကြေကိုလောင်လိုက်တောအခိုး
ထနေပြီ အဲ့ဒီအပူအပုတ်အခိုးတွေအပြင်ရောက်
အောင် တနည်ပြောရရင် ချွေးတွေအဖြစ် သေးအဖြစ်
ချီးအဖြစ်ထွက်အောင်ပွင်စေတာဘဲ ဒါကဥာဏ်မျက်စိ
နဲ့တွေးဆ ခဲ့တဲ့မြန်မာရှေးပညာရှိဆေးဆရာကြီး
များရဲ့ကုထုးံဆင်တဲ့ပညာပါ
2&**နံပါတ်၂အဆင့်ကကောင်ဆုးံမီးယပ်အပုချ
ဆေးဖြစ်တဲ့အမှတ်၁၁မုတ်က်ကဲဆေးပ့ဘဲ အပူငြိမ်း
တယ်အားဖြစ်တယ်ဆီးဝမ်းလဲမှန်တယ်ဒီဆေးကို
ညအိပ်ရာဝင်ကော်ဖီ၁ဇွန်း မနက်အိပ်ရာထကော်ဖီ
၁ဇွန်းရေအေးနဲ့တိုက်လိုက်ပါ
၃။*ဒါကမီးယပ်အဖြူဆင်သူတွေအမြန်ဆုးံပျောက်
     စေတဲ့ ဓါတ်စ ငါးခုန်မနဲ့ဇီဖြူသီးချက်စား
    (အစိုမရလဲ အခြောက်ဝယ်ရေစိမ်ပွ)ချက်စား
%**အပူအစပ်ချင်းငရုပ်လုးံမထည်လေကောင်း
     လေပါဘဲ ချဉ်ခိုဘဲလေ
&**နာတာရှည်မီးယပ်အဖြူဆင်းတာ ကြာရင်၇ရက်
မြန်ရင်၃ရက်နဲ့ရပ်သွားစေပါတယ်¥¥ရပ်ပြီဆိုတာ
နဲ့ (၁၅+၂၁)ဆေးတိုက်ချိန် လျော့လျောသွားရမယ်
ရပ်ပြီးနောက်၇ရက်မှာ၁၂နာမှ၁ခွက်ဖြစ်ရမယ်။
&*နောက်မီးယပ်မပေါ်မီမှာတော့ဆေးစပ်မတိုက်ပါ
နဲ့ နေ၁နာရီ၂၁ဆေးညနေ၆နာရီ၁၅ဆေးမီးယပ်
သွေးမပေါ်မီ၅ရက့်ထိတိုက်။
      **အမှတ်၁၁ဆေးကလွဲလိတိုက်စရာမလို
ပျောက်ပါပြီ။
   &*ဒါရိုးရိုးနာတာရှည်ရော /မရှည်ရောကုသတဲ့
မီးယပ်အဖြူဆင်းကုသနည်းပါ။နောက်နေ့ သားအိမ်
ကင်ဆာအဆင်ကုသနည်ရေးပေးပါမယ်။
    &*ကဲပိုမေတိုမီးယပ်အဖြူဆင်းခြင်းဘေးမှကင်း
ပါစေဗျာ့း
Sunday 7 February 2016
ရေဖျဉ်းရောဂါ ပျောက်ဆေးနည်း
ဤအရှင်ထံသို့ ရေဖျင်းရောဂါသည်များထံမှ တောင်းပန်စာများအကြိမ်ကြိမ်ရောက်
လာဖူး၏၊ ဘယ်ပုံဘယ်နည်းပျောက် ကင်း စေ နိုင်ပါသလဲ၊ နည်းလမ်း    ရှိလျင်
 ညွှန်ကြားပေးတော်မူပါဘုရား ဟူ၍ ရပ်ဝေးမှ    စာရေးတောင်း   ဆိုကြသည်၊
အချို့က ခရီးကြုံကြိုက်ခိုက် ဤအရှင်ထံသို့ ၀င်ရောက်၍ တဆင့်မှာကြားလိုက်သူ
 ရောဂါသည်အတွက် ကိုယ်တိုင် ၀င်ရောက် ၍ မေးမြန်းလျောက်ထားတောင်းဆိုကာ
 ရေးမှတ်ယူသွားကြသည်၊ အမှန်မှာ ဤအရှင်သည်   ဆေးဆရာ    မဟုတ် ပါ၊
 ဆေးကုသေ ပး ဖူးခြင်းလဲ မရှိပါ၊ ၀ါသနာလဲ မရှိပါ   ၊ ရောဂါသည်များအား
သနားသောစိတ်ကြောင့် တတ်သမျှ မှတ်သမျှ   ကလောင်ဖြင့်     ရေးသား
 ညွှန်ကြား ပေးနေသော သူသာ ဖြစ်၏၊
ထို့ကြောင့် စာဖတ်ပရိသတ်များအားလည်း နည်းရစေရန် စေတနာကောင်းဖြင့်
 ဤတွင်ဖော်ပြပေးလိုက်ပါသည်၊ ဆေးရုံမှ ဆရာဝန်တို့ ကုသနည်းနှင့် မတူပါ၊
 လုံးဝခြားနား၏၊ ဆရာဝန်တို့ ကုသနည်းကား ရေဖျဉ်းရောဂါသည်ကို ၀မ်းဗိုက်
 ခွဲ၍ ရေ ထုတ် ပစ်ပြီး ပြန်ချုပ်ပေးခြင်းသာ ဖြစ်သည် ဆို၏၊
သို့သော် တစ်နှစ်ကျော်လျင် ၀မ်းဗိုက်ဖောင်းကာ ပြန်ဖြစ်လာတတ်သည် ဆို၏၊
 တဖန် ဒုတိယအကြိမ် ခွဲ၍ ထုတ်ပေးရပြန် သည်၊ ခေတ္တကောင်းသလို ရှိသော်လည်း
တဖန်ဖြစ်လာတတ်ပြန်သည်၊ ထိုအခါ ဆရာဝန်တို့ သုံးကြိမ် မြောက် မခွဲရဲကြ
 တော့ချေ၊ အကြောင်းမှာ သုံးကြိမ်ခွဲပြီးလျင် သေသွားတတ်ကြသောကြောင့်
 ဖြစ်သည် ဆို၏၊
ရန်ကုန်မြို့ ပြည်လမ်း၌နေထိုင်သူ နာမည်ကျော် ဒကာကြီးတဦး        ထိုရောဂါ
ခံစားနေရ၍ သူ၏ဖြစ်ရပ်နှင့် ဆရာဝန်တို့ ကုထုံးကို ပြောပြဖူး၏၊    နောက်ထပ်
 မခွဲတော့ပဲ ဆေးကုသပေးခြင်း မခံယူတော့ပဲ နေသွားပြန်ကလည်း ရေဖျဉ်းရောဂါဖြင့်
 မကြာခင် သေ သွားကြရမြဲကျိန်းသေကဲ့သို့ ဖြစ်နေသည် ဆို၏၊ ကြောက်စရာ
 ရောဂါမျိုး ဟူ၍ လူအများက ပြော စမှတ် ပြု ထားကြ သည်၊ မြန်မာ သမားတော်
တို့ကလည်း နိုင်နင်းအောင် ကုသပေးခြင်း မတတ်နိုင်ကြလေရော့လား ဟူ၍
 တွေးဆ မိသည်၊
ဤအရှင်နည်းမှာ မခက်ခဲပါ၊ စရိတ်ကုန်ကျများသော ဆေးနည်းမျိုးလဲ မဟုတ်ပါ၊
ဗိုက်ခွဲ ရေထုတ်ပစ်ရန်လည်း မလိုပါ၊ ထိုရောဂါကြောင့် လူမသေရတော့ပါ၊
 စိတ်ချရသောနည်း ဖြစ်သည်။
ဆေးမယ်များ
ကျောက်ချဉ်၊ ယမ်းစိမ်း၊ ဒုတ္ထာ - ဆေးမယ် ဤသုံးမျိုးကို အလေးချိန် ဆတူယူ၍
“ တေဇောဒကဆေးရည် “ ဖြစ်အောင် ချက်ယူရပါမည်၊    ချက်နည်းမခက်ပါ၊
ဤတွင် ညွှန်ကြားမည်၊
ဆေးရည်ဖော်စပ်နည်း
ဥပမာ- အလေးချိန် ၂ ကျပ်သားစီ ယူ၍ ရေ လက်ဖက်ရည်ပုဂံဖြင့် အဖန်ရည်ကို
 နှစ်လုံးမျှထည့်ပါ၊ ၄င်းကို အရက်ချက် သကဲ့သို့ ပေါင်းတင်၍ ချက်ပြီး ချွေးရည်
 (တေဇောဒကရည်) ကို ခံယူရခြင်း ဖြစ်သည်၊ လူတိုင်း နားလည်ကြ ပါမည်
၊ တေဇော ဒကဆေးရည်ကို ပုလင်းတွင် ထည့်ထားပါ၊
ဖော်စပ်နည်း
၎င်းတေဇောဒက ဆေးရည် ကို ပျားရည်တွင် ထည့်၍ နေလှန်းပေးရသည်၊
 အချိုးအစားမှာ ပျားရည်ပုလင်းကြီး တပုလင်း တွင် တေဇောဒကဆေးရည်ကို
 ဟင်းသောက်စတီးဇွန်း နှင့် တစ်ဇွန်းထည့်ပြီး ပုလင်းကို ကြာကြာကိုင်၍
လှုပ်ပေးနေပါ၊ ထို့နောက် ပုလင်းကို ပိတ်၍ နေပူ၌ (၃) ရက်လှန်းပေးပါ၊
၃- ရက်လှန်းပြီးလျင် စားသုံးရန် အဆင်သင့် ဖြစ်ပါပြီ၊
ဆေးစားသုံးနည်း
ရေဖျဉ်းရောဂါပျောက်ကင်းချမ်းသာစေရန်အတွက် နံနက်ပိုင်းတွင် တကြိမ်၊
 ညဦးပိုင်းတွင် တကြိမ်၊ ၄င်းပျားရည်ကို ဟင်း သောက် စတီးဇွန်းနှင့် တဇွန်းကျ
 သောက်ပေးပါ၊ ပြီးလျင် ရေနွေး အဖန်ရည်ကို ၀၀ကြီး သောက်ပေးပါ၊
 ရေအေး မသောက် ပါနှင့်၊ ဤနည်းအတိုင်း ရောဂါအခြေအနေ ကောင်းလာ
သည့်တိုင်အောင် အချိန်ရက်ကြာကြာ ဆက်တိုက်သောက် ပေး သွားရပါ မည်၊
 ရေဖျဉ်းစွဲနေသော ၀မ်းဗိုက်ဖောင်းဖောင်းကြီးသည် တဖြည်းဖြည်း လျှောဆင်း
သွားလိမ့်မည်၊ ဤကား ဆေးနည်းနှ င့် ဆေးစားသုံးနည်းတည်း။
ကိုယ်ခန္ဓာ ပြုပြင်လေ့ကျင့် နည်း
ရေဖျဉ်းရောဂါကို ဆေးတမျိုးတည်း စားရုံဖြင့် မလုံလောက်ပါ၊ ကိုယ်ခန္ဓာ
 ပြုပြင်ပေးနည်းပါ တွဲဖက်ရသည်၊ ကိုယ်ခန္ဓာ ပြုပြင် နည်းကလဲ မခက်ခဲပါ၊
ရှေးဦးစွာ အိပ်ယာပေါ်၌ ပက်လက်အနေအထားဖြင့် ခြေလက်ကို စန့်စန့်ထား၍
 အိပ်ပါ၊ ထို့နောက် ဖောင်းနေသော ၀မ်းဗိုက် ကို ပျောက်ကွယ်၍ ပိန်ချပ်သွား
သည်အထိ တဖြည်းဖြည်းချင်း ရှိုက်ပေးပါ၊ အစပိုင်းတချိန်ထက် လေ့ကျင့်မှု
အရှိန်ကောင်း လာလျင် ရင်ဘတ်သည် ကျောရိုး၌ ကပ်နေသည်အထိ ပိန်ကျ
သွားအောင်နိုင်နင်းစွာ ရှိုက်၍ ပေးသွားပါ၊
ဤနည်းအတိုင်း တစ်ကြိမ်လျင် (၁၀) ခါထက် မနည်းစေပဲ လေ့ကျင့်ပေးရပါမည်၊
 တခါတရံ အနေမှန်လိုက်၊ ရှိုက်ပေး လိုက် ဖြင့် ၁၀ ခါအထိ လေ့ကျင့်ပေးရမည်
 ဟု ဆိုလိုသည်၊ တနေ့လျင် အနည်းဆုံး ၃- ကြိမ်လေ့ကျင့်ပေးပါ၊ မနက်အိပ်
ယာမထ ခင် တကြိမ်၊ နေ့လည် တကြိမ်၊ ညအိပ်ယာဝင်တကြိမ်ဖြစ်သည်၊
ဤလေ့ကျင့်နည်း အောင်မြင်မှုရပြီးလျင် ရေဖျဉ်းရောဂါကြောင့် သေရမည့်ဘေးမှ
 ကျော်လွန်ခဲ့ပြီ ဟူ၍ မှတ်ပါ၊ ထို့နောက် ဆက်ရမည်၊
ဒုတိယအဆင့်မှာ မတ်မတ်ရပ်၍ အထက်ပါနည်းအတိုင်း တနေ့ ၃- ကြိမ်
 လေ့ကျင့်ပေးပါ၊ မတ်တပ်ရပ်ပြီး လေ့ကျင့် နည်းေ အာင်မြင်ခဲ့လျင် နောက်
ဆက်တွဲ လေ့ကျင့်နည်းမှာ ထိုင်နေရင်း၎င်း၊ အိပ်ယာပေါ်မှာ ဘယ်စောင်း
 ညာစောင်း လှဲနေရင်း၎င်း အထက်ပါနည်းအတိုင်း လေ့ကျင့်ပေးသွားပါ၊
ဤပုံဤနည်းအတိုင်း တေဇောဒကဆေးရည်ကို နေ့စဉ်မှန်မှန်သောက်သုံး၍
 ကိုယ်ခန္ဓာပြုပြင်လေ့ကျင့်နည်းကို ပုံမှန် လုပ် ပေး သွားပါက ရေဖျဉ်းရောဂါကြောင့်
 ငါ လုံးဝ မသေနိုင်တော့ဘူး ဟု မှတ်ယူလိုက်ပါတော့၊ ၀မ်းဗိုက်ဖောင်းနေခြင်း
မရှိတော့ လျင် တေဇောဒကပျားရည်ဆေး သောက်သုံးခြင်းကို ရပ်နားထားလိုက်ပါ၊
 ဤအရှင်၏ နည်းကောင်းနည်းမှန်ကို လိုက်နာကြ သော ရေဖျဉ်းရောဂါရှင်များသည်
 သေဘေးမှ လွတ်မြောက်ခဲ့ကြလေပြီ၊ ရေဖျဉ်းရောဂါဖြင့် မသေကြရတော့ပါ၊
Rf. တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တသာရ ၏ ကိုယ်တွေ့မှတ်တမ်းများ