Saturday 12 September 2015
လည်ချောင်း ကင်ဆာ - မူရင်း ဆေးဒါန page.
လည်ချောင်းကင်ဆာဆေးနည်းတို
အမှန်တစ်ကယ်လက်တွေ့ပြောက်ကင်းပါတယ် ဆေးအိုးပုတ်ပင်မှအရွက် ၂၅ကျပ်သားကိုရေသန့်၃ပုလင်းနှင့်၁ပုလင်းကျန်အောင်ကျိုပါ
ရရှိလာသောဆေးကိုတစ်နေ့၃ကြိမ်
အစာနှင် ၁နာရီခြားသောက်ပါ
၁လသောက်ပြီးပါကထူးခြားမှု ကိုလက်တွေ့သိရပါလိမ့်မယ်ခင်ဗျား။
အူမကြီး ကင်ဆာ - ဆရာ Warazein min
(အူမကြီးကင်ဆာ)လူနာများ အတွက် ဆေးနည်း တွေ့ရှိပါပြီ။
================================
-အခုတလော မိတ်ဆွေတွေထဲမှာ အူမကြီးကင်ဆာရောဂါခံစားနေရသူတွေ
များလာပါတယ်။
-ဒီတော့ ဆေးကျမ်းတွေ ပြန်ဖတ် လိုက်လှန်ရင်းနဲ့ အူမကြီးကင်ဆာအတွက်
မြန်မာဆေးနည်း(၂)နည်းတွေ့ပါတယ်။
-ပထမဆေးနည်းကတော့ သနပ်ပစ္စည်းအပင်ရဲ့ အဆီပါ။
အဆီ(၂)စက်ကို ပျားရည်တစ်ဇွန်းနဲ့ရောသောက်ရပါတယ်။
ပြည်ပမှာပါ အဆီထုတ် သောက်သုံးနေကြပါပြီ။
-ဒုတိယဆေးနည်းကတော့ ဟင်းခပေါင်းအပင်(အဖို)ရဲ့အမြစ်ကို မီးဖုတ်ပြီး စားစေတဲ့
နည်းပါဘဲ။
၎င်းအမြစ်(၁၂)ပဲသားကို ရေနှင့်သွေးပြီးသောက်ရပါတယ်။တစ်ခွက်စာပါ။
အသေးစိတ်ကိုတော့ ဓါတ်ပုံပါ စာများကို ဆက်ဖတ်ပါ။
စွယ်စုံရ( ၇ )ပါးဆေး - ဆရာ ငြိမ်းချမ်းမောင်။
စွယ်စုံရ (၇ပါးဆေးနည်း)
=========================
ဆေးဖေါ်စပ်ရတာ လွယ်ကူသလို ဆေးအာနိသင်လဲ အတော်ထက်မျက်ပါတယ်။ ကျနော်ရဲ့ မိသားစု အိမ်တွင်းအသုံးပြုဆေးဆိုလဲမမှားပါဘူး။ ချွေးအောင်းဆေးအဖြစ်လဲ အသုံးပြုလို့ ရပါတယ်။ ဒါပေမဲ့
ဆေးနည်းကတော့အချိန်အတွယ်မ၇ှိပါ ဘူး။
၁/ ကွမ်းရွက်
၂/ ကြက်ဟင်းခါးရွက်
၃/ မြက်မုန်ညှင်းဥ
၎/ကြောင်ပန်းရွက်
၅/ ကြပ်ခိုး
၆/နနွင်းစိမ်း
၇/ ရှိန်းခို
 ။ ။ ဆေးကျမ်းက အ၇ွက်စို တောင်းပြီး ရ၇ှိသော သတ္ထုရည်ဖြင့် အလုံး အတောင့်ပြုလုပ်ထားပါ။ ကျနော်ကတော့အခြောက်လှန်းပြီး ဖေါ်စပ်ပါတယ်။
၇ှိန်းခို ၁ိသား၊ ကြပ်ခိုး၃ိသား၊ ကျန်ဆေးမယ် ၂ိသားစီဖေါ်စပ်
 အသုံးပြုပါတယ်။
ဆေးညွှန်း
လူကြီး။ ။ အပူငုတ်၍ အဖျားဝင် သော်ဆေးမန်ကျည်းစေ့ ၂စေ့ခန့် ရေနွေးပုပူ
နှင့်သောက် ချွေးအောင်း။
ဝမ်းချုပ်သော်ဆားအနဲငယ်ထည့်ပြီး ရေအေးနှင့်သောက်။
ဝမ်းသွားသော် ရေနွေးပူပူနှင့်သောက်။
ထုံနာ၊ကြင်နာ နှမ်းဆီနှင့်လိမ်း။
မိန်းကလေးများ ရေချိုးမှား ခေါင်းလျှော်မှားပြီးဖျားသော် ဆေးမကျည်း၃စေ့ခန့်ရေနွေးပူပူသောက်ချွေး၁၀မီးနှစ်ခန့်အောင်း ခဏချင်းသက်သာပါသည်။
ကလေး
ဝမ်းဖေါ၊ဝမ်းရောင် နှမ်းဆီနဲ့ဆားအနဲငယ်ရောစပ်၍ ရင်ညွှန့်ကအောက်သို့လိမ်းပေး
ပြီးအဝတ်မထူမပါး ပတ်ပေးပါ ခဏအတွင်း ရင်မှအခိုးထွက်ပြီးသက်သာလာတာတွေ့ရပါလိပ်မည်။ဝမ်းသွား၊ဆေးရွှေးစေ့ခန့် ရေကျက်ရေးနှင့်တိုက်။
ဝမ်းချုပ် ရေအေးနှင့်တိုက်။
အထက်အန်၊ဝမ်းချောဆေးကွမ်းသီးတလုံးစာ၊သနပ်ခါးမြစ်၊ နှမ်းဆီေ၇ာစပ်၍ 
ဝမ်းဗိုက်လိမ်းပေး အဝတ်ပတ်ပေးပါ
ခဏခဏလိမ်းပေး နာရီဝက်ဖြင့်သက်သာပျောက်ကင်းကြောင်း ကျနော့ရဲ့ 
လက်တွေ့နည်းလေး ဝေငှလိုက်ပါတယ်။
=========================
အသက်ရှည်ရာ အနာမဲ့ကြောင်း
ဆီးချိုရောဂါအတွက် - ဆရာ Warazein min 
ဆီးချိုရောဂါအတွက် ဆေးစွမ်းကောင်းကျွဲကောသီး(သို့မဟုတ်)ကျွန်တော့်လူနာတစ်ဦး
ပျောက်တဲ့နည်း
===============================
ယနေ့ကာလတွင် ကမ္ဘာတစ်ဝန်း၌ ဆီးချိုရောဂါသည်များ တစ်နေ့တခြား တိုးပွားလာလျက်ရှိသည်။ အချို့က နိုင်ငံခြားဆေးများကို အားကိုးအားထားသုံးစွဲ ကြသော်လည်း အချို့က ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းသည့် တိုင်းရင်းဆေး များကို မှီဝဲကြသည်။ ဆီးချိုရောဂါနှင့်ပတ်သက်သော ဝေဒနာရှင်များသည် ရောဂါ ပျောက်ကင်းရန်အတွက် ဆေးဖက်ဝင်အပင်များကို အသုံးပြုရာ၌ တိုင်းရင်းဆေး သမားတော်ကြီးများ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သည်။ ဆီးချိုရောဂါကာကွယ်ကုသဆေးများနှင့်စပ်လျဉ်း၍ တိုင်းရင်းသမားတော် ကြီးများ၏ တိုင်းရင်းဆေးနည်းကုထုံးကုကွက်နည်း(၄ဝ)ကို ရှေးဦးစွာ ဖော်ပြပါမည်။ ၄င်းဆေးနည်းများမှာ -
၁။ တမာခေါက်ပြုတ်ရည်ကိုသောက်ပါ။
၂။ ညောင်ခြေထောက်အခေါက်ပြုတ်ရည်ကိုသောက်ပါ။
၃။ ငှက်ပျောပွင့်ကိုကြော်၍စား၊ ချက်၍စားပါ။
၎။ ဆင်နှာမောင်းကြီးပဉ္စငါးပါး ရုက္ခမူဆားကိုစားပါ။
၅။ မုရားကြီးရွက်ပြုတ်ရည်သောက်ပါ။
၆။ ဆေးခါးကြီး(ငရုတ်ခါး)ပင် အခြောက်မှုန့်ကိုစားပါ။
၇။ ပန်းကညွတ်ပဉ္စငါးပါးအခြောက်မှုန့်ကိုစားပါ။
၈။ ညောင်ဗောဓိအခေါက်ပြုတ်ရည်ကိုသောက်ပါ။
၉။ နနွင်းခါး(ဆနွင်းခါး)အမှုန့်ကို စားပါ။
၁ဝ။ ပင်စိမ်းနက်ကို ကြက်သွန်နီနှင့်သုပ်စားပါ၊ချက်စားပါ။
၁၁။ ရေသဖန်းသီးမှည့်ကို ဖျော်သောက်ပါ။
၁၂။ ဒန္တသုခပင်ကို မိမိကြိုက်သလိုစားနိုင်ပါသည်။
၁၃။ သကြားပင်ပြုတ်ရည်ကို သောက်ပါ။
၁၄။ လဲဝါကိုသုံးခွက် တစ်ခွက်တင်ကျိုသောက်ပါ။
၁၅။ လက်ပံကို ငါးခွက်တစ်ခွက်တင်ကျိုသောက်ပါ။
၁၆။ ဆင်ငိုမြက်ကိုဆယ်ခွက်တစ်ခွက်တင်ကျိုသောက်ပါ။
၁၇။ ပင်ညောင်ပင်အခေါက်ပြုတ်ရည်ကိုသောက်ပါ။
၁၈။ သပြေကြက်ချေးခေါ် သပြေဖြူအစစ်မှုန့်ကို စားပါ။
၁၉။ ကု န်းသပြေ(သပြေချဉ်)အခေါက်ပြုတ်ရည်သောက်ပါ။
၂ဝ။ ကု လားပင် ရုက္ခမူဆားကို သုံးစွဲပါ။
၂၁။ပိုးစာရွက်ကို သုပ်စားပါ။ ချက်စားပါ။
၂၂။ ပိတ်သင်းခတ် အစစ်ပွင့်ကို စားသုံးနိုင်ပါသည်။
၂၃။ ကြက်ဟင်းခါးပဉ္စငါးပါးပြုတ်ရည်သောက်ပါ။
၂၄။ သွေးချိုလျှင်ဖယောင်းပန်းအရွက်များကို စားပါ။
၂၅။ ကြက်လည်ဆံရွ က် အခြောက်ကိုလက်ဖက်ခြောက်လုပ်၍ လက်ဖက်ရည်ကြမ်း သဖွယ်သောက်ပါ။
၂၆။ ပြောင်းဖူးအူ(ပြောင်းဖူးအရိုးတံ)ကို ပြုတ်သောက်ပါ။
၂၇။ ဆူးဖြူပင်၏ အစေးကို သကြားခဲနှင့်ရော၍ ခုနစ် ရက်စားပါ။ ဆူးဖြူပင်၏ အခေါက်ကို ပြုတ်၍သောက်ပါ။
၂၈။ပြည်ပန်းညိုအခေါက် ဆန်ပုံးရည်နှင့်သုံးခွက်တစ်ခွက် တင်ကျို၍ ဟင်းစားဇွန်း တစ်ဇွန်း နံနက် ည တစ်နေ့ နှစ်ကြိမ် နေ့စဉ်မှန်မှန် သောက်ပါ။ ပျောက်ကင်းပါသည်။
၂၉။ ဆီးဖြူသီးပြုတ်ရည်ကို ဆန်မပါသော နနွင်း (ဆနွင်း) နှင့်ရော၍ နံနက်တစ်ကြိမ် ညတစ်ကြိမ် ဟင်းစားဇွန်း တစ်ဇွန်းသောက်ပါ။
၃ဝ။ ပဲပိစပ်ပြုတ်ရည်ထဲသို့ သိန္ဓောရွေးစေ့ခန့်ထည့်၍ လက်ဖက်ရည်ပန်းကန် တစ်ဝက်သောက်ပါ။
၃၁။ ထောက်ကြံ့ ခေါက်ကို အိမ်မွှေ့သီး၊ အင်တွဲကတ်ဖို၊ ဒေါက်ရပ်ခေါက်၊ ပိတောက်အနှစ်၊ ထိန်ခေါက်ဆတူယူ၍ လေးခွက်တစ်ခွက်တင်ကျို၍ ဟင်းစားဇွန်း တစ်ဇွန်းသောက်ပါ။
၃၂။ကစော့ပုတ်အမြစ်ငါးကျပ်သားကို လေးခွက်တစ်ခွက်တင်ကျန်ကျို၍ ပျားရည်နှင့်  ရောသောက်ပါ။
၃၃။ နွားမြေရင်း၊ နနွင်းနွယ်၊ ထင်းရှူးကြီး၊ ဆီးသီး၊ ဖန်ခါးသီး၊ဆီးဖြူသီး၊ ခြောက်မျိုးဆတူ အမှုန့်ပြုဆန်ခါချ၊ ပျားရည်နှစ်ချို့နှင့် ရောစပ်စားပါ။
၃၄။ကင်းပုံရွက်၊ ကင်းပုံသီး သတ္တုရည်ညှစ်၍ သောက်ပါ။
၃၅။ ဆင်တုံးမနွယ်ပင်စည်ကိုသတ္တုရည် ညှစ်၍ သောက်ပါ။
၃၆။ ဆိတ်ဖလူးရွက်၊ ငရုတ်ခါးရွက်၊ ဆူးပန်းတောင်းရွက်ဆတူသုံးမျိုး အမှုန့်ကြိတ်ပါ။ ဤဆေးမှုန့်အလေးချိန်အတိုင်း ဆိတ်ဖလူးမြစ်၊ ငရုတ်ခါးမြစ်၊ဆူးပန်းတောင်းမြစ် ၄င်းသုံးမျိုးအမှုန့် နှင့် ရောစပ်၍စားပါ။
၃၇။ သကြားမကိုဋ်အရွက်များကို တို့စားပါ။
၃၈။ တောင်ရှားဖြူကို ကျို၍ သောက်ပါ။
၃၉။ ကန့်ကလာကိုထမင်းနှင့် တို့စားပါ။
၎ဝ။ တောင်မရိုးခေါက်ကို ပြုတ်သောက်ပါဟူ၍ ဖြစ်သည်။
ရှေးခေတ်က ထင်းမီးဖြင့် ဆေးခေါက်များကို သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ကြသည်။ ယခုခေတ် လျှပ်စစ်မီးဖြင့် ဆေးခေါက် ၁ဝ ကျပ်သားကို ရေသန့်ဘူး တစ်ဘူးထည့်၍ ဟင်းစားဇွန်း(စတီးလ်ဇွန်း)တစ်ဇွန်းကျန်အောင် ကျို၍သောက်လျှင် မြန်မြန်ပျောက်မည်။
ရှေးခေတ်က ဆင်တုံးမနွယ်ပင်စည်ကို ထုရိုက်ပြီး သုံးခွက် တစ်ခွက်တင်ကျို၍ သောက်ကြသည်။ ယခုခေတ် ဆင်တုံးမနွယ်ကို ထုရိုက်ပြီး ကျောက်စည်ထဲ ရေသင့်တော်ရုံထည့်၍ လက်နှစ်ဖက်နှင့်ပွတ်ခြေစဉ် အစေးများထုတ်ကာလျှပ်စစ်မီးဖို
ပေါ်တင်ကျိုပါ။ ဖြူဖြူအစေးစီးများ ရပါသည်။ နေလှန်းပြီး အခြောက်မှုန့်များကို ပုလင်းနဲ့ ကြိတ်ပါ။ ဖြူဖြူဆေးမှုန့်များ ရပါသည်။ သောက်ခါနီးမှ ရှောက်ရည်၊ သံပရာရည်တို့နှင့် လုံး၍ လျှာမထိ အာမထိ မျိုချပါ။ ဆီးချိုသွေးချိုရောဂါ ပျောက်ကင်းပါသည်။
ယနေ့ကမ္ဘာမှာ လူနေမှုစရိုက်ပြောင်းပြီးမော်တော်ကားစီး၊ ဆိုင်ကယ်စီး၊ ဟင်းသီးဟင်းရွက်မစားဘဲ ချိုဆိမ့်သည့် ကိတ်မုန့်များကိုစား၊ လက်ဖက်ရည်သောက်နှင့် ဆီးချို ရောဂါများ တရိ ပ်ရိပ်တက်ပြီး ကမ္ဘာမှာအသေအပျောက် များနေပါသည်။
ထို့ကြောင့် အခွင့်အရေးရတိုင်း ဆီး၌သကြားရှိ မရှိ သိလိုပါက ဆီးချိုရောဂါ အခြေအနေကို အနည်းဆုံး ခြောက်လတစ်ကြိမ် စစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။
စာရေးဆရာကြီးပီမိုးနင်း ဆီးချိုရောဂါရှိကြောင်းကို စက်ဘီးတိုက်ခံရပြီး ဆေးရုံ ရောက်ကာ အနာမကျက်တော့မှ သိရသည်။ ဆီးချိုရောဂါသိရပြီး ရက်သတ္တတစ်ပတ် အတွင်းမှာ သေရရှာ၏။
အမျိုးသားပညာဝန် ဦးဖိုးကျား ကျွန်တော်တို့ ဟင်္သာတနိဗ္ဗာန်သား သည်လည်း ဂျပန်ခေတ်မှာ ဆီးချိုကြောင့် ရေတိမ်နစ်ခဲ့ရသည်။ ကွယ်လွန် ခါနီးမှ ဆီးချိုရှိကြောင်း သိရသည်။
ဗုဒ္ဓစာပန်းချီရေး နာမည်ကျော်စာရေးဆရာကြီး ငွေဥဒေါင်းနှင့် ကြေးမုံဦးကြီးမောင်တို့လည်း ဆီးချိုရောဂါနှင့်ပဲ သေသွားရသည်။ ဝမ်းနည်းကြေကွဲမှုများဖြင့် စုပ်တသတ်သတ်နှင့် ဈာပနကို လိုက်ပို့ခဲ့ရပါသည်။
ကျွန်တော်တို့ မြန်မာနည်း၊ မြန်မာ့ဟန်နှင့် အခါးဓာတ်တွေ အသားထဲဝင်အောင် နည်းစနစ်တကျ ဖော်ပြပါမည်။
=========================
ကျွဲကောသီး(ခေါ်) ရှောက်ပန်းသီးအလုံး အကြီးကို အဝတ်သန့်ဖြင့် လုံအောင်ပတ်၍ သွပ်ပြားပေါ်တင်ပြီး အုန်းဆံဖတ်ဖြင့် မီးရှို့ပါ။
အနားမှာ အုန်းဆံဖတ်များအဆင်သင့်ထား၍ အခွံကျွမ်းသည်အထိ မီးရှို့ပါ။
သုံးနာရီ တိတိ အုန်းဆံဖတ်များနှင့် မီးမပြတ်ထိုးရမည်။
အပေါ်ခွံများမည်း၍ ကျွမ်းသွားမည်။
အပူဒဏ်ကိုင်နိုင်သည့်အခါ၌ အပေါ်အမည်းခွံများကိုခွာ၍ အတွင်းဝတ်ဆံ အသားများ ကို ကော်ဖီဇွန်းလေးတစ်ဇွန်း စားကြည့်ပါ။
အခါးတကာထိပ်ခေါင်တင် အခါးဘုရင်ကြီးမို့ အထက်ကပြောခဲ့သည့်နည်း ၄ဝ ထဲက အခါးများမည်သည့်အခါးမျှ မမီပါ။
အားလုံးသော ဆေးစွမ်းကောင်းများထက် ကျွဲကောသီးဆေးက ဆီးချို/သွေးချိုကို သိသိသာသာ ပျောက်ပါသည်။
ထို့ကြောင့် ဆီးချို၊ သွေးချိုရောဂါကင်းဝေးစေရန် မြန်မာ့ရိုးရာတိုင်းရင်း ဆေးပညာ ဆီးချိုရောဂါပျောက်ဆေးစွမ်းကောင်း ကျွဲကောသီးဆေးကို စေတနာ မေတ္တာရှေ့ထားပြီး တင်ပြလိုက်ရပါသည်။
**သမားတော်ကြီး ဦးသောင်းရွှေ (အဋ္ဌာရသ)
သြဇာသီးဆေးဖက်ဝင်ပုံ။
*မင်္ဂလာပါ
*သြဇာသီးကိုလူတိုင်းနီးပါးကြိုက်ကြမှာပါ
ဈေးထဲမှာသြဇာသီးရောင်းနေတာတွေ့တာနဲ့
ဖတ်ကြည့်မိတာကောင်းကျိုးလေးတွေ
ရှိတာတွေ့ရတာနဲ့မအားတဲ့ကြားကရေးမိပါတယ်
သိစေချင်လို့ပါရှင့်
*သြဇာသီး မြန်မာသြဇာဆိုလူတိုင်းသိကြမှာပါ
သြဇာသီးက ရောင့်ရဲခြင်းဖြစ်စေတယ် သွေးအားကိုတိုးစေတယ် (သွေးအားနည်းတဲ့သူများစားသင့်ပါတယ်)
နှုတ်ကိုမြိန်စေတယ် နှလုံးကိုအကျိုးပြု့ပြီးအားကိုလည်းဖြစ်စေတယ်
ပူလောင်ခြင်း သွေးအန်သွေးကျရောဂါဖြစ်ချင်းနှင့်လေပူထခြင်း
ရောဂါပယ်ပျောက်နိုင်ပါတယ်
သြဇာသီးက ချို အေး နှလုံးအားကိုဖြစ်စေပြီး
လေနှင့်သလိပ်ကိုပြု့တတ်တယ်နှုတ်ကိုမြိန်စေတယ်
ဝဖြိုးစေနိုင်တယ်အော့အန်ခြင်းကိုပယ်ဖျောက်စေပါတယ်
*သြဇာအမြစ်ကဝမ်းလျောစေတတ်ပါတယ်
*သြဇာအစေ့
ကြေကျက်ခဲ၏ ဖျားနာခြင်း
အနာမီးအနာလျှံဖြစ်စေပါတယ်
ကိုယ်ဝန်ကိုလျှောတတ်သလို မျက်စိနာခြင်းကိုဖြစ်စေတတ်ပါတယ်
အစေ့ရဲ့ကောင်းကျိုးကတော့
ခေါင်းမှာသန်းရှိနေရင်တော့
အမှုန့်ပြု့ပြီးထည့်ပေးပါသန်းသေပါတယ်
*ကိုယ်ဝန်ဆောင်မိခင်များ
မီးဖွားရခက်ခဲနေရင်တော့
သြဇာစေ့သွေးပြီးသားအိမ်ဝမှာ
လိမ်းပေးပါကလွယ်ကူစွာမွေးဖွားနိုင်ပါတယ်
*သြဇာရွက်
ပြည်ပေါက်လိုသောအနာ အဖု အပိန့်များရှိခဲ့လျှင်
သြဇာရွက်အစိုကို
ဆားအနည်းငယ်နှင့်ရောကြိတ်၍
အနာကိုအုံပေးခဲ့သော်
ရင့်သောအနာပြည်ပေါက်၍နုသောအနာ
ပိန်သွားပါလိမ့်မယ်
*အကြောတက်အကြောငုတ်ဖြစ်ခဲ့လျှင်
သြဇာရွက်ကိုကြိတ်ချေပြီး
အပြားလေးလုပ်ပြီးကပ်ပေးပါ
၎င်းအကြောတက်အကြောငုတ်ရောဂါပျောက်ကင်းပါတယ်
*ကလေးငယ်များဖင်နီထွက်ခြင်း
ရောဂါအတွက်သြဇာရွက်ကို
ပြတ်၍သော်၎င်းအရွက်ညသိပ်ရေကို
၎င်းတနေ့( ၂) သို့( ၃) ကြိမ်ဆေးကြောပေးပါ
၎င်း( ဖင်နီနာ အူကျနာ စအိုနီနာ) ပျောက်ကင်းပါတယ်
*မှတ်ချက်
အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်မှဖေါ်ပြပါသည်
ကျန်းမာကြပါစေရှင့်
မျှဝေသူ -ပန်းပန်ချီ။
Friday 11 September 2015
ဆရာ ငြိမ်းချမ်းမောင်။
ကင်းဝန်မင်းကြီး၏ ကသစ်နှင့်ကင်းကိုက်ေ၇ာဂါ။
ကင်းဝန်မင်းကြီးသည်ကိုရင်တပါးတောက်တဲ့နက်ကိုက်သည်ကို ကသစ်မြစ်ဖြင့် ကုသပျောက်ကင်းသည်ကိုမျက်မြင်ကိုယ်တွေ့ မို့ နှုတ်ဖြင့်တစ်ခါတည်း ၇ွတ်ဆိုလိုက်တဲ့တေးတပ်ကလေးက.........
သပွတ်ကြီး ၊ ကသစ်နှင့် ဧကရာဇ်သုံးဖြာ
အမြစ်ကိုယူပါ။
မြင်းခွာငယ်ဖြတ်စ၊သည်လေးပါးအညီကို ပိုမသီနှော ကြိတ်ကြပါ။
တောက်တဲ့နက်၊ခွေးရှုး၊မြွေ၊ဘေးထူးထွေစုံလှ၊အဆိပ်နာမှန်သမျှနှင့်၊အနန္တများစွာ ဝက်ပေအူစိန်ကိုစားလို့ ၊သေခါနီးဖြစ်သည့်အခါ။
သည်ဆေးမျှဤေ၇ာဂါကို၊ရှုတော်မူသောက်၊လိမ်းလို့၊ပျောက်ငြိမ်းလွယ်တစ်ကူ၊ကင်းလွတ်ကြသူ၊ဘယ်မျှလောက်ဂဏန်းဟူ၊မယူနိုင်ဘူးရှင့်လေး။
ကသစ်မြစ်
သပွတ်ကြီးမြစ်
ဧကရာဇ်မြစ်
မြင်းခွာမှဖြတ်သောအစ
၎င်းလေးပါးအားအညီမျှကြိတ် အတောင့်ပြုသံပရာရည်(သို့)ရေနှင့်သွေး၍သောက်ပါ။လိမ်းပါ။အစားမှား၍အဆိပ်ဖြစ်ပြီးသေလုမျောပါးဖြစ်ပါစေကယ်တင်နိုင်ပါသည်။
ကင်းကိုက်၊မြွေကိုက်၊ခွေးရှုးကိုက်၊တောက်တဲ့နက်ကိုက်၍အဆိပ်တက်သမျှမုချချမ်းသာပျောင်ကင်း၏။
တောက်တဲနက်ဆိုသည်ကား မြွေပွေးကွက်နှင့်တူသောအကွက်ပါ၏ ထိုတောက်တဲ့နက်အကိုက်ခံရသူသည် မြွေပွေးဆိပ်ပမာပြင်းပါသည်။ဆေးကုနောက်ကျပါက အသက်ပင်ဆုံးရှုံး၇၏။
ဒေါ်ပန်းပန်ချီ
FB စာမျက်နှာတွင် တင်ခဲ့သော post.
*မင်္ဂလာပါ
ခေါင်းဘာ့ကြောင့်ကိုက်သလည်း?
ဒီနေ့အပူနာကြောင့်ဖြစ်တတ်တဲ့
ခေါင်းကိုက်နာအတွက်
ဆောင်ရန်ရှောင်ရန်းလေးတွေ
မျှဝေချင်ပါတယ်
ခေါင်းကိုက်တယ်ဆိုရာမှာလည်းအမျိုးသား အမျိုးသမီးခွဲခြားထားတာတွေ့ရပါတယ်
*(ယောက်ကျားဘယ်မိန်းမညာ)ဆိုပြီး
ခွဲခြားထားတာတွေ့ရပါတယ်
(ယောက်ကျားဘယ်မိန်းမညာ)
ဒီလိုခေါင်းကိုက်ကိုအပူနာကြောင့်ဖြစ်တဲ့
ခေါင်းကိုက်လို့ပြဆိုထားပြီး
အပူနာကြောင့်ခေါင်းကိုက်ပြီဆိုတာနဲ့
အပူစာများမစားပါနဲ့ရှောင်သင့်ပါပြီ
*အပူနာကြောင့်ခေါင်းကိုက်ခြင်း
ဖြစ်ခဲ့လျင်အောက်ဖော်ပြပါ
ရောဂါလက္ခဏပြတတ်ပါတယ်
*(၁ )ဝမ်းမာပြီးချူပ်မယ်
*(၂ )ဆီးနည်းပြီးနီတတ်တယ်
*(၃ )လေချုပ်တတ်တယ်
*(၄)ချွေးထွက်မများပဲအများအားဖြင့်ကိုယ်ပူတတ်ပါတယ်
*(၅ )သတိထားပြီအသက်ရှုကြည့်ပါ
ညာဘက်နှာခေါင်းပိတ်နေပါလိမ့်မယ်
*(၆) ခြေဆစ်လက်ဆစ်ညောင်းညာကိုက်ခဲတတ်ပါတယ်
*(၇ )အပူများလျှင်မျက်ရိုးကိုက်ပြီးဖျားပါလိမ့်မယ် *ဆီးဝမ်းကချုပ်ချွေးကငုတ်တော့
ညီမျှတဲ့အခိုးမထွက်တော့
ရောဂါဖြစ်ပြီပေါ့
*ဒါဆိုဒီရောဂါပျောက်အောင်ဘယ်လိုကုမလည်း ?
အရင်ဆုံးအထက်ကို
အပူမတက်အောင်ဝမ်းနှုတ်ပေးရမယ်
အပူခိုးပွင့်တဲ့ဓာတ်စာကအချဉ်ပါပဲ
အဖျားသွေးရှိပြီးကိုယ်ပူနေခဲ့ရင်တော့
အချဉ်မစားသင့်ပါဘူး
အဖျားမရှိလို့ကိုယ်အပူခဲ့ရင်
ရှောက်သီးသုတ်ကိုငရုပ်သီးမထည့်ပဲ
စားပေးပါအရှင်းပျောက်ချင်ရင်တော့
မန်းကျည်းဖျော်ရည်ကအကောင်းဆုံးပါပဲ
မန်းကျည်းဖျော်ရည်ကအပူငြိမ်းသလို
အခိုးပွင့်ပြီးဝမ်းသက်စေတဲ့အပြင်
နှလုံးကိုလဲအားပေးပါတယ်
*ဓာတ်စာအနေနဲ့စားပေးချင်ရင်တော့
အေးပြီးသက်တဲ့အစာစားပေးလျှင်
ဧကန်ပျောက်ကင်းနိုင်ပါတယ်
group နဲ့တော့မဆိုင်ပါဘူး
သိထားသင့်တဲ့ကျန်းမာရေးအကြောင်းမိုလို့
မျှဝေခြင်းဖြစ်ပါသည်ရှင့်
* မှတ်ချက်
မေမေပွင့်( တိုင်းရင်းမေ) ဆေးဝါးမပါဓာတ်စာဖြင့်ကုနည်းစာအုပ်မှမျှဝေပါသည်
ကျန်းမာကြပါစေရှင့်
မျှဝေသူ
ပန်း ပန်းချီ
ဒေါ်နန္ဒာမြင့် 
fb စာမျက်နှာတွင် တင်ခဲ့သော post.
*** မိတ်ဆွေများအားလုံး မင်္ဂလာပါ ***
*** ရောဂါဝေဒနာများ ကင်းဝေးနိုင်ကြပါစေရှင် ***
{ ဝှေးပင် ( ဂွေးပင် ) နှင့် ဆေးဖက်အသုံးဝင်ပုံ }
* ဒီအပင်ကတော့ ထင်ရှားတဲ့ အပင်ပါ ။ အရိုင်းအချဉ်
မျိုးနဲ့ အချိုမျိုးဆိုပြီး (၂) မျိုးရှိပါတယ် ။ အချိုမျိုးကတော့
ရှားပါးပြီး နိုင်ငံခြားမှ တင်ယူလာတဲ့အတွက် ( သင်္ဘော
ဝှေးပင်) လို့ ခေါ်ကြပါတယ် ။ဒီအပင်(အချိုမျိုး) ပေါက်ရောက်
စိုက်ပျိုး တည်ရှိနေမှုကို အစွဲပြုပြီး မန္တလေးမြို့မှာ
( ဂွေးချိုကျောင်းတိုက် ) ဆိုပြီး ယနေ့တိုင် ခေါ်ဆိုသမှု ပြုကြပါတယ် ။
* အများစုကတော့ အသီးကို ပါးပါးလှီးပြီး ရေချိုငါးပိနဲ့ အတို့အမြှုပ် လုပ်စား ကြပါတယ် ။ အရွက်နုတွေကို သုတ်စားခြင်း၊ တို့မြှုပ်စားခြင်း ပြုလုပ်ပါတယ်။ အသီးနုကို
ထောင်းပြီး မျှင်ငါးပိနဲ့ ချက်စားရင် အလွန်နှုတ်မြိန်စေပါ
တယ် ။ အသီးစိမ်းကို ပါးပါးလှီးပြီး သုတ်စားခြင်း ၊
အသီးစိမ်းကို အရသာကောင်းအောင် ပြုလုပ်ထားတဲ့ ငြုပ်
အနုမှုန့်နဲ တို့စားရင်တော့ ကလေး၊ လူကြီး အကြိုက်ပါ။
တစ်ပေခန့် အပင်ပေါက်ခါစအချိန်မှာ အမြစ်ဥတွေကိုတူး၊ သန့်စင်အောင် ဆေးကြောပြီး စားကြည့်ရင် စိမ်းစားဥလိုပဲ အရသာရှိပါတယ် ။(ရင်တွင်းရှိ လေပူ၊ လျှာပူ၊ ကွဲခြင်း၊ အာခေါင်စပ်ခြင်း) တွေအတွက် အလွန်အကျိုးပြုပါတယ် ။
တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း များစွာ စားသုံးပေးရင်
တော့ ဓာတ်ချုပ်၊ လေချုပ်၊ ဖျားခြင်း၊ ရင်ကြပ်ခြင်းတွေ
လည်း ဖြစ်တတ်တဲ့အတွက် အထူးသဖြင့် ကလေးငယ်များ
အလွန်အကျွံ မစားသုံးမိဖို့ အထူး လိုအပ်ပါတယ် ။
( ဂုဏ် နှင့် စွမ်းရည် )
* အသီးစိမ်း သည် ပူဧ။်၊ ချဉ်ဧ။် ၊ လေနာကို နိုင်ဧ။်၊
နှုတ်မြိန်စေပြီး၊ ၀မ်းလျောစေတတ်ဧ။် ။
* အသီးမှည့် သည် ဖန်၊ ချို၊ အေးဧ။် ။ သလိပ်ပွါး၊
သုက်ပွါး၍ ၀ဖြိုးပြီး အားဖြစ်စေဧ။် ။ လေနာ၊ သည်းခြေနာ၊ အားအင်ကုန်ခန်းခြင်း၊ ပူလောင်ခြင်း၊ သွေး
ဖောက်ပြန်ခြင်းကို ကင်းဝေးစေဧ။် ။
* အရွက် သည် ချိုသောအရသာရှိဧ။် ။ လည်ချောင်းနာ နှင့် သင့်မြတ်ဧ။် ။
* အခေါက် သည် မြွေဆိပ်ကို ထုတ်ပယ်တတ်သည့်
ဆေးမျိုးတွင် တစ်ပါး အပါအ၀င်ဖြစ်ဧ။် ။ ဖျားနာ၊ ရေငတ်၊
ပိတ်ဝမ်းကိုက်ခြင်းကို အသုံးပြုရဧ။် ။
( ဆေးဖက်အသုံးဝင်ပုံ )
( အစာအိမ် အချဉ်ပေါက်ခြင်း )
* အသီးစိမ်းနု သတ္တုရည် (၁၂) ပဲသားမျှ၊ သကြား (၃ ကျပ် ၈ ပဲသား) ကို ရောစပ်ပြီး နံနက်၊ ည တစ်ကြိမ်စီ
သောက်ပါ၊ ရောဂါ အနု အရင့် အလိုက် သင့်သလို သောက်ပေးပါ ။ ပျောက်ကင်းဧ။် ။
( နားနာ ၊ နားကိုက်ခြင်း )
* အရွက် သတ္တုရည်ကို နားအတွင်းသို့ အနည်းငယ်
ခပ်၍ပေးခြင်း၊ နားအပြင်ဘက်မှလည်း လိမ်းပေးပါက နား
နာ နားကိုက် ပျောက်ကင်းဧ။် ။
( အစာမကြေ ၀မ်းပျက်ရောဂါ )
* အရွက်ဧ။်အမှုန့် (သို့ ) အခေါက်ပြုတ်ရည်ကို အသင့်
အတင့် သောက်ပေးပါ ။ ထိုရောဂါ ပျောက်ကင်းဧ။် ။
( သည်းခြေအားနည်းခြင်း )
* ၎င်းအသီးဧ။် အသား စားပေးခြင်းဖြင့် ပျောက်ကင်း
စေပါသည် ။
( အဆိပ် နှင့် ယှဉ်သော အနာ )
* အဆိပ်နှင့် ယှဉ်သော အနာများအတွက် ၎င်းအသီးကို
သွေး၍ လိမ်းပါက ပျောက်ကင်းဧ။် ။ အသီးအခြောက်ကို
၎င်း၊ အစိမ်းကို၎င်း စားပေးပါက အဆိပ်နှင့် ယှဉ်သော
အနာပေါက်များအတွက် အဆိပ်ငန်းမန်း ငြိမ်းအေးစေပါဧ။်။
~~ အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေရှင် ~~
<< အရှင်နာဂသိန် ပုံပြ ဆေးအဘိဓာန် ~ တတိယတွဲ >>
မှ ကူးယူ ဖော်ပြပါသည် ။
ဆရာ မင်းမင်းထက်သာ။
ကျမ်းမာရေးသုတပဒေသာ
စပ်မိစပ်ရာမြန်မာ့ဆေးပညာ
*************
*************
(မေး၍ဖြေသည်)
(ခရုသင်းအရေပြားဆေးအကြောင်း)
မေးထားသူ၁၀ယောက်ကျော်ရှိပေမဲ့
အလုပ်များနေလို့မဖြေဖြစ်ပါဘူးမနေ့ကတော့comမှာ 
 တိုက်ရိုက်မေးတော့မှ မေးသူတွေ
အတွက်ရေးတင်လိုက်ပါတယ်
ခရုသင်းဆိုတာခုခေတ်အနေနဲ့ပြောရင်
အရေပြားကင်ဆာရောဂါတစ်မိုးပါ ကုသရ
ခက်ခဲတယ်ဆိုပေမဲ့စနစ်တကျကုသမယ်ဆို
ရင်(တစ်ကိုယ်လုးံအရေပြားမပျက်စီးသေးဘဲ)
အကွက်အကွက်အနည်းငယ်လက်တစ်အုပ်စာလိုခန္ဓာကိုယ်
မှာ၂နေရာ၃နေရာဖြစ်
နေရင်ကုသနိင်ဆေးစားနိင်ပါသေးတယ်။
&*ဒီရောဂါမှာပထမဆုးံသတိပေးချင်တာက
ဆနွင်းပါတဲ့လိမ်းဆေးမိုးလုးံဝမလိမ်းမိ
ပါစေနဲ့လိုပထမဦးစွာအသိပေးပါရစေ
ရှေးဆရာကြီးရဲ့အမှာစကားမို့ပါ***
*&ခရုသင်းဆေးများစွာရှိပါတယ် ခုဖေါ်ပြပေး
ပေးမဲ့ဆေးနည်းတွေကကျေးဇူးရှဆရာသမားနဲ့လက်
 တွေ့ကျနော်ဆေးဖေါ်ကုသပေးဘူးတဲ့ဆေးနည်းများသာ
    ဖြစ်ပါတယ်။
&*အရင်ဆုးံပြောချင်တာက ဒီခရုသင်း
ဆေးတွေကိုစားတဲ့အခါ(လ/နှစ်)ချီပြီးစာရပါ
တယ်ဒါကြောင့်ရေးတင်ဖို့တုန်နှေးခဲ့ရပါတယ်။စဖြစ်စ
 လက်သည်းခွံလောက်လေးများဆိုရင်
တော့အပျောက်မြန်သလို တိုးပွားလာမဲ့ရော
ဂါကို မတိုးအောင်မပွားအောင်အမှန်တားဆီး
နိင်သလို(မျက်နှာညိုမဲတင်းတိပ်ကြီးဝက်ခြံကြီး
-ခွဲထုရသည်အထိရှိဆင်ဝက်ခြံ/မိုးအရွယ်မ
တိုင်မှီမှဲ့ခြောက်ဗလပွထွက်တာမိုးတွေပါ
ဖေါ်စပ်စားနိုင်တဲ့ဆေးနည်းများဖြစ်ပါတယ်။
ခရုသင်းဆေးနည်း(1)
*******************
*ကလောဆံ ၅ကျပ်သား
*ကောက်ညှင်းငချိတ်ဆံ ၅ ကျပ်သား
*ကျောက်ချဉ် ၅ ကျပ်သား
*ကျပ်ခိုး ၅ကျပ်သား
*နနွင်းစိမ်း ၅ကျပ်သား
*မဖေါက်ထုးံ ၅ကျပ်သား
*အုန်းရည် ၃ကျပ်သား
*ရှောက်ရည် ၃ကျပ်သား
*နွားနို့ ၃ကျပ်သား
ရောစပ်ပြီးညက်အောင်ကြိတ်ပါ။ညက်
ကြေလေကောင်းလေပါဘဲ ခုလိုခရုသင်း
ဖြစ်ပါကအောက်ဖေါ်ပြပါအတိုင်း(ရေလဲဆေး
များထည့်သုးံပြီးစားပေးပါ)
1*လက်ကစဖြစ်တဲ့ခရုသင်းဆိုလျှင်(ပဲဒလက်
၁ပဲသားပုဇွန်ဆီ၁ပဲသားမူရင်းဆေး၂ပဲသား
စပ်ပြီးသောက်ပါ။အလေးချိန်တွက်ချက်ပြီ
တစ်ခါထဲရောစပ်ထားလျှင်လဲဖြစပါတယ်
မိုမတက်အောင်ဂရုစိုက်ထားရပါတယ်။
2*ခြေကစပြီးခရုသင်းစဖြစ်ရင်တော့(မုန့်ညှင်း
ဆံ၁၀ပဲသားဝက်ဆီ၁ပဲသားဆေး၂ပဲသား
ရောစပ်စားပါအထက်ပါနည်းလိုရောဖေါ်
ထားနိင်သည်။
3*ရင်ဘတ်ကစဖြစ်လျှင်ပဲနောက်စေ့၁ပဲသား
ငါးပြေမဆီ ၁ပဲသားဆေး၂ပဲသားစပ်ပြီး
စားပါ။
4*ကျောကစပြီးဖြစ်လျှင်ကုလားပဲစေ၁ပဲသား
ငါးရံဆီ၁ပဲသားဆေး၂ပဲသားစပ်စားပါ။
5*မျက်နှာကစခရုသင်းဖြစ်သော်ပဲကြီးစေ့၁ပဲ
သားကြက်ဥဆံချောင်၁ပဲသားဆေး၂ပဲသား
စပ်သောက်ပါ။(တစ်ခါထဲဖေါ်ထားလျှင်
ကောင်း၏ဆေးတစ်ဖုံကြက်ဥဆံချောင်၂
လုးံဆိအဆင်ပြေ၏
6*လည်ပင်းကစပြီးခရုသင်းဖြစ်သော်ပဲဒီစိမ်း
၁ပဲသားငါးခုးံမဆီ ၁ပဲသားဆေး၂ပဲသား
စပ်စားပါ။
&*အမှာ-အဆီဆိုရာ၌အကောင်းဆုးံမှအ
မှာအမှတ်၂ဝက်ဆီမှလွဲပြီးကျန်ဆီများ
ထုပ်ယူရာတွင်နှမ်းဆီစစ်စစ်နှင့်ကြော်
ပြီးအဆီထုပ်သောဆီသာထည့်ပါလေ
ပုဇွန်ဆီဆိုရာတွင်လယ်ပုဇွန်လုံးကို
ထောင်းထုပြီးနှမ်းဆီဖြင်ကြော်အဆီကို
စစ်ယူပါ။ထိုဆီထည့်ပါကျန်အားလုးံ
ထိုနည်း၎င်းးပါဘဲ။
&*ရောဂါသေးလျှင်မူရင်းဆေး ၁ပဲသား
ခန်သာစားပါ။မကြာခဏဝမ်းနုတ်ပေးပါ။
၃ပတ်ခန့်စားပြီးခရုသင်းအရောင်နီစွေ့
စွေ့ဖြစ်လာလျှင်မုချပျောက်ပါသည်။
************
ဆေးနည်း(၂-က)
*****************
*ဆေးပုလဲ ၄ပဲသား
*စူလာနဖါ ။
*ပိန်းမဟောရာ ။ ။
*ကြက်သွေး ၄ပဲသား
*ကြံသွေး ။
*ဣဿရမူလီ ၁ကျပ်သား
*မယကန် ။ ။
*သစ်ကြံပိုး ။ ။
*ချီးသီး ၂ကျပ်သား
*သစ်ေးအခြောက် ၁၂ကျပ်သား
၎င်းဆေးအမုန့်ပြု လ္ဘက်စားဇွန်းသေး
သေးလေး၁ဇွန်းမနက်ညသောက်။ထိုဆေး
သောက်ပြီး(7)ရက်ကြာ၁ကြိမ်အောက်ပါဝမ်းနုတ်ဆေးတစ်ခါသောက်ပါ။
ဆေးနည်း(1-ခ)ဝမ်းနုတ်ဆေး
***********************
*ပန္နု/ပန်းမ/ချီးသီး/ကလောသီး/ဇါတိဖ္ဖိုလ်သီး/လေးညှင်း/
စမုန်နီ/အဆိပ်သတ်ပြီးကနခို/၎င်းဆေးအလေးချိန်ဆ
တူတစ်မိုး ၈ပဲသားခန့်စပ်အမူန့်ပြုထားပါ။
ညအိပ်ရာဝငပဲသားကော်ဖီ၁ဇွန်မရှိတရှိရေအေးနဲ့သောက်
ပါ။ဝမ်းနုတ်ဆေးဖြစ်၏။ပျား
ရည်နှင်တေပြီးဇီးစေ့ခန့်လုံးထာပါကပို
ကောင်းသောဝမ်းနုတ်ဆေးဖြစ်၏
&*ဝမ်းနုတ်ပြီးနောက်နေ့သင်္ဘောမယ်ဇလီ
ရွက်ပြုတ်ရေဖြင်ချွေအောင်းပါ။၎င်းပြုတ်ရေနှ့ရေခိုးပါ။အကိုး
များလှ၏
*ကျေးဇူပါ 
ကျမ်းမာချမ်းသာပါစေအသေးစိတ်မရေနိင်သ
ဖြင့်နာလည်ပေးပါခင်ဗျားအချိန်ရလျှင်ထပ်ရေးတင်ပေးပါမည်။
ကက်ဟင်းခါး
Bot ;    Momodica charantia, Linn.
Eng;     Bitter gourd;Karilla Fruit.
ပုံသဏ္ဌာန်:   ထင်ရှား လူသိများသည်။
အသုံးပြုနိုင်သည့်အစိတ်အပိုင်းအနေဖြင့် ပဉ္စငါးပါး။
အရသာခါး၏ စပ်ရှားရှားရှိသည်။အေး၏။ ဝိပါက စပ်သည်။
 မြန်မာနိုင်ငံ နေရာ အနှံ့အပြား၌ စိုက်ပျိုးသည်။ သဘာဝ အလျောက် ပေါက်  ရောက်သော ကြက်ဟင်းခါးငယ်မျိုးလည်း ရှိသည်။စိုက်ပျိုးပင်
ဖြစ်သည်။
 အစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးနိုင်သည်။ စိုက်ချိန်မှာ မိုးဦးတွင် တန်ခူးမှ နယုန် ၊ မိုးနှောင်းတွင် သီတင်းကျွတ်မှ တန်ဆောင်
မုန်းဖြစ်သည်။ စိုက်ခင်းမြေအား ကောင်းစွာပြုပြင်ပြီး မြေဆွေးနှင့် နွားချေးရော၍ ချပေးကာ တစ်ပင်နှင့် တစ်ပင် ၂ ပေ ၊ တစ်တန်းနှင် တစ်တန်း ၃ ပေ ခြား၍ စင်ခံပေးရမည်။ ခြံစည်းရိုးများတွင်လည်း စိုက်နိုင်သည်။
စိုက်ကျင်းတစ်ကျင်းလျှင် ၃ စေ့မှ ၅ စေ့အထိ ချပြီး စိုက်နိုင်သည်  မြန်မာနိုင်ငံ အလယ်ပိုင်း တွင်မူ လယ်ကွင်းများ၌ တစ်ကျင်းနှင့် တစ်ကျင်း ၄ ပေ ခွာ၍ စိုက်ကြသည်။ပေါင်းလိုက်ခြင်း ၊ မြေဆွ
ခြင်း လုပ်ငန်းများကို လိုအပ်သလို ပြုလုပ်ပေးရမည်။ ခ၀ဲ ၊ သခွားကဲ့သို့ အညွန့် များကို ဆိတ်ပစ်နိုင်လျှင် အသီးများသည်။
 စိုက်ပြီး ရက်ပေါင်း ၇၅ မှ ၉၀ ရက်အတွင်း အသီး သီးသဖြင့် ခူးယူသုံးစွဲနိုင်သည်။
 မြန်မာဆေးကျမ်း များ အလိုအရ ခါး၏ ၊ စပ်ရှားရှားရှိ၏ ။ အေး၏ ၊ ကြေကျက်လွယ်၏ ၊ ၀မ်းကို သက်စေ၏ ၊ ပိုးကို နိုင်၏ ၊ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏ ၊ သည်းခြေသလိပ်ကို နိုင်၏ ။ မျက်စိရောဂါ ၊ ယောနိ၌ ဖြစ်သောရောဂါများ ၊ သွေးအားနည်းခြင်း ၊ ဆီးနှင့် စပ်သောရောဂါများကို ပျောက်စေသည်။
 ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။အရွက်
ကြိတ်ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို        သေကြေပျက်စီး၏ ။
 ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသောရောဂါ ပျောက်ကင်း၏။
 မူးမော်ခြင်းလည်း ပျောက်ရန်လည်းကောင်း ၊ညှော်ခံဆေးအ   ဖြစ်လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကိုချေ၍ ရှူပေးရ၏။
 အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ
ပျောက်၏။
 ခွေးရူးကိုက်သောနေရာများတွင် အရွက်ကိုကြိတ်၍ အုံပေး
 ခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။
 ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်တွင် သွေးလူး
 သော် လည်ချောင်းရောင်သောရောဂါ ပျောက်ကင်း၏ ။
 ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလ၀မ်း
 ရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည် အနည်း ငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။
 အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်
ရောင်ရောဂါ ပျောက်၏ ။
                 ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေ မှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။အာဟာရတန်ဖိုးကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါ ဝင်နေပါတယ်။ သံဓာတ်ပါဝင်မှု များပြီး ဘီတာကယ်ရို တင်းပါဝင်မှုဟာ ပန်းဂေါ်ဖီ စိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင် မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ် ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ် ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီး ချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါ တယ်။ကျန်းမာရေး အကျိုးကျေးဇူးများ(၁) သွေးပြဿနာများ ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါ တယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာ    ရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်
 သောက်ပေးရင် ၄-၆လ အကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။(၂) ကာလဝမ်းးရောဂါ ကာလဝမ်းရောဂါ   အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။(၃) ဆီးးချိုရောဂါ ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူ လင်အဆင့်ကို   တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။(၄) စွမ်းအင် ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက် လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။(၅) မျက်စိပြဿနာများ ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက်   ကောင်း မွန်စေပါတယ်။(၆) အရက်နာကျခြင်း ကြက်ဟင်းခါးသီးအရည်ဟာ အ ရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ       ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင်      တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်း ကို ကောင်းမွန်စေ ပါတယ်။(၈) လိပ်ခေါင်း ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့  တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ            သောက်ပေးရင် တစ်လအကြာမှာ သက်သာသွား ပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။(၉) ဆိုးရီး
  ယေးစစ်အရေပြားအနာ ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန်  သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့   အရေပြားအနာတွေကို သက်သာစေပါတယ်။(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး      အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။
     ကျောက်တည် ရောဂါအတွက်  အရွက်စိမ်းသတ္တုရည် ၂ိ -၄ ပဲ သားတွင် ဒိန်ရည် ၁ိ - ၈ပဲ ကို ရောသောက်ပါက ကျောက်
တည်ရောဂါ ပျောက်သည်။၎င်း နောက် ဆန်ပုန်းရည် ၃ိ ကျပ်သား ဆက်သောက်ပါ။ ဤနည်း အတိုင်း သုံး ရက်ဆက် မှီဝဲပြီး
နောက် သုံး ရက်နားပါ။အထက်ပါနည်း အတိုင်း နောက် ၄ ရက် ဆက်သောက်ပြီး ၄ ရက်နား။ နောက် ၅ ရက်ဆက်
သောက် ၅ ရက်နား နောက် ၆ ရက်ဆက်သောက် ၆ ရက်နား
နောက် ၇ ရက် ဆက်သောက်ပါက ကျောက်တည်ရောဂါ စင်
ကြယ်စွါ ပျောက်ကင်းပါလိမ့်မည်။
            ပါးစပ် ကွဲ လောင်ပါက ၄င်း သတ္တုရည် ဖြင့်မြေဖြူ
မှုန့် ကို ရော၍ ပွတ်ပေးပါက ပါစပ် ကွဲလောင်နာ ပျောက်၏။
          လည်ချောင်းရောင် အတွက် ကြက်ဟင်းခါးသီး အ
ခြောက် ကို ကျောက်ပြင်တွင်  သွေး၍ လူးပေးပါက လည်
ချောင်းရောင်သော ရောဂါ ပျောက်ကင်းသည်။
ကိုးကား  -  ရှင်နာဂသိန် ပုံပြ ဆေး အဘိဓါန်နှင့် မြန်မာ့ဆေး
ဖက်ဝင် အပင်များ။
  ဓါတ်လေးပါး အကျဉ်း
ပထ၀ီဓါတ်-မာသဘော၊ ပျော့သဘော။
အာပေါဓါတ်-ဖွဲ့စည်းခြင်းသဘော၊ ယိုစီးခြင်းသဘော။
တေဇောဓါတ်-ပူခြင်းသဘော၊ အေးခြင်းသဘော။
ဝါယောဓါတ်-တွန်းကန်တဲ့သဘော၊ ထောက်ကန်တဲ့သဘော။
ကျန်တဲ့ဓာတ်တွေကိုလည်း သဘောပေါက်အောင် အနည်းငယ် ရေးသားပေးလိုက်ပါတယ်။ တေဇောဓါတ် ကို အပူဓါတ်လို့ အများအားဖြင့် သိထားသော်လည်း တကယ့်အရှိတရားက လောင်မြိုက်တတ်တဲ့သဘော၊ ရင့်ကြက်ခြင်းသဘောတို့ကို တေဇောဓါတ်လို့ ခေါ်တာပါ။ ခန္ဓာအိမ်ကြီးအတွင်းမှာ တေဇောဓါတ်ရှိနေလို့ အစာအာဟာရများကို ခြေဖျက်ပြီး တစ်နေ့ထက်တစ်နေ့
ကြီးရင့်လာကြပါတယ်။ နုပျိုခြင်းတို့ကို တငွေ့ငွေ့လေးလောင်
မြိုက်လှိုက်စားနေလို့ တဖြည်းဖြည်းပျက်စီးနေတာဟာ တေဇောဓါတ်ကြောင့်ပါ။
အာပေါဓါတ်ဆိုတာကတော့ ယိုစီးခြင်း၊ ဖွဲ့စည်းခြင်းသဘောရှိပါတယ်။ သက်ရှိ၊ သက်မဲ့အရာအားလုံးမှာ ဖွဲ့စည်းခြင်း၊ ယိုးစီးခြင်းသဘောတွေရှိနေတာဟာ အာပေါဓါတ်ဖြစ်ပါတယ်။
ဝါယောဓါတ်ဆိုတာကတော့ လေဓါတ်ဖြစ်ပါတယ်။ ခန္ဓာကိုယ
ကြီး ထ၊ ထိုင်၊ ရပ်သွား၊ လှုပ်ရှားနေနိုင်ရန်အတွက် ကိုယ်ခန္ဓာတစ်ခုလုံးမှာ မရေတွက်နိုင်အောင် များပြားလှတဲ့ အကြောပေါင်းစုံထဲတွင် လေဓါတ်ကလေးက အမြဲအပြည့်အဝရှိနေတာ
ကြောင့် အားလုံး တောင့်တောင့်တင်းတင်းနဲ့ ရှင်သန်နေနိုင်တာပါ။ ဒီလေဓါတ်ကလေး ချို့ယွင်းသွားရင် လေများမစီးဆင်းတော့ဘဲ လေဖြတ်သွားပါက ခန္ဓာအိမ်ကြီးလည်း၊ လေထွက်သွားတဲ့ ပူပေါင်းတစ်လုံးလို၊ ကြိုးပြတ်သွားတဲ့အရုပ်တစ်ခုလိုပဲ လဲပြိုကျသွားမလား ပျော့ခွေသွားမလား တစ်ခုခုတော့ ဖြစ်သွားမှာပါ။
အဲဒါကြောင့် ခန္ဓာကိုယ်ကြီးမှာ ဓါတ်ကြီးလေးပါး ညီညွတ်နေမှ ကျန်းမာပါတယ်။ အဲဒီလို ညီညွှတ်အောင်လည်း မိမိတို့က ဆိုင်ရာဆိုင်ရာတို့ကို သတိလေးနဲ့ပြုလုပ်ပေးရပါမယ်။ ဒါမှ ကျန်းမာစွာနဲ့ သွားလာနေထိုင်နိုင်မှာပါ။
မှတ်ချက်။    ။ အာကာသ ဓါတ် တစ်ပါး ထည့်ပါက ဘုတ်ငါးပါး ဖြစ်သည် အာကာသ ဓါတ်သည် ဟင်းလင်းဖြစ်ခြင်း သဘာဝရှိသည်။ အာကာ ပွင့် အခိုးပွင့် လျှင် နေထိုင် ပေါ့ပါးသည်။
ပေါ့ သွားတာဘဲ စသည်ဖြင့် ဆိုကြသည်။
အရေးကြီးသော ဒေါသ သုံးပါး
 ဒေါသ သုံးပါးဟုဆိုလိုက်သည်နှင့် ကျမ်းမာရေးလိုက်စားနေသူများသည် လေ သလိပ် သည်ခြေ ဖြစ်သည်ကို သိရှိကြပါသည်။
ထို ဒေါသ သုံးပါး ညီညွတ်မျှတ နေလျှင် နေထိုင်ကောင်းသည်
ကျမ်းမာရေး ကောင်းသည် အဖြစ်ကို ရရှိကြပေသည်။
ထိုမှ တစ်ပါးပါးသည် လွန်ယုတ်နှစ်သွယ်ဖြင့် ဖေါက်ပြန်နေပါက
မကျမ်းမာခြင်း မနေသာခံခက်ခြင်း အမျိုးမျိုးသော ဒုက္ခဝေဒနာများသည် မိမိအား လူပင်ပန်း စိတ်ပင်ပန်းခြင်းစသော စိတ်ညစ်
ဖွယ်များအား ရရှိဖြစ်ပေါ် ခံစားရပါလိမ့်မည်။
                 သို့ ပါသောကြောင့်  လေ သလိပ် သည်းခြေဟု
ဆိုသည် ဒေါသ သုံးပါးအား များပါက နုတ် ယုတ်ပါက ဖြည့်
ပေးခြင်းဖြင့် ပြုပြင်ဖန်တီး ရပေမည်။ သို့ ရာတွင် လေသဘောသည် အဘယ်ကဲ့သို့  သလိပ် သဘောသည် အဘယ်ကဲ့သို့ 
သည်းခြေးသဘောသည် အဘယ်ကဲ့သို စသည်ဖြင့် သဘောတရား များစွာ သိရှိရန် ဆေးပညာနှင့်ပတ်သက်သည့် စာပေများ အား ဖတ်ရှုလေ့လာခြင်းဖြင့် မိမိ၏ ကျမ်းမာရေး အပြုအမှုများကို ထိန်းသိမ်းစောက်ရှောက်ရမည်။အကယ်၍များ သိရှိမှတ်သား ခြင်းလည်းမပြု လေ့လာခြင်းလည်း ပြုလုပ်ခြင်း မရှိပါက မိမိ ဇီဝ အား တန်ဖိုး မထားရာ ရောက်ပေလိမ့်မည်။ ယခု
ခေတ် ကာလသည် အမှန်တကယ် စိတ်ဝင်စားပါက နှစ်သက်
သည့် ပညာရပ်တစ်ခုအား အချိန်အနည်းငယ် အတွင်း တွင်
အတွေ့အကြုံ မှ လွဲ၍ သင်ယူ ရရှိနိုင်သည်။ မြတ်စွါ ဘုရားရှင်
သော်မှ ကျမ်းမာရေးသည် လွန်စွာ အရေးကြီးပုံ ကို လာဘ်
တစ်ပါး အဖြစ် မိန့် ကြားခဲ့သည်ကို မမေ့အပ်ပေ။
မည်သည့် ဘာသာဝင် ဖြစ်စေ ကျမ်းမားရေသည်
ကပ်ကမ္ဘာ ကုန်ဆုံးသည့် အထိ အရေးကြီးပေသည်။
ဤမျှ အရေးပါ အရေးကြီးသည့် ကျမ်းမာရေး ကဏ္ဍ အား သက်ရှင် သမျှ ကာလ ပတ်လုံး မျက်ခြေ မပျက်သင့်ပေ။သက်ကြီး
ရွယ်အို မှ ကျမ်းမာရေး ချို့တဲ့သည်ဟု မထင်သင့် ငယ်ရွယ်သူများသည်လည်း ချို့တဲ့ခြင်းဖြစ်နေကြသည်။ အဘယ် အတွက် ဟု ဆန်းစစ်ကြည့် ပါက နေထိုင်ခြင်း စားသောက်ခြင်း အလေ့အကျင့် မှားယွင်းခြင်း တစ်ခု ပြုမိပါက ဒေါသ သုံးပါး ဖေါက်ပြန်
ပြီး ဒုက္ခပေး တတ်သည်။ သတိ မမူ ဂူ မမြင်သောသူ မဖြစ်ရ
လေအောင် စားသတိ လာသတိ နေထိုင် သတိ ဟု ဆိုအပ်
သည့် သတိ သည် လွန်စွာ အရေးကြီးပေသည်။
    အဘယ်ကြောင့် ရောဂါဖြစ် သနည်း။ မည်သည့် ဒေါသ လွန် ယုတ်ခြင်းကြောင့် ရောဂါ ဖြစ်သနည်း။ မည်သည့်ရောဂါ
သည်မည်သို့ သော အကြောင်းဖြင့် ဖြစ်တော့မည် ကို ပြ သ
နည်း။ ရောဂါ ဖြစ်ကြောင်းသည် လွန်စွာများသည်။လေ့လာ၍ လည်း မကုန်နိုင်ပေ။ ရောဂါသိမှု ဆေးသိမှု ကုထုံးသိမှု ဓါတ်သိမှု ဟုဆိုသော လွန်စွာ ကျယ်ဝန်းသည့် သိမှုလေးဖြာသည် တစ်ခုခြင်းဆီ မှာပင် အလွန် ကျယ်ဝန်းသည်။ သမုဒ္ဒရာ ပမာပင်ဖြစ်သည်။ သမားဆို အို မှ စကားပုံသည် အဘယ်ကဲ့သို ဖြစ်သည်ကို သတိထားကြည့်နိုင်ပါသည်။
      ကျွနုပ် ကိုယ်တိုင်လည်း အခြေခံ အသိ အခြေခံ သဘာဝ သဘောတရား ကို ဆန်းစစ်လေ့လာနေပါသောကြောင့် ဒေါသ သုံးပါး၏ သဘောတရား ဘုတ်ငါးပါး၏ တည်ရှိနေပုံ အမျိုးမျိုး
သော အကြောင်းရာ များအား လေ့လာ ဆည်းပူးနေပါသော
ကြောင့် လေ့လာသည့် အဆင့်ဟု မှတ်ယူပါလေ။
မန်မာရိုးရာ တိုင်းရင်းဆေးပညာ ဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်များ။
မြန်မာတိုင်းရင်းဆေးပညာကို လေ့လာလိုက်စားသူတို့ သည်
 ဆေးကျမ်းများတွင်ပြညွန်းသော ဝေါ်ဟာရများကို အဓိပ္ပါယ်
ကောက်ယူရတွင် အခတ်အခဲ များ ရှိနေကြပါတယ်၊၊ အဓိပ္ပါယ် အကောက်လွဲ ပါက ဆေးနည်း မှားယွင်းမှု များ ဖြစ်ကာ ဆေးရဲ့ အာနိသင် မရပဲ အပြစ်ဖြစ်ပြီး အန္ဒရာယ် များပင်ကျရောက်နိုင်ပါတယ်၊၊
ဒါကြောင့် အရေးပါ အသုံးများသော တိုင်းရင်းဆေးဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက် အချို့  ကို   ရေးသား တင်ပြပေးမှာ ဖြစ်ပါတယ်၊၊
၁ ။ ပဉ္စငါးပါး              သစ်ပင်၏ အရွက် ၊ အပွင့် ၊ အသီး ၊ အခေါက် ၊အမြစ် ဟူသော ဆေးဖက်ဝင် အစိတ်အပိုင်း ငါးမျိုး ။
၂ ။ သတ္တုရည်            သစ်ပင်၏ အရွက် ၊ အပွင့် ၊ အသီး ၊ အခေါက် ၊ အမြစ် တမျိုးမျိုး ကို ကြိတ်ညစ် ရသော အရည် ၊၊
၃ ။ ပြုတ်ရည်             အပင်၏ အခေါက် အသီး အရွက် စသည် အစိတ်အပိုင်း လက်တဆုပ် စာ( ၃ကျပ်သား- ၅ ကျပ်သား) အား ရေ  လက်ဖက်ရည် ပန်းကန် လုံး (၃) လုံး  (၂၄ ကျပ်သား) ထည့်ကာ ပြုတ်ရည် လက်ဖက်ရည် ပန်းကန် (၁) လုံး (၈) ကျပ်သာား ကျန်သည် အထိ ကျိုထားသော ဆေး ရည် ။
၎ ။ အမှုန့်                 သစ်ပင်၏ ပဉ္စငါးပါး မှ တမျိုးမျိုးကို အခြောက်လှမ်း ကာ နှူးညံ့သော ဆေးမှုန့် များရရှိသည် အထိ
 ထောင်းထုကြိတ်ယူရသော အမှုန့် ။
၅ ။ အခေါက်              သစ်ပင်၏ ပင်စည်မှ ရသော
အခေါက် ။
၆ ။ အမြစ်ခေါက်           သစ်ပင်၏ အမြစ်မှ ရသော အခေါက် ။
၇ ။ ဇွန်း                    လက်ဖက်ရည်ဇွန်း ။
၈ ။ ပန်းကန်လုံး                     ကော်ဖီ ၊ လက်ဖက်ရည် သောက်ရာတွင် အသုံးပြုသော ပန်းကန်လုံး ။
၉ ။ အကြမ်းပန်ကန်      ရေနွေးကြမ်း လက်ဖက်ရည်ကြမ်း သောက်ရာတွင် အသုံးပြုသော ပန်းကန်လုံး ။
၁၀။ ရေနွေး               ကျိုက်ကျိုက်ဆူအောင် မီးဖြစ် အပူပေးထားသောရေ ။
၁၁ ။ တစ်ကြိမ်            တစ်ကြိမ်သောက် ပမာဏ ။
၁၂ ။ လက်တစ်ဆုပ်      (များသောအားဖြင့်) ဆေးဖက်တွင် အသုံးပြုသော အရွက် လက်တဆုပ်စာ ပမာဏ အလေးချိန်  (၃) ကျပ်သားမှ (၅) ကျပ်သားခန့် အထိ ။
၁၃ ။ ကလေး             အသက် ၁၂ နှစ်အောက် ( ၁ နှစ်မှ ၁၂ နှစ်ကြား ) ။
၁၄ ။ လူကြီး               အသက် ၁၂ နှစ် အထက် ။
၁၅ ။ အမှုန့် ပြုလုပ် ခြင်း      နေရိပ်တွင် ခြောက်သွေ့ အောင်
 ပြုလုပ်ပြီး ကြိတ်ထားသော အမှုန့် ။
၁၆ ။ သွေးရည်           ဆေး ပစ္စည်း (သို့ )ဆေးတောင့်အား ရေဖြင့် ပျစ်ပျစ်သွေး ရသော အရည် ၊၊
တိုင်းရင်းဆေးဆိုင်ရာ ဝေါ်ဟာရများ အနက်မှာ အရေးပါပြီး အသုံးများသော ဝေါ်ဟာရ အသုံးအနှုန်း အချို့  ကို အဓိပါယ် ဖွင့်ဆိုပြီး ရေးသား တင်ပြပေးလိုက်ပါတယ် ။
 ဖြစ်ပါတယ် ၊၊
         ငရုပ်ကောင်း
မျိုးရင်း ။           ။ Piperaceae
ရုက္ခအမည်။      ။ Piper nigrum Linn.
 #မြေအမျိုးစား ။    ။ ရေစီးရေလာကောင်းပြီးမြေသြဇာထက်သန်သည့် သဲနှုံးမြေ နှုံးတင်မြေနု ဂဝံမြေ မြေနီ သဲဝန်း
တောင်စောင်း တောင်ကုန်း တို့ တွင် ကောင်းစွာဖြစ်ထွန်း
ပြီး မြေချဉ်ကို ပို၍ နှစ်ခြိုက်သည်။မြေတွင် အစိုဓါတ်
ကောင်းစွာရှိပြီး ရေအလွန်မဝပ်သော မြေမျိုးဖြစ်သင့်
သည်။ စိမ့်ဆွဲသည့် မြေ မဖြစ်စေရ။
ရာသီဥတု အနေဖြင့် ပူအိုက်စွတ်စို ထိုင်းမှိုင်းသည့်
ရာသီဥတုကို နှစ်သက်သည်။
#စိုက်ယူပုံ ။      ။  အစေ့ကို စိုက်ပျိုးလျှင် ရသည်
သို့ သော် အလွန်ကြာသည်။ကိုင်းဖြတ် ကိုင်းကူး စိုက်ပါက
ပို၍လျှင်မြန်စွာ ဖြစ်ထွန်းသောကြောင့် ထိုနည်းကို အသုံး
ပြုသူများသည်။ ထို့ အပြင် အပင်ကြီးမျိုး များနှင့်လည်း
တွဲ၍ စိုက်နိုင်သည်။ သီးခြားစိုက်ပါက ပင်စည်ကုပ်တွယ်
နိုင်ရန် အတွက် ခိုင်မှာသောတိုင်များ စိုက်ရမည်။ အရိပ်ပင် တွယ်ပင်များ၏ ခြေရင်း၌ တစ်လက်မခွဲ ခန့် 
ရှည်သော အညွန့် ၂ ညွန့် ၃  ညွန့် ကိုတော်သလင်း
သီးတင်းကျွတ် လလောက်တွင် တိုက်ရိုက်ချ၍ စိုက်နိုင်သည် သို့ မဟုတ်  အညွန့် တို့ ကို သီးခြားစိုက်
ပျိုး၍ အမြင့် တစ်လက်မခွဲခန့် ရှိသော အခါတွင် စိုက်
နိုင်သည်။ တိုင်ထူစိုက်ပါက တစ်တိုင်နှင့်တစ်တိုင် ၅ ပေ
၇ ပေခန့် ခြားသင့်သည်။ ကိုင်းဖြတ်ယူမည် ဆိုပါက မနု
မရင့် အကိုင်းကို အဆစ်လေးဆစ်မှ ငါးဆစ် အထိ
ပါအောင် ဖြတ်ယူပါ။ အကိုင်းဖြတ်ရာတွင် ထိပ်နှစ်ဖက်ကို
အဆစ်အပေါ် လက်သုံးလုံးခန့် ချိန်၍ဖြတ်ပါ။ ထို့ နောက်
သဲထည့်ထားသော ပျိုးခွက် သို့ မဟုတ် ပျိုးခုံတွင်  အကိုင်း များကို ခပ်စောင်းစောင်း ၄၅ ဒီဂရီခန့် စောင်းမြုပ်
ပါ။ထို အချိန်တွင် ပျိုးခုံ ပျိုးခွက်တွင် နွားချေး မြေဆွေး
များ မထည့်ရချေ။ ထိုမှ အပင်များကောင်းစွာ ရှင်သန်ပြီး
အရွက်များထွက်မှသာ နွားချေး မှုန့် ကို ထည့်ပေးပါ။
အမိုးမိုးထားပါ။အမိုးကို နေပြောက်ဝင်အောင် ခပ်ကြဲကြဲ
လုပ်ပေးပါ။ အပင်များ တစ်နှစ်သားရ၍ အားကောင်း
လာသည့် အခါတွင် မိုးဦးကျပါက ပြောင်းရွေ့ စိုက်ပါ။
ငရုပ်ကောင်းကို  လေးဆစ် ငါးဆစ်ပါအောင် ဖြတ်၍
မပျိုးဘဲ တစ်ဆစ်ထည်းဖြတ်၍ စိုက်ပျိုးနိုင်သည်။ တစ်ဆစ်စီ ဖြတ်သည့်အခါ နှစ်ဖက်ထိပ် တစ်လက်မခွဲခန့် 
စီချန်ဖြတ်ရသည်။ ထို့ နောက် အဆစ်ကို အပေါ်ထောင်
၍တစ်ဝက်လောက်မြုပ်ထားပြီး ရေပုံမှန်လောင်းပေးပါ။
#ပြောင်းရွေ့စိုက်ခြင်းနှင့်ပြုစုခြင်း။       ။ငရုပ်ကောင်း
သည်တိုင်ထောင်ပေးရသော အပင်မျိုးဖြစ်သည်။သက်
တမ်းအားဖြင့် ၁၅ နှစ်ခန့် ရှည်သည်။ ထို့ ကြောင့် တိုင်များ
ကို သစ်မာများဖြင့် ပြုလုပ်သင့်သည်။မိမိစိတ်ကူးသာ။
တိုင်များစိုက်ပါက အမြင့် ၇ ပေ ၈ ပေခန့် စိုက်ကာ တစ်တိုင်နှင့်တစ်တိုင်ကို ခြောက်ပေပတ်လည် သို့ မဟုတ်
၈ ပေခန့် ခွါပါ။ ဂွေးပင် ယိုးဒယား လဲ့မှို့ ပင်များ ဖြစ်ပါက
၁၂ ပေ ခန့် ခွာသင့်သည်။ အကွာဝေးချပြီးပါက တိုင်
ခြေရင်းတွင် ကျင်းများကို အနက်တစ်ပေခွဲ အကျယ်
အချင်း တစ်ပေခွဲတူးပြီး မြေများကို မှုန့် အောင်ဆွပေးပါ။
မြေစေးပါက သဲ ၃၀ ရာနှုန့် ခန့် ရောပေးပါ။သဲနှုန်း ဖြစ်ပါက သစ်ရွက် မြေဆွေး ထည့်ပေးပါ။ ထို သို့ ပြင်ဆင်
ပြီးပါက အပင်လေးများအား အမြစ်မနာအောင် မြေဆိုင်
ဖြင့်မယူကာ စိုက်ပါ။ ပြောင်းရွေ့စိုက်ပြီး ဒုတိယနှစ်တွင်
အပင်သည် အနညးဆုံး သုံပေ ခန့် တက်နေမည်ဖြစ်
သည်။ ထို အချိန်တွင် ပြန်၍ ဆွဲချပြီးတိုင်ဘေးပတ်လည်
တွငိ ခွေပေးပါ။ ၄င်းမှ အတတ်များပေါက်၍ တက် လာ
မည်ဖြစိသည်။ဤနည်းမှာ အကုန်ကျ အနည်းဆုံးနှင့်
အများဆုံး ရသောနည်းဖြစ်သည်။နောက်တစ်နည်းမှာ တိုင် တစ်တိုင်တွင် သုံးလေးပင် စိုက်ပျိုးသည့်နည်းဖြစ်
သည်။ ငရုတ်ကောင်းပင်မှာ ငယ်စဉ် အခါ နေရောင် ကို
မနှစ်သက်ပေ။ ကွမ်းကဲ့သို့ အမိုးလုပ်ပေးရသည်။ သို့ သော် ကြီးလာပါက နေပူ အလွန်ကြိုက်သည်။ အရိပ် မရှိ
စေရ ထို့ နောက် သုံးနှစ်တွင် စသီးပြီး ငါးနှစ် ခြောက်နှစ်
သားတွင် အသီးများလှိုင်ပါပြီ။ ပေါင်းမြက်များကိုလည်း
ကင်းစင်စေကာ မြေတွင် ရေအစို ဓါတ်ကို အမြဲရှိရမည်။
အပင်နွယ်တတ်ရာတွင် လိုအပ်သလို စိတ်ကြိုက် ပြုပြင်
ပေးသင့်သည်။ စုဆောင်းရယူခြင်းအနေဖြင့်
အသီးများကို တစ်နှစ်လျှင်တစ်ကြိမ် တပေါင်းလမှ ကဆုန်
လ တွင် ဆွတ်ခူးပေးရမည်။အသီးများ အနီရောင်စပြလျှင်
မှည့်ပြီ ဖြစ်၍ ဆွတ်ယူနိုင်သည်။ဆွတ်ယူပြီးပါက ကောင်း
စွာခြောက်သွေ့အောင် လှမ်းပါ။( လှမ်းယူရာတွင် နေပူ
တွင်လှမ်း နေရိပ်တွင်လှမ်း နှစ်နည်းရှိသည်ဤကား စာရေးသူ အာဘော်ပင်) ဆွတ်ခူးပြီး အခိုင်များကို သွေ့
ခြောက်ပါက အညှာနှင့် အမှိုက်သရိုက်များကို ပြာထုတ်
သန့် စင်လိုက်ပါက သင်မျော်မှန်းထားသော #ငရုတ်ကောင်းများ  စတင်ရရှိပါပြီ။     ။
    နောက်ဆက်တွဲအနေဖြင့်ကား ငရုတ်ကောင်းသည်
တိုင်းပြည် အတော်များများတွင် အသုံးဝင်ပြီး ဆေးဘက်
၌လည်း အလွန်အသုံးများသည်။    ဖေါ်ပြရပါမူ
ငရုတ်ကောင်းသည် လူတိုင်းသိနှင့်နေပြီးသော
တြိကဋုပ် သုံးပါးတွင်တစ်ခု အပါဝင်ဖြစ်သည်။ အရသာ
အနေဖြင့် စပ် ပူ ဖြစ်ပြီး ဝိပါက အနေဖြင့်စပ်သည်။ဂုဏ်
နှင့် စွမ်းရည် အနေဖြင့် ထက်မြတ် ခြောက်ထပ်စေပြီ
လေ သလိပ် ကို ပါယ်တတ်သည်။သည်းခြေကို ဖြစ်စေ
တတ်ပြီး ပန်းနာ ထိုးအောင့်နာ ပိုးရောဂါတို့ ကို ပျောက်ကင်းစေသည်။ ရောဂါ အလိုက် အသုံးပြုပါက
လည်း #ကြက်မျက်သင့်ရောဂါအတွက်  ငရုတ်ကောင်း
ကို ဒိန်ရည်ဖြင့်သွေး၍ မျက်စဉ်း ခတ်ပေးပါက ပျောက်
သည်။ #နှာခေါင်းသွေးလျှံခြင်း အနေဖြင့်လည်း ၄င်းကို
ကြိတ်၍ဒိန်နှင့်ရောပြီး ကြံသကာ အဟောင်းဖြင့်
ကျွေးခဲ့ပါက နှာခေါင်းသွေးလျံခြင်ူအပြင် သွေးယိုစီးခြင်း
ကို ပျောက်ကင်းစေသည်။#ဝမ်းပျက်ပါက  ငရုတ်ကောင်း
တစ်ရွေးသား ရှိန်းခို ရွေးထက်ဝက် ဘိန်း ရွေး၏ ၄ပုံ တစ်ပုံ ထိုသုံးမျိုး အမှုန့် ပြု၍ တိုက်ပါက ဝမ်းပျက်ရောဂါ
ပျောက်ကင်းသည်။ငရုတ်ကောင်းစေ့ အား အမှုန့် ပြု ပျား
ရည်ဖြင့်ရော၍ လျက်ပါက ချောင်းဆိုးရောဂါ ပန်းနာရင်ကြပ် ရောဂါပျောက်ပြီး မိခင်များစားပါက နို့ ထွက်ကောင်းသည်။ငရုတ်ကောင်းကို မီးကင်ပြီး အခိုးအငွေ့များရှုရှိုက် ပေးပါက ကြို့ထိုးရောဂါပျောက်
ကင်းသည်။ငရုတ်ကောင်း ငါးစေ့ အညာခရာစေ့ ၆ပဲသား
ကို အမှုန့် ပြု၍  ၃ ရက်တိုင်အောင် စားပေးပါက ခွေးရူး
ဆိပ်ပြေပျောက်သည် သို့ သော် တစ်နှစ်ကျော် အထိ အချဉ် နှင် အဆီကို ရှောင်ကြင် ရမည်။ငရုတ်ကောင်း
ကိုထောပတ်ဖြင့်ကြိတ်၍ နား၌ကျပ်ပေးပါက ခေါင်းတစ်
ခြမ်းကိုက်ရောဂါ ပျောက်သည်။အမှုန့် ပြု၍ ကြံသကာ
ဒိန်ရည်တို့ ဖြငိ့ ရောသောက်ပါက နှာစေး ရောဂါ ပျောက်
ပင်းသည်။ တရုတ် တိုင်းရင်းဆေးပညာတွင်ငရုတ်ကောင်း
အစေ့ ကို အတတ်ကျဆေး  နှင့် အကိုက် အခဲပျောက်
ဆေးဖြင့်လည်ကောင်း အသီးနှင့်အမြစ်ကို ငှက်ဖျား
ရောဂါ ကုသရာတွင်လည်းသုံးသည်။ငရုတ်ကောင်းမှုန့် 
ကို ဆေးလုံးပြုလုပ်၍ အအန် သက်သာစေရန်နှင့် အစာမကျေခြင်း ဝမ်းဗိုက် နာကျင်ခြင်းတို့ တွင် အသုံးပြု
သည်။တရုတ် ပရဆေး ပညာအရ ငရုတ်ကောင်းသည်
အစာကြေ လေနိုင်ခြင်း ချွေးထွက်စေခြင်းဆီးသွားစေခြင်း
အစာချေရည်များစေခြင်း အစာအိမ်နှင့်အူများ လှုပ်ရှား
မှုကို တွန်းအားပေးခြင်း စသည့်အာနိသင်များရှိပါသည်။
ဤမျှ အကျဉ်းလောက်ဖေါ်ပြခြင်းဖြင့် စာဖတ်သူ အနေနဲ့
ငရုတ်ကောင်းသည် စိုက်လည်းစိုက်သင့် (စီးပွါးဖြစ်မဟုတ်ပါက ၁၄ ၁၅ ပင်ခန့် ) စိုက်ပျိုးထား
ခြင်းဖြင့် လိုအပ်သလို အသုံးချနိုင်ကြောင်းတင်ပြရင်း။
Post by  #Sii Thuu  ( တောသား )
ကိုးကားများ ။          ။ ရှင်နာဂသိန် ပုံပြဆေးအဘိဓါန်။ စိုက်ပျိုးနည်းပဒေသာ။ မြန်မာ့ ဆေးဖက်ဝင်အပင်။ Burmese medicinal plants.
#အမှတ်စဉ် (၂ )
#သင်္ဘောပင်
မြန်မာအမည်-သင်္ဘောသီး
အင်္ဂလိပ်အမည်-Papaya
ရုက္ခဗေဒအမည်-Carica papaya
မျိုးရင်းအမည်-Caricaceae
၁။မူရင်းဒေသ
သင်္ဘောပင်၏မူရင်းဒေသမှာ
တောင်အမေရိက၊မြောက်အမေရိကတိုင်းပြည်များနှင့်
အနောက်အိန္ဒိယကျွန်းစုဟုယူဆကြပါသည်။
၂။စိုက်ပျိုးသည့်ဒေသများ
သင်္ဘောပင်သည်
အပူပိုင်းစားသုံးသီးပင်ဖြစ်၍
အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသရှိတိုင်းပြည်များတွင်
စိုက်ပျိုးကြပါသည်။
မြန်မာနိုင်ငံတွင်လည်း
နေရာအနှံ့အပြားတွင်စိုက်ပျိုးကြပါသည်။
၃။သင်္ဘောမျိုးများ
သင်္ဘောပင်တွင်
အဖိုပင်၊အမပင်နှင့်လိင်စုံပင်
အဓိကသုံးမျိုးရှိသည်။
အဖိုပင်မှအသီးသီးသည်ကိုတွေ့ရခဲသည်။
အမပင်နှင့်လိင်စုံပင်များမှသာအသီးသီးလေ့ရှိသည်။
(က)အဖိုပင်
အဖိုပင်မှာ
များသောအားဖြင့်ပန်းပွင့်စောထွက်လေ့ရှိပြီး
အခိုင်လိုက်ပွင့်ပါသည်။
အဖိုပင်မှပုံမှန်အားဖြင့်အသီးသီးလေ့မရှိသော်လည်း
အပင်ကိုထိခိုက်ဒဏ်ရာရခြင်း၊ထိပ်ပိုင်းဖြတ်ပေးခြင်းဖြင့်
အဖိုပွင့်များကြားတွင်အမပွင့်များပြောင်းလာကာ
အသီးငယ်များသီးလာတတ်သည်။
ဤအပင်မျိုးကိုသင်္ဘောပဒေသာဟုခေါ်သည်။
(ခ)အမပင်
အမပွင့်သီးသန့်ပွင့်၍ပွင့်သီးလေ့ရှိသည်။
ထို့ကြောင့်
မျိုးအောင်ရန်အတွက်
အခြားအပင်မှဝတ်မှုန်ကူးပေးရသည်။
ရာသီဥတုနှင့်ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်
အပွင့်ပုံသဏ္ဌာန်နှင့်သဘာဝ
ပြောင်းလဲမှုမရှိချေ။
(ဂ)လိင်စုံပင်-(Hermaphrodite)
အပွင့်ပွင့်ရာတွင်
ပွင့်တံတစ်ခုမှအပွင့်နှစ်ပွင့်သုံးပွင့်ပွင့်တတ်သည်။
အပွင့်များတွင်
အမအင်္ဂါ(ovary)နှင့်အဖိုအင်္ဂါ(stamen)များပါသည်။
ရာသီဥတုပေါ်မူတည်၍
အဖိုပွင့်၊အမပွင့်များရော၍ပွင့်လာတတ်ကြသည်။
ရာသီဥတုအလိုက်
အပွင့်၏ပုံသဏ္ဌာန်နှင့်သဘာဝ
အနည်းငယ်အပြောင်းအလဲရှိသည်။
ထို့အတူ
အသီး၏
ပုံသဏ္ဌာန်နှင့်သဘာဝလည်း
အနည်းငယ်ပြောင်းလဲလာသည်။
၎။ရေမြေရာသီဥတု
သင်္ဘောပင်သည်
ပူနွေးစွတ်စိုသောရာသီဥတုကိုကြိုက်နှစ်သက်သည်။
မြန်မာနိုင်ငံတွင်
ပေ ၃၀၀၀ အထက်မြင့်ပြီး(ဒေသများတွင်)
ဆောင်းဥတုတွင်အအေးဓာတ်များခြင်း၊
ဆီးနှင်းကျခြင်းကြောင့်အပင်များသေသွားတတ်ပါသည်။
သင်္ဘောပင်သည်
မြေသြဇာထက်သန်ပါက
မြေအမျိုးအစားမရွေးဖြစ်ထွန်းသည်။
မြေသြဇာထက်သန်သောနုန်းမြေများတွင်
ပိုမိုဖြစ်ထွန်းသည်။
စနယ်မြေစေး၊ရေဝပ်သောမြေနှင့်
မြေအောက်ရေမျက်နှာပြင်နီးသောနေရာများတွင်
ကောင်းစွာမဖြစ်ထွန်းနိုင်ချေ။
၅။ပျိုးထောင်နည်း
သင်္ဘောပျိုးပင်ကို
များသောအားဖြင့်
အစေ့မှပျိုးထောင်၍စိုက်ပျိုးကြသည်။
အချို့သောအပင်များသည်
တစ်ခါတစ်ရံအတက်များထွက်တတ်ရာ
ယင်းအတက်ကို
အရင်းပိုင်းအဖုလေးပါအောင်ဖြတ်ယူပြီး
အမြစ်ဖောက်၍စိုက်ပျိုးနိုင်သည်။
သင်္ဘောပင်ပျိုးထောင်ရန်အတွက်
ပျိုးဘောင်၊ပျိုးသေတ္တာ၊ပျိုးခြင်းတောင်း၊
ပလတ်စတစ်အိတ်တို့ကိုအသုံးပြုနိုင်ပါသည်။
ပျိုးထောင်မည့်မြေသည်
နွားချေးဆွေး၊သဲ၊မြေကြီးတို့ကို
ဆတူနှုန်းဖြင့်ရောမွှေထားသော
မြေမျိုးဖြစ်ရန်လိုသည်။
သင်္ဘောစေ့ကိုပျိုးထောင်ရာတွင်
မြေနက်နက်ဖုံးမိလျှင်
အစေ့ပုပ်သွားပြီး
အပင်ပေါက်ညံ့ဖျင်းတတ်သည်။
သင်္ဘောစေ့ကို
ပျိုးဘောင်ပေါ်တွင်
တစ်တန်းနှင့်တစ်တန်း(၆)လက်မထား၍
တစ်ပင်နှင့်တစ်ပင်(၄)လက်မခန့်ထားပြီး
ပျိုးထောင်ရသည်။
အပေါ်မှကောက်ရိုးပါးပါးဖုံး၍
ရေလောင်းပေးရသည်။
တစ်ဧကစိုက်ပျိုးခင်းအတွက်
မျိုးစေ့(၁၅၀-၂၀၀)ဂရမ်ခန့်လိုသည်။
သင်္ဘောပျိုးပင်များတွင်
အမပင်(၄၀-၆၀)%အထိ
ပါရှိတတ်သည်။
အဖိုပင်သည်
အမပင်ထက်ပို၍သန်စွမ်းတတ်ကြသည်။
သင်္ဘောစိုက်ပျိုးသူအချို့က
ပျိုးထောင်ရာတွင်
သွပ်ပြားကိုအောက်မှခံပြီး
ယင်းပေါ်တွင်
မြေသား(၄)လက်မခန့်အထူထည့်၍
ပျိုးထောင်လေ့ရှိသည်။
အဖိုပင်သည်
အမပင်ထက်သန်စွမ်းသောကြောင့်
အမြစ်သည်
အောက်တွင်ခံထားသောသွပ်ပြားနှင့်
မြန်မြန်ထိလွယ်ပေရာ
ပြောင်းရွှေ့ စိုက်ပျိုးချိန်တွင်
အဖိုပင်များသည်ညှိုးနွမ်းနေလေ့ရှိသည်။
အဖိုပင်နှင့်အမပင်ခွဲခြားရာတွင်
ဤနည်းကို
အများဆုံးအသုံးပြုကြသည်။
ပျိုးသက်
တစ်လခွဲမှနှစ်လသားခန့်ရှိလျှင်
စိုက်ခင်းသို့
ပြောင်းရွှေ့ စိုက်နိုင်ပြီဖြစ်သည်။
၆။မြေပြုပြင်နည်း
စိုက်ကျင်းတူးမည့်နေရာသည်
ရေမဝပ်နိုင်သောနေရာဖြစ်ရမည်။
စိုက်ကျင်းတစ်ကျင်းနှင့်တစ်ကျင်း
အကွာအဝေးမှာ
မျိုးကိုလိုက်၍(၈-၁၂)ပေအထိထားသင့်သည်။
မိုးများသောဒေသများတွင်
တစ်ပေပတ်လည်
ကျင်းတူးသင့်သည်။
စိုက်ကျင်းတစ်ကျင်းလျှင်
နွားချေးဆွေး(သို့)သစ်ဆွေးမြေသြဇာစသည့်
သဘာဝမြေသြဇာများကို
ခွဲတောင်းတစ်လုံးခန့်ထည့်ပေးရသည်။
သင်္ဘောပင်ကိုစိုက်ပျိုးရာတွင်
လေးကွက်ကျားစနစ်(သို့)ဖိုခနောက်ဆိုင်စနစ်ဖြင့်
စိုက်လေ့ရှိသည်။
ဖိုခနောက်ဆိုင်စနစ်ဖြင့်စိုက်ပါက
အပင်အရေအတွက်
(၁၅)%ပို၍ဝင်ဆန့်သည်။
လေးကွက်ကြားစနစ်ဖြင့်(၈×၈)ပေအကွာစိုက်ပါက
တစ်ဧကတွင်
သင်္ဘောပင်(၆၈၀)ခန့်ဝင်၍
(၁၂×၁၂)ပေစိုက်လျှင်
တစ်ဧကတွင်(၃၀၁)ပင်
ဝင်ဆန့်မည်။
၇။ရွှေ့ ပြောင်းစိုက်ပျိုးနည်း
အသင့်ပြင်ထားသောစိုက်ကျင်းများ၌
လိင်စုံမျိုး(Hermaphrodite)ပျိုးပင်များကို
တစ်ကျင်းလျှင်
တစ်ပင်ကျစိုက်၍
အဖိုအမ၊မသေချာသည့်ရိုးရိုးမျိုးဖြစ်ပါက
တစ်ကျင်းလျှင်
နှစ်ပင်စိုက်ရသည်။
သတိပြုရန်မှာ
ပင်စည်ပိုင်းကိုမြေထဲမြုပ်အောင်
မစိုက်မိရန်ဖြစ်သည်။
စိုက်ပြီးလျှင်
်ရေဝလင်အောင်လောင်းပေးရသည်။
ပျိုးမထောင်ဘဲ
အစေ့ကိုတိုက်ရိုက်စိုက်မည်ဆိုလျှင်
စိုက်ကျင်းထဲသို့
အစေ့များများထည့်စိုက်ရသည်။
စီးပွားဖြစ်စိုက်ခင်းအနေဖြင့်စိုက်ပါက
ဝတ်မှုန်ကူးရန်အတွက်
အမပင်(၂၀)လျှင်
အဖိုပင်တစ်ပင်နှုန်း
ထားပေးရသည်။
၈။အပင်ပြုစုနည်း
ရွှေ့ ပြောင်းစိုက်ပျိုးပြီးနောက်တစ်ပတ်အတွင်း
အပင်သေများရှိလျှင်
ချက်ချင်းအစားထိုးစိုက်ပေးပါ။
စိုက်ပြီးစနှစ်ပတ်အတွင်း
ရေကိုနေ့စဉ်လောင်းပေးရန်လိုအပ်ပါသည်။
ရေလောင်းရာတွင်
အပင်ငယ်များပေါ်သို့
ရေလုံးရေပေါက်များ
အားအင်အရှိန်ဖြင့်မကျစေရပါ။
စိုက်ခင်းတွင်ပေါင်းမရှိစေရန်နှင့်
အပင်ခြေရင်း၌ရေမဝပ်စေရန်
အထူးဂရုစိုက်ရပါသည်။
၉။မြေသြဇာကျွေးနည်း
ရွှေ့ ပြောင်းစိုက်ပြီး
အမြစ်စွဲသည့်အချိန်မှစ၍
(၆)လတစ်ကြိမ်
စိုက်ကျင်းတစ်ကျင်းလျှင်
နွားချေးဆွေးတစ်တောင်းခန့်ကျွေးရပါသည်။
နွားချေးဆွေးမြေသြဇာကျွေးချိန်တွင်
တစ်ဧကလျှင်
ယူရီးယား(၁၂)ပေါင်
တီစူပါ (၂၄၀)ပေါင်
ပိုတက်ရှ်(၂၄၀)ပေါင် နှုန်းကျွေးပေးရသည်။
ဓာတ်မြေသြဇာများကျွေးရာတွင်
အမြစ်များသွားသည့်အကွာအဝေးထိ
အနှံ့ပက်ကြဲပေးရသည်။
အမြစ်များသည်
အပင်မြင့်ထက်ပို၍ရှည်အောင်သွားနိုင်ကြသည်။
ဓာတ်မြေသြဇာကျွေးပြီးချိန်တွင်
ရေဝလင်အောင်လောင်းပေးရန်
လိုအပ်သည်။
မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့သောမြေများတွင်
သင်္ဘောပင်အောက်ရွက်များဝါလာခြင်း၊
အသီးတွင်သကြားဓာတ်နည်းသွားခြင်းနှင့်
အနံ့အရသာ
သိသိသာသာညံ့ဖျင်းသွားခြင်းတို့
ဖြစ်တတ်သည်။
ထိုသို့
မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့မှုဖြစ်ပါက
မဂ္ဂနီစီယမ်ဆာလ်ဖိတ်(ဓာတ်ဆား)ကိုရေဖျော်၍
အရွက်များပေါ်နှံ့အောင်ဖျန်းပေးရပါသည်။
၁၀။ဆွတ်ခူးခြင်းနှင့်အထွက်
စိုက်ခင်းသို့ပြောင်းရွှေ့ စိုက်ပြီး
(၄-၅)လကြာလျှင်
ပန်းစပွင့်၍
(၆)လကြာလျှင်
အသီးစတင်သီးသည်။
သုံးနှစ်သားအရွယ်အထိ
အသီးအထွက်ကောင်းသည်။
မျိုးကိုလိုက်၍
တစ်ပင်လျှင်အသီး(၅၀-၁၀၀)အထိသီးနိုင်သည်။
သင်္ဘောပင်များကို
(၈)ပေလေးကွက်ကျားစနစ်ဖြင့်စိုက်ပါက
သင်္ဘောတစ်ပင်သည်
ပျမ်းမျှအသီး(၇၀)ခန့်သီးလျှင်
တစ်ဧကမှအသီးပေါင်း(၄၇၆၀၀)ရနိုင်သည်။
#ဂုဏ်နှင့်စွမ်းရည်။     ။အမြစ်သည်ချုပ်၏ လေကို ပျက်စေတတ်၏ ပူ၏ မီးယပ်သွေးကို မှန်ကန်စေ၏။
#အသီးမှည့် ။ ။ အသီးမှည့်သည်ချို၏ ဝမ်းမီးကို တောက်
စေသည် ဆာလောင်စိတ် ကိုဖြစ်ဖေါ်ကာကြေကျက်လွယ်
၏။ဝမ်းကြောတင်းခြင်းကို ပျောက်စေ၏ ဆီးရွင် ဝမ်းတွင်း
ပူလောင်ခြင်းကို ငြိမ်းစေသည်။ဆီးရောဂါ ကျောက်တည်
ရောဂါတို့ ကို ပယ်ဖျောက်တတ်၏ အလွန် ဝဖြိုးသော ကိုယ်ကို ပိန်စေတတ်၏။ သလိပ် နှင့် သွေးများ ရော၍ ပါခြင်း နှင့် သွေးမြင်းသရိုက် ကို ပျောက်ကင်းစေသည်။
ဆီးကြော ဆီးပြွန်များ ပူခြင်း ဆီးကြောနှင့် အနာပေါက်
ခြင်းကို ကာကွယ်၏။သလိပ် ကို ပွါးစေပြီ နှလုံး ကို အကျိုးပြုသည်။ရူးသွပ်ခြင်း ကိုလည်းပျောက်စေသည်။
ကာမ ကိုအားပေးသည်။အူများကို တွန့် ရှုံ စေ၏။ သွေးကို
စင်ကြယ်စေ၏။ သည်းခြေကို ငြိမ်းအေး စေ၏။ အသီး
မှည့်ကို အလွန် အကျွံ စားပါက ဆီးချိုနှင့်ဆီးလွန် ရောဂါ
ကိုယ်ဖေါက်ပြန်ခြင်းကို ဖြစ်စေတတ်သည်။
#အသီးစိမ်း။ ။ အသီးစိမ်းသည် အတိသာရ ဝမ်းရောဂါကိုပျောက်ကင်းစေသည်။
#အရွက်။ ။ အရွက်သည် အဆိပ် အနည်းငယ် ရှိ၏။
အရွက်ကို စားပါက အကြော လှုပ်ရှားမှု ကို နှေးစေသည်။ နှလုံး၏ လှုပ်ရှားမှူ ကိုလည်းနှေးစေသည်။
နှလုံး အေးခြင်းကို ပြုတတ်သည်။ နှလုံးကို အားပေး၏။
အဖျားကို ပယ်တတ်၏။
#အစေ့။ ။ အစေ့သည် ဝမ်းတွင်းရှိ သန်ကောင်များကို
ဖျက်စီး တတ်ပြီ မီးယပ်သွေးကို မှန်ကန် စေ၏။ ကင်းဆိပ်
ကိုလည်း များစွာ နိုင်နင်းသည်။
#သင်္ဘောသီးနှင့်အစေးသတ္တု
အပင်၌ ရှိသောသင်္ဘောသီး အစိမ်းကို အစေး
ထွက်ရုံ ခြစ်၍အိုးငယ် သံခွက်စသည်တို့ ဖြင့်အစေးကို
ခံယူပါ။ အစေးနှင့် အရည်များထွက်လာပါလိမ့် မည်။ထို့ နောက် သဲအပြည့်ထည့်ထားသော အ ဝ ကျယ် အိုး၏ အပေါ်တွင် သင်္ဘောသီး အစေး ခံယူထားသော အိုးကို
ဆင့်ကာထားပြီးလျင် မီးမြှင်းမြှင်းထည့်ပါ။ ထို အစေးများ
ပျစ်ခဲလာသောအခါ အအေးခံ၍ အပြားကလေးများပြုကာ
ခြောက်သွေ့သော ပုလင်းတွင် လုံစွာထားပါ။ယင်းသည်
သင်္ဘောသီးသတ္တု ဖြစ်ပါသည်။ နောက်တစ်နည်းမှာ
သင်္ဘောသီး အစိမ်းများကို လှီးခြစ်၍ အစေးများထွက်လာ
သောအခါ ထို အစေးများကို သဲပေါ် တွင် အဝတ်ထူထူ
ခင်းဖြန့် ၍ အဝက်ပေါ် မှ သင်္ဘောသီး အစေးကို ခြောက်
အောင်ထားပါ ခြောက်သောအခါ ပုလင်းတွင် လုံစွာထား
၎င်း သည်လည်း သင်္ဘောသီးအစေးသတ္တုခဲ ဖြစ်သည်။
#အစာကြေဆေး
သတ္တု အစေး ရွေးဝက် မှ တစ်ရွေး အထိ လူလတ် အရွယ်များကို နွားနို့ သကြာခဲ ရ ရာဖြင့် ကျွေးပါက လျင်စွာပျောက်သညိ။
ရောဂါအလိုက်အသုံးပြုသည်များမှာ =======
#ပွေးနှင့်ယားနာပျောက်ဆေး။ ။ သင်္ဘောသီး အစိမ်းမှ
ထွက်သောအစေးကို လိမ်းကျံပေးပါက ပွေး ယားနာ
အရေပြား ရောဂါများ ပျောက်သည်။
#ကင်းဆိပ်ဖြေဆေး။ ။ သင်္ဘောသီး အစိမ်းကို လှီးဖြတ်
ထွက်လာသောအရည်ဖြငိ့ ကင်းကိုက်သောနေရာကို
လိမ်းပေး ကင်းဆိပ် ပြေသည်။
#သရက်ရွက်ကြီးသောရောဂါ ။ ။ သင်္ဘောသီး အစေး ၄ ပဲသား သကြား ၄ ပဲသား ထို နှစ်မျိုးရောကာ
၃ ခွက်စာပြုပါ။ နံနက် နေ့ လည် ည သုံးကြိမ်သောက်
သရက်ရွက်ကြီး သောရောဂါ တစ်ပါတ် သောက်ရုံဖြင့်
ပျောက်ကင်းသည်။ ထိုမှမဟုတ် အသီးစိမ်းကို အခြောက်
လှမ်း အမှုန့် ပြု သုံးစွဲမူ အထက်ပါရောဂါ ပျောက်ကင်း၏။
သရက်ရွက်ကြီးပါက သင်္ဘောသီးခြောက်မှုန့်  (ဝါ) အသီး
ခြောက်ကို ဆားပနည်းငယ်ဖြင့်ထည့်ပြီးသုံးပါက သရက်
ရွက်ကြီးခြင်းပျောက်ကင်းသည်။
#အတိသာရဝမ်းသွားပျောက်ဆေး။ ။ သင်္ဘောသီး
နုနု ကို အခြောက်လှမ်း အမှုန့် ပြု ၄င်း အမှုန့် ကိုအနည်း
ငယ်စားပါက နာတာရှည် အတိသာရ ဝမ်းပျက်များ
ပျောက်ကင်းသည်။
#အနာအဖုများ။ ။ အစေးကို လိမ်းပေးပါက နု လျင်
ပိန် ရင့်လျင်ပေါက်စေ၏။
#လိင်နိမိတ်ရောဂါ။ ။ လူပျိုနာဖြင့် စပ်လျင်သော
အနာပေါက်များကို ၄င်းအစေးဖြင့်လိမ်းပေးပါက ကျပ်နာ
ဘင်နာ အရေပြားပေါ်မှ အနာများကို ပျောက်ကင်းစေ
သည်။
#နို့ထွက်ဆေး။ ။ သင်္ဘောသီးအစိမ်းကို ဟင်းလျာပြု
၍စားပေးပါက ရင်သားတင်းမာ လာကာ နို့ များစွာထွက်
သည်။
#အကြောတက်ရောဂါ။ ။ သင်္ဘောရွက်သတ္တုရည်ကို
ဘိန်း အနည်းငယ် ရောပြီး လိမ်းပေးပါက အကြောတတ်
ပျောက်ကင်းသည်။
#သန်ချဆေး။ ။ သင်္ဘောသီးအစေ့ ကို အရွယ်
ကြည့်၍ အနည်းငယ်ကျွေးပါက ဝမ်းတွင်းရှိ သန်များကျ
ဆင်းလာပေလိမ့်မည်။
#မီးဖွါးလွယ်ကူရန်ဆေး။ ။ သာအိမ် ဝ ကို သင်္ဘေသီး အစေး အနည်းငယ်မျှ လိမ်းပေးပါက အလွန်
မီးဖွါးရ ခက်နေသော အမျိုးသမီးများ လွယ်ကူစွာဖွါးမြင်
လိမ့်မည်။
#ဆီးရွင်ဆေး။ ။ သင်္ဘောသီး ဝမ်းပြင်းကို ဟင်းချက်စား သို့ မဟုတ် သနပ်လုပ်၍ စားပါက ဆီးနှင့်ဝမ်းကို ရွင်စေသည်။
#ဝမ်းတွင်းအပူအားကြီးခြင်း။ ။သင်္ဘောသီး အမှည့်
ကို စားပေးပါက ဝမ်းတွင်းရှိ ပူလောင်ခြင်းများ ပျောက်ကင်းသည်။
လေ့လာမူ အရ သင်္ဘောပင်သည် အသီးအရွက် ပင်စည်
အစေးအမျိုးမျိုးသုံးစွဲနေကြသည်။ ကင်ဆာ အထိ ပင်
ပျောက်ကင်းနိုင်ကြောင်းသိရသည်။အဟာရ အနေဖြင့်
လူများနှင့်သင့်တော်သော သဘာဝပေါက်ပင် ဖြစ်ကြောင်း
ဓါတုဗေဒ ကင်းသည့် သင်္ဘောပင်ကို အိမ်တိုင်းစိုက်ထား
သင့်ပါကြောင်း။
**အထူးမှာကြားချက်*
သင်္ဘောသီးသည် ဂျင်း (ချင်း) နှင့် လုံးဝ မတည့်ပါ။အစေ့ အရွက် အသီးစိမ်းကို ကိုယ်ဝန်ဆောင် မိခင်များမသုံးစွဲသင့်ပေ။
  အမှတ်စဉ်( ၃ )
   #ခွေးလှေးယားပင်
   ရုက္ခအမည်။    ။  Mucuna pruriens
  အင်္ဂလိပ်အမည်။     ။  Velvet Bean.
  မျိုးရင်း ။   ။  papilionaceae ( Fabaceae)
  စိုက်ပျိုးနည်းက လွယ်ကူလို့ မရေးတော့ပါ။အပူပိုင်း
ဒေသနှင့် သမပိုင်း ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းပါသည်
 အာယုဗေဒ ဆေးပညာသမိုင်းမှာလည်း အသုံးပြုမှု မှတ်တမ်းတွေရှိပါတယ်။ အပူပိုင်းဒေသမှာဆိုရင် ရိုးရာ
ဆေးအဖြစ်လည်း အသုံးပြုကြသည်။ မျိုးစိတ် အမည်
ဖြစ်တဲ့ pruriens ၏ အဓိပ္ပါယ် မှာ  အသီးတောင့်၏
အမွှေးများနှင့် ထိမိပါက အရေပြားယားယံခြင်း ခံစားရ
သည်အဓိပ္ပါယ် ကိုဆောင်သည်။ အထူးသဖြင့် အိန္ဒိယနှင့်
အာဖရိက တိုက်မှာပေါများစွာပေါက်သလို မြန်မာပြည်မှာ
လည်း ကောင်းစွာဖြစ်ထွန်းပါတယ်။ အောက်တိုဘာလ နှင့် ဒီဇင်ဘာလ အတွင်း ပန်းပွင့်များ အသီးများတွေ့
ရသည်။ ဓါတုဒြပ် ပါဝင်မှု အနေနဲ့ ခွေးလှေးယား အစေ့
မှာ အသားဓါတ် ၂၀ ၂၉ ရာနှုန်း ကစီဓါတ် ၅၀ ၆၀ ရာနှုန်း အဆီဓါတ် ၆ ၇ ရာနှုန်း အမျှင်ဓါတ် ၈  ၁၀ နှင့်
သတ္တုဓါတ်တွေ များစွာပါဝင်ပါသည်။ခွေးလှေးယားသီး
ရဲ့ အစေ့ အရွက် တို့ ဟာ သွေးထဲမှာရှိတဲ့ သကြားဓါတ်
ပမာဏ ကို လျော့ကျစေတဲ့အတွက် ဆီးချို ရောဂါ ကုသ
မှုမှာ အသုံးပြုနိုင်ပါသည်။ ထို့ အပြင် အမြစ် အရွက် အသီး အစေ့ တို့ သည်ရောင်ရမ်း မှုကိုသက်သာစေခြင်း
အတွင်းကလီစာများရှိ ကြွက်သားမျှင်များ၏ spasm ကို
တားဆီးခြင်း နာကျင်မှု ကို သက်သာစေခြင်း အဖျားကျ
စေခြင်း စသောသတ္တိရှိပါသည်။ခွေးလှေးယား စေ့ ကို
ကမ္ဘာ အနှံမှာ ရှေ့ရိုးစဉ်ဆက် နည်းအဖြစ် မြွေကိုက်တဲ့
လူနာတွေမှာ အသုံးပြုကြသည်။ခွေးလှေးယားစေ့ဟာ
မြွေဆိပ်ကြောင့်ဖြစ်သော သွေးခဲမှု ကိုဟန့် တားပြီး
မြွေဆိပ်ရဲ့ အဆိပ် အတောက် ကို လျော့နည်းစေသည်။
အစေ့ တွင်ရှိသော အသားဓါတ်က အဆိပ်အားခြေဖျက်
သည့် ပဋိပစ္စည်း ကို မြင့်တင်သည်ဟု ယူဆသည်။
ဘရာဇီးနှင့် အိန္ဒယ နိုင်ငံတွေမှာဆိုရင် ခွေးလှေးယားပင်
ကို ရှေးအစဉ်ဆက်တည်းက လိင် အားတိုးဆေးအဖြစ်
အသုံးပြုကြသည်။  ၄င်း သည် ခန္ဓာကိုယ်တည်ဆောက်
ဖွဲ့စည်းမှု ကိုအားပေးသည့်အစွမ်းသတ္တိရှိသည်ဟုလည်း
ယူဆကြသည်။ လိင်အားတိုးဆေးအဖြစ်လည်း အခြား
ပရဆေး မယ်များနှင့်ပေါင်းစပ်ပြီ အပြည်ပြည်ဆိုင်ရာ
ဈေးကွက်တွေမှာ ရောင်းချနေကြပါပြီ။ အန္ဒိယ နိုင်ငံမှာ
ဆိုရင် ဆီးချို ရောဂါကို အခြားဆေးအမယ်တွေနဲ့
ရောနှောသုံးနေကြသလို ယောင်္ကျားများမျိုးပွါး ချို့ယွင်း
မှု ရောဂါမှာလည်း အသုံးပြုကြသည်။ အစေ့သည် ဝမ်း
တွင်းပါ ချို့ယွင်းမှု ကို ဖြစ်စေနိုင်ပြီ သားအိမ် အား တွန်းအား ပေးနိုင်ပါသောကြောင့် ကိုယ်ဝန်ဆောင်
မိခင်များ မသုံးစွဲသင့်ပေ။ သွေးထဲ ရှိသော သကြားပမာ
ဏ ကိုလျော့နည်းစေတဲ့အတွက် သွေးချိုဓါတ် နည်းသူများ ဆီးချိုရောဂါ ရှိသူများ အနေဖြင့် နားလည်
တတ်ကျွမ်းသူ ဆေးပညာရှင်များ၏ ကွပ်ကဲမှုဖြင့် သုံးစွဲ
သင့်ပါသည်။ယောကျာင်္းဟိုမုန်း များစေတဲ့အတွက် ဟိုမုန်း များသောရောဂါတွင် များစွာ သတိထားရမည်။
ဇီဝဋ္ဌာယီ ဦးစံလှ ရေးသောနာနာနယ အာဟာရ စွယ်စုံ
ကျမ်းမှာ- ခွေးလီ ခွေးရီ ဟုလည်းခေါ်ကြသည်။ ပဲတောင့်
အနေနဲ့အလျား ၃ လက်မ ရှိပြီး အနံ သုံးမတ် အရွယ်ခန့် 
ရှိပြီး စစ်တွေတွင် ပဲတက်အနက် ခွေးရေးပဲ။ ချင်းတောင်
တွင် ရာ၊ယုံနှမ်၊ဘူရှုး တရုတ်လို အောင်လောက် ဟုလည်း ခေါ်ဆိုပြီး  ၁၉၁၀ ခုနှစ်Tropical Agriculturist မဂ္ဂဇင်းတွင်၎င်း ပဲသီးများကျွေးပါက
ဝဖြိုး စေတတ်ကြောင်းလူတို့ အသင့်တင့်စားပါက အန္တရယ်မရှိကြောင်း သို့ ရာတွင် အများအပြားစားပါက
ဓါတ်လျောစေတတ်ခြင်း အော့အံစေတတ်ကြောင်း ဖေါ်ပြထားပါသည်။အယဉ် နှင့် အရိုင်းနှစ်မျိုးမှာအယဉ်မျိုး
သည် အသီးတောင့်ရှည်ပြီး အစေ့လည်းကြီးသည်။အစေ့ တွင် အနက်ရောင်ရှိသကဲ့သို့ အဖြူလည်း ရှိသည်။ အယဉ် မျိုးထည်းမှာတွင် အမွှေးအနည်းငယ်ရှိသော
အပင်နှငိ့ အမွှေူးလုံးဝမပါသော အပင်ဟူ၍ ၂ မျိုးရှိသည်။
ခြံ ဥယာဉ် လယ်ယာ တို့ တွင်စိုက်ပျိုးရောင်းချ
စားသောက်ကြသည်။အယဉ်မျိုး ရဲ့ အသီးနု ကို ဟင်းလျာ အဖြစ်လည်း ချက်ပြုတ်စားသောက်နိုင်သည်။
အသုံးပြုပုံ အနေနဲ့ကား အမြစ် နှင့် အစေ့ ကို ဆေး
အဖြစ် အသုံးပြုကြသည်။ အစေ့ အနေနဲ့သုတ်ကို ပွါးစေ
ပြီး အားကိုဖြစ်စေသည်။
#သွေးဝမ်း  ခွေးလှေးယားအမြစ်ရဲ့အမှုန့် ကို ရေဖြင့်ရော
သောက်ပါက ထိုရောဂါပျောက်သည်။
#ပြင်းထန်သောဝမ်းရောဂါ   အတွက် ခွေးလှေးယားမြစ်
ကို ၅ ပုံတစ်ပုံကြွင်း ပြုတ်ပြီး ပျားရည်ဖြင့် ရောသောက်ခဲ့
ပါက အလွန်ပြင်းထန်သော ကာလဝမ်း ရောဂါပျောက်
သည်။
#ဆီးချုပ်နာ ဖြစ်ပါက ခွေးလှေးယားစေ့ အမှုန့် ငါးရွေးသားခန့် ကို ရေဖြင့်ရောပြီး သောက်ခဲ့ပါက ဆီးချုပ် ရောဂါ ပျောက်ကင်းသည်။
#သွေးအံသွေးကျ ဖြစ်ပါက ခွေးလှေးယားစေ့ အနုကို
ဟင်း အဖြစ်ဖြင့်ကြော်ချက်စားပါက ထို ရောဂါပျောက်
သည်။
#လေအားနည်ူဖြစ်သော ရောဂါအတွက် ခွေးလှေးယား
မြစ်သတ္တုရည် ကို တစ်လတိုင်အောင် ဆက်၍ သောက်ပါက ထိုရောဂါ လျင်မြန်စွာ ပျောက်သည်။
#ပန်းနာ ဖြစ်ပါက ခွေးလှေးယားစေ့ အမှုန့် ကို ပျားရည်
ထောပတ်နှင့် ရော၍ လျှက်ပေးပါက ပန်းနာ ပျောက်သှ်။
#ပိန်ကြုံနာ ခွေးလှေးယားစေ့ ကို ထောပတ် ဖြင့်ကြော်
ချက်စားပေးပါက ပိန်ကြုံ သောရောဂါ ပျောက်ကင်းပြီး
သုတ်အားသည်လည်း တိုးပွါးလာပါလိမ့်မည်။
#ရေဖျဉ်း  ဖြစ်ပါက ခွေးလှေးယားမြစ်ကို ကြိတ်၍ ရေဖျဉ်း ရှိနေသော ဗိုက်တွင် လိမ်းပေးပါ။ အမြစ်ကို အတုံး ငယ်များပြု လုပ်ပြီး ခြေဆစ် လက်ဆစ်တို့ ၌ ချည်
ထားပေးပါ။
#လက်မောင်းသိမ် ဖြစ်ပါက ခွေးလှေးယားစေ့ သတ္တုရည်
ကို နေ့ စဉ် သောက်သုံးသွားခဲ့သော် လက်မောင်းသိမ်
ရောဂါ ပျောက်ကင်းသည်။
#ဆင်ခြေထောက်ရောဂါ  ဖြစ်ပါက ခွေးလှေးယားစေ့ မြစ်
မှုန့် တိုကို ဆီဖြင့်ချက်ပြီး လျင် ဆေးဖတ်တို့ ကို စစ်ထုတ်
ပစ်ပြီး ၄င်း ဆီကို လိမ်းပေးပါက ဆင်ခြေထောက်ရောဂါ
ကို ပျောက်ကင်းစေပါသည်။
#ကင်းဆိပ် တက်ပါက ခွေးလှေးယားစေ့ ကိုကြိတ်ပြီး
ကင်းကိုက်ရာတွင် အုံပေးပါက ကင်းဆိပ်ပြေပျောက်သည်
( ခွေးလှေးယားစေ့ အနက် နှင့် ရွေးအနက် ကို ဆောင်
ထာပေးပါက လယ်ယာ လုပ်ငန်းတွင် မြွေ အန္တရယ် ကို
အထူးကာကွယ်သည်= စာရေးသူ)
#ရွဲ့စောင်းလေငန်း  ဖြစ်ပါက ခွေးလှေးယားစေ့ အခွံချွတ်
၍ နွားနို့ နှင့် ကျိုသောက်ပေးပါက နှုတ်ခမ်းရွဲ့စောင်းခြင်း
မျက်စိရွဲ့စောင်းခြင်း စသောလေငန်း ရောဂါ ပျောက်ကင်း
သည်။
#ငန်းဖျား ဖြစိပါက အမြစ်ကို ၅ ပုံတစ်ပုံကြွင်းပြုတ်၍
သောက်ခဲ့သော် အဖျားလွန်ကဲခြင်း ကယောင်ကတမ်း
ပတောက်ပရစ် ပြောဆို၍ ဖျားခြင်းပျောက်ကင်းသည်။
#သားအိမ်လျောနာ ဖြစ်ပါက ခွေးလှေးယားမြစ်ကို ၄ ဘို့ တစ်ဘို့ ကြွင်းပြုတ် ၍ သောက်ပါ။ ၄င်းပြုတ်ရည်ဖြင့်
သားအိမ် ကို ဆေးကြောပေးပါကသာအိမ် လျောခြင်း
ကင်းပြီး သာအိမ် အားရှိလာပါလိမ့်မည်။
#သုတ်အားနည်း ဖြစ်ပါက ခွေးလှေးယားစေ့ ဆူးလေသီး
စေ့ သကြားတို့ ကို အမျှစီစု အမှုန့် ပြု၍ ၆ ပဲသားခန့် 
သောက်ပါ ထိုမှ နွားနို့ ပူပူ ထပ်သောက်ပါ။နောက်တစ်နည်းဆေးတွင် သကြားထပ်မထည့်ဘဲ ၂ မျိုး ကိုသာ အမှုန့် ပြု
ပြီး  ၂ ပဲ သားခန့် သောက်ပါ။ ထိုမှ နွားနို့ တွင် သကြား
ထည့်ပြီး ချိုချို ပူပူ ထပ်သောက်ပါ။ (သုဿတ)
#သုတ်ပျက်  ပါက ခွေးလှေးယားစေ့ ကို အခြားသော
အားရှိစေတတ်သည့် ဆေးဖက်မျိုးတို့နှငိ့ ရောစပ် မှီဝဲ
ပေးပါက သုတ်ပျက်ရောဂါ ပျောက်ကင်းသည်။
#သုတ်ရည်ယို  ခွေးလှေးယားသီး နု အစိမ်းကို အရိပ်မှာ
သွေ့အောင်လှမ်း၍ နွားနို့  ၂၅ိ သားဖြင့် ကျို ပါ။၎င်း ကို
နေ့ စဉ် သုံးစွဲပေးပါက သုတ်ရည် အမျှင်မျှင် ကျဆငိး
ယိုစီးသော ရောဂါ ကာမ အားနည်းသောရောဂါ။
သုတ်အားနည်းသောရောဂါများ ပျောက်ကင်းပါသည်။
#ကာလသားရောဂါ ဖြစ်ပါက ခွေးလှေးယားစေ့ ၁၂ ပဲ သားကို ကြိတ်၍ ရေ ၁၂ ကျပ် ၈ ပဲ့သားနှင့် နေ့ စဉ်
၇ ၇က်တိုင်တိုင် သောက်ခဲ့သော် ကာလသား ရောဂါ
ပျောက်ကင်းပါသည်။
#သုတ်လွတ်ရောဂါ ခွေးလှေးယားစေ့ မိချောင်းကွမ်းဖက်
 ၁ိ သားစီ သကြားခဲ ၂ိ သားတို့ ကို ရောပြီး အမှုန်ပြု
၆ ပဲသားခန့် ပြုတ်သောက်ပါ။ထို့ နောက် နွားနို့ ပူပူ ကို
ထပ်သောက်ခဲ့သော် သုတ်အားနည်းသောသူများ  သုတ်များ လာပါလိမ့်မည်။ သုတ်မြန်ရောဂါ အလိုလိုကျ
ဆင်းသော သုတ်ရည်ယို ရောဂါ များလည်း ပျောက်ကင်း
ပါသည်။ ညဥ့် အိမ်မက် သုတ်လွတ်ရောဂါအတွက် အထူး
သင့်လျော်ပါသည်။
#အသားအနုတက်ဆေး ခွေးလေးယားစေ့ ၃ိ သားကို ကြိတ်၍ မုန်ညင်းဆီ ၁၂ိသားဖြင့် ချက်ပြီလျှင် အဆီကို
စစ်ယူပြီ မကျက်နိုင်သော အနာပျက်များကို လိမ်းပေး
လျှင် အနာ အသားနု တတ် ၍ ကျက်လာပါလိမ့်မည်။
#သံကျဆေး  သကာရည် သကြားရည် သို့မဟုတိ ပျားရည် ရရာ တစ်ခုခုတွင် ခွေးလှေးယား အရိုင်း၏ အသီးတောင့်ကို ထည့်၍ အမွှေးနုများကို ပျားရည်ထဲတွင်
ပျစ်လာသည်အထိ မွှေပြီးနောက် အဖတ် အတောင့်များ
ကို ဆယ်ယူပစ်ပါ။ ထိုမှ ကြွင်းကျန်သော အရည်ကို
ခလေးဖြစ်ပါက လဘက်ရည်ဇွန်ူ တစ်ဇွန်း လူကြီးဖြစ်ပါက
စားပွဲဇွန်းဖြင့် တစ်ဇွန်း ကို ၃ ၄ ရက် ဆက်သောက်ပါ။
ထု့ နောက် ဝမ်းနှုတ်ဆေး စားပေးပါက ဝမ်းတွင်းရှိသံ
ပိုးများ ကျဆင်းလာပါလိမ့် မည်။
ဤမျှလောက် ဖေါ်ပြခြင်းဖြငိ့် #ခွေးလှေးယား ပင်သညိ
ဈေးကွက် ခိုင်မာစွာရှိပါက အသုံးများစွာ ရှိသောကြောင့်
စိုက်ပျိုးသင့်သည့် အပင်ဖြစ်သည်ကို တင်ပြပေးလိုက်ပါသည်။ ဤမှ ယင်းအပင်သည်အဆိပ်
အတောက်ရှိသော အပင်ဖြစ်ပါသည် သုံးပါက သတိထားသုံးလေ။ဤ သည်တို့ မှာ အသုံးဝင်ပုံ အကျဉ်းပင်ဖြစ်သည် အခြား အသုံးလည်း ရှိပါသည်။
ကိုးကားများ ။      ။ ရှင်နာဂသိန်ပုံပြ ဆေးအဘိဓါန်။