Saturday 26 September 2015

ဒီအပင်ကို ကျွန်တော် အရမ်းကြိုက်တယ်
လူတွေနဲ့အနီးဆုံးမှာရှိပြီ လူတွေကို အကျိုး
ပြုနေတဲ့ ဆေးပင် ငယ်ငယ်က ဆို လုံးဝကို
မသိတာ ခုချိန်များ မှ မိတ်ဆွေတွေရဲ့
ကောင်းမှု ကြောင့် စာတွေ ဖတ်မိပြီ သိပ်
အသုံးတည့်တဲ့အပင်။ ခု ချိန်ထိတောင်
ကျွန်တော်တို့ ဒေသ က လူကြီး တစ်ချို့
တောင် အသုံးဝင်ပုံကို သိပ်မသိကြဘူး။
ရောဂါ အလိုက် သုံးစွဲပုံက ကြက်မောက်
ဆူးပြန်ဆားကို သင့်တင့်သောအတိုင်းတာ
နှင့်ပျာရည် ဖြင့်ရောကာ ရက်အနည်းငယ်မျှ
မှီဝဲ ခဲ့သော် လွန်စွာကြောက်စရာ ကောင်း
သော ‪#‎ပန်းနာရောဂါ‬ ပျောက်သည်။
‪#‎နားပင်းရောဂါ‬ အတွက်
ကြက်မောက်
ဆူးပြန်ဆားမှုန့် ၁-ပေါင် နှမ်းဆီ ၆၀ိ သား
ရေ ၂-ပိဿာ ၄၀ သား အားလုံးကို ဆီချက်သောအစီ အမံဖြင့် ဆီချက်ပြီးနောက် ရက်အနည်းငယ်တိုင်
အောင်နားတွင် အသုံးပြုခဲ့သော် ‪#‎နားပင်း‬
ခြင်းပျောက်ကင်း၏။
‪#‎ဝမ်းဗိုက်ထိုးအောင့်တင်းရောင်ရောဂါ‬
ကြက်မောက်ဆူးပြန်ဆား၌ ချင်းခြောက်
ငြုပ်ကောင်း ပိတ်ချင်း စမုံဖြူ ဆေးအလုံးစုံ
ကို အမှုံ့ပြု ရေနွေးဖြင့်သောက်ခဲ့သော်
ဝမ်းဗိုက် ထိုးအောင့်ခြင်းကြောက်မက်ဖွယ်
ကောင်းသောဝမ်းဗိုက်တင်းရောင်ခြင်းသည်
လျှင်မြန်စွာပျောက်ကင်းသည်။
‪#‎မြင်းသရိုက်ရောဂါ‬
နာတာရှည် ဖြစ်နေသော မြင်းသရိုက် ရောဂါ
ကိုပြတ်စေခြင်း သို့ မဟုတ် ပျော် ကျစေရန်
အတွက် ကြက်မောက်ဆူးပြန်ဆားတွင် ဆတူ ဆေးဒန်းကို ရော၍ ရေ ဖြင့် လိမ်းကျံ
ပေးပါက အလုံးစုံပြတ်ကျသည်။
‪#‎သမင်ဖြူရောဂါ‬
သမင်ဖြူ ရောဂါတွင် ကြက်မောက်ဆူး
ပြန်ဆားမှုန့် ကိုမြင်းသီလာနှင့် ဆတူရော၍
နွားကျင်ငယ်ရေ နှင့်လိမ်းကျံ ပေးခဲ့သော်
ရက်အနည်းငယ် ကြာက ပျောက်၏။
‪#‎ဆီးအောင့်နှင့်ကျောက်တည်ရောဂါ‬
ဆီးအောင့်ရောဂါ ကျောက်တည်
ရောဂါ တို့ ၌ကြက်မောက်ဆူးပြန်ဆားကို
မုယောဆားနှင့်ရော၍ရေအေးဖြင့်သောက်ပါ
‪#‎ဂူလုံးနာအဖျဉ်းရောဂါ‬
ကြက်မောက်ဆူးပြန်ဆား ကို
ချင်းခြောက် ငြုပ်ကောင်း ပိတ်ချင်း သိန္ဓော
ဆားမှုန့် ရော၍ သင့်လျော်စွာသောက်သုံး
ပေးပါက ကြောက်မက်ဖွယ် ကောင်းတဲ့
ဂူလုံးရောဂါ အဖျဉ်းရောဂါ ပျောက်ကင်းသည်။
‪#‎ဒီနေရာမှာ‬ သတိထားရမယ့် အချက်
တွေရှိတယ် ကြက်မောက်ဆူးပြန် ဆားဟာ
‪#‎သမားကိုင်ဆားဖြစ်တယ်‬ အချိန်အဆ က အရေးပါတယ် နောက်ပြီး ဆားချက်နည်း စာထဲ လည်း ဖတ်ဖူးတယ် ဆရာကြီးဝရဇိန်မင်း လည်းပေးထားတယ် သဘောကျတာက
ဒီ ‪#‎ကြက်မောက်ဆူးပြန်ဆားက‬ စွယ်စုံ
သုံးလို့ ရတာဘဲ လူရဲ့ အနီးအနား မှာ
သိပ်ကို အသုံးဝင်သည့် အပင်ဖြစ်ကြောင်း
တင်ပြ ပေးလိုက်ပါသည်။
မှတ်ချက်။ ။ ဆားချက်နည်း အရင်က
ဆရာကြီးဝရဇိန် တင်ပေးဖူးသောကြောင့်
မရေးဖြစ်ပါ သိချင်သူရှိပါက ဖေါ်ပြပါမည်။
ကိုးကား။ ။ရှင်နာဂသိန် ပုံပြဆေးအဘိဓါန်
ပထမ တွဲ စာမျက်နှာ ၁၀၅ ၁၀၆။
အချိန်အတွယ်။

ဆေးနည်းများတွင်အချိန် အတွယ် သည်အရေးကြီးသော
နေရာတွင် ပါဝင်နေပါသောကြောင့် ကျမ်းလာ အတိုင်း
ဖေါ်ပြပါမည်။ အဘယ့်ကြောင့် ဆိုပါက ဆေးနည်းတွင်ပါ
သောဆေးပစ္စည်း များပြုပြင် ပြောင်းလဲခြင်းဖြင့် ဆေး အာနိသင်ပါ လိုက်ပါပြောင်းလဲပါသည်။သို့ အတွက်
သီးသန့် ထား၍ ဖေါ်ပြချင်းပါ။

သိင်္ဂဓရသံဟိတာဆေးကျမ်းလာမူရင်းအတိုင်းပါ။
  အချိန် အတွယ်တွင် ကလိင်္ဂတိုင်းနှင့် မဂဓ တိုင်း ချိန်တွယ် နည်းဟု ဖေါ်ပြထားပါသည်။ ကလိင်္ဂ တိုင်းဆို
သည်မှာ ယခု အခါ ကာလကတ္တားမှ မဒရပ်သို့ သွားသော
လမ်းအကြားတွင်အိုရီဆားနယ်တစ်ဝိုက်ဖြစ်၏။၎င်းကို
ရှေးက သြဒိဿ နယ်ဟုခေါ်သည်။ ထိုချိန်တွယ်နည်းနှစ်
မျိုးတွင် မဂဓတိုင်း ချိန်တွယ်နည်းကို မြတ်သော ချိန်တွယ် နည်းဟုပညာရှိတို့ ဆိုကြသည်။

ကလိင်္ဂတိုင်းအလေးချိန်

၁၂- မုန်ညင်းစေ့     ၁-မုယော။
၂ -  မုယော           ၁-ရတီ။
၃ - ရတီ               ၁- ဝလ္လ။
၎ - ဝလ္လ               ၁- တမာသ။
၎ - မာသ              ၁-သာဏ။
၂ - သာဏ            ၁-သုတ္တိ။
၂ - သုတ္တိ              ၁ - ပလ။
၂ - ပလ                ၁- ပသတိ။
၂ - ပသတိ            ၁ - ကုဍဝ။
၂ - ကုဍဝ              ၁ - မာနိကာ။
၂ - မာနိကာ           ၁ -ပတ္ထ။
၎ - ပတ္ထ                ၁ - အာဠှက။
၎ - အာဠှက           ၁ - ဒေါဏ။
၂ - ဒေါဏ             ၁ - သုပ္ပ။
၂ -သုပ္ပ                 ၁ - ခါရိကာ။
၁၀၀ - ပလ            ၁ - တုလာ။
၂၀ - တုလာ           ၁ - ဘာရ။

မဂဓတိုင်းအလေးချိန်။

၃၀ - ပရမာဏုမြူ                  ၁ - ရထရေဏု။
၆ - ရထရေဏု                     ၁- မရိစ။
၆- မရိစ                             ၁ - ရာဇိကာ။
၃ - ရာဇိကာ                        ၁ - သဿပ။
၈ - သဿပ                        ၁ - ယဝ။
၎ - ယဝ                             ၁ - ဂုဉ္စာ ( ရတီ )။
၅ - ဂုဉ္စာ                             ၁ - ပဏ။
၆ - ဂုဉ္စာ                 ၁ - မာသ ( တစ်ပဲ ၆ ရွေး)။
၎ - မာသ                ၁ - သာဏ။
၎ - သာဏ              ၁ -ကောလ ( ၁ တိုလာ )။
၂- ကောလ              ၁ - ကဿ။
၂ - ကဿ              ၁ - အဒ္ဓပလ ( ၂ တိုလာ )။
၂ - အဒ္ဓပလ            ၁ - ပလ။    ( ၄ တိုလာ)။
၂- ပလ                  ၁ - ပသတိ ( ၈ တိုလာ )။
၂ - ပသတိ             ၁ - ကုဍဝ။   ( ၁၆ တိုလာ)
၂ - ကုဍဝ               ၁ - မာနိကာ။ ( ၃၂ တိုလာ )
၂ - မာနိကာ            ၁ - ပတ္ထ။   ( ၆၄ တိုလာ)
၎ - ပတ္ထ                 ၁ - အာဠှက။ ( ၂၅၆ တိုလာ )
၎ - အာဠှက            ၁ - ကလသ။ ( ၁၀၂၄ တိုလာ)
၂  - ကာလသ         ၁- သုပ္ပ။ (၂၀၄၀ တိုလာ)
၂  - သုပ္ပ               ၁ - ဒေါဏ။ ( ၄၀၉၆ တိုလာ)
၎ - ဒေါဏ             ၁ - ခါရီ။
၁၀၀ - ပလ            ၁ - တုလာ (၄၀၀ တိုလာ)
၂၀၀၀ ပလ             ၁ - ဘာရ ( ၈၀၀၀ တိုလာ)

ဤသည်တို့ သည် ကျမ်းဖေါ်ပြပါ အတိုင်းပင် နီးစပ်ရာ ပညာ ရှိများထံမေးလေ။ မိမိ အနေဖြင့်လည်း သိပ် မရှင်း
သေးပါ။
မှတ်ချက်။     ။ ပရမာဏုမြူ ဆိုသည်မှာ နေရောင် တံခါးပေါက်မှ ဝင်လာသော အမှုန် မြူဖြစ်ကာ ထို မြူ သုံးဆယ်ကို ပရမာဏုမြူဟုခေါ်ကာ ထိုပရမာဏုမြူ သုံး
ဆယ်ကို ရထေရေဏု ဟုခေါ်သည်။
၁ တိုလာကို မြန်မာ အချိန် ၁၂ ပဲ သွားဖြင့် တွက်ယူ ပြီး
အချို့က  ၁၁- ပဲ သွားဖြင့် တွက်ယူကြသည်။

ဒါက ကျမ်းလာအတိုင်းကျမ်းပြုသူက
အိန္ဒယ တိုင်းသား ပုဂ္ဂိုလ်ဆိုတော့ မြန်မာ
နဲ့ သိပ်မအပ်စပ်ဘူး ဒီတော့ မြန်မာပြည်
အလေးချိန်စံစနစ် ကို လေ့လာကြည့်တော့။
တစ်ချို့က ဂရမ် ( gram)
တစိချို့က အောင်စ ( ounce)
တစ်ချို့က ကီလို ( kilo)
တစ်ချို့က တိုလာ ( toler)
၁၀ gram မှာ  ၉ ပဲ ၅ ရွေး။
၁ ကီလိုမှာ ၆၀ ကျပ် ၃ ပဲ ၄ ရွေး။
၁ အောင်စမှာ ၁ ကျပ် ၁၄ပဲ။
၁ တိုလာမှာ ၇ ကျပ် ၂ ရွေး။
ဘာထပ်တွေ့လဲ ဆိုတော့ မတူ ညီတဲ့
အလေးချိန် တစ်ချို့ကို ထပ်တွေ့တယ်။
၂ စိပ် ၁ ခြမ်း ၊
၂ခြမ်း ၁ ရွေး ၊
 ၂ ရွေး ၁ပြား ၊
 ၂ ပြား ၄ ရွေး ၊
 ၈ ရွေး ၁ ပဲ ၊
၂ ပဲ၁ မူး ၊
 ၂ မူး ၁ မတ် ၊
၂ မတ် ၅ မူး=၈ပဲ။
၁၆ ပဲ =၁ ကျပ်=၁၂၈ ရွေး= ၁၆.၆၀၆ ဂရမ်။  ဒါ့ အပြင်   ၁ ကျပ်သားမှာ .၀၅၇၆အောင်စ ၊
 ၁အောင်စမှာ ၁.၇၃၆ ကျပ်သား ၊
 ၁ ကျပ်သားမှာ ၁၆.၃၂၉၃ ဂရမ်၊
  ၁ ဂရမ်မှာ ၀.၀၆၁၂၄ ကျပ်သား ၊
၁ပေါင်မှာ ၀.၄၅၃၅၉ ကီလို ဂရမ် ၊
 ၁ ကီလို ဂရမ်မှာ ၂.၂၀၄၆ ပေါင် ၊
၁ ပိဿာမှာ ၃.၆ ပေါင်၊
၁ ပေါင်မှာ ၀.၂၇၇၈ ပိဿာ ၊
 ၁ ပိဿာမှာ ၁.၆၃၂၉ ကီလိုဂရမ်၊
 ၁ ကီလိုဂရမ်မှာ ၀.၆၁၂၄ ပိဿာ ၊
  ၁ တန်မှာ ၁.၀၁၆ မတ်ထရစ်တန်၊
 ၁ မတ်ထရစ်တန်မှာ ၀.၉၈၄၂ တန်။
 အဲ့မှာ ပြောချင်တာက။
ပထမက ၁ကျပ် မှာ ၁၆.၆၀၆ ဂရမ်
ဒုတိယမှာ ၁ ကျပ် ၁၆.၃၂၉၃ ဂရမ် အဲ့လို ကွဲနေတာ အခြား ဟာတွေလည်း
မကွဲဘူးလို့ မဆိုနိုင်ဘူး။

နောက်ပြီး ၁ ကျပ်မှာ ၁၆ ပဲသား အလေးချိန်က။
ရွှေအချိန်ပါ။
ရန်ကုန် အချိန်က ၁ကျပ်သား ၁၂၈ ရွေး
၁ ပဲသား ၈ ရွေး။
မန္တလေး အချိနိက ၁ ကျပ်သား ၁၂၀ ရွေး
၁ ပဲသား ၇.၅ ရွေး ဆိုထားပြန်တော့ မူက
ထပ်ကွဲပြန်ရော။

မြန်မာ့ချိန်ဝန်များမှာ
မုန်ညင်း ၇ လုံးကို နှမ်း ၁ လုံး။
နှမ်း ၄ လုံးကို ဆန် ၁လုံး။
ဆန် ၄ လုံးကို ရွေး ၁ လုံး ။
ရွေး ၄ လုံးကို ၁ ပဲ။
၂ ပဲ ၁ မူး ၊
 ၂ မူး ၁ မတ် ၊
၂ မတ် ၅ မူး ၊
၂ ငါးမူး ၁ ကျပ် ၊
 ၅ ကျပ် ၁ ပိုလ် ၊
၂၀ ပိုလ် ၁ ပိဿာ ၊
 ၂၅ ပိဿာ ၁ ဆွဲ။

မြန်မာရွှေအလေးချိန်မှာ
၂ ရွေးကလေးကို ၁ ရွေးကြီး။
၎ ရွေးကြီးကို ၁ ပဲသား။
၂ ပဲသားကို ၁ မူး။
၂ မူးသားကို ၁ မတ်။
၂ မတ် ၁ ငါးမူး။
၂ ငါးမူး ၁ ကျပ်။
(၂ ငါးမူးကို ၁၆ ပဲသား )
ကျပ် ၁၀၀ ကို ၁ ပိဿာ။
၁ ပိဿာကို ၃.၆ ပေါင်
၁ ပိဿာကို ၁.၆၃၂၉၃၃ကီလိုဂရမ်။
၁ ကျပ်သားကို ၀.၅၇၆ အောင်စ။
ဆိုတော့ကား ဆေးနည်းတွေမှာပါတဲ့
ကျပ် ပဲ စသည့် အလေးချိန်ကို မြန်မာ့ချိန်ဝန် သို့ မဟုတ် မြန်မာ့ရွှေအလေးချိန်ဖြင့်သာ ယူသင့်ပါကြောင်း။
မှားယွင်းခဲ့ပါက ကျွန်နုပ် လေ့လာမှု အားနည်ုးခြင်းသာ ဖြစ်ပါသည်။

Wednesday 23 September 2015

‪#‎ဦး‬ Naymyohtethtet Htethtet ၏ facebook page စာမျက်နှာတွင်တင်ခဲ့သောစာ။
‪#‎တပင်တိုင်မြနန်း‬
Kingdom : Plantae
(unranked) : Angiosperms
(unranked) : Eudicots
(unranked) : Rosids
Order : Vitales
Family : Vitaceae
Sub-family : Vitoideae
Genus : Cissus(Vitis)
Species : Cissus discolor/Cissus repens
: (Vitis discolor/Vitis repens)
အမည် - တပင်တိုင်မြနန်း
အင်္ဂလိပ်အမည် - Rex Begonia Vine
ရုက္ခဗေဒအမည် - Cissus discolor /Cissus repens
မျိုးရင်းအမည် - Vitaceae
***ပုံသဏ္ဌာာန်***
‪#‎အပင်‬
နွယ်ပင်မျိုးဖြစ်ပြီးနှာမောင်းအမွှေးလေးများဖြင့်
ရစ်ခါတွယ်ထားသည်။
ပင်စည်သေးသွယ်သည်။
လုံးဝိုင်းမှုမရှိဘဲထောင့်လေးဘက်ရှိသည့်ပင်စည်ဖြစ်သည်။
အကိုင်း(၅)ခုမှ(၇)ကိုင်းအထိဖြာထွက်ပြီး
ချိတ်နှာမောင်းကလေးများဖြင့်တွယ်တက်လေ့ရှိသည်။
‪#‎အရွက်‬
အရွက်မှာဘဲဥပုံသဏ္ဌာန်ရှိပြီးတစ်ရွက်နှင့်တစ်ရွက်၊
ရွက်လွှဲတစ်ဆင့်စီထွက်တတ်သည်။
အနီရောင်ပင်၏အရွက်မှာ
အစိမ်းရောင်နှင့်အနီရောင်ရောလျက်ရှိပြီး
အရွက်မျက်နှာပြင်ပေါ်တွင်အနီရောင်ကတ္တီပါသွေးရှိသည်။
အဖြူရောင်မျိုးမှာစိမ်းဖျော့ရောင်အရွက်တွင်
အဖြူရောင်လေးများလဲ့နေတတ်သည်။
‪#‎အပွင့်‬
ပန်းပွင့်လေးများသည်အလွန်သေးငယ်သော
အဆုပ်ခိုင်လေးများဖြစ်ပြီးအဝါနုနှင့်အနီရောင်လေးများ
ဖြစ်ကြသည်။
သြဂုတ်လမှအောက်တိုဘာလအတွင်းပွင့်ကြသည်။
‪#‎အသီး‬
အသီးမှာအဆုပ်လိုက်ဝိုင်းသောအသီးစုလေးများဖြစ်ပြီး
နီညိုရောင်လေးများဖြစ်ပါသည်။
မှည့်လာသောအခါအနက်ရောင်သို့ပြောင်းသွားပါသည်။
အောက်တိုဘာလမှနိုဝင်ဘာလအတွင်း
အသီးသီးကြပါသည်။
‪#‎ဥ‬
မျက်နှာပြင်ညီညာမှုမရှိသောပုံစံမျိုးစုံရှိသည်။
အညိုရောင်(၃)စုံဖြစ်သည်။
အနည်းငယ်မာကြောသောဥများဖြစ်သည်။
***ပေါက်ရောက်ရာဒေသ***
ပေ(၃၀၀၀)မှ(၅၀၀၀)တွင်ပေါက်ရောက်လေ့ရှိသည်။
မြန်မာပြည်တွင်ရှမ်းပြည်တောင်ကုန်းများတွင်
အများအပြားပေါက်ရောက်ကြပါသည်။
အောက်မြန်မာပြည်နှင့်အထက်မြန်မာပြည်တို့တွင်
စိုစွတ်၍အေးသောရာသီဥတုတွင်စိုက်ပျိုးနိုင်ပါသည်။
အိန္ဒိယနိုင်ငံတွင်လည်း
အများအပြားပေါက်ရောက်ကြကြောင်း
သိရှိရပါသည်။
***ပေါက်ရောက်ပုံ***
အိန္ဒိယနိုင်ငံ၊အင်္ဂလန်နိုင်ငံနှင့်
မြန်မာပြည်တောင်ပေါ်ဒေသများတွင်ပေါက်ရောက်သည့်
အဆိုပါအပင်မျိုး၏အရောင်များသည်
အရိပ်ကျရာပေါ်မူတည်၍
အရွက်များ၏အရောင်အနုအရင့်ကွာခြားနိုင်ပါသည်။
***အသုံးပြုသည့်အစိတ်အပိုင်း***
အရွက်၊ပင်စည်နှင့်ဥသုံးမျိုးလုံးအားအသုံးပြုနိုင်ပါသည်။
နိုဝင်ဘာလမှဒီဇင်ဘာလအရွက်များကြွေပြီးချိန်တွင်
ဥများကိုစုဆောင်းကြသည်။
၎င်းဥများမှပြည့်စုံသောအာနိသင်ရှိပြီးဖြစ်ကြောင်း
အဆိုပြုကြသည်။
ထိုအချိန်မှရရှိသောဥများသည်
ရောဂါများကိုကုသရာတွင်ပိုမိုထိရောက်မှုရှိသည်ဟု
ဆိုကြပါသည်။
***အသုံးပြုပုံ***
အရွက်၊ပင်စည်နှင့်ဥများအား
စားဆေးအဖြစ်အသုံးပြုနိုင်သကဲ့သို့
လိမ်းဆေးအဖြစ်လည်းအသုံးပြုနိုင်ပါသည်။
အဖြူရောင်နှင့်အနီရောင်ဥနှစ်မျိုးစလုံးမှာ
အဖု၊အကျိတ်၊အနာများအား
သွေးလိမ်းရုံဖြင့်ပျောက်ကင်းကြောင်း
သိရှိရပါသည်။
၁။၎င်းအဖု၊အကျိတ်၊အနာများပေါ်တွင်
အရွက်ကိုကပ်ထားခြင်းဖြင့်လည်းသက်သာပျောက်ကင်း
စေပါသည်။
၂။အနီရောင်မှာပိုမိုအာနိသင်ထက်မြက်ပြီး
ကင်ဆာအကြိတ်ဖြစ်ခါစများကိုပင်
ပျောက်ကင်းကြောင်းဆိုကြပါသည်။
၃။အစာအိမ်ရောဂါများတွင်
အဖြူနှင့်အနီဥနှစ်မျိုးလုံးအား
(၅)ကျပ်သားခန့်အမှုန့်ပြုလုပ်၍
ပျားရည်ဖြင့်အလုံးလေးများပြုလုပ်ခါ(အလုံး-၅၀)၊
တစ်နေ့တစ်လုံးစားပေးခြင်းဖြင့်
အစာအိမ်နာကိုပျောက်ကင်းနိုင်ကြောင်းတွေ့ရှိရပါသည်။
၎။အရွက်အား
အသားနုတက်စေလိုသည့်အနာများပေါ်တွင်
ကပ်ပေးထားခြင်းဖြင့်
လျင်မြန်စွာအသားနုတက်လာကြောင်းတွေ့ရှိရပြီး
အနာကျက်မြန်စေပါသည်။
၅။ထို့အတူ
ရိုးရိုးအဖုအပိန့်အနာလေးများပေါ်တွင်
သွေး၍လိမ်းပေးခြင်း၊
အရွက်ရပါကကပ်ပေးခြင်းဖြင့်ပျောက်ကင်းကြောင်း
တွေ့ရှိရပါသည်။
၆။တပင်တိုင်မြနန်းဥအားအမှုန့်ပြူပြီး(၅)ကျပ်သား၊
ရှားစောင်းလက်ပတ်(၂၅)ကျပ်သား၊
ထန်းလျက်(၁၀)သားနှင့်
ရေ(၂၅)ကျပ်သားခန့်ထည့်၍ပျစ်အောင်ကျိုပြီး
လက်ဖက်ရည်ဇွန်းကြီး(၁)ဇွန်း၊တစ်နေ့တစ်ကြိမ်
တစ်လခန့်သောက်ပေးခြင်းဖြင့်
သားအိမ်တွင်းအလုံးအကြိတ်အချို့အား
သက်သာပျောက်ကင်းကြောင်းသိရှိရပါသည်။
၇။တပင်တိုင်မြနန်းဥအမှုန့်(၁၀)ကျပ်သား၊
ပျားရည်(၁၀)သား၊ထောပတ်(၅)ကျပ်သားအားရောမွှေပြီး
တစ်နေ့လျှင်
လက်ဖက်ရည်ဇွန်းသေးတစ်ဇွန်းခန့်သောက်ပေးခြင်းဖြင့်
အသက်ရှည်အားတိုးဆေးဖော်စပ်ကြပါသည်။
၈။သွေးမသန့်သူနှင့်မီးယပ်ရောဂါသည်များအား
တပင်တိုင်မြနန်းဥအမှုန့်(၅)ကျပ်သား၊
ထန်းလျက်(၁၀)သား
မန်ကျည်းသီးမှည့်အနှစ်(၅)ကျပ်သားရောကျိုပြီး
တစ်နေ့လက်ဖက်ရည်ဇွန်းသေးတစ်ဇွန်း
သောက်သုံးပေးခြင်းဖြင့်
မိန်းမရောဂါများ၊သွေးမသန့်သူများ
ရောဂါပျောက်ကင်းနိုင်ကြောင်းသိရှိရပါသည်။
သုတေသနပြုစမ်းသပ်တွေ့ရှိချက်များအရ
၎င်းတပင်တိုင်မြနန်းဥတွင်
Glycosides နှင့် Flavonoid များပါဝင်ကြောင်း
သိရှိရပါသည်။
အရွက်ကိုစားရာတွင်လည်းကောင်း၊
ဥကိုသွေးလိမ်းရာတွင်လည်းကောင်း
အနည်းငယ်ယားယံသောခံစားမှုကို
နာရီအနည်းငယ်(၁နာရီမှ၃နာရီခန့်)ခံစားရပါသည်။
ပြီးလျှင်ယားယံမှုများပျောက်ကင်းသွားပြီး
အခိုးများပွင့်လာခြင်းကိုခံစားရပါသည်။
‪#‎Source‬ : Google
‪#‎လက်တွေ့အသုံးချဆေးဖက်အပင်များပေါင်းချုပ်‬
(ကျန်းမာရေးဝန်ကြီးဌာန)
‪#‎ပုံမှာမအဲရစ်မွန်း‬(Ericmoon)၏ပုံဖြစ်ပါသည်။