Saturday 19 September 2015


ငုပင်နှင့်ပိတောက်ပင်။


မြန်မာ့ ဓလေ့ တစ်ဆယ့်နှစ် လရာသီ မြန်မာ့ ပွဲတော်
များအနက် ကမ္ဘာသိ၊ မြန်မာသိ၊ အထင်ရှားဆုံး
 ပျော် ရွှင် ဖွယ်ရာ
ပွဲတော်မှာ သင်္ကြန်ပင်ဖြစ်ပါသည်။


သင်္ကြန်၏ အငွေ့အသက်များ၊ နွေဦး၏ အပူရှိန် တို့
ဖြင့် ပိတောက် ပန်းများနှင့် ငုပန်းများ လှိုင်လှိုင်ပွင့် ကြပါသည်။


သင်္ကြန်ရက်အတွင်းမှာ နေရာ တိုင်း၌ ရွှေဝါရောင် လွှမ်းလျက် ရှိနေပါသည်။ အမိမြန်မာမြေ၏ ယဉ်
ကျေးသော သင်္ကြန်ရက်အတွင်း စာရေးသူအနေနှင့် ယခင်နှစ်တိုင်း လိုလိုပင် ရုပ်ရှင်စာစောင်များတွင် ပိတောက်ကဗျာ များစွာကို ရေးသား ခဲ့ပါသည်။


Health Digest ကျန်းမာ ရေးနှင့် ဆေး ပညာဂျာနယ် တွင် ငုပန်းနှင့် ပိတောက်ပန်းတို့၏ ဆေးဖက်ဝင်ပုံ များနှင့်ပတ်သက်၍ စာဖတ် ပရိသတ်များအတွက် ရေးသားတင်ပြ ရန် စဉ်းစားရင်းဖြင့်သာ ကျန်ရစ်ခဲ့ပြီး ဆောင်းပါး မရေးဖြစ်ခဲ့ပါ။ စာရေးသူ နှစ်သက်သော ပိတောက်ပင်နှင့် ငုပင်တို့အကြောင်း စာရေးသူ အသက် ၆၉ နှစ်မြောက် အ ထိမ်းအမှတ်အဖြစ် Health Digest ကျန်းမာရေးနှင့် ဆေး ပညာဂျာနယ်တွင် တင်ပြလိုက်ပါသည်။


မြန်မာ့ရိုးရာ သင်္ကြန်အကြို ကာလတွင် ငုပန်းများ
 ပွင့်ကြပါသည်။ ငု ပန်းပင်၏ ရုက္ခဗေဒအမည်မှာ Cassia Fistula ဖြစ် ပါသည်။ အင်္ဂလိပ်အမည် Indian Laburnum ဖြစ်ပါသည်။


မြန်မာနိုင်ငံတွင် ငုပန်းပင်ကို ငုကြီး သို့မဟုတ် ငုရွှေဝါဟု လူတိုင်း သိရှိထားကြပါသည်။ မြန်မာဘာသာ ပြန် အာယုဗ္ဗေ ဒကျမ်းတွင် ငုပင်နှင့် ပတ်သက်၍ တိုင်းရင်းဆေးဝါးအသုံး ပြုနည်းကို ကျန်းမာရေးစောင့်ရှောက် ရာတွင် ဗဟုသုတ ရနိုင်စေရန် ရည် ရွယ်ဖော်ပြထားပါသည်။


ငုသီးသည် ချိုသက်သက်ဖြစ်၏။ ဝိပါက ချဉ်စပ်၏။ လေး၏။ ဝမ်းမီးကို စင်ကြယ်စေ၏။ အရွက်သည် နူးညံ့စွာ ဝမ်း သက်၏။ အပွင့်သည် အေး၏။ ခါး၏။ ဖန်၏။ အနှစ်သည် ဝိပါက ချဉ်ချို၏။
ဝမ်းမီးကို ပွားစေ၏။ ဝမ်း ကို သက်စေ၏။


ကြေကျက်ခဲ၏။ နှုတ်မြိန်စေ၏။ အဖျား၊ နှလုံး၊ ရတ္ထပိတ်နာ၊
 လေချုပ်၊ လေထိုးအောင့်နာတို့ကိုနိုင်၏။ အသီး သည်
နှုတ်မြိန်စေ၏။ နူနာကို ပယ် တတ်၏။ သည်းခြေကို
ထုတ်ဆောင် တတ်၏။ သလိပ်ကိုနိုင်၏။ အဖျား၌ ကောင်း၏။ အရွက်သည် သလိပ်နှင့် အဆီကို ခြောက်စေ၏။ အဖျားနှင့်
အခါခပ်သိမ်း သင့်၏။ မလကိုတို့ကို လျော့ပါးစေတတ်၏။ အနာပေါက်၌ အသားနုတက်စေ၏။ အဆစ်ရောင် ရောဂါ၌လည်း ကောင်း၏။ အပွင့် သည် နှုတ်ကိုမြိန်စေ၏။ သလိပ်၊ သည်းခြေကိုနိုင်၏။ အနှစ်သည် နူးညံ့ ၏။ လေသည်းခြေကို နိုင်၏။ အမြစ် သည် အရေပြား နူနာ၊ အဆုတ်နာနှင့် လိင် နမိတ်ရောဂါတို့ကို
 ပျောက်ကင်း စေ၏။


လေနှင့်ပတ်သက်သောရောဂါနှင့် သွေးရောဂါတို့တွင် ငုအမြစ်ကို နွားနို စစ်စစ်နှင့် ပြုတ်ဆေးအတိုင်း စနစ် တကျ ပြုတ် ၍ရရှိသော ပြုတ်ဆေး ရည်ကို လူကြီးဆေးတစ်ခွက်စာအဖြစ် ဟင်းစားစတီးဇွန်း နှစ်ဇွန်းစာကို သောက်၍ ကုသနိုင်ပါ သည်။ ထို့အပြင် ပိုးဝင်ခြင်းများ၊ အပူလောင်ခြင်း တို့အတွက် ကုသနိုင်ပါသည်။


ပရဆေးဆိုင်တွင်ဖြစ်စေ၊ ချေးသီး ပင်မှ ချေးသီးများကို ခူးဆွတ်သူတွေ ဖြစ်စေ၊ ပရဆေးဝါးများကို ဖော်စပ်ရာ တွင်ဖြ စ်စေ ချေးသီးစက်များနှင့် ထိ တွေ့မိပြီး အ္တရာယ်ဖြစ်လာလျှင်ငုရွက် ကို ထုထောင်း၍ ရရှိသောအရည်ကို မကြာခဏ လိမ်းပေးခြင်းဖြင့် ချေးသီး အဆိပ်ကို ပြေစေနိုင်ပါသည်။


ရေယုန်ကြီးနာကို ကုသရာတွင် အသုံးပြုနည်းမှာ ငုရွက်ကို ထုထောင်း ၍ရရှိသော အရည်ကို နှစ်နာရီလျှင် တစ်ကြိမ်
ကျ ရေယုန်ကြီးနာကို လိမ်းပေးရန် ဖြစ်သည်။


ကလေးများတွင် ဝမ်းဖော ဝမ်းရောင်နှင့် လေထိုးခြင်းဖြစ်ပါက ငု အသီး၏ အနှစ်ရည်ကို ကလေးသူငယ်တို့၏ ချက်ပတ် လည်တွင် လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။


အာယုဗ္ဗေဒဆေးပညာအရ နူနာရောဂါအား ငုရွက်ကို ထု
 ထောင်းကြိတ်ပြီး ရရှိသော အရည် ကို လေးနာရီခြား
 တစ် ကြိမ်ကျ လိမ်းပေးပါက သက်သာစေနိုင်ပါ သည်
 သွေးရောဂါ၊
 ဝဲခြောက်ရောဂါ စတဲ့အရေပြား ကျန်းမာရေးပြဿနာ များကိုကုသသည့် ဆေးနည်းကောင်း တစ်လက်မှာ ငုပင်၏ ပဉ္စငါးပါး (အမြစ်၊ အခေါက်၊ အသီး၊ အရွက်) တို့ကို စုပေါင်းစပ်၍ ဆေးတောင့် ပြု လုပ်ထားပါ။ အဆိုပါ ဆေးတောင့်ကို ဆေးကျောက်ပျဉ်တွင် သွေး၍ လိမ်း ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။


ဆီးနှင့်ပတ်သက်၍ ဆီးအောင့် ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးတွင် သွေးပါ ခြင်းဖြစ်လျှင် ငုသီးအနှစ်ရည်ကို ချက်တစ်ဝိုက်တွင်
 လိမ်းပေးပါ။ အထူး သဖြင့် ချက်တစ်ဝိုက်ကို နေ့ဘက်တွင်
မကြာခဏ လိမ်းပေးနိုင်ပါသည်။


ငုပင်၏ ပြုတ်ဆေးရည်ကို စနစ် တကျပြုတ်၍ ဆေးရည်ကို နားတွင် ခတ်ပေးလျှင် (နားအစက်ချဆေး) နားနှင့်ပတ် သက်သော ရောဂါဝေဒနာ များကို ကုသဆေးအဖြစ် အသုံးဝင်ပါ သည်။


ငုပင်၏အနှစ်ကို စနစ်တကျ ပြုတ်ဆေးအဖြစ် ပြုတ်ထားသော
 ပြုတ်ဆေးရည်ကို လူကြီးဆေးတစ် ခွက်စာပမာဏ အဖြစ်
ဟင်းစားစတီး ဇွန်းတစ်ဇွန်းစာနှင့် တစ်ကြိမ်သောက်
 ပေးရပါသည်။ ဆေးကို လေးနာရီခြား တစ်နေ့လေး ကြိမ်သောက်ပေးပါ။ အ သက်ရှူလြွေပန်ဆိုင်ရာရောဂါကိုသက် သာပျောက်ကင်းစေနိုင်ပါသည်။ ဤ ဆေးရည် ကို သောက်ပေးခြင်း  ဖြင့်ဝမ်း အနည်းငယ်သွားစေနိုင်ပြီး အသက်ရှူ ခြင်းဆိုင်ရာ အခက်အခဲများ ကို လျှော့ချပေးနိုင် ပါသည်။


ငုပင်အမြစ်ကို ဆေးကျောက်ပျဉ် တွင် သွေးပါ။ ရရှိသည့်အရည်ကို ရှူ ပေးခြင်းဖြင့်လည်းကောင်း၊ လိမ်းဆေး အဖြစ်
 လည်းကောင်း အသုံးပြုပေးပါ က ကျပ်တီးနာကို သက်သာစေပါ သည်။ ဝှေးဥရောင်ရောဂါကို ကုသရန် ဆေးဝါးဖော် စပ်နည်းမှာ ငုအနှစ် ငါး ကျပ်သားကို ရေခုနစ်ကျပ်ရှစ်ပဲသား နှင့် ကျို၊ ရေ ငါးမတ်သားခန့် ကျန် သောအခါ နွားနို့စစ်စစ် သို့မဟုတ် ထောပတ် နှစ်ကျပ်တစ်မတ်သားနှင့် ရောသောက်၍ ဆေးတစ်ခွက်စာ အဖြစ် အသုံးပြုနိုင်ပါသည်။

ဝမ်းချုပ်ခြင်းအတွက် ငုသီးမှ အနှစ်တစ်ဆ၊ မန်ကျည်းအနှစ်
 တစ်ဆ တို့ကို ညနေတွင် ရေတစ်ဖန်ခွက်နှင့် စိမ်ထားပါ။ ညအိပ်ရာဝင်ချိန်မှာ စိမ်ရေ ကို စစ်၍ သောက်ပေးပါ။ နောက်
တစ်နေ့နံနက်ပိုင်းတွင် ဝမ်းသည် ကောင်းစွာ သက် ဆင်းစေပြီး ဝမ်းချုပ် ခြင်းမှ ကင်းစေ၍ ကျန်းမာရေးကို ပိုကောင်းစေပါသည်။


အာယုဗ္ဗေဒဆေးပညာအရ ဖောက်ပြန်သော၊ ဒေါသအလျှောက် ဖြစ်တတ်သော အဆစ်ရောင်ကုထုံး များကို ပိုင်းခြား
ထားပါသည်။ လေ အားနည်းခြင်းကြောင့် ခံစားရသော အဆစ်ရောင်ရောဂါကို ကုသရာ၌ ငုရွက်ကို အပူပေးပြီး ကြပ်
 ထုပ်ဆေး အဖြစ်ထိုးပေးခြင်းဖြင့် သက်သာစေ နိုင်ပါသည်။


ပိတောက်ပင်၏ ရုက္ခဗေဒအမည် မှာ (Pterocarpus Indicus Willd) ဖြစ်ပါသည်။ ဟိန္ဒီဘာသာဖြင့် အာယ ဆန်ဟု ခေါ် ပါသည်။ ရုက္ခဗေဒကျမ်း များတွင်
 ပိတောက်အမည်နှင့် အပင် များလည်း ရှိကြပါသည်။ Family မျိုးအနေနှင့် Faba ceae ဖြစ်ပါသည်။ အဆိုပါမျိုးရင်းတွင် အခြား ပိတောက် ပင်များလည်းရှိကြောင်းကို စာဖတ် ပရိသတ်များ အတွက် ဗဟုသုတအဖြစ် ပူးတွဲဖော်ပြလိုက်ပါသည်။ ပိတောက် (မလာဗာကီနို) ရုက္ခဗေဒအမည် Pterocarpus Marsupium Roxb၊ ပိတောက်နက် (သစ်နက် ကုလား) Dalberiga Latifolia Roxb ဟူ၍ ကွဲပြားပါသည်။


အာယုဗ္ဗေဒဆေးပညာရှင်များ သည် ပိတောက်စေးကို ဆေးဝါးဖော် စပ်ရာတွင် ထည့်သွင်းအသုံးပြုလေ့ ရှိကြပါသည်။ ခါး၏၊ ပူ၏၊ ဝိပါက၌ စပ်၏၊ ဝမ်းကိုသက်စေ၏၊ ပိုးကို ပယ်တတ်၏၊ ဆံပင်တို့ကို ကောင်းစေ၏၊ လည်ပင်းရောဂါ၊
 သွေး ကွက်၊ နူနာ၊ ရေယုန်၊ တူလာသရောနာ၊ ဝစ္စမင်္ဂ ၌ဖြစ်သော ရောဂါ၊ သွေးအန်၊ သွေး ကျ၊ အရေပြားရောဂါ စသည်တို့ ကို ပျောက်ကင်းစေ၏။


အတိဿိဿိဿရဝမ်းးရောဂါ အာယုဗ္ဗေဒကုထုံးတွင် အတိဿ ဝမ်းရောဂါဆိုသည့်ဝေါဟာရမှာ ဝမ်း အဆက်မပြတ် သွားသော ကာလဝမ်း ရောဂါမျိုးကဲ့သို့ ရောဂါများကို ဆိုလို ပါသည်။ သွေးဝမ်းသွားခြင်း၊ မီးယပ် သွေးလွန်ခြင်း အစရှိ သည့် ရောဂါ များတွင်
 ပိတောက်ပင် အစေးတစ်ပဲ သားကို ရေသန့်နှင့် ဖျော်၍ လူကြီး ဆေးတစ်ခွက်စာအဖြစ် အသုံးပြုနိုင် ပါသည်။


အရေပြားတွင် ထိခိုက်ရှနာဖြစ်၍ နာကျင်ကိုက်ခဲခြင်း
များဖြစ်လျှင် ပိ တောက်ပင်အသားကို ဆေးကျောက်  ပျဉ်တွင်
သွေး၍ရရှိသောဆေးရည်ကို လိမ်းပေးနိုင်ပါသည်။ သွားကိုက်လျှင် ကုသရန်နည်းမှာ ပိတောက်ရွက် ငုံဆေး၊ ပလုတ်
 ကျင်းဆေးအဖြစ် အသုံးပြုပေးခြင်းဖြင့် သွားနှင့်ခံတွင်း တို့တွင် ဖြစ်ပေါ်စေတတ်သော သွား နာခြင်း၊ သွားကိုက်ခြင်း၊ ပါးစပ်ပူ လောင်ခြင်း၊ လျှာပူခြင်း၊ ခံတွင်းအနံ့ ဆိုးဝါးခြင်းတို့ကို သက်သာစေနိုင်ပါ သည်။ စာဖတ်ပရိသတ်များ နေထိုင် ရာတစ်ဝိုက်တွင်ရှိသော ငုပင်နှင့် ပိ တောက်ပင်တို့ဖြင့် ရောဂါငယ်များကို လတ်တလော တိုင်းရင်းဆေးဝါးကုနိုင် သည့်
ဆေးနည်းများကို လူတိုင်း လက် တွေ့အသုံးပြုနိုင်ပါသည်။ မြန်မာ နှစ်သစ်တွင် ကျန်းမာပျော်ရွှင်စွာ
လိုအင်ဆန္ဒပြည့် ဝကြပါစေဟု ဆန္ဒပြု လိုက်ရပါသည်။

အာရောဂျံ ပရမံ လာဘံ။

ကျော်တင့်ဆွေ။

Thursday 17 September 2015

 မတဲ့မြင့်မိုရ် ကုန်းဆေး

    ပိတ်ချင်းသီး ၅ကျပ်သား
    ငရုတ်ကောင်း ၅ကျပ်သား
    ကံ့ကော်ဝတ်ဆံ ၅ကျပ်သား
    ဆောင်မေးခါး ၅ကျပ်သား
    စမုံမျိုးငါးပါး ၅ကျပ်သား
    သစ်ကြံပိုး ၅ကျပ်သား
    ကရဝေးရွက် ၅ကျပ်သား
    ပန်းနု ၁ဝကျပ်သား
    တောင်မရိုးခေါက်၂၅ကျပ်သား
    (စုစုပေါင်းဆေးချိန် ၇ဝကျပ်သား)

အထက်ပါ ဆေးများအားလုံး ကိုစုပြီး အမှုန့်ကြိတ်ပါ။ ရရှိသော အမှုန့်ကို ငါးကျပ်သားခန့် ခွဲပြီး ပျားရည်စစ်စစ် နှင့်ရော၍ တေဆေး အဖြစ်ပြု လုပ်ပါ။ ဟင်းစားဇွန်း တစ်ဇွန်း တစ်နေ့ နှစ်ကြိမ်အထိ စားနိုင်ပါသည်။ လေးဖက်နာ အမြစ်ပြတ် စေသောဆေး ဟူ၍ လည်းကောင်း၊ တောင်မရိုးဆေးကြီး ဟူ၍ လည်းကောင်း ရှေးဆေးကျမ်း ပေမူများတွင် ဖော်ပြထားသော ဆေးနည်းကောင်း ဖြစ်သည်။

အခက်အခဲကြုံကသစ္စာပြုခြင်း ( ဓမ္မဒါန )


မိမိကိုယ်တိုင်ဘ၀တွင် ဒေါင်ချာ စိုင်းလောက်အောင် အခက် အခဲ
ကြုံခဲ့ရပါသဖြင့်ရွှေကျင်သာသနာပိုင်ချုပ် ရွှေဟင်္သာဆရာတော်ဘုရားကြီး သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်းတိကျ
စွာလိုက်နာဆောင်ရွက်ခဲ့ရာတွင်အခက်အခဲများမှလုံးဝလွတ်မြောက်ခဲ့သည့် အပြင် ထူးခြားသောတိုးတက်မှု့ နှင့် ထူးခြားသောဖြစ်စဉ်များကို ကြုံဆုံခဲ့ရပါသဖြင့်အခက်အခဲကြုံတွေ့ပါက သစ္စာပြုနိုင်ပါရန် စေတနာသန့်စွာဖြင့် ဖော်ပြအပ်ပါသည်။
မှတ်ချက်။
(၁)သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များကြွရောက်နိုင်သည့်အချိန် ညတစ်နာရီခန့်တွင် သစ္စာပြုပါ။
ကမ္ဘာမြေနှင့်ဆက်စပ်နေသော စတုမဟာရာဇ်ဘုံ မှလွဲပြီး တန်ခိုးပြည့်စုံသောကျန်ငါးဘုံမှနတ်များသည် နေ့ဖက်
တွင် လူ့ပြည်သို့သာမန်ကိစ္စများအတွက် ကြွရောက်လေ့မရှိဟု ဆရာတော်ကြီးများ၏ အဆုံးအမတွင် မှတ်သား
ဖူးပါသည်။
(၂)သွားတိုက်၊မျက်နှာသစ်ပြီး၊သန့်ရှင်းသောအ၀တ်အစားဝတ်ပါ။
(၃)သစ္စာပြုသောရက်အတွင်း၊အရက်ဘီယာ မသောက်ရပါ။
(၄)အားလုံးလွယ်ကူစွာရွတ်ဆိုနိုင်ရန် မြန်မာအသံထွက်ဖြင့်ဖော်ပြထားပါသည်။
(၅)ရက်ပေါင်း(၃၀)တိတိ သစ္စာပြုပါ။
(၆)၁၄ရက်ကျော်ပါကစတင်ထူးခြားပါမည်။
(၇)မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်အတိုင်း
(က)ငါဘုရား၏ အဆုံးအမများ အတိုင်း လိုက်နာနေထိုင်ပါ၊ကျင့်ကြံလိုက်နာကြပါ။
(ခ)အရေးကြုံကသစ္စာပြုပါ။
(ဂ)သံသရာပြတ်လိုပါကတရားထိုင်ပါ။
ဟူသော မှာစကားအတိုင်း အရေးကြုံလာပါက သစ္စာပြုဆောင်ရွက်နိုင်ပါရန် ဖော်ပြပေးခြင်းဖြစ်ပါသည်။
ဓမ္မဒါနဖြင့်
--------------------------------------------------------------------------------------------------------------------------
သစ္စာပြုခြင်း
၁။ ပရိကံပြုခြင်း
အနန္တငါးပါး ၊ ဦးထိပ်ထား၍ ၊ ဗြဟ္မာ ၊ သိကြား ၊ နတ်ဒေ၀တာ အပေါင်းတို့ နှင့် ၊ အနီးအနား ၊ ပါတ်ဝန်းကျင်ရှိ ၊ ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ်၊ သတ္တ၀ါ အပေါင်းတို့ ၊ သိကြ ၊ ကြားကြပါစေ။
ယခုအချိန်မှစ၍ ၊ ဗုဒ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဓမြတ်စွားဘုရား၏ ၊ ဟောကြားတော်မူခဲ့သော ၊ ပရိတ်တရားတော်များကို ၊ ရွတ်ဖတ်ပူဇော်ရာတွင်၊ ကြားနာလိုသော ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ်များသည် ၊ ချမ်းသာစွာဖြင့် ၊ ကြားနာနိုင်ကြပါစေ။
မနာကြားလိုသော ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ်များသည်လည်း ၊ အနှောင့် အယှက်မပြုဘဲ၊ ချမ်းသာစွာဖြင့် ၊ လွတ်လပ်စွာ သွားလာ နေထိုင်နိုင်ကြပါစေ။
၂။ ဘုရားအနေကဇာတင်ခြင်း
နမောတတ်သ ၊ ဘဂ၀တော ၊ အရဟတော ၊ သမ်မာ သမ်ဗုတ်- ဓါတ်သ။(၃ ခေါက်)
အနေက ဇာတိ သံသာရံ ၊ သန်ဓါ ၀ိတ်သံ အနိတ် ဗိသံ။
ဂဟ ကာရံ ဂဝေ သန်တော ၊ ဒုတ်ခါ ဇာတိ ပုနပ် ပုနံ။
ဂဟ ကာရက ဒိတ်ထောသိ ၊နပု ဂေဟံ နကာ ဟသိ။ သတ်ဗာတေ ဖာသုကာ ဘက်ဂါ ၊ ဂဟ ကူတံ ၀ိသင် ခတံ။
ဝိ သင်ခါရ ဂတံ စိတ်တံ၊ တန်နှာနံ ခယ မစ်ဇဂါ။
၃။ဘုရားကန်တော့ခြင်း
၎။ခင်ပွန်းကြီးဆယ်ပါးအား ၀န်ချတောင်းပန်ကန်တော့ခြင်း
ရှင်တော်မြတ်ဘုရား ၊ ဘုရားတပည့်တော်တို့သည် မသိ ၊ မလိမ္မာခင်က မိုက်မဲစွာ ၊ ပြစ်မှားမိခဲ့သော ကံများ ရှိခဲ့ပါ၏။ ထိုကံ သတ္တိနှင့် ၊ တန်ပြန်မှု အပြစ်များ ပပျောက်စေခြင်းငှာ ရှင်တော် မြတ်ဘုရား အဆုံးအမကို ခံယူလျက် ၊ ရှင်တော်မြတ် ဘုရားထံ၌ ပင် တောင်းပန် ကန်တော့ခြင်း အခွင့်ကို ပေးတော်မူပါဘုရား။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့ တိုင်အောင် ဂုဏ်ကျေးဇူး ကြီးမား ကြကုန်သော မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့၏ အပေါ်၌ ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါးသောကံ တို့ဖြင့် ပြစ်မှားမိသည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါ စေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့ တိုင်အောင် ဂုဏ်ကျေးဇူး ကြီးမား ကုန်သော ပစ္စကဗုဒ္ဓါ အရှင်မြတ်ကြီးတို့၏ အပေါ်၌ ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါးသောကံ တို့ဖြင့် ပြစ်မှားမိသည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့ တိုင်အောင် ဂုဏ်ကျေးဇူး ကြီးမားကုန်သော အဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂသာဝက ၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့၏ အပေါ်၌ ကာယကံ ၊ ၀စီကံ၊မနောကံ သုံးပါးသောကံ တို့ဖြင့် ပြစ်မှား မိသည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာ ဘုရား။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့ တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကုန်သော ရဟန္တာ အရှင် မြတ်ကြီးတို့၏ အပေါ်၌ ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါးသောကံ တို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ် တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံ မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့ တိုင်အောင် ဂုဏ်ကျေးဇူး ကြီးမား ကုန်သော မိခင် ၊ ဖခင် တို့၏ အပေါ်၌ ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါး သောကံ တို့ဖြင့် ပြစ်မှားမိသည် ရှိခဲ့ပါ သော် ထိုအပြစ် တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံ မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့ တိုင်အောင် ဂုဏ်ကျေးဇူး ကြီးမား ကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြု၍ ဆုံးမတတ်သော ဆရာတို့၏ အပေါ်၌ ကာယကံ၊ ၀စီကံ ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှား မိသည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါ စေခြင်း အကျိုးငှာ ရိုသေ မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့ တိုင်အောင် ဂုဏ်ကျေးဇူး ကြီးမား ကုန်သော သီလဂုဏ် ၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ကို ဆည်းပူး ၊ ဖြည့်ကျင့်လျက် ရှိကြကုန်သော လူ ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ် ၊ ရဟန်း ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ် ၊ အရိယာ ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ် တို့၏ အပေါ်၌ ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါးသောကံ တို့ဖြင့် ပြစ်မှား မိသည် ရှိခဲ့ပါ သော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့ တိုင်အောင် ဂုဏ်ကျေးဇူး ကြီးမား ကုန်သော တရားဓမ္မ တို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား တို့၏ အပေါ်၌ ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါးသောကံ တို့ဖြင့် ပြစ်မှားမိသည် ရှိခဲ့ပါ သော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့ တိုင်အောင် ဂုဏ်ကျေးဇူး ကြီးမား ကုန်သော ထမင်းတစ်လုပ် ၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ပေးသော ကျေးဇူးရှင် ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ် တို့၏ အပေါ်၌ ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါးသောကံ တို့ဖြင့် ပြစ်မှားမိသည် ရှိခဲ့ပါ သော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
၅။ ငါးပါးသီလ(သို့မဟုတ်)ရှစ်ပါးသီလခံယူခြင်း
၆။ နတ်ပင့်ခြင်း
သမန်တာ စက်က ၀ါလေသု အတ်တရာ ဂစ်ဆန်တု ဒေ၀တာ ။
သတ်ဓမ်မံ မုနိ ရာဇာတ်သ သုဏန်တု သက်ဂမောက်ခဒံ ။
ဓမ်မတ်-သ၀န ကာလော အယံ ဘတ်ဒန်တာ ။(၃ ခေါက်)
နမော တတ်သ ဘဂ၀တော အရဟတော သမ်မာ သမ်ဗုတ်-ဓတ်သ။(၃ ခေါက်)
ယေ သန်တာ သန်တ စိတ်တာ တိ သရဏ သရဏာ အစ်ထ လောကန် တရေ၀ါ
ဘုမ်မာ ဘုမ်မာ စ ဒေ၀ါ ဂုဏ ဂဏ ဂဟဏ ဗျာဝတာ သတ်ဗ ကာလံ အေတေ
အာယန်တု ဒေ၀ါ ၀ရ ကန-ကမယေ မေရုရာဇေ ၀သန်တော ။
သန်တော သန်တောသ -ဟေတုံ မုနိ ၀ရ ၀စနံ သောတု-မက်ဂံ သ-မက်ဂါ။
သတ်ဗေသု စက်က ၀ါလေသု ယက်ခါ ဒေ၀ါစ ဗြန်မနော။
ယံ အမ်မှေဟိ ကတံ ပုန်ညံ သဗ်ဗ သမ်ပတ်တိ သာဓကံ။
သတ်ဗေ တံ အနုမောဒိတ်တ၀ါ သမဂ်ဂါ သာသနေ ရတာ။
ပမာဒ ရဟိတာ ဟွန်တု အာရက်ခါသု ၀ိသေသ-တော
သာသနတ်သ စ လောကတ်သ ၀ုတ်ဒီ ဘ၀တု သတ်ဗဒါ
သာသနမ်ပိ စ လောကင်စ ဒေ၀ါ ရက်ခန်တု သတ်ဗဒါ
သတ်ဓိမ် ဟွန်တု သုခီ သတ်ဗေ ပရိဝါရေဟိ အတ်တနော
အနီဃာ သုမနာ ဟွန်တု သဟ သတ်ဗေဟိ ညာတိဘိ
ရာဇ တောဝါ စောရ တောဝါ မနုတ်သ တောဝါ အ မနုတ်သ တောဝါ
အဂ်ဂိ တောဝါ ဥဒက တောဝါ ၀ိသာစ တောဝါ ခါနုက တောဝါ
ကန်တက တောဝါ နက်ခက်တ တောဝါန ဇန ပဒ ရောဂ တောဝါ
အ-သတ်ဓမ်မ တောဝါ အ-သန်ဒိတ်ထိ တောဝါ အ-သပ်ပုရိသ တောဝါ
စန်ဒ ဟက်ထိ အက်သ မိဂဂေါဏ ကုတ်ကုရ
အဟိ ၀ိတ်ဆိက မဏိသပ်ပ ဒီဝိ
အစ်ဆ တရစ်ဆ သူကရ မဟိမ်သ ယက်ခ ရက်ခ သာ -ဒီဟိ
နာနာဘယ တောဝါ နာနာရောဂ တောဝါ နာနာဥပါဒ်ဒ၀ တောဝါ
အာရက်ခံ ဂနှန်တု။
၇။စိန္တမဏိဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း
စိန္တာမနိ ရတနာနိ ဗုဒ္ဓံ ဗုဒ္ဓ ရတနာနံ
ကရံ ကရတိ သရဏံ ခိပ္ပ ေမ၀ သမိတ္စ်တု
စိန္တာမနိ ရတနာနိ ဓမ္မံ ဓမ္မ ရတနာနံ
ကရံ ကရတိ သရဏံ ခိပ္ပ ေမ၀ သမိတ္စ်တု
စိန္တာမနိ ရတနာနိ သံဃံ သံဃ ရတနာနံ
ကရံ ကရတိ သရဏံ ခိပ္ပ ေမ၀ သမိတ္စ်တု။
၈။စိန္တမဏိကြီးဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း
အွံနမော အနန်တ ကောဋိကပ်ပေ သဗ်ဗင်ညုတ ညာဏံ စိန်တတိ စိန်တော
သဗ်ဗာယ ဒေ၀ါယ သင်ဂမော သောမနတ်သော မနောဟာရော
စိန်တော စိန်တ နံ စိန်တတိ စိန်တော ဘူမိပဒေသေ စိန်တော စိန်တတိ
တြိ ဘူမိ ရတိ စိန်တော စိန်တတိ သတ်တ လောကံ စိန်တော စိန်တတိ
သြကာသ လောကံ စိန်တော စိန်တတိ သင်ခါရ လောကံ စိန်တော စိန်တတိ
နာမရူပံ စိန်တော စိန်တတိ သုခံ ဒုတ်ခံ အ ဒုတ်ခမ သုခံ စိန်တော စိန်တတိ
ကုသလာ ကုသလံ အဗျာကတံ စိန်တော စိန်တတိ
စိတ်တံ စေသတိကံ ရူပံ နိတ်ဗာနံ စိန်တော စိန်တတိ
မဂ်ဂ ဖလံ စိန်တော စိန်တတိ
ဈာနံ ဈာနင်ဂံ စိန်တော စိန်တတိ
နိရောဓံ နိရောဓ သမာပန်နံ စိန်တော စိန်တတိ
အရ ဟတ်တံ အရဟတ်တ မဂ်ဂံ စိန်တော သတ်တ ဓမ်မံ သတ်တ ဗွတ်ဇင်ဂံ စိန်တတိ စိန်တော
အရိယံ အတ်ထင် ဂိကံ မဂ်ဂံ စိန်တတိ စိန်တော စတုရော ဓမ်မံ စိန်တတိ စိန်တော
စတ်တာရိ အိတ်ဓိ ပါဒါနိ စိန်တတိ စိန်တော ပဋိ သမ္ဘိဒါ မဂ္ဂံ စိန္တတိ စိန္ေတာ
စတ္တာရိ ပဋိသမ္ဘိဒါ မဂ္ဂါနိ စိန္တတိ စိန်တော စတ်တာရိ အရိယ သစ်စာနိ စိန်တတိ စိန်တော
ပုဗ်ဗေ နိဝါသ ဒိတ်ဗ စက်ခု အာသ၀က် ခယ ညာဏေသု စိန်တတိ စိန်တော
လောကိယ လောကုတ် တရ ညာဏေသု စိန်တတိ စိန်တော
ကဗဋ္ဌီ ကာရာ ဟာရေသု စိန်တတိ စိန်တော
အတ်ထ ဓမ်မ ပရမတ်ထ ဓမ်မေသု စိန်တတိ စိန်တော
အိတ်ထိ ဘာဝ ပုမ်ဘာဝေသု စိန်တတိ စိန်တော
ပင်စကာမ ဂုဏေသု စိန်တတိ စိန်တော အပ်ပက ဗဟုကေသု စိန်တတိ စိန်တော
အတီတာ နာဂတ ပစ်စုတ်ပန် နေသု စိန်တတိ စိန်တော သဗ်ဗ ဇန စိတ်တေသု စိန်တတိ စိန်တော
စိန်တ နမတ်တေန ဧတေန မနော ဟာရေန သဗ္ဗ ကာမ ပူရဏံ မဏိ ရတနံ၀ိယ
ဂရု ဂါရ၀ါ ဒိ၀ေသန သစ္ဇာ ယန္တာနံ သဗ္ဗာ ကာမ ပူရေဏာ ပ၀ ရော
အယံ မန်တော စိန်တာမဏိ ယော နာမာတိ သမ်မာ သမ်ဗုတ် ဒေန ဒေသိတော
အိတ်စေတံ ဧတိ စိန်တာမဏိ ရတတံ အာသနံ တိတ်ထတု ဒီပါယ ဒီပါယ ၀သာယ ၀သာယ ဒ ဒါတု ဒ ဒါတု
အယံ မန်တော မံ ပါလယတု ဟုလု ဟုလု သွာဟယျ ကပ်။
၉။နတ်နှင့်လူတို့အပြန်အလှန်အကျိုးပြုပုံဂါထာရွတ်ဖတ်ခြင်း
ယသမိန် ပဒေသေ ကပ်ပေတိ ၀ါသံ ပန်ဒိတ ဇာတိယော သီလ၀န်-တစ်ထ
ဘောဇစ်တ၀ါ သင်ညတေ ဗြန်မစာရယော ယာတတ်သ ဒေ၀တာ အာသုံ
တာသံ ဒက်ခိဏ မာဒိသေ တာ ပူဇိတာ ပူဇယန်တိ မာနီတာ မာနယန်တိ နံ။
၁၀။ပရိတ်ကြီး(၁၁)သုတ်(သို့မဟုတ်)ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ပဌာန်း စသည်ဖြင့် နှစ်သက်ရာဖြင့်
ရွတ်ဖတ်ပူဇော်ခြင်း
၁၀။သစ္စာပြုခြင်း
သာဓု တရန်တိ လောကသမိန် လောနမ်ဘိလာ ဒီနံ သဗ်ဘ ရသာနံ သစ်စ-မေ၀ မဓုရတ ရတံ သစ်စသမိန်
ဟိ ဌိတာ သီဃဝေဂံ န-ဒိန်ပိ နိ-၀တ်တိန်တိ ၀ိသမ်ပိ နိမ် မဒိန်တိ အက်ဂိမ်ပိ ပဋိဗာဟန်တိ ။
ဒေ၀မ်ပိ ၀တ်သာပိန်တိ တ သမ်မာ တံ သဗ်ဗ ရသာနံ မဓုရ တရန်တိ ၀ုတ်တန် အတ်ထိလောကေ
သီလ-ဂုနော သစ်စံ သောစေယျ နုတ်ဒယာ ။
တေန သစ်စေန ကာဟာမိ သစ်စ ကိရိယ မုတ်တမံ အာဝစ် ဇစ်တ၀ါ ဓမ်မ ဗလံ သရိတ် တ၀ါ ပုတ်ဗကေ
ဇိနေ သစ်စဗလ မ၀တ်သာယ သစ်စ-ကိရိယ မကာသဟံ။
**နမောတတ်သ ၊ ဘဂ၀တော ၊ အရဟတော ၊ သမ်မာ သမ်ဗုတ်- ဓါတ်သ**(၃ ခေါက်ရွတ်ဆိုရန်)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
အိတိပိသော ဘဂ၀ါ အရဟံ ၊ သမ်မာသမ်ဗုဒ်ဓေါ ၊ ၀ိတ်ဇာစရဏ သမ်ပမ်နော ၊ သုဂတော ၊ လောက-၀ိဒူ၊
အနုတ်တရော ပုရိသ ဓမ်မသာရထိ၊ သတ်တာဒေ၀မနုသာနံ ၊ ဗုဒ်ဓေါဘဂ၀ါတိ။
နတ်ထိမေ သရဏံ အင်ညံ ။ ဗုဒ်ဓေါမေ သရဏံ ၀ရံ ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယု ၀တ်ဓနံ ဟောတုမေ သုခ ၀တ်ဓနံ။
ဓမ်မံ သရဏံ ဂစ်ဆာမိ
သွက်ခါတော ဘဂ၀ တာ ဓမ်မော သိန်ဒိတ်ထိကော အ ကာလိကော အေဟိ ပတ်သိကော အောပ နေယျိကော
ပစ်စတ်တံ ဝေဒိတပ်ဘော ၀ိန်ညူ ဟီတိ။
နတ်ထိမေ သရဏံ အင်ညံ ဓမ်မောမေ သရဏံ ၀ရံ ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယု ၀တ်ဓနံ ဟောတုမေ သုခ ၀တ်ဓနံ။
သံဃံ သရဏံ ဂစ်ဆာမိ
သုတ်ပဒိ ပန်နော ဘဂ၀တော သာဝက သံဃော အုဇုတ်ပဒိပန်နော ဘဂ၀တော သာဝက သံဃော
ညာယပ်ပဒိ ပန်နော ဘဂ၀တော သာဝက သံဃော
သာမိစိတ်ပဒိ ပန်နော ဘဂ၀တော သာဝက သံဃော
ယဒိဒံ စတ်တာရိ ပုရိသ ယုဂါနိ အထ ပုရိသ ပုတ်ဂလာ အေသ ဘဂ၀တော သာဝက သံဃော
အာဟုနေယျော ပါဟုနေယျော ဒက်ခိနေယျော အင်ဇလိ ကရဏီယျော အနုတ်တရံ ပုန်ညက်ခစ်တံ
လောကတ်သာတိ
နတ်ထိမေ သရဏံ အင်ညံ သံဃောမေ သရဏံ ၀ရံ
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ဟောတုမေ အာယု ၀တ်ဓနံ ဟောနုမေ သုခ ၀တ်ဓနံ
သမာဒိယိန် ပင်စသီလံ(အ-ထင်ဂမ်ပိ) သုဒေသိတံ
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ဟောတုမေ အာယုဝတ်ဓနံ ဟောတုမေ သုခ ၀တ်ဓနံ။
မှတ်ချက်-(ငါးပါး သီလ ၊ သာယူက (အ-ထင်ဂမ်ပိ) ကို ထည့်မရွတ်ရ ၊ ရှစ်ပါးသီလ ယူမှသာထည့်ရွတ်ရန်)
နဇီဝိ တန်တရာ ယောပိ ကာတုံ ဗုဒ်ဓတ်သ ကေနစိ ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
န ညာနန်တရာ ယောပိ ကာတုံ ဗုဒ်ဓတ်သ ကေနစိ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
န ရသမိ အန်တရာ ယောပိ ကာတုံ ဗုဒ်ဓတ်သ ကေနစိ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
န ဘိတ်ခ အန်တရာ ယောပိ ကာတုံ ဗုဒ်ဓတ်သ ကေနစိ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
တိတ်ထေယျာနေ ၀တ်သန်ပိ သမ်မာပန်နော ၀ိနာယ ကော။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
သတ်ဓမ်မ ဒေသ နာကာလေ ပိတ်ထိဘာဂါ ဒိန်နိတ်သိတာ ပုန်ဏ စန်ဒံဝ ဂ ဂနေ မုခံ ပတ်သန်တိ သတ်ထုနော။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ဗုဒ်ဓေါ အဘဇ်ဇ ကာယောပိ နတ်ထိလောဟိတ သူဒနံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
သတ်ဓါ မေ ဗုဒ္ဓ သစ္ထမွိ သံသေယာ နတ္ထိ သဗ္ဗဒါ ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
သတ်ဓါ မေ ဓမ်မ သစ်ထမှိ သံသယော နတ်ထိ သဗ်ဗဒါ ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
သတ်ဓါ မေ သံဃ သစ်ထမှိ သံသယော နတ်ထိ သဗ်ဗဒါ ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ယံကိန်စိ ၀ိတ်တံ အိဓဝေါ ဟုရံဝါ သက်ဂေသုဝါ ယံ ရတနံ ပဏီတံ န နော သမံ အတ်ထိ တ-ထာဂတေန အိဒမ်ပိ
ဗုတ်ဓေ ရတနံ - ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ခယံ ၀ိရာဂံ အ-မတံ ပဏီတံ ယဒစ်ဈဂါ သက်ကျမုနီ သမာဟိတော န-တေန ဓမ်မေန သမတ်ထိ ကိန်စိ အိဒမ်ပိ
ဓမ်မေ ရတနံ ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ယံ ဗုတ်ဓ သစ်ထော ပရိ ၀န်ဏယီ သုစိမ် သမာဓိ မာနန်တရိ ကင်ညမာဟု သမာဓိနာ တေန-သမော ၊ န၀ိတ်ဇတိ။
အိဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ယေ ပုတ်ဂလော အတ်ထ သတံ-ပသတ်တာ စတ်တာရိ အေတာနိ ယုဂါနိ ဟွန်တိ တေ ဒက်ခိနေယာ သုဂတတ်သ
သာဝကာ အေတေသု ဒိန်နာနိ မဟပ်ဖလာနိ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ယေ သုတ်-ပယုတ်တာ မန-သာ ဒန်လှေန နိတ်ကာမိနော ဂေါတမ-သာသနမ်မှိ တေ ပတ်တိပတ်တာ အမတံ
ဝိ ဂယ်ရှ လတ်ခါ မုဒါ နိတ်ဗုတိမ် ဘုန်ဇ-မာန အိဒမ်ပိ သံဃေ ရတနံ ပဏီတံ။အေတေန သစ်စ ၀စ်ဇေန
ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ယထိန်ဒ-ခီလော ပထ၀ိတ် သိတော သိယာ စတုပ်ဘိ ၀ါတေဟိ အ-သမ် ပကမ်ပိယော တထူပမံ သပ်ပုရိသံ
ဝဒါမိ ယော အရိယသစ်စာနိ အ-၀စ်စ ပတ်သတိ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ယေ အရိယ သစ်စာနိ ၀ိဘာ-၀ယန်တိ ဂမ်ဘီရ-ပင်ညေန သု-ဒေသိတာနိ။ ကိန်စာပိ တေ-ဟွန်တိ ဘုသံ ပမတ်တာ
န-တေ ဘ၀ံ အတ်ထမ မာဒိယန်တိ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
သဟာဝတ်သ ဒတ်သန သမ်ပဒါယ တယတ်သု ဓမ်မာ ဇဟိကာ ဘ၀န်တိ သက်ကာယ ဒိတ်ထိ ၀ိစိ ကိတ်စိ တင်စ
သီလပ် ဗတံဝါပိ ယဒတ်ထိ ကိန်စိ စတူဟ ပါယေဟိ စ ၀ိပ်ပ မုတ်တော ဆစ်စာဘိ ထာနာနိ အဘပ်ဗ-ကာတုံ အိဒမ်ပိ
သံဃေ ရတနံ ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ကိန်စာပိသော ကမ်မ ကရောတိ ပါပကံ ကာယေန ၀ါစါ အုဒ စေ-တတ်သ၀ါ အဘပ်ဗ-သောတတ်သ ပတိတ်ဆ
ဒါယ အဘပ်ဗတာ ဒိတ်ထ ပဒတ်တ ၀ုတ်တာ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ဝနပ် ပဂုံဗေ ယေ-ထ ဖုတ်သိတက်ဂေ ဂိမ်မှာန-မာသေ ပထမ သမိမ်ဂိမ်မှေ တထူပမံ ဓမ်မ-၀ရံ အ-ဒေသယိ
နိပ်ဗာန ဂါမိမ် ပရမံ ဟိတာယ အိဒမ်ပိ ဗုဒ်ဓေ ရတနံ ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ဝရော ၀ရင်ညူ ၀ရ-ဒေါ ၀ရာဟရော အနုတ်တရော ဓမ်မ-၀ရံ အ-ဒေသယိ အိဒမ်ပိ ဗုဒ်ဓေ ရတနံ ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ခီဏံ ပုရာနံ န၀ နတ်ထိ သမ်ဘ၀ံ ၀ိရတ်တ စိတ်တာ ယတိကေ ဘ၀-သမိန် တေ ခီန-ဗီဇာ အ၀ိရုန်လှိ ဆန်ဒါ ။
နိပ်ဗန်တိ ဓီရာ ယထာယံ ပဒီပေါ အိဒမ်ပိ သံဃေ ရတနံ ပဏီတံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ဘ၀သောတံ ဟဝေ ဗုဓ်ဓေါ တိန်နော လောကန်တ-ဂူ ၀ိဒူ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ယဒိ သန်တိ-ဂမော မဂ်ဂေါ မောက်ခေါ စစ်စန်တိကံ သုခံ၊
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
သံဃော ဝေ တိန်န ကန်တာရော ပုန်ညခေတ်တော အနုတ်တရော။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ဗွတ်ဇင်ဂေါ သတိသင်ခါတော ဓမ်မာနံ ၀ိစယော တယာ ။ ၀ီရိယံ ပီတိ ပတ်သက်ဓိ ဗွတ်ဇင်ဂါစ တထာ ပရေ။
မုနိနာ သမ်မ-ဒက်ခါတာ ဘာဝိတာ ဗဟုလီကတာ ။ သံဝတ်တန်တိ အဘိန်ညာယ နိတ်ဗာနယ စ ဗောဓိယာ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
အေက သမိမ် သမယေ နာထော မောက်ဂန်နာနင်စ ကတ်သပံ ဂိလာနေ ဒုတ်ခိတေ ဒိတ်တ၀ါ
ဗွတ်ဈင်ဂေ သတ်တ ဒေသယိ တေ စ တံ အဘိနန် ဒိတ်တ၀ါ ရောဂါ မုတ်စိမ်သု တင်ခဏေ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
အေက-ဒါ ဓမ်မ-ရာဇပိ ဂေလင် ညေနာဘိ-ပီလိတော စုန်ဒတ်ထေရေန တံယေ၀ ဘဏာ ပစ်တ၀ါန
သာဒရန် သမ်မောဒိတ်တ၀ါန အာဗာဓာ တမ်မှာ ၀ုတ်ထာတိ ထာနသော ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ပဟီနာ တေစ အာဗာဒါ တိန်ဏမ်-နမ်ပိ မဟေသိနံ မဂ်ဂါဟထာ ကိလေသာဝ ပတ်တာ နုပ်ပတိ ဓမ်မ-တံ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
ဒိတ်ဝါ တပတိ အာဒိတ်စော ရတ်တိ မာဘာတိ စန်ဒိမာ သန်နတ်ဒေါ ခတ်တိယော တပတိ ဈာယီ တပတီ ဗြန်မနော
အထ သဗ်ဗ မဟောရတိန် ဗုဒ်ဓေါ တပတိ တေဇသာ။
အေတေန သစ်စ ၀စ်ဇေန ဟောတုမေ ဇယမင်ဂလံ ။ ဟောတုမေ အာယုဝတ်ဓနံ ။ ဟောတုမေ သုခ ၀တ်ဓနံ ။
နတ်ထိ မေ သရဏံ အင်ညံ ဗုဒ်ဓေါမေ သရဏံ-၀ရံ။
အေတံ သရဏံ အုပေမိ မယိ ကင်ခါ န-၀ိတ်ဇတိ။
အေတေန သစ်စ ၀စ်ဇေန ။ ပ၀တ်သန်တု သတ်တ ရတနာ။ နိတ်ထိ မေ သရဏံ အင်ညံ ဓမ်မောမေ သရဏံ-၀ရံ။
အေတံ သရဏံ အုပေမိ မယိ ကင်ခါ န-၀ိတ်ဇတိ။ အေတေန သစ်စ ၀စ်ဇေန ။ ပ၀တ်သန်တု သတ်တ ရတနာ။
နိတ်ထိ မေ သရဏံ အင်ညံ သံဃောမေ သရဏံ-၀ရံ။ အေတံ သရဏံ အုပေမိ မယိ ကင်ခါ န-၀ိတ်ဇတိ။
အေတေန သစ်စ ၀စ်ဇေန ။ ပ၀တ်သန်တု သတ်တ ရတနာ။ ယံ အိတ်ဆိတံ နိပ်ဖာဒနေ အဓိပတိ မဟာမုနိ။
ယ ထာ-ကာမ သံသိတ်ဒနေ အဓိပစ်စန် ဒ-ဒါတုမေ။
၁၂။ဆုတောင်းခြင်း
သာသနတ်သ စ လောကတ်သ ၀ုတ်ဓိ ဘ၀တု သဗ်ဗဒါ ။
သာသနမ်ပိ စ လောကင်စ ဒေ၀ါရတ်ခန်တု သဗ်ဗဒါ ။
သဒိန် ဟွန်တု သုခီ သပ်ဗေ ပရိဝါရေဟိ အတ်တနော။
အနီဃာ သုမနာ ဟွန်တု သဟ သပ်ဗေဟိ ညာတိဘိ၊
သတ်ဗ ဗုတ်ဓါ နုဘာဝေန ။ သတ်ဗ ဓမ်မာ နုဘာဝေန။
သတ်ဗ သံဃာ နုဘာဝေန။သတ်ဗ ဒေ၀တာ နုဘာဝေန။
အရောဂါ သုခိတာ ဟွန်တု ။ ဒုတ္ခါ မုံဆန္တု သဗ္ဗဒါ။
(မိမိလိုခြင်သော ဖြစ်နိုင်မည့်ဆုတောင်းကို မြန်မာဘာသာဖြင့် ဖြည့်စွက်ဆုတောင်းပါ)
၁၃။ မေတ္တာပို့ခြင်း
အဟံ အ-ဝေရော ဟောမိ အ-ဗျာပဇ်ဇော ဟောမိ အ-နီဃော ဟောမိ သုခီ အတ်ထာနံ ပရိ ဟရာမိ။
မာတာပိတု အာစရိ ညာတိမိတ္တ သမူဟာ အ-ေ၀ရာဟြန္တု အ-ဗ်ာပဇ္ဇာဟြန္တု အ-နီဃာ ဟြန္တု
သုခီ အတ္ထာနံ ပရိ ဟရန္တု။
အာရက်ခ-ဒေ၀တာ ဘူမတ်ထ - ဒေ၀တာ ရုတ်ခတ်ထ-ဒေ၀တာ အာကာသတ်ထ - ဒေ၀တာ အ-ဝေရာဟွန်တု
အ-ဗ်ာပဇ္ဇာဟြန္တု အ-နီဃာ ဟြန္တု သုခီ အတ္ထာနံ ပရိ ဟရန္တု။
သတ်ဗေသတ်တာ သတ်ဗေပါနာ သတ်ဗေဘူတာ သတ်ဗေပုတ်ဂလာ သတ်ဗေ အတ်တာဘာဝ ပရိယာပန်နာ
သတ်ဗာ အိတ်ထိယော သတ်ဗေ ပုရိသာ သတ်ဗေ အရိယာ သတ်ဗေ အနရိယာ သတ်ဗေ ဒေ၀ါ သတ်ဗေ
မနုတ်သာ သတ်ဗေ ၀ိနိပါတိကာ ။
အ-ေ၀ရာဟြန္တု အ-ဗ်ာပဇ္ဇာဟြန္တု အ-နီဃာ ဟြန္တု သုခီ အတ္ထာနံ ပရိဟရန္တု။
ဒုတ်ခါ မုတ်စန်တု ယထာလတ်ဓ-သန်ပတ်တိတော မာဝိဂစ်ဆန်တု ကမ်မတ်သကာ။
၁၄။နတ်ပို့ခြင်း
ဒုတ်ခါပတ်တာ စ နိတ်ဒုတ်ခါ ဘယပ်ပတ်တာ စ နိတ်ဘယာ သောကပ်ပတ်တာစ နိတ်သောကာ ဟွန်တု သတ်ဗေပိ
ပါဏိနော။
အစ်တာဝတာ စ အမ်မှေဟိ သမ်ဘတံ ပုန်ည -သမ်ပဒံ သတ်ဗေ ဒေ၀ါ နုမောဒန်တု သတ်ဗ-သမ်ပတ်တိ
သိတ်ဓိယာ။
ဒါနံ ဒ ဒန်တု သတ်-ဓာယ သီလံ ရက်ခန်တု သတ်ဗဒါ ဘာဝနာ ဘိရတာ ဟွန်တု ဂစ်ဆန်တု ဒေ၀တာ ဂတာ။
ပုန်ည ဘာဂ မိဒံ စညံ သမံ ဒ-ဒါမ ကာရိတံ အနုမောဒန်တု တံ သဗ်ဗေ မေဒိနီ ထာတု သက်ခိဏေ။
(အမျှသုံးကြိမ်ပေးဝေပါ)

မှတ်ချက်။  ။ ဆရာ Warazein min မှ မိမိအား ဓမ္မဒါန
ပြုခဲ့ခြင်းကို အခြားသူများအားလည်း ပြန်လည် ဓမ္မဒါန ပြုပါသည်။ ကောင်းကျိုးလိုအင် ပြည့်ဝကြပါစေ။
အဖြစ်မှန်တစ်ခုကိုပြောပါရစေ
-----------------------------------
-တကယ့်ဖြစ်စဉ်တစ်ခုပါ။
-ကျွန်တောင့်္တပည့် မောင်ဝင်းဇော်၊စိတ်အတော်မာသူ၊မနက်မိုးလင်းလင်းခြင်း၊မျက်ရည်တွေနဲ့
ကျွန်တော့်ကို၊မပြောရဲ၊မဆိုရဲ၊စကားတစ်ခွန်းထွက်လာပါတယ်။
-အဘ ၊အမေဆေးရုံတင်ထားရတယ်။ဆီးမသွား၊မျက်နှာဖော ယေင်၊သေတော့မယ်လို့
ပြောနေတယ်ဗျ။
-ကျွန်တော်ကလဲ၊ကျန်းမာရေးက သိပ်မကောင်း၊မကွေးက ခမည်းခမက်ရဲ့၊သမီးကြီးမင်္ဂလာ
ဆောင်၊သွားနေရတဲ့အချိန်။
-လူသားခြင်းစာနာတဲ့စိတ်နဲ့၊မင်းအမေက ၊ငါ့ထက်ပိုအရေးကြီးတယ်။
ချက်ခြင်းပြန်၊ကားမရရင်၊လေယာဉ်နဲ့ပြန်လို့ပြောပြီး၊လိုအပ်တာတွေကို၊သားမက်နဲ့သမီး
ကို၊စီစဉ်ခိုင်းလိုက်ပါတယ်။
-မြောက်ဥက္ကလာပ ((OSC) ဆေးရုံမှာတင်ထားရပါတယ်။
-တပည့်ကို ဖုန်းဆက်တော့ငိုနေပြီ။
-အမေမရနိုင်တော့ဘူးတဲ့။
-ဆရာဝန်ကပြောတယ်။ကျောက်ကပ်လဲရမယ်။
-မလဲနိုင်ခင်မှာ၊တစ်လကို ၊လေးကြိမ်ဆေးရမယ်။
-တပည့်ကငို။ဆရာကလဲ၊ချက်ခြင်းပြန်လာလို့မရ။
-သည်တော့၊ရင်းနှီးသော၊စစ်ဆေးရုံက၊ပါရဂူတွေလွှတ်ရပါတယ်။
-အဖြေကတစ်ထပ်တည်းပါဘဲ။မရနိုင်တော့ပါဘူးတဲ့။
-ကျွန်တော်ဘာလုပ်လဲ။
-ကျောက်ဖရုံသီးလိုက်ရှာတယ်ဗျာ။
-တပည့်ကိုလဲပြောရတယ်။ရန်ကုန်မှာရအောင်ရှာ။မင်းအမေ၊အသက်ကိုကယ်နိုင်မှာ
ဒါဘဲရှိတော့တယ်လို့။
ဆရာ၊တပည့် စေတနာရှိသော်လည်း၊ကျောက်ကပ်လဲပေးရလောက်အောင်၊ကျွန်တော်
လဲမချမ်းသာဘူး။
-ကိုယ်လဲကိုယ့်ဒုက္ခနဲ့ကိုယ်။ကိုယ်ဖြစ်နေတာ ကိုယ်ဘဲသိတာ။
-လိုက်ရှာတယ်ဗျို့။လေးလုံးရတယ်။
-တစ်လုံးကို(၁၅၀၀)နဲ့။
-ကားနဲ့တင်မယ်လုပ်တော့၊တစ်လုံးကိုပါဆယ်ခဆိုလား၊၃၀၀၀ တောင်းသဗျ။
-အသက်တစ်ချောင်း ကယ်ကောင်းပါရဲ့အတွေးနဲ့၊တင်မယ်ဆိုပြီး၊ပိုက်ဆံရှင်းနေချိန်မှာ၊
တပည့်က ငိုသံကါနဲ့၊အဘမပို့နဲ့တော့၊ရန်ကုန်မှာရပါပြီ၊ပြန်ဆက်သဗျ။
-တပည့်ရေ၊ငါလဲ၊ဒီမှာကိစ္စ ကမပြီးသေး၊မင်းအမြန်ကြိုတိုက်။
-ငါလဲအမြန်ဆုံးလာခဲ့မယ်လို့ပြောပြီး၊နောက်တစ်ခုစဉ်းစားတယ်။
-မြန်မာ့ဆေးလဲကောင်းတာဘဲ။ကိုသူရ ကိုဆက်ပြီး၊အကူအညီတောင်းဦးမှလို့။
-ဒါနဲ့ဆက်ပြီးအကူအညီတောင်း။သူက အကိုကြီးမပူနဲ့၊ေ၇၀ါးပင်နံမည်ကြီးနေတယ်။
ကျွန်တော် လိုက်နေတာ ၆လ ရှိပြီ။မျိုးစိတ်ကတော်တော်များတယ်။
-မြေပဒေသာကျွန်းကို၊သွားရှာလို့မှာလိုက်တယ်။
-အခြားနေရာမှာလဲ ကျ့န်တော်လိုက်ရှာနေတယ်ပြောသဗျ။
-တကယ်ရှာလို့ရတော့၊တစ်အိုးကို(၂၅၀၀၀)၊ဆေးတစ်ခါကျိုပါ။
-ကိုသူရက တကယ်စွမ်းမဲ့ ရေ၀ါးမျိုးစစ်ကိုရှာတုန်း။
-ရေ၀ါးက တကယ်စွမ်းမှန်းသိပေမဲ့၊ဘယ်ဟာက အစစ်၊ဘယ်ဟာက မစွမ်းလဲ မသိဘူးလေ။
-ဒါနဲ့တင်။ကျောက်ဖရုံသီးအစွမ်းနဲ့၊ကျောက်ကပ်လဲ မလဲရ၊ကျောက်ကပ်လဲမဆေးရနဲ့
ဆီးများတောက်လျှောက်သွားပြီး၊မျက်နှာဖောယောင်တာတွေလဲမရှိတော့ပါ
-ယနေ့မနက်ဆေးရုံက ဆင်းရပါပြီ။
-ကျောက်ဖရုံသီး၊ကြိုတိုက်ရက်(၁၄-၂-၂၀၁၅)ကနေ(၂၁-၂-၂၀၁၅)စုစုပေါင်း(၈)ရက်ပေါ့။
-ရေ၀ါးပင်ကိုတော့၊ကိုသူရ လိုက်နေတုန်းပါဘဲ။
-အတော်စွမ်းတယ်ကြားပါတယ်။
-မျိုးစိတ်က၊စင်္ကာပူကဆိုလား။ကျွန်တော်သိတာက၊မြန်မာပြည်ကိုရောက်လာတာ၊
ယိုးဒယားက တစ်ဆင့်ဗျ။
-စတင်သိ့ရှိသူက၊ကျောက်ကပ်မကောင်းလို့ယိုးဒယားသွားကုသူဦးစောနေဝင်းပါ။
အခုတော့ဆုံးသွားပြီလို့သိရပါတယ်။
-ဒါတွေထားပါတော့လေ။
-တကယ့်ရေ၀ါးအစစ်ကို ကိုသူရ လိုက်နေတုန်းပါဘဲ။
-ရေ၀ါးမျိုးစိတ်အမှန်မရခင်မှာ၊ကျောက်ဖရုံသီးလဲစွမ်းပါတယ်လို့ပြောခြင်တာပါ။
ကြုံတုန်းလေးပြောပါရစေ။
-ဒီဆေးနည်းက ၂၀၁၁ ကတဲက ကျွန်တော်တင်ခဲ့တာပါ။မူရင်းဆေးနည်းတင်သူက ကျွန်တော်ပါ။
-ပညာက သိမ်ဖြူပညာပါ။
-အခုအားလုံး၊ပျံ့နှံ့နေပါပြီ။
-ဘယ်သူတင်တင်အားလုံးသက်သာဖို့လိုပါတယ်။
-အခုတော့၊ကျောက်ဖရုံသီးအစွမ်းကို၊ကိုသူရရော၊ကျွန်တော့တပည့်ရော။ယုံကြည်နေကြပါပြီ။
-ကျွန်တော်တင်ခဲ့သောနည်းလေးကိုပြန်ဖော်ပြပါရစေ။
အောက်ပါအတိုင်းပါ။ယုံယုံကြည်ကြည်လုပ်ကြပါဗျာ။
နံမည်လဲ မကျော်ကြားခြင်ပါဘူး၊ပိုက်ဆံလဲမမက်ပါဘူး။ဆေးဒါနလုပ်ရင်း၊ကုသိုလ်ဘဲမက်ပါတယ်။
ဖတ်ကြည့်ကြပါဗျာ။
ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်
=================================
ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ
များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက်
နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ
ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ
ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်
ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။
ဖြေးဖြေးသက်သာလာပါမည်။
၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။
-----------------------------------------------------------------------------
မူရင်းကျွန်တော်တင်တုန်းက နောက်ဆက်တွဲတွေပါပါသေးသည်။
သည်းခံဖတ်သူအားလုံးအားအထူးကျေးဇူးတင်ပါသည်။
ကျောက်ကပ် ဆီးနဲ့ပါတ်သက်ရင်၊ရေ၀ါးအစစ်မတွေ့ခင် ၊ကျောက်ဖရုံနဲ့ထိန်းထားကြပါ။
သူလဲသက်သာပါသည်။မယုံမရှိနဲ့ကိုယ်တွေ့ပါ။
မှတ်ချက်။ကျွန်တော့်ကို တပည့်က အဘခေါ်တာ၊အသက်ကြီးနေလို့ပါဗျာ။

Wednesday 16 September 2015

 ဆရာ Warazein min


ပန်းနာရင်ကျပ်အမြစ်ဖြတ်နည်။

----------------------------------
ဒီတော့တတ်နိုင်ရင် အဆုတ်ကိုဓါတ်မှန်ရိုက်ပါ။


သွိုင်းရိုက် ကြောင့်လဲ ကြပ်တတ်ပါတယ်။

-လွယ်တဲ့နည်းကိုလုပ်ကြည့်ခြင်ရင် ပြောပါ့မယ်။

သဗ္ဗေသတ္တာကမ္မသကာပါ။ပျောက်မယ်လို့၁၀၀% အာမမခံပါ။
ကျွန်တော်ကုတာတော့ ခုထိ အကုန်ပျောက်သဗျ။ရောဂါေ


ပျာက်ရင်ပျောက် မပျောက်ရင် လူပျောက်သွားတာချည်းဘဲ။

လူပျောက်တယ်ဆိုတာ သေတာပြောတာမဟုတ်ဘူးနော်။

အသဲအသန်ခဲမှန်နေရင် ဆရာ။

သက်သာရင် မလာတော့တာပြောတာ။


၁။ယုံကြည်မှလုပ်။


၂။မည်သည့် ဆေးပညာမှာမှမရှိ။


၃။အနောက်တိုင်းဆေးပညာပေတန်နဲ့တိုင်းရင်လားလားမှ 

မဆိုင်။

၎။ကျွန်တော့ကိုယ်တွေ့တော့ ပျောက်ပါသည်။


လုပ်နည်း။


၁။ပျားရည်စစ်စစ် ၁နှစ်မကျော်ရေသန့်တစ်ပုလင်းရှာပါ။


၂။မည်သည့်မျှော့မဆို သုံးကောင် အရှင်ထည့်ပါ။


၃။တစ်ပါတ်ကြာလျင် မျှော့အရည်ပျော်သွားပါမည်။


၎။လူနာအား အားမွေးခိုင်းထားပါ။


၅။ထမင်းမစားမီ ကြွေဇွန်းကြီးတစ်ဇွန်းကို လူနာအားပျားရ

ည် ဟုသာပြောပြီး တိုက်ပါ။

၆။ခဏနေလျင် အလွန် အံပါမည်။


ရ။အဆုပ်ထဲမှ အစိမ်းရောင် နှပ်များပါလာပါမည်။


၈။ဆံပင်ညှပ်ဆရာဆိုပါက ဆံပင်များ။


၉။ကျောင်းဆရာများဆိုပါက မြေဖြူ ရောင်အဖြူ များပါလာ

ပါမည်။

၁၀။မောပါမည်။


၁၁။ထမ
င်းတောင်းလျင်မကျွေးပါနှင့် ဆန်ပြုတ်ကိုခြေပြီး
တိုက်ပါ။

၁၂။ထပ်အန်ပါမည်။


၁၃။ထပ်တောင်းကဆန်ပြုတ်ထပ်တိုက်ပါ။


၁၄။အာားလုံးပြီးက Drip သွင်းပါ။ဆီးချိုရှိက 


အချိုမသွင်းရပါ။ရေနှင့် အခြားဆေးများ ဘီ(၁၂)

ဘားပလက်စ် စသည်သွင်းနိုင်ပါသည်။ဘားပလက်စ်

 တောင်လူတိုင်းမတည့်ပါ။

၁၅။နောက်တစ်နေ့သူကြိုက်တာ အားရှိစေတာကျွေးပါ။

Sunday 13 September 2015

အသက်ကြီးတိုင်းဆင်မစီးသင့် - ဆရာ Ko Thu Ya.

အသက်ကြီးတိုင်း‬ ဆင်မစီးသင့်ပါတဲ့ဗျား။
ဆရာကြီး စေတနာလှိုင် (ရေစကြို)
ဆင်တုံးမနွယ် ဆေးဖက်ဝင်အသုံးစာအုပ်မှ
ကူးယူဖော်ပြပါသည်။
နှလုံးသွေးကြောကျဉ်းအတွက် - ဆရာ Warazein min.
Warazein Min's photo.
သွေးကြောတွေနံရံကျဉ်းလာရင် ကုသနည်း
==
========================
၁။အနောက်တိုင်းဆေးနည်းကတော့ သွေးအဆီကျဆေး သောက်ရပါတယ်။
တစ်ပြီုင်တည်းမှာ သွေးတိုးနေရင် သွေးတိုးကျဆေး
သွေးပြစ်လာရင် သွေးကြဲဆေး စသောက်သင့်ပါပြီ။
၂။အနောက်တိုင်းနည်း မှာ ECG နဲ့ နှလုံးသွေးကြောတွေကျဉ်း မကျဉ်း ရှာနိုင်ပါတယ်။
၃။ECHO ရိုက်ရင် နှလုံးနံရံတွေ ထူ မထူ အခန်းတွေ ကောင်း မကောင်း မွေးရာပါ နှလုံး
အခန်းတွေမှာ အပေါက် ပါ မပါ ။ဗာ့ဘ်တွေ လုံမလုံ သိနိုင်ပါတယ်။
၎။မြန်မာဆေး ကုသနည်း ပြောပါ့မယ်။
၅။ကြွက်နားရွက်မှို(ခ)ကြာဇံကြီး ဟင်းခါးမှာ ထည့်စားတဲ့ အဖိုးကြီး အဖွားကြီး နားရွက်
သုတ်စား ပြုတ်စားရပါတယ်။အဆီကျပါမယ်။ပူပါတယ်။
၆။ယူရစ်အက်စစ် တက်စေလို့ ကင်းပုံညွန့်ကြော်စာ တို့စားရင် ယူရစ် အက်စစ် ကျပါတယ်။
ရ။ဒါမှခက်ခဲနေရင်တော့ အောက်ပါဆေးကို ဖော်ပြီး နံနက် အိပ်ယာထ လဖက်စား
ဇွန်းတစ်ဇွန်း ရေအေးနဲ့သောက်ပါ။
၈။သွေးတွင်းအဆီကျစေတဲ့အပြင် သွေးတိုးကိုပါ ထိန်းပါတယ်။
သွေးတိုးကျဆေးနှင့်သွေးတွင်းအဆီကျဆေး
============================
၁။ ဇာသီး ၄ ပဲသား
၂။ ဇာပွင့် ၄ ပဲသား
၃။ တြိကဋုတ်( ၃ ပါး) ၁ ကျပ်သားစီ
၎။ ကတ္တရသင်္ချေ (ကတြသင်္ချေ) ၁ ကျပ်သား
၅။ ကုလားဆောင်းမေခါး ၁ ကျပ်သား
၆။ကြဇု ၁ ကျပ်သား
၇။ ပန်းနု ၄ ပဲသား
၈။ပန်းမ ၄ ပဲသား
၉။စမုန်ငါးပါး ၄ ပဲသား
၁၀။သစ်ကြံပိုး ၄ ပဲသား
၁၁။စမုံနက် ၄ ပဲသား
၁၂။စူလာနဖာ ၄ ပဲသား
၁၃။ကပ္ဖိုလ် ၄ ပဲသား
၁၄။ကပ်မ ၄ ပဲသား
၁၅။ဖာလာနမိတ် ၄ ပဲသား
၁၆။ကြက်မအုပ်သီး ၄ ပဲသား(မရရင် လင်းနေ ၄ပဲသား)
၁၇။ဥပသကာ ၄ ပဲသား
၁၈။ဆေးပုလဲ ၄ ပဲသား
၁၉။လင်းနေ ၄ ပဲသား
၂၀။ဇီယာ ၄ ပဲသား
၂၁။ကရဝေး ရွက် ၄ ပဲသား
၂၂။မိုးနံမြစ် ၁၀ သား
၂၃။ဆူးခေါက်နက် ၁၀ သား
၂၄။ဆင်သ မနွယ် ၁၀ သား
၂၅။ဘုမ္မ ရာဇာ ၁၀ သား
+ရေချိုးနိုင်ရပါမည်။အရက်သောက်နှုံးပါကျပါသည်)
(ကျွန်တော်ရော ဆရာ ဦးသူရရော မိတ်ဆွေ ဆရာဝန်တွေရော စမ်းသပ် သောက်
သုံးပြီးပါပြီ။ကျွန်တော် ဆေးနည်းတင်ရင် ကိုယ်တိုင်စမ်းသပ်ပြီးမှ တင်ပါတယ်။)
ဆေးဖော်ဖို့ ၀ယ်လို့ရမဲ့နေရာပါဖော်ပြလိုက်ပါတယ်။
သောက်သုံးကျန်းမာကြပါစေ။