Tuesday 9 February 2016

ကျီးကန်းးးး

ရှင်နာဂသိန် ပုံပြဆေး အဘိဓါန်မှအသုံး။

ကျီးတောင် မီးဖုတ် ငရုတ်ကောင်း စဖိုလယ်ပြာ

ဤ သုံးမျိုး တစ်မူး စီ စု အမှုန့်ပြု မီးဖွားပြီးနောက်

ဖြစ်တတ်သော သွေးပုပ်ကျန် လူမှန်းမသိ တုံးကဲ့

သို့ဖြစ်နေသော မိန်းမအား နမ်းရှုစေသော် ယင်း

ဝေဒနာမှ ချမ်းသာရာ ရ၏။

ကျီးတောင်ကို မီးမြိုက် ၍ ရ သမျှ ကိုယူ ဂုံး အရှင်

ရည်ဖြင့် ဖျော် ကြံတစ်ဆစ် ခဲပုပ် ကို အတန်ငယ်

သွေး၍ခပ်ပါ။ တိမ်သလာ ကွာ၏ စား၏။

တောကျီးကန်း သားကို အသံဝင်အသံပြာ သော

ရောဂါ ပျောက်ကင်းစေရန် ကြော်၍ စားရသည်။

ကျီးတောင်ကို အုန်းဆီ ဆွတ်ပြီး နားကျပ်ပေးပါက

နားအူ နားပင်း ရောဂါ ပျောက်သည်။

ဘုတ် တစ္ဆေ ဖမ်းစား၍ ဖြစ်သော ရောဂါတို့ ၌

တောကျီးအတောင် လင်းနို့ချေး ခိုချေး

ကြက်တောင်ပျံ ချေး ဖြူဆူး သီးသခွံ  ဤဆေး ၆ပါး

မီးကျွမ်းအောင်လှော် အမှုန့်ပြု၍ နှာ အဖြစ်မှုတ်ပေး

ကျီးတောင် ခုနှစ်တောင် ကို မီးတွင်ဖုတ် ၄င်း အမှုန့်ဖြင့် အရက် ကောင်းကောင်း အချိန် ၂ ကျပ်

သား ရော၍ သောက်ပါက သွေးအန်ရောဂါ ပျောက်

ကင်းသည်။


No comments: