Saturday 9 April 2016

ကြိတ်မှန်ပင်

ရုက္ခအမည် Eclipta alba (L)Hassk.အင်္ဂလိပ်
အမည် Trailing Eclipta,ink plant.မျိုးရင်း
compositae ( Asteraceae)
 အသုံးပြု အစိတ်အပိုင်း ပဉ္စငါးပါး။

ဆေးဝါးဆိုင်ရာ ဂုဏ်သတ္တိ ပိုးအဆိပ်တို့ ကို ပါယ်တတ်၏။
ဆံပင်ကိုကောင်းစေသည်။မျက်စိအရောင်ကို တောက်စေသည်။သွားကိုခိုင်စေသည်။လေ သလိပ်ဒေါသ
တို့ ကို နိုင်သည်။အားကိုဖြစ်စေသည်။ ထို့ အပြင်လိင်ဥ
ရောင်မျက်စိရောဂါ ချောင်းဆိုး ပန်းနာ သမင်ဖြူ ဝါသင့်
အရေပြားယားယံခြင်း မျက်စိမမြင် ကာလသားရောဂါ
အဆိပ်ရောဂါတို့ ၌လည်း သုံးရ၏။ကိုယ်ဝန်ပျက်စီးခြင်း
နှင့် သားဖွားပြီးနောက်သားအိမ်ကိုက်ခဲခြင်းကို ပျောက်ကင်းစေသည်။ ကြိတ်မှန်သည် ဗိုက်တာမင်
ကေ၏ အစွမ်းသတ္တိနှင့် တူညီပြီး သွေးတွင်းရှိ prothrob-obin ဓါတ်ကိုမြင့်တင်ပေးသဖြင့်
သွေးတိတ် စေသည်။ခန္ဓာကိုယ် hissamine ဓါတ်ကြောင့်ဖြစ်စေသော ဓါတ်မတည့်သည်ကို သက်သာ
စေသော သတ္တိရှိသည်။ဘက်တီရီယား ပွါးနေသည်ကို
ဟန့် တားနိုင်သည်။ခွဲစိတ်ရာတွင်လည်းကောင်း မီးဖွားသည့်ကိစ္စများ ဆောင်ရွက်ရာတွင်လည်ကောင်း
နိုင်ငံတကာ သုတေသနစမ်းသက်ချက် အရ ပိုးသတ်ဆေး
အာနိသင်နှင့်သွေးတိတ် စေသောအာနိသင်ရှိကြောင်း
သိရသည်။တုပ်ကွေးရောဂါအအေးမိရောဂါ အသက်ရှု
လမ်းကြောင်းရောဂါများ ကုသရာတွင်လည်း အာနိသင်
ရှိသည်။carbon terachoride ဖြင့်အသည်းရောင်
ဖြစ်စေသော hepatitis ရောဂါကို သက်သာစေပါသည်။ အခြားဆေးဖက်ဝင် အမယ်များနှင့်
ပေါင်းစပ်ပြီ ပေါင်းစပ်ဆေးဖုံ အဖြစ် ထည့်သွင်း အသုံးပြု
ကြသည်။သွေးအားတိုး ဆေးအနေဖြင့်လည်းကောင်း
သွေးတိတ် ဆေးအနေဖြင့်လည်ကောင်း အသုံးပြုနိုင်
သည်။ချောင်းဆိုးသွေးပါ ဝမ်းကိုက်သွေးပါ မီးယပ်သွေး
များခြင်းနှာခေါင်း သွေးယိုခြင်း လိပ်ခေါင်းသွေးယိုခြင်း
သွေးအန်ခြင်း ဆီးတွင်သွေးပါခြင်း ဒါဏ်ရာသွေးထွက်ခြင်း
စသည်တို့ တွင်သုံးနိုင်သည်။အရေပြားအနီပြင်ထခြင်း
ဝက်သက် ချောင်းဆိုး ပန်းနာရင်ကြပ် မီးလောင်နာတို့ 
ကိုကုသရာတွင် အသုံးဝင်သည်။ဆံပင်ပေါက်မှု ကို
အားပေးသည်။ဆံပင်ကိုနက်မှောင် သန်စွမ်းစေပြီ အသည်းကို အားဖြစ်စေသည့် အတွက်ဆံပင်သန်စွမ်းပြီ
နက်စေသောဆေးများနှင့်အသည်းအားဆေးများတွင်
ပါဝင်အသုံးပြုသည်။ကြွက်များအား စမ်းသပ်ချက်အရ
ဘေးထွက်ဆိုးကျိုး မတွေ့ရှိရပေ။  ကြိတ်မှန်သည် အဖြူ
အဝါ အနက် ဟူ၍ ၃ မျိုးခန့် ရှိသော်လည်း အနက်မျိုးမှာ
လွန်စွာရှားပါးသည်။ အပွင့်ဖြူ အပင်မှပွင့်ဖတ်အဖြူလေး
များကြွေကျပြီးနောက် အသီးခွက်တွင် အညိုအနက်ဖြစ်
လာသည်ကို ကြိတ်မှန်နက်ဟုလည်းယူဆကြသည်။
#သွားခိုင်ဆေး
 ကြိတ်မှန်ရွက်လတ်လတ်ဆတ်ဆတ် ကိုအမှုန့် ထောင်း
ထို့ အမှုန့် နှင့်နွားနို့ ကို တစ်လတိုင်အောင်သောက်သင့်၏
တစ်နှစ်သောက်ခဲ့ပါက ကန်းနေသောသူများလည်း
အမြင်သန်နိုင်သည်။ အ နေသောသူများပင်စကားပြော
နိုင်လိမ့်မည်။နား ပင်းသူများ အသံကြားလာလိမ့်မည်။
နဲ့ နေသောသွားများခိုင်မာပါလိမ့်မည်။

#ဆံပင်နက်ဆေး
      ကြိတ်မှန်ရွက် နှမ်းနက် တို့ ကို အလေးတူယူ၍ အမှုန့် ပြုပြီးလျှင်တစ်လတိုင်အောင်စားပါ။စားတိုင်း
နွားနို့ ကို အမြဲ မှီဝဲပေးခဲ့သော် အနာရောဂါကင်းစင်
သည့်အပြင် အသက်ရှည် ဆံပင်နက်စေသည့်အကျိုးထူး
ခံစားရမည်။
#ကျမ်းမာအသက်ရှည်ဆေး
       ကြိတ်မှန်ရွက် နှမ်းနက် ဆီးဖြူသီးခြောက် ကို အလေးချိန်တူယူ အလေးချိန်သုံးဆ သကြားခဲကိုထည့်
ရော၍အမှုန့် ပြုပြီးနေစဉ် မပြတ် မှီဝဲသွားခဲ့သော် အို သော အဖြစ်မှ နှေး လိမ့်မည် အချိန်မကျမှီ မသေနိင်ပေ။
#စအိုလျောနာ
    ကြိတ်မှန် မြစ်နှင့် နနွင်းကို အညီ အမှုန့် ထောင်းပြီး
လိမ်းပေးပါက ထိုရောဂါပျောက်သည်။
#ခရုသင်းနာ
     ကြိတ်မှန်မြစ် ဖန်ခါးမြစ် နှစ်မျိုးကို အညီအမျှ ယူ အိုး
တစ်ခုတွင် ဖုတ်ပါ ပြာ ကျပါက ထိုပြာကို ပုန်းရည်ဖြင့်
ဖျော် လိမ်းပါက ခရုသင်းနာပျောက်သည်။
#ကာလသားရောဂါ
        ကြိတ်မှန်ရွက် ကြစုသီး သစ်ဆိမ့်သီး နှပ်ချိုမြစ်
ကြေးနီမှုန့် သံမှုန့် တို ကို အညီအမျှ အလေးချိန် ယူ၍
မှုန့် ညက်အောင် ထောင်းပြီး အနာရှိရာ လိမ်းပါက ပျောက်ကင်း၏။
   #လေတုလာသရောအကျိတ်နာ
           ပင်စိမ်းရွက် ရွေးဖြူ ရွက်ဗုံလုံခါးရွက် ၄င်းတို့ ကို
အညီအမျှစီ ယူအားလုံး သုံးဆ ကြိတ်မှန်ရွက် သတ္တုရည်
တွင်ရော၍ကြိတ်ပြီး အတောင့်လုပ်ထားပါ။ ၄င်း အတောင့်ကိုဆံပုန်းရည်ဖြင့်ရောပြီးလိမ်းပါက အထက်ပါ
ရောဂါလျင်စွာပျောက်ကင်းသည်။
#ထိပ်ပြောင်မွေးကျွတ်နာ
            ကြိတ်မှန်ရွက် မန်ကျီးသီး ဆီးဖြူသီး တို့ ကို သတ္တုရည် ပြု သံမဏိ မှုန့် ကိုရောပြီးညက်စွာကြိတ် မှီဝဲ
ခဲ့သော်ဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်းများပျောက်ကာ
ဆံပင်ပြန်ပေါက်ပါလိမ့်မည်။
#နေလှည့်ခေါင်းကိုက်နာ
         ကြိတ်မှန်ရွက် သတ္တုရည်တွင် ဆိတ်နို့ ကို ဆတူယူ ရောပြီး နေတွင်လှမ်းပါပူနွေးနွေး ရှိလာသော
အခါ ရူ ပေးပါကထိုရောဂါ ပျောက်သည်။
#ကိုယ်ရေဝါရောဂါ
         ကြိတ်မှန်ရွက် သတ္တုရည် ကိုငြုပ်ကောင်းမှုန့် ရော၍ နံနက်စောစောတွင် ဒိန်ရည်ဖြင့်သောက်ပါ။ ၇ ရက်
ဆက်သောက်ပါက ပျောက်ကင်းလိမ့်မည်။
  #ပြဒါးအဆိပ်သင့်နာ
        ကြိတ်မှန်ရွက် သတ္တုရည် ပေါက်ပန်းဖြူရွက် သတ္တု
ရည် ဆော်ဒါ မှုန့် တို့ ကို ပုန်းရည်ဖြင့် ရောပြီး တစ်နေ့  ၃
ကျပ်သား ခန့်  သောက်ပေးပါက ပြဒါးများသည် ကျင်ငယ်
မှ သက်ဆင်း ပျောက်ကင်းပါသည်။
#မီးလောင်နာ
    ကြိတ်မှန်ရွက် သတ္တုရည် နှင့် ပင်စိမ်းရွက်သတ္တုရည်
တို့ ကိုရော၍မီးလောင်နာတွင် တစ်နေ့  ၂ ကြိမ်ခန့် လိမ်း
ပေးပါက ပူလောင်ခြင်း ပျောက်ကင်း၍အနာပေါ်တွင်
အမာရွတ်များပါ ပျောက်ကင်းလိမ့်မည်။
#အဆီတိုးရောဂါ
     နေ့ စဉ် ညအိပ်ရာဝင်ချိန်တွင် ကြိတ်မှန်ရွက် သတ္တု
ရည်ဖြင့် ခန္ဓာ ကိုယ်ကို လိမ်းပေး ၆ လတိုင်ပြုလုပ်ပေးပါ
များပြားနေသော အဆီများလျော့ပါးပြီး အဆီကျိတ် များ
လည်းပျောက်ကင်းလိမ့်မည်။
#ဝမ်းဗိုက်ပိုးနာ
      ကြိတ်မှန်ရွက် သတ္တုရည်ကို ဝစ္စမဂ် ၌ ၃ ၄ ကြိမ် လူး
ပေးပါက ပိုးများကျဆင်းလာပါလိမ့်မည်။
#ရေယုန်ကြီးနာ
         ကြိတ်မှန်မြစ် နှင့် နနွင်းကိုရေဖြင့်သွေး၍နေ့ စဉ် လိမ်းကျံပေးပါက ပျောက်ကင်းသည်။
#နူမွဲနာ
    ကြိတ်မှန်ပင် အစို တစ်ပင်လုံးကို ဖယောင်းသားကျ
အောင်ကြိတ်ပြီး နှမ်းဆီဖြင့်ချက်ကာ နူမွဲ များကို လိမ်းပေး
ပါကပျောက်ကင်းသည်။
#ဝမ်းမီနှုံနှင့်သွေးအားနည်း
         ကြိတ်မှန်ပင်တစ်ပင်လုံးကို ယူ၍ အရိပ်တွင် သွေ့
စေကာအမှုန့် ပြု ထို အမှုန့် ဖြင့်အလေးချိန်တူ တြိဖလ အမှုန့်  ရောစပ် ထို ၂ မျိုးလုံး၏အလေးချိန်ဖြင့်ညီမျှသော
သကြားခဲ အလေးချိန်ကို ယူပြီ အမှုန့် ပြုရောစပ် ထို
အမှုန့်  ၃ မတ်သားကိုသင့်တော်သော အစာအဟာရဖြင့်
မှီဝဲခဲ့ပါက ဝမ်းမီးနှုံနှင့်သွေးအားနည်းရောဂါ ပျောက်ကင်း
လာပါလိမ့်မည်။
#ခံတွင်းပျက်နှင့်ကြိတ်မှန်ရွက်ယို
  ကြိတ်မှန်ရွက်ပဉ္စငါးပါးနုတ်နုတ်စင်းပြီးသား ၂၅ ကျပ်သားထန်းလျက်သန့် သန့်  ၁၀ သား နှင့်အရည်ညစ်
ပြီးသားရှောက်သီး ဖတ် ၁၀ ကျပ်သား ကြက်သွန်နီ ပါးပါး
လှီးပြီးသား ၁၀ သား စမုန်မျိုးငါးပါး အမှုန့် နှစ်ပဲသားစီ
 အထက်ပါ ဆေးအစုကို အိုးသစ်တွင် ဆားသင့်ရုံ ရေသင့်
ရုံထည့်ပါ မီးဖိုတွင် ယိုထိုးသလို ထိုးပါ ယို အဖြစ်သို့ 
ရောက်ပါက အအေးခံဘူးသစ်တွင်ထည့် အစာ နှင့် ဝေးချိန် နံနက် အိပ်ရာထ နေ့ လည် ညအိပ်ရာဝင် တစ်နေ့  သုံးကြိမ်စားပေး။ ထို ယိုဖြင့် ပျောက်ကင်းနိုင်
သောရောဂါများ ကိုယ်လက် ဖေါယောင် ကိုယ်ဝန်ရျိစ ပျို့
အန်နာ ကိုယ်ဝန်ပျက် ကြက်မျက်သင့် ချောင်းဆိုးပန်းနာ
ခြေတုန်လက်တုန် တစ်ကိုယ်လုံးယာနာ  နှလုံးတုန်ရင်ခုန်
နှလုံးရောဂါ ပွေးဝဲနှင်းခူ ဖိုမ အင်္ဂါစပ်ရောင်ရောဂါ ဗရင်ဂျီ
နာ မီးယပ်ကွက် မီးယပ်ခေါင်းကိုက် မီးယပ်ထုံကျင်
 မေထုံလွန် မျက်စိမှုန် ယောင်ပြီးလန့် အော်သောအနာ
လေနာ ဝမ်းကိုက် ဝမ်းချုပ်လွန် ဝမ်းသက်လွန် သလိပ်နာ
သာအိမ်ကိုက်ခဲ သည်းခြေသွေးပုပ် သွေးဆုံး သွေးလွန်
သွေးအားနည်း စသည့် ရောဂါများအတွက်လည်း ထိရောက်ပါသည်။
#ကြိတ်မှန်ရွက် လက်သုပ်
   ကြိတ်မှန်ရွက်ကို ရနွေး ဖျော ပြီး ပါးပါးလှီး ကြက်သွန်နီ
ဆီချက် နှမ်းမှုန့်  ပဲမှုန့် အကျတ် မန်ကျည်းမှည့် (ဝါ)ရှောက် သံပရာ ငံပြာရည်တို့ ဖြင့်သုပ်စားပေးခြင်းဖြင့်
အသားအရည် ကြည်လင်စိုပြည်လာပါလိမ့်မည်။
မိန်းခလေး များနှင့် အထူးသင့်တော်သည်။
 အထင်မသေးသင့်သော သဘာဝ လမ်းဘေးပေါက်
ကြိတ်မှန်ပင် အကြောင်းအား တင်ပြလိုက်ပါသည်။

  ညွန်း။    ။  ရှင်နာဂသိန်ပုံပြဆေးအဘိဓါန်
                မြန်မာ့ဆေးဖက်ဝင် အပင်များ
                မသိသူကျော်သွားဆေးမှတ်စု။

No comments: