Saturday 26 September 2015

အချိန်အတွယ်။

ဆေးနည်းများတွင်အချိန် အတွယ် သည်အရေးကြီးသော
နေရာတွင် ပါဝင်နေပါသောကြောင့် ကျမ်းလာ အတိုင်း
ဖေါ်ပြပါမည်။ အဘယ့်ကြောင့် ဆိုပါက ဆေးနည်းတွင်ပါ
သောဆေးပစ္စည်း များပြုပြင် ပြောင်းလဲခြင်းဖြင့် ဆေး အာနိသင်ပါ လိုက်ပါပြောင်းလဲပါသည်။သို့ အတွက်
သီးသန့် ထား၍ ဖေါ်ပြချင်းပါ။

သိင်္ဂဓရသံဟိတာဆေးကျမ်းလာမူရင်းအတိုင်းပါ။
  အချိန် အတွယ်တွင် ကလိင်္ဂတိုင်းနှင့် မဂဓ တိုင်း ချိန်တွယ် နည်းဟု ဖေါ်ပြထားပါသည်။ ကလိင်္ဂ တိုင်းဆို
သည်မှာ ယခု အခါ ကာလကတ္တားမှ မဒရပ်သို့ သွားသော
လမ်းအကြားတွင်အိုရီဆားနယ်တစ်ဝိုက်ဖြစ်၏။၎င်းကို
ရှေးက သြဒိဿ နယ်ဟုခေါ်သည်။ ထိုချိန်တွယ်နည်းနှစ်
မျိုးတွင် မဂဓတိုင်း ချိန်တွယ်နည်းကို မြတ်သော ချိန်တွယ် နည်းဟုပညာရှိတို့ ဆိုကြသည်။

ကလိင်္ဂတိုင်းအလေးချိန်

၁၂- မုန်ညင်းစေ့     ၁-မုယော။
၂ -  မုယော           ၁-ရတီ။
၃ - ရတီ               ၁- ဝလ္လ။
၎ - ဝလ္လ               ၁- တမာသ။
၎ - မာသ              ၁-သာဏ။
၂ - သာဏ            ၁-သုတ္တိ။
၂ - သုတ္တိ              ၁ - ပလ။
၂ - ပလ                ၁- ပသတိ။
၂ - ပသတိ            ၁ - ကုဍဝ။
၂ - ကုဍဝ              ၁ - မာနိကာ။
၂ - မာနိကာ           ၁ -ပတ္ထ။
၎ - ပတ္ထ                ၁ - အာဠှက။
၎ - အာဠှက           ၁ - ဒေါဏ။
၂ - ဒေါဏ             ၁ - သုပ္ပ။
၂ -သုပ္ပ                 ၁ - ခါရိကာ။
၁၀၀ - ပလ            ၁ - တုလာ။
၂၀ - တုလာ           ၁ - ဘာရ။

မဂဓတိုင်းအလေးချိန်။

၃၀ - ပရမာဏုမြူ                  ၁ - ရထရေဏု။
၆ - ရထရေဏု                     ၁- မရိစ။
၆- မရိစ                             ၁ - ရာဇိကာ။
၃ - ရာဇိကာ                        ၁ - သဿပ။
၈ - သဿပ                        ၁ - ယဝ။
၎ - ယဝ                             ၁ - ဂုဉ္စာ ( ရတီ )။
၅ - ဂုဉ္စာ                             ၁ - ပဏ။
၆ - ဂုဉ္စာ                 ၁ - မာသ ( တစ်ပဲ ၆ ရွေး)။
၎ - မာသ                ၁ - သာဏ။
၎ - သာဏ              ၁ -ကောလ ( ၁ တိုလာ )။
၂- ကောလ              ၁ - ကဿ။
၂ - ကဿ              ၁ - အဒ္ဓပလ ( ၂ တိုလာ )။
၂ - အဒ္ဓပလ            ၁ - ပလ။    ( ၄ တိုလာ)။
၂- ပလ                  ၁ - ပသတိ ( ၈ တိုလာ )။
၂ - ပသတိ             ၁ - ကုဍဝ။   ( ၁၆ တိုလာ)
၂ - ကုဍဝ               ၁ - မာနိကာ။ ( ၃၂ တိုလာ )
၂ - မာနိကာ            ၁ - ပတ္ထ။   ( ၆၄ တိုလာ)
၎ - ပတ္ထ                 ၁ - အာဠှက။ ( ၂၅၆ တိုလာ )
၎ - အာဠှက            ၁ - ကလသ။ ( ၁၀၂၄ တိုလာ)
၂  - ကာလသ         ၁- သုပ္ပ။ (၂၀၄၀ တိုလာ)
၂  - သုပ္ပ               ၁ - ဒေါဏ။ ( ၄၀၉၆ တိုလာ)
၎ - ဒေါဏ             ၁ - ခါရီ။
၁၀၀ - ပလ            ၁ - တုလာ (၄၀၀ တိုလာ)
၂၀၀၀ ပလ             ၁ - ဘာရ ( ၈၀၀၀ တိုလာ)

ဤသည်တို့ သည် ကျမ်းဖေါ်ပြပါ အတိုင်းပင် နီးစပ်ရာ ပညာ ရှိများထံမေးလေ။ မိမိ အနေဖြင့်လည်း သိပ် မရှင်း
သေးပါ။
မှတ်ချက်။     ။ ပရမာဏုမြူ ဆိုသည်မှာ နေရောင် တံခါးပေါက်မှ ဝင်လာသော အမှုန် မြူဖြစ်ကာ ထို မြူ သုံးဆယ်ကို ပရမာဏုမြူဟုခေါ်ကာ ထိုပရမာဏုမြူ သုံး
ဆယ်ကို ရထေရေဏု ဟုခေါ်သည်။
၁ တိုလာကို မြန်မာ အချိန် ၁၂ ပဲ သွားဖြင့် တွက်ယူ ပြီး
အချို့က  ၁၁- ပဲ သွားဖြင့် တွက်ယူကြသည်။

ဒါက ကျမ်းလာအတိုင်းကျမ်းပြုသူက
အိန္ဒယ တိုင်းသား ပုဂ္ဂိုလ်ဆိုတော့ မြန်မာ
နဲ့ သိပ်မအပ်စပ်ဘူး ဒီတော့ မြန်မာပြည်
အလေးချိန်စံစနစ် ကို လေ့လာကြည့်တော့။
တစ်ချို့က ဂရမ် ( gram)
တစိချို့က အောင်စ ( ounce)
တစ်ချို့က ကီလို ( kilo)
တစ်ချို့က တိုလာ ( toler)
၁၀ gram မှာ  ၉ ပဲ ၅ ရွေး။
၁ ကီလိုမှာ ၆၀ ကျပ် ၃ ပဲ ၄ ရွေး။
၁ အောင်စမှာ ၁ ကျပ် ၁၄ပဲ။
၁ တိုလာမှာ ၇ ကျပ် ၂ ရွေး။
ဘာထပ်တွေ့လဲ ဆိုတော့ မတူ ညီတဲ့
အလေးချိန် တစ်ချို့ကို ထပ်တွေ့တယ်။
၂ စိပ် ၁ ခြမ်း ၊
၂ခြမ်း ၁ ရွေး ၊
 ၂ ရွေး ၁ပြား ၊
 ၂ ပြား ၄ ရွေး ၊
 ၈ ရွေး ၁ ပဲ ၊
၂ ပဲ၁ မူး ၊
 ၂ မူး ၁ မတ် ၊
၂ မတ် ၅ မူး=၈ပဲ။
၁၆ ပဲ =၁ ကျပ်=၁၂၈ ရွေး= ၁၆.၆၀၆ ဂရမ်။  ဒါ့ အပြင်   ၁ ကျပ်သားမှာ .၀၅၇၆အောင်စ ၊
 ၁အောင်စမှာ ၁.၇၃၆ ကျပ်သား ၊
 ၁ ကျပ်သားမှာ ၁၆.၃၂၉၃ ဂရမ်၊
  ၁ ဂရမ်မှာ ၀.၀၆၁၂၄ ကျပ်သား ၊
၁ပေါင်မှာ ၀.၄၅၃၅၉ ကီလို ဂရမ် ၊
 ၁ ကီလို ဂရမ်မှာ ၂.၂၀၄၆ ပေါင် ၊
၁ ပိဿာမှာ ၃.၆ ပေါင်၊
၁ ပေါင်မှာ ၀.၂၇၇၈ ပိဿာ ၊
 ၁ ပိဿာမှာ ၁.၆၃၂၉ ကီလိုဂရမ်၊
 ၁ ကီလိုဂရမ်မှာ ၀.၆၁၂၄ ပိဿာ ၊
  ၁ တန်မှာ ၁.၀၁၆ မတ်ထရစ်တန်၊
 ၁ မတ်ထရစ်တန်မှာ ၀.၉၈၄၂ တန်။
 အဲ့မှာ ပြောချင်တာက။
ပထမက ၁ကျပ် မှာ ၁၆.၆၀၆ ဂရမ်
ဒုတိယမှာ ၁ ကျပ် ၁၆.၃၂၉၃ ဂရမ် အဲ့လို ကွဲနေတာ အခြား ဟာတွေလည်း
မကွဲဘူးလို့ မဆိုနိုင်ဘူး။

နောက်ပြီး ၁ ကျပ်မှာ ၁၆ ပဲသား အလေးချိန်က။
ရွှေအချိန်ပါ။
ရန်ကုန် အချိန်က ၁ကျပ်သား ၁၂၈ ရွေး
၁ ပဲသား ၈ ရွေး။
မန္တလေး အချိနိက ၁ ကျပ်သား ၁၂၀ ရွေး
၁ ပဲသား ၇.၅ ရွေး ဆိုထားပြန်တော့ မူက
ထပ်ကွဲပြန်ရော။

မြန်မာ့ချိန်ဝန်များမှာ
မုန်ညင်း ၇ လုံးကို နှမ်း ၁ လုံး။
နှမ်း ၄ လုံးကို ဆန် ၁လုံး။
ဆန် ၄ လုံးကို ရွေး ၁ လုံး ။
ရွေး ၄ လုံးကို ၁ ပဲ။
၂ ပဲ ၁ မူး ၊
 ၂ မူး ၁ မတ် ၊
၂ မတ် ၅ မူး ၊
၂ ငါးမူး ၁ ကျပ် ၊
 ၅ ကျပ် ၁ ပိုလ် ၊
၂၀ ပိုလ် ၁ ပိဿာ ၊
 ၂၅ ပိဿာ ၁ ဆွဲ။

မြန်မာရွှေအလေးချိန်မှာ
၂ ရွေးကလေးကို ၁ ရွေးကြီး။
၎ ရွေးကြီးကို ၁ ပဲသား။
၂ ပဲသားကို ၁ မူး။
၂ မူးသားကို ၁ မတ်။
၂ မတ် ၁ ငါးမူး။
၂ ငါးမူး ၁ ကျပ်။
(၂ ငါးမူးကို ၁၆ ပဲသား )
ကျပ် ၁၀၀ ကို ၁ ပိဿာ။
၁ ပိဿာကို ၃.၆ ပေါင်
၁ ပိဿာကို ၁.၆၃၂၉၃၃ကီလိုဂရမ်။
၁ ကျပ်သားကို ၀.၅၇၆ အောင်စ။
ဆိုတော့ကား ဆေးနည်းတွေမှာပါတဲ့
ကျပ် ပဲ စသည့် အလေးချိန်ကို မြန်မာ့ချိန်ဝန် သို့ မဟုတ် မြန်မာ့ရွှေအလေးချိန်ဖြင့်သာ ယူသင့်ပါကြောင်း။
မှားယွင်းခဲ့ပါက ကျွန်နုပ် လေ့လာမှု အားနည်ုးခြင်းသာ ဖြစ်ပါသည်။

No comments: