Wednesday 23 September 2015

‪#‎ဦး‬ Naymyohtethtet Htethtet ၏ facebook page စာမျက်နှာတွင်တင်ခဲ့သောစာ။
‪#‎တပင်တိုင်မြနန်း‬
Kingdom : Plantae
(unranked) : Angiosperms
(unranked) : Eudicots
(unranked) : Rosids
Order : Vitales
Family : Vitaceae
Sub-family : Vitoideae
Genus : Cissus(Vitis)
Species : Cissus discolor/Cissus repens
: (Vitis discolor/Vitis repens)
အမည် - တပင်တိုင်မြနန်း
အင်္ဂလိပ်အမည် - Rex Begonia Vine
ရုက္ခဗေဒအမည် - Cissus discolor /Cissus repens
မျိုးရင်းအမည် - Vitaceae
***ပုံသဏ္ဌာာန်***
‪#‎အပင်‬
နွယ်ပင်မျိုးဖြစ်ပြီးနှာမောင်းအမွှေးလေးများဖြင့်
ရစ်ခါတွယ်ထားသည်။
ပင်စည်သေးသွယ်သည်။
လုံးဝိုင်းမှုမရှိဘဲထောင့်လေးဘက်ရှိသည့်ပင်စည်ဖြစ်သည်။
အကိုင်း(၅)ခုမှ(၇)ကိုင်းအထိဖြာထွက်ပြီး
ချိတ်နှာမောင်းကလေးများဖြင့်တွယ်တက်လေ့ရှိသည်။
‪#‎အရွက်‬
အရွက်မှာဘဲဥပုံသဏ္ဌာန်ရှိပြီးတစ်ရွက်နှင့်တစ်ရွက်၊
ရွက်လွှဲတစ်ဆင့်စီထွက်တတ်သည်။
အနီရောင်ပင်၏အရွက်မှာ
အစိမ်းရောင်နှင့်အနီရောင်ရောလျက်ရှိပြီး
အရွက်မျက်နှာပြင်ပေါ်တွင်အနီရောင်ကတ္တီပါသွေးရှိသည်။
အဖြူရောင်မျိုးမှာစိမ်းဖျော့ရောင်အရွက်တွင်
အဖြူရောင်လေးများလဲ့နေတတ်သည်။
‪#‎အပွင့်‬
ပန်းပွင့်လေးများသည်အလွန်သေးငယ်သော
အဆုပ်ခိုင်လေးများဖြစ်ပြီးအဝါနုနှင့်အနီရောင်လေးများ
ဖြစ်ကြသည်။
သြဂုတ်လမှအောက်တိုဘာလအတွင်းပွင့်ကြသည်။
‪#‎အသီး‬
အသီးမှာအဆုပ်လိုက်ဝိုင်းသောအသီးစုလေးများဖြစ်ပြီး
နီညိုရောင်လေးများဖြစ်ပါသည်။
မှည့်လာသောအခါအနက်ရောင်သို့ပြောင်းသွားပါသည်။
အောက်တိုဘာလမှနိုဝင်ဘာလအတွင်း
အသီးသီးကြပါသည်။
‪#‎ဥ‬
မျက်နှာပြင်ညီညာမှုမရှိသောပုံစံမျိုးစုံရှိသည်။
အညိုရောင်(၃)စုံဖြစ်သည်။
အနည်းငယ်မာကြောသောဥများဖြစ်သည်။
***ပေါက်ရောက်ရာဒေသ***
ပေ(၃၀၀၀)မှ(၅၀၀၀)တွင်ပေါက်ရောက်လေ့ရှိသည်။
မြန်မာပြည်တွင်ရှမ်းပြည်တောင်ကုန်းများတွင်
အများအပြားပေါက်ရောက်ကြပါသည်။
အောက်မြန်မာပြည်နှင့်အထက်မြန်မာပြည်တို့တွင်
စိုစွတ်၍အေးသောရာသီဥတုတွင်စိုက်ပျိုးနိုင်ပါသည်။
အိန္ဒိယနိုင်ငံတွင်လည်း
အများအပြားပေါက်ရောက်ကြကြောင်း
သိရှိရပါသည်။
***ပေါက်ရောက်ပုံ***
အိန္ဒိယနိုင်ငံ၊အင်္ဂလန်နိုင်ငံနှင့်
မြန်မာပြည်တောင်ပေါ်ဒေသများတွင်ပေါက်ရောက်သည့်
အဆိုပါအပင်မျိုး၏အရောင်များသည်
အရိပ်ကျရာပေါ်မူတည်၍
အရွက်များ၏အရောင်အနုအရင့်ကွာခြားနိုင်ပါသည်။
***အသုံးပြုသည့်အစိတ်အပိုင်း***
အရွက်၊ပင်စည်နှင့်ဥသုံးမျိုးလုံးအားအသုံးပြုနိုင်ပါသည်။
နိုဝင်ဘာလမှဒီဇင်ဘာလအရွက်များကြွေပြီးချိန်တွင်
ဥများကိုစုဆောင်းကြသည်။
၎င်းဥများမှပြည့်စုံသောအာနိသင်ရှိပြီးဖြစ်ကြောင်း
အဆိုပြုကြသည်။
ထိုအချိန်မှရရှိသောဥများသည်
ရောဂါများကိုကုသရာတွင်ပိုမိုထိရောက်မှုရှိသည်ဟု
ဆိုကြပါသည်။
***အသုံးပြုပုံ***
အရွက်၊ပင်စည်နှင့်ဥများအား
စားဆေးအဖြစ်အသုံးပြုနိုင်သကဲ့သို့
လိမ်းဆေးအဖြစ်လည်းအသုံးပြုနိုင်ပါသည်။
အဖြူရောင်နှင့်အနီရောင်ဥနှစ်မျိုးစလုံးမှာ
အဖု၊အကျိတ်၊အနာများအား
သွေးလိမ်းရုံဖြင့်ပျောက်ကင်းကြောင်း
သိရှိရပါသည်။
၁။၎င်းအဖု၊အကျိတ်၊အနာများပေါ်တွင်
အရွက်ကိုကပ်ထားခြင်းဖြင့်လည်းသက်သာပျောက်ကင်း
စေပါသည်။
၂။အနီရောင်မှာပိုမိုအာနိသင်ထက်မြက်ပြီး
ကင်ဆာအကြိတ်ဖြစ်ခါစများကိုပင်
ပျောက်ကင်းကြောင်းဆိုကြပါသည်။
၃။အစာအိမ်ရောဂါများတွင်
အဖြူနှင့်အနီဥနှစ်မျိုးလုံးအား
(၅)ကျပ်သားခန့်အမှုန့်ပြုလုပ်၍
ပျားရည်ဖြင့်အလုံးလေးများပြုလုပ်ခါ(အလုံး-၅၀)၊
တစ်နေ့တစ်လုံးစားပေးခြင်းဖြင့်
အစာအိမ်နာကိုပျောက်ကင်းနိုင်ကြောင်းတွေ့ရှိရပါသည်။
၎။အရွက်အား
အသားနုတက်စေလိုသည့်အနာများပေါ်တွင်
ကပ်ပေးထားခြင်းဖြင့်
လျင်မြန်စွာအသားနုတက်လာကြောင်းတွေ့ရှိရပြီး
အနာကျက်မြန်စေပါသည်။
၅။ထို့အတူ
ရိုးရိုးအဖုအပိန့်အနာလေးများပေါ်တွင်
သွေး၍လိမ်းပေးခြင်း၊
အရွက်ရပါကကပ်ပေးခြင်းဖြင့်ပျောက်ကင်းကြောင်း
တွေ့ရှိရပါသည်။
၆။တပင်တိုင်မြနန်းဥအားအမှုန့်ပြူပြီး(၅)ကျပ်သား၊
ရှားစောင်းလက်ပတ်(၂၅)ကျပ်သား၊
ထန်းလျက်(၁၀)သားနှင့်
ရေ(၂၅)ကျပ်သားခန့်ထည့်၍ပျစ်အောင်ကျိုပြီး
လက်ဖက်ရည်ဇွန်းကြီး(၁)ဇွန်း၊တစ်နေ့တစ်ကြိမ်
တစ်လခန့်သောက်ပေးခြင်းဖြင့်
သားအိမ်တွင်းအလုံးအကြိတ်အချို့အား
သက်သာပျောက်ကင်းကြောင်းသိရှိရပါသည်။
၇။တပင်တိုင်မြနန်းဥအမှုန့်(၁၀)ကျပ်သား၊
ပျားရည်(၁၀)သား၊ထောပတ်(၅)ကျပ်သားအားရောမွှေပြီး
တစ်နေ့လျှင်
လက်ဖက်ရည်ဇွန်းသေးတစ်ဇွန်းခန့်သောက်ပေးခြင်းဖြင့်
အသက်ရှည်အားတိုးဆေးဖော်စပ်ကြပါသည်။
၈။သွေးမသန့်သူနှင့်မီးယပ်ရောဂါသည်များအား
တပင်တိုင်မြနန်းဥအမှုန့်(၅)ကျပ်သား၊
ထန်းလျက်(၁၀)သား
မန်ကျည်းသီးမှည့်အနှစ်(၅)ကျပ်သားရောကျိုပြီး
တစ်နေ့လက်ဖက်ရည်ဇွန်းသေးတစ်ဇွန်း
သောက်သုံးပေးခြင်းဖြင့်
မိန်းမရောဂါများ၊သွေးမသန့်သူများ
ရောဂါပျောက်ကင်းနိုင်ကြောင်းသိရှိရပါသည်။
သုတေသနပြုစမ်းသပ်တွေ့ရှိချက်များအရ
၎င်းတပင်တိုင်မြနန်းဥတွင်
Glycosides နှင့် Flavonoid များပါဝင်ကြောင်း
သိရှိရပါသည်။
အရွက်ကိုစားရာတွင်လည်းကောင်း၊
ဥကိုသွေးလိမ်းရာတွင်လည်းကောင်း
အနည်းငယ်ယားယံသောခံစားမှုကို
နာရီအနည်းငယ်(၁နာရီမှ၃နာရီခန့်)ခံစားရပါသည်။
ပြီးလျှင်ယားယံမှုများပျောက်ကင်းသွားပြီး
အခိုးများပွင့်လာခြင်းကိုခံစားရပါသည်။
‪#‎Source‬ : Google
‪#‎လက်တွေ့အသုံးချဆေးဖက်အပင်များပေါင်းချုပ်‬
(ကျန်းမာရေးဝန်ကြီးဌာန)
‪#‎ပုံမှာမအဲရစ်မွန်း‬(Ericmoon)၏ပုံဖြစ်ပါသည်။

No comments: