Wednesday 23 December 2015
ဆီးချိုအတွက် ကောက်နှုတ်ချက်
==================
ကမ္ဘာပေါ်ရှိ လူဦးရေ သန်းပေါင်းများစွာကို ဒုက္ခပေးတဲ့ရောဂါအထဲမှာ ဆီးချိုလည်းပါပါတယ်။ အာယုဗ္ဗေဒ ဆေးကျမ်းကြီးများက ဆီးချိုရောဂါကို “ရောဂါဥက္ကဋ္ဌ = ရောဂါတို့၏ အကြီးအကဲ” လို့ဆိုတယ်။ ဆီးချိုရောဂါဟာ ရောဂါတံခါးကို ဖွင့်ပေးတဲ့ ရောဂါလို့လဲ ဆိုနိုင်တယ်။ ဆေးသိပ္ပံအဆိုအရ ပန်ကရိယလို့ခေါ်တဲ့ အူမကြီးမှာ လိုအပ်တဲ့ အင်ဆူလင် အရည်တွေ အလုံအလောက် မထုတ်ပေးနိုင်လို့ ဆီးချိုရောဂါဖြစ်လာတယ်လို့ ဆိုထားတယ်။ ခေတ်သိပ္ပံဆေးတွေကတော့ ဆီးချိုဝေဒနာသည်ကို အင်ဆူလင်ဆေး ထိုးပေးကြတယ်။
တိုင်းရင်းဆေးအရရော ခေတ်သိပ္ပံနည်းအရပါ ဆီးချိုဟာ အစားအသောက် မရှောင်လို့ပါ။ အချိုအဆိမ့်တွေ အစားများလို့ ဖြစ်ကြရတာပါ။
ဆီးချိုရဲ့ ရှေ့ပြေးနိမိတ်ကတော့ . . .
ဆီးခဏ ခဏ သွားမယ်။ ရင်ပူပြီး ရေငတ်တယ်၊ အာလည်း ခြောက်တယ်။ အိပ်ယာထဲပဲ ဇိမ်နဲ့ နှပ်ချင်မယ်။ ခန္ဓာကိုယ် ဝဖြိုးလာမယ်၊ အေးတဲ့အရသာ အထိအတွေ့တွေကိုပဲ အလိုရှိတယ်။ အိပ်ရေးပျက်ပြီး အားအင် ကုန်ခန်းမယ်။ တချို့ ကျားမ လိင်အင်္ဂါတစ်ဝိုက်မှာ ယားယံတတ်တယ်။ ပန်းသေပန်းညှိုးလည်း ဖြစ်တတ်တယ်။ ဆီးချိုဖြစ်မှန်း မသိဘဲ စားချင်တာတွေ စိတ်ကြိုက်စားတော့ ဝရာကနေ ပိန်ချုံးကျသွားတာလည်း ရှိတယ်။ ထိခိုက်ရှနာရင်လဲ အနာက တော်တော်နဲ့ မကျက်တတ်ဘူး။ ဒါတွေဟာ ဆီးချိုဖြစ်မည့် လက္ခဏာတွေပါ။
ဆီးချိုအဖြစ်များတဲ့လူတွေကတော့ . . .
ကိုယ်လက်လှုပ်ရှားမှုနဲမယ်၊ အထိုင်များမယ်၊ အအိပ်များမယ်၊ ဘယ်သွားသွား လမ်းလျှောက်နဲတဲ့သူ၊ ရေခဲသေတ္တာ ပန်ကာ ဆိုဖာကြီးတွေနဲ့ ဇိမ်ခံတဲ့သူတွေ အဖြစ်များတယ်လို့ ကောက်ချက်ချကြတယ်။
ဆီးချိုဖြစ်သူများအတွက် တိုင်းရင်းဆေးကတော့ အောက်ပါအတိုင်း နီးစပ်ရာ တစ်ခုခုကို သောက်နိုင်ပါတယ်။
(၁) ပုတီးဖြူရွက်ကို သုံးခွက် တစ်ခွက်တင် ကျိုပြီး နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပါ။ တစ်ခါသောက်လျင် အချိုပန်းကန် တစ်လုံးလောက်သောက်ပါ။
(၂) သပြေခေါက်ကို ကျိုသောက်ပါ။ (သပြေဆိုတာ ဘုရားကို အမြဲတမ်း လှူနေတဲ့ သပြေကို ပြောတာပါ။ သွေးတိုး လေငန်းရှိတဲ့သူများ သပြေခေါက်နဲ့ မတဲ့ဘူးလို့ ဆရာမကွေးဝင်းမြင်က ဆိုထားပါတယ်)
(၃) ဆင်တုံးမနွယ်ပြုတ်ရေကိုလည်း သောက်နိုင်တယ်။ ဒါမှမဟုတ် ဆီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့် သုံးမျိုးပေါင်းထားတဲ့ တြီဖလပြုတ်ရေကို သောက်ပါ။
(၄) ခတက်ခေါက် ပြုတ်ရည်
(၅) ကင်ပွန်းရွက်ကြမ်း သတ္တုရည်အကြမ်းပန်းကန် တစ်ဝက်ရအောင်ညှစ်ပြီး နေ့တိုင်းသောက်ရန်၊ (တစ်လလောက်သောက်ရန်)
(၆) ကြက်လည်ဆံရွက် သုံးခွက်တစ်ခွက် တင်ကျိုပြီးသောက်။ (ကြက်လည်ဆံရွက် လွယ်ကော်လေဆိပ်မှာ အလေ့ကျများစွာပေါက်ဟုဆို)
(၇) အိန္ဒိယ ဗုဒ္ဓဂယာဘုရားဖူးသွားတုံးက ရာဇဂြိုဟ် မြန်မာကျောင်းမှာလည်း နွယ်ပင်တစ်မျိုးကို ကုလားတွေက ဆီးချိုပျောက်တယ်ဆိုပြီး ရောင်းတာ တွေ့ရတယ်။ အဲဒီအပင်ကိုတော့ စာရေးသူ နာမည် မသိခဲ့ပါ။ မြန်မာပြည်အတွင်းမှာလည်း ရှိတယ်လို့ဆိုတယ်။ အဲဒီ အပင်ကို အမှုန့်ကြိတ်ပြီး စားရင်လဲ ဆီးချိုပျောက်တယ်။
= မှတ်ချက် = ဆေးဆိုတာက ခန္ဓာကိုယ်အသွေးအသားရဲ့ လက်ခံမှုပေါ် မူတည်ပါတယ်။ ဒါကြောင့် တချို့ ဒီဆေးနဲ့ ပျောက်တယ်။ တချို့ကျတော့ မပျောက်ဘူးပေါ့။
ဆီးချိုနဲ့ မတဲ့သည့် အစားအစာများ
ငှက်ပျောသီး၊ ရေအေး (ရေအေးအစား မြင်းခွာရွက်ပြုတ်ရည်၊ ကင်ပွန်းချဉ်ပြုတ်ရည်၊ ရေနွေးကို သောက်နိုင်ပါသည်)၊ သဘောင်္သီးမှည့်၊ ကြက်ဥ၊ နွားနို့၊ မြေပဲ၊ ဝက်သား၊ ဘဲသား၊ ပုစွန်၊ ငါးသလောက်၊ အုန်းနို့၊ခေါက်ဆွဲ ငါးသေတ္တာ၊ ဒညှင်းသီး၊ မှို၊ မျှစ်၊ ပန်ကာလေ၊ ရေခဲရေ၊ လေအေး (သိပ်အေးလွန်းတဲ့ နေရာ မနေသင့်ပါ)၊ ရေအေး (ရေချိုးလျင် ရေနွေးဖြင့်ချိုးပါ)၊ ချိုအေးသော ဖျော်ရည်မျိုးစုံ၊ ကော်ဖီ၊ မိုင်လို၊ အိုဗာတင်း၊ ဟောလစ်၊ လက်ဖက်ရည်အချို၊ ဘီစကစ်မုန့်၊ သြဇာသီး၊ ပန်းသီး၊ သစ်တော့သီး၊ ဘူးသီး၊ သစ်ကြားသိး၊ မြေတွင်းအောင်း သတ္တ၀ါ၊ စတာတွေ ရှောင်ရပါမည်။
ဆီးချို ဝေဒနာရှင်များ စားသုံးရန် အစားအစာများ
ငရုတ်ကောင်း၊ မဆလာ၊ ချင်းများများနှင့် ချက်ပြုတ်သာ ဆိတ်သားနဲ့ အစားအစာ၊ မြင်းခွာရွက်၊ ခွေးတောက်ရွက်၊ ကြိတ်မှန်ရွက်၊ ဒန့်ဒလွန်ရွက်၊ ကနေဖော့၊ ကြာဟင်း၊ ပိုးစာ၊ နှမ်းလှော်၊ နှမ်းထောင်း၊ သမှုန်းရွက်၊ အမဲသား၊ ချိုး၊ ခါ … စတာတွေ စားနိုင်ပါတယ်။
ဆီးချိုအတွက် အကောင်းဆုံးဆေး
မသိရင် ကျော်သွား သိရင်ဖေါ်စားဆိုသလို ဆီးချိုအတွက် အကောင်းဆုံး ဆေးတစ်လက်ကတော့ ငါးချိတ်ကောက်ရိုးကို ကြိုသောက်ခြင်းပါ။ ငါးချိတ်ကောက်ရိုးကို သေခြာစွာ အခြောက်လှမ်းပြီး နှုတ်နှုတ်စင်းကာ ဓါတ်ဗူးထဲ လက်ဖက်ရည်သောက်သလို ထဲ့သောက်ရင်လည်း ဆီးချိုပျောက်နိုင်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းဟာ ဆေးကုခြင်းထက်ကောင်း၏ ဆိုတဲ့အတိုင်း ဆီးချိုမဖြစ်စေချင်ရင်
(၁) အချိုအဆိမ့်ကို ရှောင်ပါ။
(၂) ready made အချိုဗူးတွေ သံဗူးတွေ စားကောင်း သောက်ကောင်းတိုင်း သိပ်မသောက်ပါနှင့်။
(၃) ထင်တိုင်းလဲ မဆိုနှင့် ဝင်တိုင်းလဲ မမျိုနှင့် ဆိုတဲ့အတိုင်း အစားအစာစားတဲ့နေရာမှာ ဆင်ခြင်ပြီးတော့ စားပါ။ သိပ်အဝအပြဲကြီး မစားသင့်ပါ။
(၄) ချွေးထွက်သည်အထိ ကိုယ်လက် လှုပ်ရှားမှု နေ့စဉ်ရှိရပါမည်။
မကွေးဝင်းမြင့်၏ “ဆီးချိုဆိုသော ထိုရောဂါ” စာအုပ်မှ မှတ်ချက်များ ထုတ်ယူ တင်ပြခြင်းဖြစ်သည်။
BY LAISAITAI
Saturday 19 December 2015
#ဘာကြောင့်ဒီစာအုပ်တွေတင်တာလဲဆိုတော့
မိမိ စိုက်တဲ့ အပင်ဟာ ဘယ်လို အာနိသင်တွေ ရှိလည်း ဘယ်လို ပုံ ဘယ်လိုနည်းတွေနဲ့ အကျိုး
ဖြစ်ထွန်းလဲ ဆိုတာပါ။ ရှင်နာဂသိန်  ဆို ရဟန်း
က အတော် ကျေးဇူးများခဲ့တယ်။ ခု ဒီ link တွေမှာ သူ့ စာအုပ် ( ဆေးဖက်ဝင်အပင်များ)
အပြင် အခြားစာအုပ်တွေလည်း ရှိတယ်။
ဒေါင်းပြီ ဖတ်စေချင်လို့ ။  ပြီးတော့ သူ့ အပြင်
အခြား စာအုပ်တွေဟာ ရှားပါး တွေပါ။
ဖတ်ခြင်း မှတ်ခြင်း ဖြင့် ဒေသ ပေါက်ပင်ဟာ
ဘယ်လို စွမ်းဆောင်ချက်ကြောင့်
ဘယ်လို အကျိုးပြု သလဲ ဆိုတာ သိဖို့ ပါ။
မှတ်ချက် ။   ။ PDF အဖြစ် မူရင်း တင်ခဲ့သူတွေက အစ်ကိုကြီး Warazein Min
အစ်ကိုကြီး ကိုသူရ ဖြစ်ပါသည်လို့ ။
blog မှာလည်း တင်ထားပါတယ်။
လို ချင်တဲ့အချိန် ဝင်ဖတ်နိုင်ပါတယ်။
                                           စည်သူ။
မြန်မာ့တိုင်းရင်းဆေးပညာကို လေ့လာလိုက်စား သူတိုင်း ဆောင်ထားဖတ်ရှုသင့်သည့် စာအုပ်များ
၁။သိမ်ဖြူ ပုံပြဆေးအဘိဓာန် ပထမတွဲ
http://www.mediafire.com/?sjl59f851zork29
၂။သိမ်ဖြူ ပုံပြဆေးအဘိဓာန် ဒုတိယတွဲ
http://www.mediafire.com/?wlvrwmd5hyui59c
၃။သိမ်ဖြူ ပုံပြဆေးအဘိဓာန် တတိယတွဲ
http://www.mediafire.com/?tv5iozlisxwu5mt
၎။သိမ်ဖြူ ပုံပြဆေးအဘိဓာန် စတုတ္ထတွဲ
http://www.mediafire.com/?qa76w66qii65iyd
၅။ကျမ်းမာရေးဝန်ကြိုဌာန မြန်မာ့ဆေးဘက်ဝင်အပင်များ
https://my.pcloud.com/publink/show?code=1aUrtalK
၆။ဥိးသန်းလှိုင်
ဘေသဇ္ဇမဉ္ဇူသာကျမ်း
https://userscloud.com/jdaulfekgnbi
၇။ယောအတွင်းဝန်ကြိးဥိးဘိုးလှိုင်
ဥတုဘောဇနသင်္ဂဟကျမ်း
https://userscloud.com/0fsk7iunloo3
၈။ဥိးဌေးလှိုင်ပြုစာသည်
ရတနာပုံခေတ်ဓာတ်ဆရာကြိးဥိးပို၏ဓာတ်ကျမ်းများ
https://userscloud.com/isvc1ej5z4z5
၉။ဒေါက်တာခင်မောင်လွင်
ဣသယမူလီ
https://my.pcloud.com/publink/show?code=XZ3KWHZADr3LAThK6SorPbpzipdq8VIxj47
၁၀။ဥိးဟန်ထွန်း
မြန်မာ့ဆေးနည်းတိုကျမ်း
https://userscloud.com/yurahvtcm2lz
၁၁။လက္ခဏသာရဓာတ်ကျမ်းနှင့်ရာသီကျမ်း
https://userscloud.com/d3z27sf2m5qe
၁၂။ဆရာကြိးဥိးဟန်ထွန်း
ဗုဒ္ဓခေတ်မှဆေးဝါးများ
https://userscloud.com/v28freo0c4je
၁၃။သမားတော်ကြိးဥိးအုန်းရွှေ
လက်တွေ့ကုထုံးသင်ရိုးညွန်တမ်းအဖွင့်ကျမ်း
https://userscloud.com/tt8bu8mb77g1
၁၄။ဂျာနယ်ကျော်မမလေး
မြန်မာ့ဆေးပညာ
https://userscloud.com/p8x4t52bbm6p
၁၅။ အရှင်နာဂသိန်
ပရန္နဝါပင်
https://yadi.sk/i/TBDELmlUkvckH
Wednesday 9 December 2015
ကျမ်းမာရေးသုတပဒေသာ
စပ်မိစပ်ရာမြန်မာဆေးပညာ
******************
(မြန်မာ့ ပါရာစီတစ်မော*သို့မဟုတ်*တိုင်ရင်းဆေး
   အမှတ်-၃၅ ဇါတိဝင်္ဂဆေးတော်ကြီး)
     ဒီနေ့ခေတ်သစ်မြန်မာတွေကအားတော့နာပါ
တယ်နိင်ငံခြားအတော်အထင်ကြီးကြတယ်ဒါလဲအပြစ်မပြောပါဘူးဘာလိုလဲဆိုတော့*အမှောင်ခေတ်
ဆိုးမှာနေခဲ့ရတာကိုဗျ *မြန်မာ့ရိုးရာမှန်သမျှနှစ်၅၀
နီးပါး စစ်ဖိနပ်တွေအောက်မှာကြေမွပျောက်ကွယ်
သွားကြတာ(မြန်မာ့တိုင်းရင်ဆေးပညာမှာမှဟုတ်များ
စွာပါဘဲဗျာ
     တစ်လောကမြို့တစ်မြို့မှာတာဝန်ထမ်းနေတဲ့
တိုင်းရင်ဆေးခန်းမှူးကြီးသူငယ်ချင်းဆီဖုံးနဲ့လှမ်းမေး
မိတယ် တစ်ခြားမဟုတ်ပါဘူးအမှတ်၄၂ဥဏှပထဝီ
ဆေးရယ်အမှတ် ၁၁ မုတ်ကဲဆေးရယ်အမှတ်၁၄ဒေ
ဝသြသဓဆေးရယ်ရှိသလားလိုလှမ်းစပ်စုလိုက်ထာ
*ပြောမပြောချင်ပါဘူး  ဆဲလိုက်ထာ  ရန်စတာလား
တဲ့  ဘယ်ချောင်သွားသေမေလဲတဲ့ ဒီဆေးတွေနိင်ငံ
တော်တိုင်ရင်းဆေးဝန်ကြီးဌာနကမထုပ်တာနှစ်၂၀ကျောါနေပီ  တိုင်ရင်းဆေးဝါးဋ္ဌာနမှာတောင်ဆေးဖေါ်
မျူလာတောင်ရှိ-ရှိသေးလားမသိဘူးဟေ့  အမှတ်
၃၅-က/ဇါတိဝင်္ဂငန်းဆေးအမိုး၃၀ပါဆေးမဖေါ်နိုင်
လို့  ၅၃(က)၁၃ပါးဇါတိဝင်္ဂဆေးဘဲဖေါ်သုးံနေရ
တယ် ဟေ့ မင်းဟာမင်းမိုးရေထိုးတိုက်ဆောက်နေ
တဲကုက်ကဗိန္ဓောဆေးလာမရူပ်နဲ့ အခွံဘဲရမယ်
…………ဘာညာဘာညာနဲ့အဆဲခံရရော့ခ်ခ်ခ်
အော် ဒို့တိုင်းပြည်ဖြစ်ရပုံများ
     ကဲပါလေကျနော် ခုလိုမြန်မာ့ပါရာစီတမော့
လို့ခေါင်းစဉ်တပ်ရတဲ့ဇါတိဝင်္ဂဆေးအကြောင်းဋီကာနဲနဲချဲ့ပြရစေ  ဒီဆေးကရှေးကမြို့ရောတောပါမကျန်
အိမါတိုင်ဖေါ်ထားတဲ့ဆေးဗျ  အလွယ်ခေါ်လိုက်တာ
ဇါတိဝင်္ဂအစာမန်းငန်းဆေးအဆိပ်ဖြေငန်ဆေးတဲ့ဗျ
&*ဥတုဖျားသလား ဇါတိဝင်္ဂသောက်
*ခေါင်းကိုက်သလား ဇါတိဝင်္ဂသောက်
*အစာမှားဗိုက်အောင်သလား ဇါတိသောက်
*ကိုယ်လက်ကိုက်ခဲချွေးငုတ်နေလားဇါတိသောက်
*အနာမန်းတက်ကိုက်သလားဇါတိသောက်
*ဒါးရှပုဆိန်ထိဒဏ်နာလား ရူပ်တယ်ပြောင်အောင်
   ဆေး အဲ့ဆေးမူန့်ထည် ရော့တစ်နေ၄ကြိမ်
   သောက်ပျောက်
*ငှက်ဖျားလားကြက်ဖျားလာ ရော့ ဒီဆေးကွမ်းသီး
   တစ်ခြမ်းစာသောက်ချွေးထွက်အဖျားကျ သွား
    လယ်တောမှာအလုပ်ပြန်လုပ်
*&မီးယပ်ငုတ်နေတာ၂လ၃လ ရော့ပိန်သူဆိုရင်
  နံသာနီလေးသွေးရေနွေနဲ့တစ်နေ့၃ကြိမ်သောက်
မယ်ပိန်ရောထန်းလျက်ပြုတ်ရေနဲ့သော်ဟေ့်
   အမယ်ဝဝဖြိုးဖြိုးမီးယပ်ငုတ်လားရော့ ချင်တိုငရုပ်
   ကောင်းတို့ပိတချင်းမြစ်တိုနဲ့တစ်နေ၃ကြိမ်
    သောက်  ဟဲ့ရှာရခက်နေရင်ချင်းနဲ့သောက်
  &*ဒူလာချွေးငုတ်အညောင်တုတ်လို့ခေါင်နဲ့ကိုယ်
    လက်တွေနာတာကိုက်ထာဟေ့ အလုပ်မလုပ်ချင်
     ဘူး ဘာရမလဲ ကွမ်အစ်ထဲကကွမ်၂ရွက်ထပ်
     ဇါတိဝင်္ဂကွမ်းသီးတစ်ခြမ်းစာထည့်ရေနွေးပူပူ
     အခါးပုဂံ၃-၄ခွက်မူတ်သောက် ပါးစပ်လဲစပ်လဲ
    ထူပူချွေးထွက် ကိုက်ခဲတာပျောက်သွားအလုပ်
     လုပ်ဒါဘဲ
&*ဟာ အလှူမှာဝက်သားနဲမျှစ်ချဉ်ငရုပ်သီးကြော်
    အစာလွန်ပြီးဝမ်းလျှောဝမ်းကိုက်နေပြီဟ အိမ်သာ
     ပေါက်ငုတ်တုတ်ထိုင်နေရပြီဟေ့ အမယ်ဘာရမ
     လဲ အိမ်ရှေ့ကကန်ခူပ်နီအပင်ကအရွက်လက်
    တစ်ဆုပ်ခူးပြုတ်ရေနဲ့ လာလေ့ရောဇါတိဝင်္ဂ
    သောက် ၂ခွက်မသောက်ရ ပျောက်စွမ်းပါ့
  &*အမယ်လေးသွေးဝမ်ပါပါလါပြီ ဒါများအေ
     (ဟိုနိင်ငံခြားကပန်ပင်ကွစ်မီကစ်အရွက်၇ရွက်
     ရင်ဝါးစား ပြီးရင် နောက်မနစ်၃၀နေရင် ဇါတိဝင်္ဂ
      မန်းကျီး၂စေ့ သကြားရေနဲ့သောက်
            ပြောပြရင်ဆုးံမှာမဟုတ်ဖူးပါရာစီတမော့
ကခေါင်းကိုက်ဖျားကိုယ်လက်ကိုက်ခဲရုံကူပ်တိုမြန်မာ့
ဆေးဇါတိဝင်္ဂငန်းဆေး ဆေးအသုးံချနည်းအကျဉ်း
(၃၉)မိုးဘဲပြတာ ဆေးဆရာလက်ထဲရောက်တော့ ၇၅မိုးကုထုးံဖြစ်သွားရော့
     &*ပြောပြအုးံမယ် ခံတွင်းအနံမကောင်ဘူးဗျာ
အနံတွေထွက်နေတာဘာဆေးမှမရဘူးဆေးရှိပေးစမ်းပါတဲ့ လူကခရီသွားဟန်လွဲအသိကတောင်ဆိုတော့
ဈေးထဲက ဘယဆေးဆိုင်မှာ ဖေါ်ပြီးသားဇါတိဝင်္ဂ
၁ကျပ်သား၅၀၀ကျပ်ပေးဝယ်ပြီအဲ့ဆိုင်ကပဒဲကော
အခြောက်၅ကျပ်သား၄၀၀ဖိုး၅ကျပ်သားဝယ်ပြီး
*ရော့  ဒဲ့ဒီပဒဲကော၃-၄ဖတ်ပြုတ် ဒီဆေးမန်း၃စေ
မနက်နေညသောက် ပေးလိုရော့ အမယ်လေးဒီသူ
ငယ်ချင်းက ဟကောင် ချွေးပါနံသာဟတဲ့  ဒီဆေး
ကငန်းဆေလေဘာဆိုင်လဲတဲ့ **ကျနော်ကဟေ့
ကောင်ဆိုင်လို့ပေးတာ မင်းအခိုးပိတ်နေတော့အပူ
အပုတ်တွေကြောင် အခိုးပွင်ျအာင်တိုက်ထာဟေ့
ယုံမှသောက်**ဟေ့ကောင် အင်္ဂလိပ်ဆေးပေးလေ
ကွ မင်းဟာဒေါက်ချာလဲတဲ့**၆ မြင်ကပ်ကပ်နဲ့
ခံတွင်းအနံပျောက်ငုံဆေးတွေငုံလေဟဟိုမှာဦး
ကျော်ဆေးဆိုင် **မင်းပြောမှလား လုက်ပြီးပြီမ
ပျောက်လိုပေါ့ဟ**တဲ့လေ အေးအဲ့ဒါသောက်
မပျောက်မှငါလာပြောသွားပြီ**ဆိုပြီးထားခဲ့ရော့
၂ပတ်လောက်ကြာတော့ဖုန်းဆက်တယ် *ဟေ့
ကောင် အဲ့ဒီဇါတိဝင်္ဂကောင်တယ်ဟုခုအနံမထွက်
တော့ဘူးဟ  ဒါပေမဲ့ဆေး ပုလင်းတွေမှာ ခံတွင်းအနံ
ပျောက်တယ်လို့ရေးမထာဘူးဟ**သေရောမိချောင်းမသား လေ လျှာရှည်ပုံပါ။
     &*ပြောပြချင်တာကကျနော်တို့မြန်မာတွေအ
ထင်မသေးစေချင်ဘူး ဆေးကိုစနစ်တကျဖေါ်ပြီးလူ
တွေအသောက်ရလွယ်ကူပြီးထိရောက်တဲဆေးလုးံဆေးပြားလေးတွေရိုက်ပြီးသုးံစွဲမယ်ဆိုရင်အလွန်ကောင်းပမှာပါ ဒီဆေးနည်ကိုတော့ဆရာဦးသိန်းလွင်ရေး
တဲ့တိုင်းရင်ဆေးနည်းကျော်များစာအုပ်မှာအသေး
စိတ်ရှာဖတ်ပါ
  &*ကျနော့်ဆရာမျာနဲ့ကျနောတိုကတော့ခုလိုဆေး
ပြားလေးတွေရိုက်ပြီးသုးံပါတယ် ၅၀မီဂရမ်ဆေးပြား
လေးတွေပေါ့နော်  စီးပွားဖြစ်လုးံဝမရောင်းပါ
ဆေးခန်းသုးံအဖြစ်ဘဲလုပ်တာပါ။ခုလဲဗဟုသုတအဖြစ်တင်ပြတာပါ  သူများနိင်ငံတောင်ဖြစ်သေးရင်ကျ
နော်တိုလဲဖြစ်ပါတယ် ။ဆေးတောင့် ဆေးပြားထိလုပ်
ပြီးကုဆေးအဖြစ်ပါပေးကြပါတယ်။
      &*ဆေးစစ်ဆေးဝါးမှန်ဖြစ်ဖို့ကအဓိကပါ
&*ဆေးမစွမ်းတာမဟုတ်ပါ ဘယဆေးအတုအပ
တွေလျှောက်ထည့်နှစ်ခို့တွေသုးံလို့မစွမ်းတာပါ
တကယ်အစစ်အမှန်ရဖိုဒီနေခက်ပေမဲ့ရနိုင်ပါတယ်
စေတနာမေတ္တာဂရုဏာ နဲ့ဖေါ်စပ်တတ်ဖိုအရေးကြီး
ပါတယ်ဆေးတစ်ပြားဟာ၂ကျပ်လောက်ဘဲကျတယ်
ဘာခက်တာလဲဆိုတော့နည်းပညာနဲ့ ဘယဆေးစု
ဆောင်းမူ့ အဲ ဆေးဝါး စစ်ဆေးတော့ မတန်တဆ
သိန်းဆယ်ချီတောင်တာနဲ့ကြိုးနီစနစ်တွေကြောင့်ပါ
ဒါကြောင် ဆေးဆရာငယ်တွေဟာကိုယ်ပိုင်ဆေးခန်း
လေးတွေဖွင့် တစ်နိင်တစ်ပိုင်လေးတွေဖေါ်ကိုယ်လူ
နာနဲ့ကိုယ်နီးစပ်ရာကုနေရတော့မြန်မာ့ဆေးမတိုး
တက်ခဲ့ဘူးလွန်ခဲ့တဲ့၁၅နှစ်လောက်ကဆိုရင်
တိုင်းရင်ဆေးမြို့နယ်ဆေးမှူးခရိုင်ဆေးမှူဆိုတဲ့
မိုကျရွှေကိုယ်တော်တွေ နယ်မြို့ကတိုင်းရင်းဆေး
ဆရာကြီးတွေကို လက်မှတ်မရှိဘူး/ဆေးခန်းလိုင်
စင်မရှိဘူး/ခရိုင်တိုင်းခွင့်ပြု့မိန့်မရှိလို့ဘာဖြစ်
ညာဖြစ်တယ်ဆိုပြီး တစ်လ တစ်သောင်း၂သောင်း
ခြိမ်းခြောက်တောင်း အဲ အပ်ပုန်းကိုင်တဲ့သူတွေဒုနဲ့
ဒေး ရှိနေချိန် မြန်မာဆေးပညာရှင်တွေ သွေးပေါင်ချိန်စက် နာကျပ် ဆေးထိုးအပ်ကိုင်လို့ဆို
ပြီးဖမ်းကြညစ်ကြ အေးဒမြဆေးဒါးမြတိုက်ကြလို့
မြန်မာ့ဆေးနှစ်၂၀ပျက်ပါရော့ လာလိုက်ရင်အထက်
အမိန်ဘာစရွက်မှမပါ အဲ့ဒီမှာဆေးပညာနကန်းတစ်
လုးံမှမတတ်မသိတဲ့ငွေရှင်ကြေးရှင်တွေ တံဆိပ်အမိုးမိုး အမည်အမိုးမိုးထုပ်လိုက်ကြတာ
*လက်တွေ့ပါဗျာ ဘယဆေးဆိုင်ကိုဆေးညွှန်းပို့
ဘာရွက်ညာရွက်ဘာမြစ်ညာမြစ်မသီဘယဆေးဆိုင်ကထည့်ပေးတာစက်ထဲအကုန်ထည်ကြိတ် ထုပ်လုပ်
သူကိုယ်တိုင်တောင်မသုးံရဲမစွဲရဲ သူတို့ဖြစ်တော့
ဆရာဝန်ပါရဂူဆီပြေး ကိုယ်တွေ့ *နာမ်မည်ကြီး
ဆေးဆရာကြီးအမည်ခံအမတ်အမည်ခံသိန်းထောင်ချီလူတဲ့ဆရာကြီး သေရှာပါပြီ ဟော့ကိုယ်တွေ့ပါဟဲ
ဟဲနိုင်ငံခြားသွားကု ၆၀တောင်မပြည့်သေးသေရှာ
ရော့ ဟားဟား ညီလာခံစာတမ်းဖတ်တယ်ရေးပေးက
သိန်၃၀လောက်ရသွားသူရှိရဲ့  တိုးတက်တဲ့မြန်မာ့
ဆေးပေါ့နော်  ပုံပြင်ပေါ့ခင်ဗျား
      ဒီတော့လာမယ်အနာဂတ်မှာမြန်မာ့ဆေး
ကျောင်းဆင်လူငယ်တွေ ကြိုးစာပါနိုးကြားပါ လက်တွေ့ကုပါ စာဖတ်ပါ  တကယ် ဆရာကြီး
တွေဆီမှာလက်တွေ့သင်ယူပါ  စာအလွှတ်ရုံနဲ့
သမားကောင်းဆရာကောင်းမဖြစ်နိုင်ပါ ဒီနေ့ဂူတီ
ကုက်လေးနဲ့နားကျပ်ကိုင်ဆေးရုံပေါ်ကလူနာတွေကုသနေရတာလေးနဲ့မကျေနပ်ပါနဲ့ဆင်းရဲသူအများ
ကြားမှာရောဂါသည်တွေနဲ့သမားအိုကြီးတွေရှိနေပါတယ်  ရှာပါဖွေပါ သင်ယူပါ  အမည်ကျော်လူသိများ
မြန်မာတောဆရာကြီးတွေမှာ တစ်မယ်ကောင်း
နှစ်မယ်ကောင်းပညာတွေဆေးကုနည်းတွေရှိပါတယ်
အနောက်တိုင်းဆေးဆရာဝန်ဆိုပြီးအထင်လဲမကြီးနဲ့
အထင်လဲမသေးနဲ့**ဆရာဝန်တွေ ဗမာဆေးနားမ
လည်ပါဘူးလ်ု့လဲအထင်မသေးပါနဲ့ ဥပမာကျနော်လို
နေရာတကာစပ်စပ်စုစုလုပ်တတ်ပြီးဆေးပညာဝါသ
နာပါတဲ့ ဆရာဝန်တွေအများကြီးပါ အခြေအနေအ
ကြောင်းကြောင်းကြောင့် *ကြောင်လက်သည်းဝှက်
နေသူတွေဒုနဲ့ဒေးပါ**ပညာဆိုတာလွယ်လွယ်မရ
ဘူး ရှာဖွေမှ သင်ယူမှ မေးယူမှတောင်းယူမှတပြည့်ခ
တတ်မှပေးတတ်သာ (မြန်မာ့စရိုက်တစ်ခုလိုနား
လည်စေချင်တယ်)
       ကျနော်ပိုက်ဆံမပြည့်စုံဘူးဟော့ဒီတိုင်းရင်း
ဆေးတွေရဲ့အနှစ်သာရ ဆေးဖွဲ့စည်းပုံဆေးရဲ့ရသ
ဆေးရဲ့ဂုဏ်သတ္တိ   တစ်မယ်ချင်းအစွမ်းတွေပေါင်း
စပ်ရင်ဘယ်လိုဆေးအစွမ်းပေါ်လာတယ် လက်တွေ့
ကုသတာအောင်မြင်တယ်/ဆုးံရူးံတယ်ဆိုတာတွေ
ဆရာ့ဆရာကြီးတွေရေးပေးတဲ့မှတ်စုတွေကိုယ်တွေ့
မှတ်စုတွေ လက်တွေရင်ဆိုရတဲ့အခက်အခဲတွေရေး
စရာတွေပြည့်လို့  ဘယ်မလဲပိုက်ဆံ စာအုပ်ထုပ်ဖို
သိန်၃၀ကနေ၅၀နဲ့၁၀၀ကြားရှိမှဖြစ်တာ
     ဟော့ဒီနေfbဆိုတာပေါ်လာတော့ရေးချင်တာ
ပြောချင်တာတွေ့ရှိတာ ရေးတင်လိုက်တယ်
ဖတ်ချင်ဖတ်မဖတ်ချင်နေ ယူချင်ယူမယူချင် ဒါဘဲလေ  လက်လှမ်းမှီသမျှ ဖြန့်ချိလိုက်ထာပေါ့
     &*ကဲကျေးဇူးတင်ပါတယ် ရေးစရာတွေအများ
ကြီးပြောစရာတွေအများကြီးဟဲဟဲ ကိုယ်ဖုးံလေးနဲ့
ကိုယ် ရေးတင်စိတ်ချမ်းသာတယ်  ကျေးဇူးပါဗျာံ
ဆရာမင်းမင်းထက်သာ၏စာအားမူရင်းအတိုင်းကူးယူပါသည်။
ပန်းနာရင်ကျပ် တသက်လုံး ပျောက်ဆေး
ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်း
ပေးလိုက်မည်၊ မိတ္ထိလာမြို့မှ အဘိုးကြီးတဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာ
လူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက် တစ်နေ့နို့ဆီဘူး တလုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့်
နေ့စဉ်စားနေခဲ့သည်၊ စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏၊
ထို့ကြောင့် အားတက်၍
နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃- လကြာလျင် လုံးဝ ပျောက်ကင်းသွားပုံ
လက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏ တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားသည်၊
စားသုံးနည်းမှာ လွယ်ပါ၏၊ ပဲစဉ်းငုံအလုံးလိုက် ရေနှင့်နပ်အောင် ပြုတ်ပြီး
ဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။ နေ့စဉ် နို့ဆီဗူး တစ်လုံးကျ
စားနေပါ၊ ၄-လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊ အခြား ဘာစားဆေးမှ ထိုးရန်
စားရန် မလိုကြောင်း သိရသည်။
#နောက်တနည်း
                 #တ်ဆေးဂမုန်း
လက်တွေ့ဆေးကောင်းတစ်ခုကို
ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ
ရှိကြ၏၊
နတ်ဆေးဂမုန်းကို
အမှုန့်ထောင်းပြီး ပျားရည်တပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့်
၃ ရက်လှန်းပါ၊ ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊ ပေါင်း ၇
ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့်
နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည်ေ သာက်ပေးပါ၊ ပန်းနာရင်ကျပ်ရောဂါပျောက်၏၊ ဒူလာ မီးယပ်ရောဂါပါ
ပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ၀ဖြိုးစိုပြည်လာသည်ကို
တွေ့ရပါလိမ့်မည်၊
ကျေးဇူးတော်ရှင် တောင်တန်းနယ်ခြား
သာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့မှတ်တမ်းများ
စာစဉ်-၃ နှာ- ၁၆၅
http://myanmarinsingapore.com/…/bl…/2316969:BlogPost:316205…
Saturday 28 November 2015
ဝရဇိန်မင်း။
ဝရဇိန်မင်း-အေအိုင်ဒီအက်စ်၊ဘီပိုး၊စီပိုး ရောဂါခံစားနေရသူများစမ်းသပ်သောက်သင့်သောဆေး
==================================================
၁။ရှေးဆေးနည်းပါ။
၂။နှစ်ပေါင်းတစ်ရာအထက်ကဆေးနည်းဖြစ်ပြီး(ရောဂါပိုးမှန်သမျှပျောက်သည်
ဟုမှတ်တမ်းတွင်တွေ့ပါသည်။)
၃။ပိန်ချုံးချိနဲ့၊အနာပေါက်သောလူနာများအားကုသရာတွင်သုံးခဲ့သည့်ဆေး
နည်းဖြစ်သည်ဟုသိရပါသည်။
၎။ပါသောဆေးအမယ်များကို၊ကျွမ်းကျင်သူများနှင့်ဆွေးနွေးသောအခါ၊ပိုးကိုသေ
စေသောဆေးအမယ်များနှင့်ခွန်အားကိုဖြစ်စေသောဆေးအမယ်များဖြစ်သည်
ဟုသိရပါသည်။
၅။ဆေးဖော်ရန်ပစ္စည်းများလဲ မရှားပါ။
၆။ဆေးပင်အခေါ်အဝေါ်များလည်း၊ယနေ့အချိန်အထိမပြောင်းလဲသေးပါ။
ရ။ဆေးမတွေ့သဖြင့်မျှော်လင့်ချက်မဲ့နေသူများ၊စမ်းသပ်သောက်သုံးရန်သင့်ပါသည်။
၈။ဆေးအမယ်များ ရှာဖွေရခက်ခဲပါကရန်ကုန်မြို့ရှိ စန္ဒီ ပရဆေးဆိုင်တွင်ရှိနိုင်ပါသည်။
========================
(ရောဂါပိုးမှန်သမျှ ပျောက်သောဆေး)
=======================
၁။ဗြုံးမွှေးရွက်အရည်-၁၀ကျပ်သား
၂။ကြံသကာ-၂၅ကျပ်သား
၃။ထောပတ်-၂၅ကျပ်သား
၎။နနွင်းစိမ်းဥအမှုန့်-၈ပဲ
၅။မြတ်လေးပွင့်အမှုန့်-၈ပဲ
၆။ကြဇုသီးမှုန့်(ဖန်ခါးငယ်)-၈ပဲ
(ငယ်သောဖန်ခါးသီးမဟုတ်ပါ။ကြဇုသီးသည်ဖန်ခါးနှင့်အတော်တူသော်လည်းသေးပြီး
အရသာကွာပါသည်။)
၇။ဇင်းရွေးဖြူအမြစ်မှုန့်-၈ပဲ
၈။ပိတ်ချင်းသီးအမှုန့်-၁၂ပဲ
၉။ငြုပ်ကောင်းစိမ်းအမှုန့်-၁၂ပဲ
========================
(ဆေးချက်နည်း)
၁။ကြေးအိုးတွင် ဇီးသားယောင်းမ ဇီးသားထင်း ဇီးသားဖြင့်ပြုလုပ်ထားသော ဖိုခနောက် သုံးပွင့်ဆိုင်အပေါ်တင်ပြီးမတူးမခြစ်ဘဲ လက်ကော်ရသည်အထိချက်လေ။
၂။လက်ကော်ရလျင် ၄င်း ကြေးအိုးဖြင့်ပင် ကြေးလင်ပန်းအဖုံး နှင့် လေလုံအောင်
ပိတ်ပြီး စပါးတွင် (၇)ရက် မြှုပ်ပါ။
=========================
(ဆေးသုံးနည်း)
ည၊နံနက် ထမင်းစားအပြီးတွင် ဇီးသီးခန့်စားပါ။
===========================
(ဆေး၏အကျိုး)
၁။၁၀ရက်စားလျင် လေမျိုး (၈၀)ပျောက်၏။
၂။၂၀ရက်စားလျင် အသံသာ၏။
၃။ရက်(၃၀)စားလျင် ကုတ်ဟီးနာ (၁၂)ပါး၊နူနာ (၃၂)ပါး၊ချောင်းဆိုးနာ(၅)ပါးပျောက်၏။
၎။ဆက်စားပါက သွေးလေကောင်း၏။
၅။ဖြူသောဆံပင်နက်၏။
၆။ငယ်ရွယ်သူပမာ မျက်စိပြန်ကြည်လာ၏။
ရ။နားကြည်ပြီး အသားအရေလှ၏။
၈။ကိုယ်ထဲရှိ ရောဂါပိုးမွှားအားလုံးကို နိုင်နင်းပျောက်ကင်း၏၊ဟုဆိုထားပါတယ်။
==========================================
(မှတ်ချက်။၎င်းဆေးကြောင့်အသက်အန္တရာယ်မရှိနိုင်ပါကြောင်းကိုအာမခံပါသည်။)
---------------------------------------------------------------------------------------
ရောဂါရှိနေသူများ၊သောက်သုံးပြီးသက်သာ။ပျောက်ကင်းပါက၊ဆက်လက်ဖြန့်ဝေ
အသိပေးကြပါရန်၊မေတ္တာရပ်ခံအပ်ပါသည်။
Saturday 21 November 2015
ပင့်ကူထိပ်ပိတ်
Leucas aspara (Willd.) Link.,
Family Lamiaceae
အခုရက်ပိုင်း အညာက ရွာကိုရောက်စဉ်မြင်ရသောအပင်လေးတွေပါ၊ လယ်ကွင်းစပ် ရွာလမ်းနဘေး ဖွေးဖွေးလှုပ်အောင်ပွင့်ကြတယ်၊ ရွာခံကလေးတယောက်က အဖြူရောင်ပန်းလေးကိုခူးပြီး ဖက်ဖက်ကနေစုတ်ယူနေလို့ စပ်စုကြည့်မိတယ် ဆရာစုတ်ကြည့်အရမ်းချိုတယ်၊ တကယ်လည်းချိုတယ်၊ အချို့က တောနှမ်းခေါ်ပြန်တယ်၊ ပင့်ကူထိပ်တင် လည်းခေါ်ကြပြန်တယ်၊ တနှစ်ခံပင်ပြော့လေး တွေပါ၊ပင်စည်အကိုင်းတွေက ဒေါင့်လေးဒေါင့်ဆန်ပါတယ်၊အမွှေးလေးများရှိတယ်၊ အရွက်တွေကရွက်ဆိုင်ထွက်ကြတယ်၊ အရွက်တွေက oblong lanceolate ပုံစံပါ၊ (အရွက်ပုံစံက မျိုးစိတ်များခွဲခြားရာမှာအရေးပါလှတယ်) ရွက်နားက crenate ဖြစ်ပြီး ciliate ဖြစ်ပါတယ်၊ ပန်းခိုင်က ထိပ်ထွက် verticillaster ဖြစ်ပြီး လုံးဝန်းသော ဦးခေါင်းငယ်ပုံပါ၊ သူက များစွာသော bracts များနဲ့ ခံထားပါတယ်၊ ပွင့်ဖတ်အုံက ပြွန်ပုံဖြစ်ပြီး အဝက ရွဲ့စောင်းနေတယ်၊ သွားပုံထိပ်ဝမှာ အနား ၁၀ခုပါလို့နေတယ်၊ ပွင့်ချပ်အုံ က နှုတ်ခမ်းကွဲပုံ အဖြူရောင်ပါ၊ အပေါ်ဖက်အဝိုက်က ထောင်နေပြီး hooded ပုံစံ concave ဖြစ်ကာ အနားမှာ အဖြူရောင် အမွှေးများဖုံးထားပါတယ်၊ အောက်ဖက်အဝိုက်က ၃ခုရှိပြီး အလယ်အဝိုက်က အကြီးဆုံးပါ၊ဝတ်ဆံဖို ၄ခုပါပြီး ပွင့်ချပ်အုံကို အတွင်းကတွယ်ဆက်ထားတယ်၊ အစေ့အိမ်မှာအခန်း၂ခမ်းသာပါပြီး တခန်းတလုံးသာပါပါတယ်၊ အဝိုက် ၄ခုပါပါတယ်၊ အသီးကတော့ nutlets ပုံစံပါ၊ တိုင်းရင်းဆေးဝင်သော အပင်ဖြစ်သည်၊Wikipedia ထဲမှာတော့ ဒီအပင်လေးဆေးအစွမ်းကိုဖော်ပြထားတယ်၊
မှိုသတ်နိုင်စွမ်း ပိုးသတ်နိုင်စွမ်းရှိလို့ ရောဂါပိုးတွေတားဆီးနိုင်သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း antioxidant ပါဝင်သည်။ ဆီးကြိတ်ရောင်ရမ်းခြင်း နှင့်နာကျင်ခြင်းကိုတားဆီးပေးသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကင်းမြီးကောက် အကိုက်ခံရခြင်းကိုသက်သာစေရန် ဆေးအဖြစ်သုံးကြသည်။ အဖျားရောဂါသက်သာစေသည်။ အပွင့်ကြိတ်ရေကို နှာခေါင်းနှင့် ခေါင်းကိုက်ရောဂါများတွင်သုံးသည်၊  နှာခေါင်းပိတ် အအေးမိ ခြောင်းဆိုး အဖျား ခေါင်းကိုက်ရောဂါများပျောက်၏၊ ကလေးများ အူလမ်းကြောင်းရှိ သံကောင် တုတ်ကောင်များဖယ်ရှားနိုင်၏၊ အခြားသော species ကွဲသော ပင့်ကူထိပ်ပတိတပင်လည်းရှိသည်၊ အပင် ၂ ပင်က တူလွန်းလှသည် သူ့က Genus တူသည် species သာကွဲသည် အမည်က Leucas cephalotes ဖြစ်သည်၊ အရွက် သေးသွယ်ခြင်းမရှိ broadly elliptic ဘဲဥပုံဆန်ဆန်ဖြစ်သည် ပန်းခိုင်ထွက်ပုံ ပန်းပွင့်ပုံများက Leucas aspara နဲ့ တူလှသည်၊ ဒီအပင်ကို လည်း ပင့်ကူထိပ်ပိတ်အနေဖြင့်သာ ဆေးသုံးကြသည်၊ အပင် ၂ ပင်ဖြစ်သော်လည်း ဆေးဝင်ကြပုံက သိပ်မကွဲပြားလှပါ၊ ဒီအပင်လေးဆေးဝင်ပုံကို ဆေးကျမ်းတွင်အသေးစိတ်ရေးထားသည်၊  မြန်မာ့ ဆေးကျမ်းအလိုအရ အပင်သည် ပူစပ်၏ ချို၏ ဆိမ့်၏ ငန်၏ ဝမ်းကိုသက်စေ၏ နှုတ်ကိုမြိန်စေ၏ လေသလိပ်ကိုကြေစေ၏ ကိုယ်တခြမ်းသေ ရောဂါများပျောက်စေ၏ အရွက်သည်ချို၏ ခြောက်သွေ့၏ သည်းခြေကိုပွားစေ၏ ကိုယ်ရေဝါရောဂါ ဖောယောင်ခြင်း ဆီးလွန်ရောဂါ အဖျားရောဂါပျောက်၏၊ ဆေးအသုံးပြုပုံ တွင် အရွက်သည် မြွေကိုက်သောအနာကိုနိုင်၏ အရွက်ကိုကြိတ်ရသောအရည်ကိုတိုက်ခြင်း နှာခေါင်းအတွင်းထည့်ခြင်းဖြင့် မြွေဆိပ်ကျစေ၏၊အရွက်ကြိတ်ရေကိုပိတ်ချင်းသီးမှုံ့အနည်းငယ်ရောသောက်လျှင် အကြောအဆစ်ရောင်ရောဂါပျောက်၏၊ယားယံသောနေရာကို အရွက်ကြိတ်ရေလိမ်းလျှင်ပျောက်စေ၏၊ပဉ္စငါးပါးကြိတ်ရေကိုငြုတ်ကောင်းမှုံ့ရော၍ နဖူးလိမ်းသော် ခေါင်းကိုက်ပျောက်၏၊ အပင်ပြုတ်ရေကို လေးညှင်း ၁ ပွင့်၂ ပွင့်ခန့်ထည့်သောက်လျှင်အဖျားပျောက်၏၊ သုတ်ခမ်းသောရောဂါ အပင်ကိုပြုတ်သောက်ရာ၏၊ ဆေးအဖြစ်သုံးလျှင်သကြားအနဲငယ်စပ်၍ သုံးရသည်၊ အခြားအသုံးဝင်ပုံတွေကလည်းများစွာရှိပါသေးသည်၊ အပင်ကိုရလျှင် သေခြာစွာ key ထုတ်ဖို့ လိုလှပါတယ် ၊ အချို့အချက်လေးများကြောင့် species level ပြောင်းနိုင်ပါတယ်၊ ထင်ရှားသော တိုင်းရင်းဆေးပင်လေးမို့ ရေးသားတင်ပြရတာပါ၊ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်လှပါတယ်.
Ref: Ashinnargathein, Wekipedia, Flora of Shwebo by Dr KhinHninYee.
မူရင်း facebook link. ဆရာ Kothetnaing Kothetnaingoo
https://m.facebook.com/story.php?story_fbid=701585873274347&id=100002688236044
comment ပေးသော လူတစ်ယောက်၏ လက်တွေ့။
မြွေဆိပ်နိုင်တာတော့်လက်တွေ့ပါဆရာ စစ်ကိုင်းအနောက်ဖက် အင်းထဲက ရေကျပြီးခွေနေတဲ့မြွေပွေးအကိုက်ခံရတဲ့မိတ်ဆွေတဦးကိုလှေသမားတွေကဒီအပင်အကုန်ဆွဲနှုတ်ကြိတ်ချေအရည်ညစ်၊ ဥနှဲရွက်လဲအရည်ညစ်ပြီးဆေးရုံမရောက်မချင်းလူနာကိုဒီအရည်ပဲတိုက်ပါတယ် ဆေးရုံရောက်ဖို့လမ်းကြာချိန် ၃နာရီကျော်ကျော်ကြာခဲ့ပါတယ် ။ မြွေပါဖမ်းခဲ့ပြီး ဆေးရုံရောက်တဲ့အထိ လူနာ ထူထူထောင်ထောင်ပါပဲ  အကြောင်းတိုက်ဆိုင်သလား အပင်စွမ်းကြောင့်လားမသိ ပါ သုတေသနပြုသင့်ပါတယ်။
Friday 20 November 2015
" စပါးကြီးသည်းခြေ စစ်မစစ် စမ်းနည်း "
( သိမ်ဖြူဆေးသိပ္ပံဆရာတော်ရေးသားသော သား-ငါး-ကျေး-ငှက် ပုံပြဆေးအဘိဓာန် ပဉ္စမတွဲ ဒုတိယပိုင်း မှ ကောက်နှုတ်ဖေါ်ပြချက်)
စပါးကြီးသည်းခြေကို နည်းနည်းယူ၍ လက်ဖ၀ါးဘက်က ကြပ်ကြပ်ပွတ်ထားပြီး
လက်ဖ၀ါးပေါ် ပါးစပ်ဖြင့်စုတ်လိုက်လျှင် ခါးလာသည်။ သို့မှစစ်သည်။
မခါးလျှင်မစစ်။
" စပါးကြီးသည်းခြေယူနည်း "
စပါးကြီးသည်းခြေသည် တစ်နေရာတည်း၌ အတည်မနေချေ၊
မွန်းမတည့်မီစပ်ကြားအချိန်တွင် ချက်မှခေါင်းပိုင်းအတွင်း၌
သည်းခြေကိုယူရသည်။
မွန်းလွဲပြီးနောက်ပိုင်း၌ ချက်မှ အမြီးပိုင်းတွင်
သည်းခြေကို ယူရသည်။
၎င်းကိုယူရာ၌ ၀မ်းကိုခွဲပြီး မစေ့နိုင်အောင်
ဒေါက်ထောက်ပြီးမှ သည်းခြေကို ရှာရသည်။
 ရှာခိုက်တွင်
အထက်ပိုင်းအောက်ပိုင်းသွားသော သွေးကြောကို စမ်းသပ်၍ မတွေ့မချင်း
သွေးသွင်းကာရှာလျှင် သွေးကြောဆုံးရာ၌ သည်းခြေကို တွေ့နိုင်သည်။
ဤသို့ရှာခြင်း(သွေးသွင်း၍ ယူခြင်း)သည် ရှိရင်းစွဲသည်းခြေထက်
ကြီးထွားသောသည်းခြေကို ရနိုင်သည်။
သည်းခြေကြီးထွား လာအောင်
ပြုလုပ်ခြင်းဖြစ်၍ ရှိရင်းစွဲသည်းခြေလောက်ကား သတ္တိထက်မြက်မည်မဟုတ်ချေ။
" စပါးကြီး စပါးအုံးတို့ခြားနားပုံ "
စပါးကြီးမြွေသည် အမြီးသွယ်၍ အကွက်ဆက်၏။
စပါးအုံးသည် အမြီးတိုတုတ်၍အကွက်ပြတ်၏။
စပါးကြီးသည် အင်းအိုင်ရေရှိရာ၌ နေတတ်သည်။
စပါးအုံးသည်ကုန်း၌နေတတ်သည်။
 စပါးကြီး၏ သက်တမ်းကို သိလိုလျှင်နှာခေါင်းပေါက်ကိုကြည့်ရသည်။
 တစ်နှစ်သားမှာ နှာခေါင်းတစ်ပေါက်-စသည်ဖြင့်
ရေတွက်ရသည်။ နှာခေါင်း ၉-ပေါက် အသက်၉-နှစ်တွင် အဆုံးသတ်ရသည်။
" ခေါင်းပိုင်းအရိုးဖွဲ့စည်းပုံထူခြားချက် "
လေးထောင့်ပုံ အရိုးဖွဲ့စည်းထားခြင်း
မေးရိုးအသီးသီး၏နောက်ဖက်ရှိအရိုးသည် လွတ်လပ်စွာချိတ်ဆက်ထားသည့်အတွက်
မေးရိုးသည်အပေါ်အောက်နှင့်ဘေးသို့ရွေ့နိုင်ပါသည်။
အောက်မေးရိုးများ
အောက်မေးရိုးသည်နောက်ဖက်တွင်ချိတ်ဆက်မှုရှိသော်လည်း
ရှေ့ဖက်တွင်ဆက်စပ်မှုမရှိဘဲ သီးခြားဆီကွဲနေသည့်အတွက်
သီးခြားစီပို၍ရွေ့လျားနိုင်ပါသည်။
" စပါးကြီးသည်းခြေ၏အကျိုးအာနိသင် "
( သိမ်ဖြူဆေးသိပ္ပံဆရာတော်ရေးသားသော သား-ငါး-ကျေး-ငှက် ပုံပြဆေးအဘိဓာန် ပဉ္စမတွဲ ဒုတိယပိုင်း မှ ကောက်နှုတ်ဖေါ်ပြချက်)
   စပါးကြီးသည်းခြေသည် အလွန်ပူသောအနာ၊ လေသလိပ်သည်းခြေ အားကြီးသောအနာ၊
သလိပ်ခြောက်ကပ်သောအနာ၊ မျက်စိနာ၊ လျှာနာ၊ အဘိညာဉ်သန္နိပါတ်
ဆိုက်သောအနာတို့ကို နိုင်၏။
ေ ဆးအသုံး -စပါးကြီးသည်းခြေသည် ဆီးရောဂါ၊ စမြင်းခံရောဂါ၊
လျှာနှင့်သက်ဆိုင်သောရောဂါ၊ မျက်စိ ရောဂါ၊ လည်ပင်းကြီးရောဂါ၊
သွေးလုံးလေလုံးရောဂါ၊ အဘိညာဉ်သန္နိပါတ်ဖျားရောဂါတို့အတွက် ဖော်စပ်သော
ဆေးတို့၌ ပါဝင်၏။
ထက်မြက်သောသတ္တိရှိသည့်အလျောက် ရောဂါသိမှု၊ ဆေးသိမှု၊
ဓာတ်သိမှု၊ ခန္ဓာဗေဒသိမှုတို့၌ ကျွမ်းကျင်သိမြင်ပြီးသော သမားများအဖို့
ဥာဏ်ရှိသလို ဖန်တီးအသုံးပြု နိုင်ကြသည်
   စပါးကြီးသည်းခြေပါဝင်သော ဆေးနည်းတို့ကား ဆေးကျမ်းအသီးသီးတို့၌
အထင်အရှားပါပြီး ဖြစ်ပေသည်။ လိုရင်းအချုပ်မျှ သိသာရန် အသုံးများသော
ဆေးနည်းအချို့ကို ဖော်ပြအံ့။
ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် မင်းအမိန့်ဖြင့် ဆက်သွင်းရသော
သမားစဉ် ကုထုံးကျမ်းလာ ဆေးနည်း ၃-မျိုးအနက်
 (၁) သူငယ်နာလျှာပွတ်ဆေး တွင်
နွယ်ချို၊ ပဲဆိမ့်နီ၊ စပါးကြီး သည်းခြေ ဤ၃-မျိုးဖြင့် ဖော်စပ်၍
အတောင့်လုပ်ထား၊ သူငယ်နာထသော ကလေးများအား ဆေးတောင့်ကိုသွေး၍
လျှာပွတ်ပေးရသည်။
(၂) မဟာသော မိဿရဆေးကြီးတွင်
   သန္နိပါတ်-သည်းခြေအားကြီး၍ နှလုံးဆူ၊ နှလုံးပူ၊ ထိတ်လန့်သူများအား ပေးသော
မဟာသော မိဿရဆေးကြီးတွင် ဆေးအမယ်ပေါင်း ၃၁ မယ်ရှိရာ
စပါးကြီးသည်းခြေပါဝင်သည်။
သန္နိပါတ်ငန်းနာ နှင့်တကွ မီးရပ်၊ မီးတွင်း၊
အပူမီးရပ်သွေးကြွင်းနာတို့ကိုလည်းကောင်း၊ မခိုင်သော ၀မ်းမီး၊
ခိုင်သောဝမ်း မီး၊ အစာမကြေသောဝမ်းမီး၊
စမြင်းခံသောဝမ်းရှိသောလူနာတို့ကိုလည်းကောင်း တိုက်ကျွေးက ပျောက်
ကင်းနိုင်၏။
(၃) နိဗ္ဗာနဆေးကြီးတွင်
တူလာသရော၊ မုတ္တကိစ်၊ မုတ္တဃာတ်အားကြီး၍ ကျင်ပြောသည်၊ အသွားလွန်သည်၊
တစက်စက်ရှိသည်၊ ကျင်ချုပ်သည်၊ ကျောက်ရှိသည်၊ ကိုက်ခဲနာကျင်သည်၊
ဝမ်းချုပ်သည်၊ မခံမရပ်နိုင် အောင်ပူသည်တို့ကိုပေးရာသော နိဗ္ဗာနဆေးကြီးတွင်
ဆေးအမယ်ပေါင်း ၂၄ မယ်ရှိရာ စပါးကြီး သည်းခြေပါဝင်သည်။
ဆိုခဲ့သောရောဂါများအပြင် အခြားဝေဒနာများကိုလည်း ရေလဲအမျိုးမျိုးပြောင်း၍
ပေးကျွေးက ဆိုင်ရာရောဂါများ ပျောက်ကင်းနိုင်၏။
စပါးကြီးသည်းခြေသည်
သူငယ်နာမှစ၍ လူကြီးရောဂါအထိ ရောဂါများကို အခြားဆေးဘက်မပါဘဲ
စပါးကြီးသည်းခြေသက်သက်ဖြင့် လည်းကောင်း၊ အခြားဆေးဘက်များတွင်
အဓိကအားဖြင့် ပါဝင်၍ ဆေးညွှန်းပေါင်းအဖြစ်ဖြင့်လည်း ကောင်း၊
ကျွေးမွေးပေးသွင်းရာ၌ အစွမ်းသတ္တိထက်မြက်ခြင်းဖြစ်ကြောင်း
သိစေရန်ဖော်ပြလိုက်ပါ သည်။
- ၀မ်းတွင်းသက်တန့်ရောဂါ၌ စပါးကြီးဥကိုပြုတ်၊ အခြောက်လှန်း၊
ပျားရည်နှင့်သွေးတိုက်၊ ပျောက်၏။
-  အသည်းတလျှောက်၌ဖြစ်သော
ဝမ်းတွင်းသက်တန့်၏လက္ခဏာကို ကြည့်တိုက်ပါ။
(အသည်းခြောက်လာသည်၊ အောင့်လာသည်၊
ချောင်းဆိုးလာသည်၊ ဤလက္ခဏာများကား ၀မ်းတွင်း သက်တန့် လက္ခဏာတို့တည်း။)
- မကျက်နိုင်သော အနာပျက်များ၌ စပါးကြီးသားကို အမှုန့်ပြုလုပ်၍
အနာပေါ်ကဖြူးပေးလျှင် ၂-ရက် ၃-ရက်အတွင်း အသားပြည့်လာလိမ့်မည်။
- ကျောက်ပေါက်သူများ မျက်စိ၌ ကျောက်ဆိုးမထွက်စေရန် စပါးကြီးသည်းခြေကို
ဖျော်၍ မျက်စိ ၌ ကွင်းထားလျှင် ကျောက်ဆိုးမထွက်တော့ချေ။
ကျဉ်းမြောင်းရာ၌
ကျောက်ဆိုးထွက်ခဲ့သော် ကျယ်ပြန့်သောနေရာသို့ ကျောက်ရွေ့အောင်
စပါးကြီးသည်းခြေကိုဖျော်ပြီး လိုရာအရပ်သို့ ၎င်းဖြင့်
လိမ်းသပ်လွှဲပြောင်းပေးနိုင်သည်။
- ကလေးများသူငယ်နာတက် တက်ခဲ့သော် စပါးကြီးသည်းခြေဖြင့် လျှာပွတ်ပေးပါက
ပျောက် ကင်းနိုင်သည်။
- မျက်စိနာသူများကိုလည်း ၎င်းသည်းခြေဖြင့် မျက်စိတွင်
ခတ်လဲခတ်ကွင်းလဲကွင်းပေး ပျောက်၏။
-ေ ချာင်းဆိုးသွေးပါအဆုတ်နာဖြစ်လျှင် မည်မျှပင် ပိုးများသောင်းကျန်း၍
မည်မျှအထိ အန္တရာယ် ဖြစ်နေစေကာမူ စပါးကြီးဥကို ပျားရည်တစ်ပုလင်း
ဥတ၀က်ခန့်(ရောဂါပြင်းထန်က)တစ်ဥလုံး အမှုန့်ပြု ထည့်၍
တစ်နေ့တစ်ဇွန်းသောက်ပါလျှင် ပျားရည်တစ်ပုလင်းမကုန်မီ ဧကန်ပျောက်ကင်းမည်။
-ဆီးရောဂါအတွက် မုတ္တကိစ်ဆီးထိုးအောင့်သော ရောဂါဖြစ်စေ၊
မုတ္တဃာတ်-ဆီးရှိလျက် မဆင်း သော ဆီးချုပ်ရောဂါဖြစ်စေ၊ စပါးကြီးသည်းခြေကို
အရည်ဖျော်သောက်ရာ၏။ မြစ်ချင်းပြီးဖြစ်သည်၊
အခြားသောနံ့သာဖြူရေဖြင့်လည်းကောင်း၊
မြင်းခွာရွက်ပြုတ်ရည်ဖြင့်လည်းကောင်း၊ သတ္တုရည်ဖြင့် လည်းကောင်း
စပ်၍သောက်နိုင်၏။
- ဆီးလမ်းကြောင်းမှ သွေးဆင်းသောရောဂါအတွက်လည်း အလွန်
ကောင်း၏။
ကလေးငယ်များဖြစ်မူ ချက်ကို သွေးထားသောစပါးကြီးသည်းခြေအရည်ဖြင့်
၃-ပတ်ရစ် လိမ်း၍ အောက်သို့ ကျင်ငယ်လမ်းကြောင်းတည့်တည့်ဆွဲချပါ။
- ကလေးသူငယ်များ အဖျားရှိန်ပြင်းထန် လာသောအခါ၌ မျက်စိနီရဲလာခြင်း၊
နားနှာခေါင်းပါးစပ်တို့မှ သွေးထွက်ခြင်း၊ အချို့ကျင်ငယ်လမ်းမှ
သွေးထွက်ခြင်း၊ လည်ချောင်းခံတွင်းတွင် ချွဲပူထခြင်း၊ အကြောတွင်
ဝင်ရောက်လောင်သောအခါ၌ ကောက်ကွေးလိမ်ဖယ်ပြီး တက်တတ်သည်။
-စပါးကြီးသည်းခြေကို ခံတွင်းသို့လည်း တိုက်ချပါ။ မျက်စိကို
- မျက်စဉ်းခတ်-ကွင်းပေးပါ။ နားထဲသို့လည်း လောင်းထည့်ပေးပါ၊
အလွန်ပြင်းထန်သော အန္တရာယ်ပြုနိုင်သော ကလေးရောဂါသည်
စပါးကြီးသည်းခြေတစ်မျိုးတည်းဖြင့် ပျောက်ကင်းနိုင်ပါ သည်။
အသား၏အကျိုးအာနိသင်
   ယုန်၊ ဖြူ၊ ဖွတ်၊ မြွေ၊ ကြွက်၊ ပတတ်တို့သည် တွင်းကျင်း၌
နေတတ်(အောင်းတတ်)သော ကြောင့် ဗိလေသယတိရစ္ဆာန်မျိုးမည်၏။ ၎င်းတို့၏အသားသည်
ဆိမ့်၏၊ ၀မ်းမီးချက်ပြီးနောက်လည်း ဆိမ့်၏၊ ပူ၏၊ လေကိုနိုင်၏၊ ၀စေတတ်၏၊
ကျင်ကြီးကျင်ငယ်ကို ခိုင်စေတတ်၏။
   စပါးကြီးသားသည် မြင်းသရိုက်နာနှင့် အလွန်သင့်၏။
မူရင်း page ၏ link.
https://m.facebook.com/theinphyufoundation/
မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော် 
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "စာအုပ် မှ
"              အမတ နာဠိကေရ
မအို၊ မနာ၊ မသေ အုန်းသီးအသက်ရှည်ဆေး "
အိုနာသေမှု ဝေးအောင်ပြုနိုင်ရန်အတွက် အထောက်အကူပြုနိုင်သော ဆေးနည်းပေါင်းများစွာတို့ကို ရေးသားဖော်နေရာ ယခုတစ်ဖန် မြန်မာ့ရိုးရာတစ်လျှောက်လုံး တွင်ကျယ်စွာ အသုံးပြုခဲ့ကြသော အိုမှုသက်သာ၊ နာမှုသက်သာရေးကို ပြင်စေနိုင်သည့်"အမတ နာဠိကေရ" ခေါ်သော အုန်း သီးအသက်ရှည်ဆေးအကြောင်းကို ဖော်ပြလိုပါသေးသည်။
ထူးခြားသောဆေးအမည်
ထိုဆေး  "အမတ နာဠိကေရ"ဟူသောအမည်သည် မြန်မာအမည် မဟုတ်ပါ။ ပါဠိအမည်ဖြစ်သည်။ မူရင်း သိဟိုဠ်ဘာသာ"အမရိတာ နာဠိကေရ"မှ ပါဠိလို "အမတ နာဠိကေရ" ဟုပြောင်းလဲခေါ်ဝေါ်ထားခြင်းဖြစ်ပေသည်။ အဓိပ္ပာယ်ကား၊ အမတ (သေခြင်းကင်းသော (၀ါ) မသေသော (၀ါ) သေမှု မှ သက်သာစေနိုင်သော) နာဠိကေရ အုန်းသီးဆေးဟု အဓိပ္ပါယ်ရပါသည်။
ဆေး၏အကျိုးအာနိသင်
ဆောင်ပုဒ်။။ "ရုပ်သက်၊ နာမ်သက်၊ အစောင့်ဖျက်၊ သုံးချက်သေပြီမှတ်"
                          ဟုလည်းကောင်း၊
                         "ပဋိသန္ဓေ၊ အိုနာသေ၊ လေးထွေဥသ္မာအဖြေရှာဟူ၍
                            လည်းကောင်း၊
                           "၀မ်းတစ်လုံးကောင်း၊ ခေါင်းမခဲ"ဟူ၍လည်းကောင်း၊
  ကျန်းမာမှုအသက်ရှည်မှုအသေသက်သာမှုတို့အတွက်အရေးကြီးသည့်အချက်တို့ကို မြန်မာ့ရိုးရာ၌ ရှေ့တန်းထား အသုံးပြုခဲ့ကြသည်။
ဆိုလိုရင်းမှာ ရောဂါဖြစ်သမျှတို့သည် "ရောဂါမူလံ အာဇိဏ္ဏကံ" ရောဂါဟူ သမျှတို့သည် မကျေကျက်သောပျက်စီးဖောက်ပြန်သော ၀မ်းမီးကို အခြေခံ၍ ဖြစ်ကြရသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။
ထို့ကြောင့် တစ်စုံတစ်ရာ အနာရောဂါ တို့ကို အမြစ်ပြတ်ကုသလိုလျှင် ထိုရောဂါ၏ အစဖြစ်သော ၀မ်းမီးကို အဓိက ထား၍ ကုသကြရမည်ဖြစ်ပေသည်။
ဝမ်းမီးဖျက်ဆီးရာ၌ (၇)မျိုးသော အကြောင်းတို့ကြောင့် ပျက်စီးပုံ(၅) မျိုးအနေဖြင့် ပျက်စီးကြရလေသည်။
ဝမ်းမီးကို ပျက်စီးသောအကြောင်းရင်း များကား၊
(၁) လေကြောင့် လည်းကောင်း၊
(၂) သည်းခြေကြောင့်လည်းကောင်း၊
(၃)သလိပ်ကြောင့်လည်းကောင်း၊
(၄)လေနှင့် သည်းခြေနှစ်ခုယှဉ်တွဲ အပြစ် ပြုသောကြောင့် လည်းကောင်း၊
(၅) လေနှင့်သည်းခြေ ယှဉ်တွဲအပြစ်ပြုသောကြောင့် လည်းကောင်း၊
(၆) သည်းခြေနှင့်သလိပ် ယှဉ်တွဲ အပြစ်ပြုသောကြောင့် လည်းကောင်း၊ (၇)လေသည်းခြေသလိပ် သုံးမျိုးစလုံး ယှဉ်တွဲအပြစ်ပြုသောကြောင့်လည်းကောင်း ဖြစ်ကြရလေသည်။
ဝမ်းမီးပျက်စီးပုံ (၅)မျိုး
(၁)မန္ဒ၀မ်းမီး၊ (၂)တိက္ခ၀မ်းမီး၊ (၃)မန္ဒ၀ိသမ၀မ်းမီး၊ (၄) တိက္ခ၀ိသမ၀မ်း မီး၊ (၅) ဘသ္မ၀မ်းမီးတို့ ဖြစ်ကြသည်။
(၁) တိက္ခ၀မ်းမီး
တိက္ခ၀မ်းမီးသည် သည်းခြေဒေါသ လောင်းကျွမ်းအပြစ်ပြုသော ကြောင့် ပျက်စီးသော ၀မ်းမီးဖြစ်၏။ ထိုတိက္ဓ၀မ်းမီးကြောင့်အစာအိမ်ခြောက် ခြင်း၊ အစာအိမ်ပူလောင်ခြင်း၊ လေချဉ်များတက်ခြင်း၊ အစာအိမ်အချဉ်ပေါက် ခြင်း၊ အသည်း၊ အဆုတ်၊ နှလုံး၊ အသက်ရှူလမ်း စသည်များ တင်းရောင်ခြင်း၊ အသားအရေ ခြောက်သွေ့ကျုံလှီခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ကြမ်းခြင်း၊ လက်ဖ၀ါး လက်များပူခြင်း၊ ခြေဖ၀ါးပူခြင်း၊ အကြောများ တောင့်တင်းခြင်း၊ ချွေးခြောက် အသားပူခြင်း၊ ၀မ်းလွန်ချုပ်ခြင်း၊ ပျက်လိုလျှင်လည်း၊ ပျက်စီးခြင်းတို့ဖြစ်တတ်သည်။ အထူးသဖြင့် တိက္ခ၀မ်းမီးရှိသောသူ၏ ကျင်ကြီးသည် ဆိတ်၏ ကျင်ကြီးကဲ့သို့ ခြောက်၍ မာကြောနေတတ်၏။ ရံခါတွင် အူခြောက် နေတတ်သည်။ ထိုခြောက်သွေ့မာကြောသော ၀မ်းမီးစမြင်းတို့ကြောင့်စအို ကွဲခြင်း၊ စအိုမှ သွေးပါခြင်း၊ စသည်များ ဖြစ်တတ်ကြလေသည်။
(၂) မန္ဒ၀မ်းမီး
မန္ဒ၀မ်းမီးကား သလိပ်ဖွဲ့စည်းမှု လွန်ကဲသော ၀မ်းမီးဖြစ်သည်။စားသမျှသော အာဟာရတို့သည် ကောင်းစွာကြေညက်ခြင်းသို့မရောက်ဘဲ မကြေညက်သော အရိအရွဲ ၀မ်းအဖြစ်သို့သာရောက်ရလေသည်။ စားသမျှ အာဟာရသည် သွေးသားမဖြစ် အဆီအညစ်အကြေးနှင့် မကြေညက်သော ကျင်ကြီးတို့ ဖြစ်ရလေသည်။ ဥပမာအားဖြင့် ၀က်၊ ဘဲ၊ ကျွဲတို့၏ ကျင်ကြီး ကဲ့သို့ ပျော့သွက်ပြီး မကြေမညက်ဖြစ်ကြရလေသည်။ ထိုမန္ဒ၀မ်းမီးပျက်ကြောင့် မီးယပ်ဝမ်းပျက်၊ဒူလာဝမ်းပျက်၊ သူငယ်နာဝမ်းပျက် သက်ကြီးဓာတ်မီးအားနည်း ၀မ်းပျက် သက်ကြီးဝမ်းမလုံ ၀မ်းပျက်၊ စသည်များဖြစ်ကြရလေသည်။ထိုဝမ်း ပျက်ရောဂါတို့သည် ခြေအေးဝမ်းရောင်ဆိုသည့်စကားပုံအတိုင်း ခြေများသည် အေးနေတတ်၏။ ရုပ်ဝစိုပြေနေတတ်၏။ ၀က်သား၊ ဘဲသား၊ စသည်များ အုန်း နို့စသည်များ စားမိသည်နှင့်တစ်ပြိုင်နက် ၀မ်းပျက်ရတတ်လေသည်။ အသား အေးစက်နေတတ်၏။ဝမ်းအမြဲလိုလို ဖောနေတတ်၏။
ဝမ်းပျက်လျင်လည်း မထိန်းနိုင်မသိမ်းနိုင် ဖြစ်လာရတတ်၏။ နံနက်အိပ် ယာထသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ရာ မည်သည့်ကိစ္စမှမပြုမီ ၀မ်းအရင်း သွားရ၏။ အချို့ အရေးတကြီး မနိုင်မနင်းဖြစ်သည်အထိ တွေ့ရသည်။ အချို့ အစာစားပြီးသည်နှင့် သို့မဟုတ် ၀မ်းထဲသို့ အစာဝင်သည်နှင့် ၀မ်းပျက်တတ်လေ သည်။ ထိုသို့သော ၀မ်းပျက်ခြင်းသည် "မန္ဒအဇိဏ္ဏမ" ကြေညက်သော ၀မ်းပျက် ဖြစ်၏။ ထိုသို့ပျက်ရာ၌လည်း ၀က်၊ ဘဲတို့၏ ကျင်ကြီးကဲ့သို့ မကြေမကျက် ပွ ရောင်းဖွယ်လျက် သက်ဆင်းပျက်ကျရလေသည်။ ထိုသူမျိုးကို မြန်မာ့ရိုးရာ၌ "သာလိကာဝမ်း"ဟု ခေါ်ကြသည်။
(၃) တိက္ခ၀ိသမ၀မ်းမီး
တိက္ခ၀ိသမ ၀မ်းမီးပျက်သည်ကား သည်းခြေနှင့် လေယှဉ်တွဲအပြစ် ပြုသော ၀မ်းပျက်ခြင်းမျိုးဖြစ်၏။ ရံခါ ၀မ်းတွင် အလွန်ချုပ်နေတတ်၏။ သက် လျှင်လည်း နည်းနည်းနှင့် မကြာမကြာမကြေညက်သောဝမ်းများ သက်ဆင်း တတ်၏။ ၀မ်းဗိုက်တစ်လျှောက်၌လည်း ရစ်နာတတ်၏။ ၀မ်းကိုက်ခြင်း၊ သွေး ပါခြင်း၊ အစာအိမ် အူသိမ်တို့၌ ရောင်ရမ်းခြင်း၊ အသည်း၊ အဆုတ်၊ နှလုံး၊ သရက် ရွက်၊ အူခွေတို့၌ထိုမကြေညက်သော ချုပ်ပျက်ဝမ်းမီးကြောင့် တင်းခြင်း၊ ရောင်ခြင်း၊ထိုးအောင့်ခြင်းများ ဖြစ်လာတတ်ပေသည်။ ထိုမှတစ်ဆင့် မကြေ ညက်သော ၀မ်းမီး၏ အငုပ်အခိုးတို့ကို တိက္ခသည်းခြေဓါတ်က အထက်သို့ ဆောင်ယူသဖြင့် မျက်နှာတင်းခြင်း၊ လေးခြင်း၊ ယားယံခြင်းတို့ဖြစ်လာတတ်လေ သည်။ ရံခါ၌လည်း ၀မ်းသည် ကြာရှည်ချုပ်နေတတ်၏။ ပျက်လျှင်လည်း အ လွန်ပျက်တတ်လေသည်။
(၄) မန္ဒ၀ိသမ ၀မ်းမီး
၎င်းသည် မကြေညက်သောဝမ်းမီနှင့် ဖောက်ပြန်သောလေတို့ ပူး ပေါင်း အပြစ်ပြုခြင်းဖြစ်သည်။ ၀မ်းချုပ်လျှင် အလွန်ချုပ်ပြီးနောက် မကြာမီ များစွာ သက်လျှောတတ်လေသည်။ အူသိမ်၊ အူမ၊အစာဟောင်းအိမ်တစ်လျှောက် ၌ အဓိကပျက်စီးတတ်လေသည်။ထိုမန္ဒ၀ိသမ ၀မ်းမီးရှိသော သူတို့သည်လည်း  ရုပ်ဝစိုပြည်နေတတ်၏။ သွေးတွင် အဆီကစီများနေတတ်၏။ လူသည် တဖြည်း ဖြည်းဝလာတတ်သည်။ လူဝသည်နှင့်အမျှ နှလုံးအားနည်း၊ သွေးအားနည်း၊ ဖြစ်လာတတ်၏။ အပြစ်ပြုသော လေဓါတ်သည် ပွားများလာပြီးလျင် များစွာ ဖောက်ပြန်သောလေဒေါသ၏ အပြစ်တို့ကို ပြုတတ်ကြလေသည်။ ထိုမန္ဒ၀ိ သမ ၀မ်းမီး၏အပြစ်ပြုမှုကြောင့် အူသိမ်၊အူမ၊ အစာဟောင်းအိမ်တို့၌ ထိုး ခြင်း၊ အောင့်ခြင်း၊ ပွကယ်ခြင်း၊ ကျင်ကြီးသွားရာ လမ်း၌ အနာတရဖြစ်ခြင်း၊ ကျင်ကြီး၌အဆီ၊ သလိပ်၊ စသည်များ ၀မ်းလေမကွဲ လေရော ၀မ်းပါ၊ ပါဝင် လာတတ်ခြင်းတို့ ဖြစ်လာတတ်သည်။ ထို့ထက်ဆိုးရွားသော "ဒုန္ဒမေဒရောဂါ "(ဒု-ပျက်စီးသော၊ မေဒ-အဆီတို့သည် အစာဟောင်းအိမ်ကျင်ကြီးလမ်း တို့မှ စုအောင်းလျက် စအိုတစ်လျှောက် သက်ဆင်းလာသော ရောဂါများ ဖြစ်လာ တတ်ကြသည်။ ထိုပျက်စီးသော အဆီအချွဲတို့နှင့်အတူ ပြည်သလိပ်ပုပ်များ လည်း ရောနှော သက်ဆင်းလာတတ်ကြလေသည်။
(၅) ဘသ္မ (ပြာ)၀မ်းမီး
၎င်းဝမ်းမီးသည် ပူလောင်ခြောက်သွေ့ပြီး၊ စားသမျှအစာတို့သည် သွေးသားမဖြစ်အာဟာရဘ၀၌ပင်လျှင် လောင်ကျွမ်းခြောက်သွေ့ပြီး ပျောက် ပျက်သွားရခြင်းဖြစ်သည်။ ရုပ်လက္ခဏာ ပိန်ချုံးခြောက်သွေ့ပြီးနေတတ်၏။ ကိုယ်သားကိုယ်ရေ လက်ဖ၀ါး၊ ဖြေ၀ါး၊ ခေါင်းကို အမြဲပူနေတတ်၏။ ချွေးမ ထွက်၊ မောဟိုက်ပင်ပန်းနေတတ်၏။ သွေးအား၊ အသားအားတို့သည် တစ ထက်တစ်စ ခန်းခြောက်လာတတ်၏။
စားသမျှအစာ လောင်ကျွမ်းပြီး အပူဝမ်းလျှောခြင်း၊ ၀မ်းကိုက်သွေးပါခြင်း၊ သွေးချည်းသက်သက် ဆင်းခြင်း၊ အစာသစ်အိမ်၊ အူသိမ်တစ်လျှောက်၌ ပူ လောင်ခြင်း၊ အနာတရဖြစ်ခြင်း၊ စသည်များ ဖြစ်လာတတ်ကြလေသည်။ နောင်အဆင့်မြင့်လာသောအခါ မစားရ မနေနိုင်၊ရင်တွင်း၌ လွန်စွာပူလောင် ၏။ အလွန်ကြေညက်လွန်ပြီး၊ သက်ခြင်းဖြစ်တတ်သည်။
ဝမ်းမီးပျက် (၅)မျိုး ကြောင့်ဖြစ်ရသောရောဂါတို့ကိုရောဂါ၏ရောက်ကြောင်းအလိုက် ခံစား လျက်၊ အလိုက် ရောက်ရာအလိုက် အုပ်စု (၅)မျိုးခွဲယူနိုင်သည်-
(၁)ရောဂါငယ်ကား   -အာဂန္တုက အာဟာရမှား၊ ဥတုမှား၊
ပူစပ်ချဉ်တို့ကို အစာမှားပြီးဖြစ်တတ်၏။
(၂)ရောဂါလတ်ကား  -မကြေကျက်သော အာဟာရတို့ကိုစား
သောက်ခြင်း၊ အကြော်အလှော်စသော ခြောက်ကပ်သော အာဟာရတို့ကို စား
သောက်ခြင်းနှင့် အေးမြစွတ်စိုသော  ဥတုနှင့်ဆုံပြီး အပြစ်ပြုခြင်းဖြစ်၏။
(၃)ရောဂါကြီးကား    -ထိုပျက်စီးသော ၀မ်းမီးသည်အာဟာရ
ကိုချက်လုပ်ရာ၌ မသန့်ရှင်းသောသွေးတို့ကိုသာဖြစ်စေပြီး၊ ထိုသွေးကို အခြေပြု
၍ ဖြစ်ပေါ်လာသော ၀မ်းမီးဖြစ်သည်။
(၄)ရောဂါလွန်ကား     - ထိုပျက်စီးသောဝမ်းမီးသည် အစာသစ်
အူသိမ်တစ်လျှောက်၌ ပြင်းထန်စွာဖောက်  ပြန်ပျက်စီးလျက် ထိုဝမ်းမီးကိုပင်လျှင်
စွဲပြီး၊ အပြစ်ပြုသောရောဂါမျိုးဖြစ်၏။
(၅)ရောဂါဆုံးကား     -ထိုသို့ ၀မ်းမီးကို အခြေဆိုက်ပျက်စီးပြီးနောက် ထိုမှတစ်ဆင့်
ဝမ်းမီး၏အရှိန်ဖြစ်သော ရောဂါမျိုးဖြစ်၏။ အသား ပေအး  စက်နေခြင်း၊ ချွေးစေး၊
 ချွေးအေးများ ထွက်ခြင်း၊ တစ်စုံတစ်ရာ မသိတုံးကဲ့သို့ဖြစ်နေခြင်းတို့ကို တွေ့ရသည်။
ရောဂါဆုံးအဆင့်သို့ရောက်သောအခါ၌ ခုခံအားလည်း ပျက်စီးနေပြီးဖြစ်သောကြောင့် အချမ်းအပူ၊ ဥတုဒဏ်ကိုလည်း မခံနိုင်ဖြစ်လာတတ်သည်။
တချို့လည်း၊ နံနက် ခေါင်းကိုက်၊ တချို့နေထွက်ခေါင်းကိုက်၊ တချို့ နေ့လယ် ခေါင်းကိုက်၊ တချို့လည်း ခေါင်းတစ်ခြမ်းကိုက်စသည်ဖြင့် အမျိုးမျိုးဖြစ်တတ် ကြကုန်၏။
ထိုထက် အဆင့်မြင့် ပျက်သောအခါ ၀မ်းချုပ်ရာမှပျက်၊ ပျက်ပြီးသည့် နောက် ဖောရောင်တင်းဖြစ်လာတတ်ကြကုန်၏။
အချို့အထွေထွေသော ရောဂါတို့ဖြစ်ပြီးသည့်နောက်တွင် ဖောရောင်လာတတ်ကုန်၏။ အချို့လည်း ၀မ်းပျက်လာတတ်၏။
ထိုသို့သောအဖြစ်မျိုးကိုပထ၀ီပျက်သည်ဟုလည်း ကောင်း၊ ရောဂါဆုံးအဆင့်သို့ ရောက်ပြီဟုလည်းကောင်း သတ်မှတ်ကြ  သည်။
 ထိုသို့ဖြစ်လာခြင်းသည်ဝမ်းမီး၏ စွမ်းရည်ဖြစ်သော စောင့်ရှောက် မှု ဓာတ်မီး၊ (ဥသ္မာတေဇော) ပျက်စီးခြင်းကြောင့် ဖြစ်ပေသည်။
 နောက်ဆုံး တွင် အသားအေးစက်လာခြင်း၊ ချွေးအေး၊ ချွေးစေးများထွက်လာခြင်း၊ တစ်ကိုယ်လုံးညိုညစ်မဲလျက်၊ သြဇာဓာတ်ပျက်ခြင်း၊ အချို့နေရာ၌ ဖြူကွက်နေ ခြင်းတို့ကို တွေ့ရသည်။
ထိုသို့ဖြစ်လျှင် ရောဂါအဆင့်မြင့်နေပြီဟု မှတ်ယူရ သည်။
ထိုဆိုခဲ့သောအစုံစုံသောရောဂါ၊ အဆင့်ဆင့်သောရောဂါတို့သည်ဝမ်းမီး ပျက် (၅)မျိုးကို အခြေခံ၍ ဖြစ်လာရခြင်းဖြစ်သည်။
ထိုရောဂါတို့၏ မူလအရင်း အမြစ်မှာ၊ ၀မ်းမီးကို ကောင်းအောင် ပြုပြင်ရန်သာဖြစ်ပေသည်။
ထိုရောဂါတို့ နှင့် ဆန့်ကျင်ဘက်ဖြစ်သော ၀မ်းမီးကောင်း၏ လက္ခဏာများကား -
အဆုံးငါးပါး၊ ပူသည်၊ အေးသည်မရှိ  ၊ ချွေးအေးမထွက်၊
နှစ်ကြိမ်စားလျက်  တစ်ကြိမ်ဝမ်းသက် သည်။ သက်သောဝမ်းသည်လည်း သန့်ရှင်း၏။ ပေကျံခြင်း၊ ၀မ်းကျန်နေခြင်း မရှိချေ။
 ချွေးထွက်၏ ကိုယ်သားကိုယ်ရေ သန့်ရှင်း၏။
 ရေသောက်ကောင်း၊ စားကောင်း၊ အိပ်ပျော်၏။ ထို (၃)ချက်ကို သတိထားပြီး စဉ်းစားရသည်။ ထို ဆိုခဲ့သော လက္ခဏာတို့သည် သမမျှတသော ဝမ်းမီး လက္ခဏာများဖြစ်ကြလေသည်။
ထိုသို့ ၀မ်းမီးပျက် (၅)မျိုးမှ လွတ်ကင်းစေလျက် သမမျှတသော ၀မ်းမီး ဖြစ်ရန် အစဉ်တစိုက် ပြုအပ်သော ဆေးသည် "အမတနာဠိကေရ" ခေါ် အုန်း သီးအသက်ရှည်ဆေးပင်ဖြစ်သည်။
ဆေးနည်းဖော်စပ်ပုံ
(၁)သစ်ဆိမ့်သီးအဆံ  ၁ကျပ် ၄ပဲ
(၂)ကြဇုသီး                     ၁ကျပ် ၄ပဲ
(၃)ဆီးဖြူသီးအသား    ၁ကျပ် ၄ပဲ
(၄)ကံ့ကော်ဝစ္ဆံ               ၁ကျပ် ၄ပဲ
(၅)နွားမြက်ရင်းခေါင်း ၁ကျပ် ၄ပဲ
(၆)ငရုတ်ကောင်း          ၁ကျပ် ၄ပဲ
(၇)လင်းနေ                     ၁ကျပ် ၄ပဲ
(၈)ဖာလာ                        ၁ကျပ် ၄ပဲ
(၉)အိပ်မွေ့သီး               ၁ကျပ် ၄ပဲ
(၁၀)ပိတ်ချင်းသီး           ၁ကျပ် ၄ပဲ
(၁၁)ကန့်ချုပ်နီ                                ၁၀ဲ
(၁၂)နံ့သာနီ                                     ၁၀ဲ
(၁၃)ဆင်တုံးမနွယ်                         ၁၀ဲ
(၁၄)နှမ်းဆီ                           ၂ကျပ်
(၁၅)ထောပတ်                     ၂ကျပ်
(၁၆)ပျားရည်                         ၂ကျပ်
(၁၇)သကြား                        ၂၅ကျပ်
(၁၈)ထန်းလျက်                   ၁၀ကျပ်
(၁၉)အုန်းသီးတခြမ်း၏နို့ရည်       ၂၀ကျပ်
(၂၀)အုန်းသီးတစ်ခြမ်း၏အဖတ်(လှော်ထည့်)
(၂၁)အုန်းသီးတစ်လုံးရည်
ဖော်စပ်ပုံ
(၁)အုန်းသီးကိုခြစ်ပါ။ ပြီးလျှင် ထိုအုန်းရည်ဖြင့် နို့ညစ်ယူပါ။ကျန်
သောအဖတ်ကို မီးကျွမ်းအောင်လှော်ပါ။
(၂)အုန်းသီးလှော်ဖတ်နှင့်တကွ နံပါတ် (၁)မှ (၁၄)အထိ ဆေးဖက်
များကို အမှုန့်ကြိတ်ပါ။
ဆေးချက်ပုံအဆင့်ဆင့်
သံဒယ်အိုးဖြင့် ထောပတ်ကို ဆီသတ်ပါ။
ဆီသေလျှင် အောက်သို့ချပြီး ပျားရည်ထည့်မွှေပါ။
 ၎င်းတွင် နှမ်းဆီသတ်ပြီး ထည့်ပါ။
ထန်းလျက်ကို ကြေ အောင်ကြိတ်ပြီး ထည့်မွှေပါ။
၎င်းနောက် အုန်းနို့ကိုထည့်မွှေပါ။
ကျက်ကျက် ဆူသောအခါ သကြားကို ထည့်မွှေပါ။
 ကြေညက်ပြီးမှ ဆေးမှုန့်များကိုထည့် ပါ။
 ပြီးလျှင် မီးမျှင်းမျှင်းဖြင့် တဖြည်းဖြည်း လက်ကော်ရအောင် ဆီပြန်လာ အောင် ချက်ပါ။
ထိုအခါ သုံးဆောင်ရန်သင့်သော " အမတ နာဠိကေရဆေးအဖြစ်သို့ရောက် ရှိပြီးဖြစ်သည်။
ထိုဆေးကို စားသောက်သောအခါ၌ နံနက်စောစောတွင် ၈ပဲ သားခန့် (ကွမ်းသီးခြမ်း) ရေနွေးနှင့်သောက်ပါ။ ဆေးသောက်ပြီးသည့်နောက် တွင် အနုပါနအနေဖြင့် ကော်ဖီဖြစ်စေ၊နွားနို့ဖြစ်စေ၊ သားပြုတ်ရည် တစ်ခုခု ဖြစ်စေ၊ ထမင်းရည်ဖြစ်စေသောက်ပါ။
ထိုဆေးကို စားသောက်သုံးဆောင်ခြင်းကြောင့် အထက်၌ဖော်ပြခဲ့သော ၀မ်းမီးပျက်၊ (၅)မျိုးမှ ကင်းလွတ်ပြီး အထူးသဖြင့် မန္ဒ၀ိသမ ၀မ်းမီးတို့မှ ကင်း လွတ်ပြီး၊ သမသော ၀မ်းမီးကို ရရှိလျက် ကျန်းမာခြင်းအသက်ရှည်ခြင်း အသေသက်သာခြင်း အကျိုးတို့ကို ဧကန်ရရှိလာကြမည်ဖြစ်ပေသည်။
နာတာရှည်စွဲဖျား၊ ငှက်ဖျား၊ အငုပ်၊ ၀မ်းကိုက်အငုပ်၊ သွေးအား၊အသား အားနည်းသူတို့အတွက် အသင့်တော်ဆုံးဖြစ်သည်။
ထို့ကြောင့် ကျန်းမာရေး၊ အသက်ရှည်ရေး၊ အနေသက်သာရေးတို့အတွက် လိုအပ်သောသူအပေါင်း လိုက်နာကျင့်သုံး လိုသူအပေါင်းတို့အတွက် ကျန်း မာသက်ရှည်၊ အသေသက်သာမှုကို ပေးစွမ်းနိုင်သော "အမတနာဠိကေရ"
ဆေးနည်းကို ရေးသားဖော်ပြလိုပါသတည်း။
မူရင်း page ၏ Link.
https://m.facebook.com/theinphyufoundation/
Thursday 19 November 2015
မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "စာအုပ် မှ
" ၀မ်းမီးနှင့် အခါးဆက်စပ်ပုံ "
ဝမ်းမီးနှင့်အခါးဆက်စပ်ပုံအကြောင်းကို အကျဉ်းချုံး၍ ဖော်ပြလိုပါသေး သည်။
ဝမ်းမီးဟုခေါ်လိုက်သော်လည်း စင်စစ် "ဂဟဏီ"ခေါ်သော ၀မ်းမီး ကို
ဆိုလိုခြင်းဖြစ်ပေသည်။
ထိုဝမ်းမီးသည် ဘ၀၏ အစဖြစ်သော ကမ္မဇတေ ဇော၏
အဟုန်ဖြစ်ပေသည်။
ချက်၌တည်သော လေအဟုန်သည် ၀မ်းမီး၏ တောက်ပ၊ ထက်မြက်မှုကို
အထောက်အကူပေး၏။ ၀မ်းမီးနှင့်လေသည် အမြဲ တမ်း မိတ်ဆွေဖြစ်၏။
"မီးလောင်ရာလေပင့်ဟူသော စကားပုံအတိုင်း မီး တောက်လောင်အောင် ပြုလုပ်လိုလျှင်လေကိုအသုံးချရမည် ဖြစ်ပေသည်။
ထိုမီးနှင့်လေတို့ သဟဇာတဖြစ်ကြပုံကိုလည်း
"မီးနှင့်ကားလေ၊ ရေနှင့်မြေ၊ မိတ်ဆွေတော်ကြ သဟာယ"ဟူသော
ရိုးရာဆောင်ပုဒ်ဖြင့် ဖော်ပြနေလေသည်။
ပါဠိစာပေတို့၌လည်း မီးနှင့်လေသည်ပေါ့ပါးသော လဟုဓာတ်၊ ရေနှင့်မြေ သည်
 အေးလေးသော ဂရုဓာတ်ဖြစ်သည်ဟု ဖော်ပြကြကုန်၏။
မီးနှင့်လေ ဆက်သွယ်နေပုံမှာ လောကမျက်မြင်အနေဖြင့်လည်း လေမရှိ လျှင်
မီးသေရ၏။
လေလွန်လျှင်လည်း မီးသည်ပျက်စီးရလေသည်။ ထိုဝမ်း မီးတွင်ရှိသော
မီးနှင့်လေတို့သည်ကား မီး၏သေသဘောလက္ခဏာနှင့် တူ သောကြောင့်
မီးဟုလည်းကောင်း၊ လေ၏သဘောလက္ခဏာနှင့်တူသော ကြောင့် လေဟုလည်းကောင်း ခွဲခြားဖော်ထုတ်ခြင်းဖြစ်ပေသည်။
 ပြင်ပမှ မီးလေတို့သည်ဥတုဇကြာင့်ဖြစ်၏။
ခန္ဓာကိုယ်ထဲ၌ရှိသော လေသည် ကား ကမ္မဇကို
အကြောင်းခံပြီး ပေါ်ပေါက်လာရခြင်း ဖြစ်ပေသည်။
 ကံ၊ စိတ်၊ ဥတု၊
အာဟာရတို့ကို အခြေခံနေပေသည်။ ထိုဝမ်းမီးဟူသော ပါစက သည်းခြေသည် ကျန်နေသော
သည်းခြေ ၅-မျိုးတို့ကို ထောက်ကူ အကျိုးပြုပေသည်။
ပင်မဖြစ်သောဝမ်းမီးကို
ပါစကဂ္ဂိဟု တစ်နည်းအားဖြင့် ခေါ်ပြီးလျှင် ထိုဝမ်းမီး၏အရှိန်ဖြစ်သော
ကြွင်းသောသည်းခြေ ၅-မျိုးတို့အား ဓာတွဂ္ဂိဟု (၀ါ) ဓာတ်မီးဟုခေါ်သည်။
ဓာတ်မီးသည် ရသရည်အစရှိသော ဓာတ်တို့တွင် ဦးဆောင်ပါဝင်နေသော အစိတ်အပိုင်း
မီးများဖြစ်သည်။ ထို ဓာတွဂ္ဂိဟုခေါ်သော ဓာတ်မီးတို့ကိုလည်း
လေဓာတ်သည်ကောင်းစွာ စောင့် ရှောက်ပေးလေသည်။
ထိုမျှမကသေး ၀မ်းမီးက
ချက်လုပ်သောဓာတ်တို့ကို လေဓာတ်က ဆောင်ယူပေးရလေသည်။ ထိုဓာတ်တို့ အဆင့်ဆင့်
ချက်လုပ်၊ ကြေညက်ပြီးသော ရသာရည်အာဟာရ အားလုံးတို့ကိုလည်း အာပေါဓာတ် က
ပေါင်းစည်းတည်ဆောက်ပေးရန်အတွက် ဆိုင်ရာဓာတ်တို့ကို ဆိုင်ရာ
နေရာတို့သို့ရောက်အောင် လေဓာတ်က ပို့ဆောင်ပေးရလေသည်။
ထိုဓာတ် ၇-ပါးတို့
ခန္ဓာကိုယ်ကြီးတွင် လိုအပ်သမျှတို့ကို တည်ဆောက်ပြီးသောအခါ၌
ကျန်ရှိနေသေးသော အညစ်အကြေးမလတို့ကို ခန္ဓာကိုယ်အပြင်သို့စွန့်ထုတ်
ရန်အတွက်လည်း လေသည် အဓိကအကျဆုံးဖြစ်ပါသည်။ ထိုလေသည် ကျင်ကြီး၊ ကျင်ငယ်၊
သုက်၊ ဥတုသွေး၊ ကိုယ်ဝန်တို့ကို ထုတ်ဆောင်တတ် လေသည်။
ထို့ပြင်
မွေးညင်းတို့မှ အပြင်သို့ထွက်သော ချွေးနှင့်အခိုးတို့ကို လည်း
အမြဲထုတ်စွန့်နေရလေသည်။
ထိုလေသည် သဘာဝအစဖြစ်သော ကမ္မဇတေဇော စသည်မှ တစ်ပြိုင် တည်း
စတင်ခဲ့ရသောလေဖြစ်သည်။ ထိုကိုလည်း ကမ္မဇလေဟုပင် ခေါ်ဆို လေသည်။
မမွေးဖွားမီ၌ ကမ္မဇလေက ထောက်ကူပေးသကဲ့သို့ မွေးဖွားပြီး နောက်
ပါစကမီးကိုလည်း ဥတုဇ၀ါယော၊ အာဟာရဇ၀ါယော၊ စိတ္တဇ ၀ါယောတို့က
ထောက်ကူအားဖြည့်ပေးနေကြလေသည်။
ထိုသို့ ၀မ်းမီးကို
တည်ဆောက်ထောက်ကူပေးနိုင်သော လေဓာတ်ကို ဥတုဇအနေဖြင့်ကား အသက်ရှူသောလေမှ
ရရှိ၏။ စိတ္တဇလေအနေဖြင့်ကား စိတ်၏လှုပ်ရှား တက် ကြွလန်းဆန်းမှုတို့မှ
ရရှိကြ၏။
အာဟာရလေအတွက်ကား ခါးငန်နှစ်ပါး၊ ၀ါယောထားဟူသည့်အတိုင်း ခါးငန်
နှစ်ပါးတို့မှ ရရှိကြလေသည်။ ထိုတွင် အငန်သည် အဖျက်ဝါယောကိုသာ
ဖြစ်စေပြီး အပြစ်များစေတတ်သောကြောင့် အဓိက ကျသော အာဟာရမှာ အခါးအာဟာရပင်ဖြစ်ပေသည်။
ထိုအခါးအာဟာရ တွင် ပူခါး၊ အေးခါး၊ မျှတသောအခါးဟု ၃-မျိုးရှိကြရာတွင်
မိမိ၏၀မ်းမီးသည် ပူခါးနှင့်မှသင့်မည်၊ မိမိ၏၀မ်းမီးသည်
အေးခါးနှင့်သင့်မည်၊ မိမိ၏၀မ်းမီးသည် မျှတသောအခါးနှင့်မှ သင့်မည်တို့ကို
နှိုင်းချိန်ဝေဖန်လျက် စားသောက်သုံး ဆောင်တတ်ရန် လိုပေသည်။
ဝမ်းမှာအခါးဟူသည့်အတိုင်း ၀မ်းမီးအတွက် အထောက်အကူပြုသော အခါးကို
စိစစ်ဝေဖန်ပြီး မိမိနှင့် သင့်တော်ရာကို စားသောက်ခြင်းဖြင့် ၀မ်းမီး သည်
အစဉ်သဖြင့် အားရှိပြီး ရသာရည်စသော ဓာတ် ၈-ပါးတို့ရှိသော ဓာတ် မီးတို့ကို
အစဉ်သဖြင့် စောင့်ရှောက်လျက် မလိုအပ်သော အညစ်အကြေး တို့ကို အစဉ်သဖြင့်
စွန့်ထုတ်လျက် သက်ရှည်ကျန်းမာ၊ အိုမှုမှဝေးကွာလျက် တည်နေရမည်
ဖြစ်ကြောင်းကို ကြောင်းကျိုးဆက်သဘောဉာဏ်ပါပါဖြင့်  ရေးသားဖော်ပြအပ်ပါသည်။
I
အိုမှုအားနည်းမှုတို့ကို ကုစားကာကွယ်ရန်အတွက် အခြေအမြစ်နှင့်တကွ ခိုင်မာသော
ကုထုံးဥပဒေတို့သည် မြန်မာ့ရိုးရာတွင် များစွာပင်ရှိကြကုန်၏။
မိမိနှင့်သင့်လျော်ရာကို ရွေးချယ်ပြီးလျှင် စွဲမြဲစားသောက်ရန်သာ
လိုပေသည်။ ထိုသို့သော အခြေအမြစ်ခိုင်မာလျက် ရှာဖွေရ၊
စုဆောင်းဖော်စပ်စားသောက် ရလွယ်ကူသော ဆေးနည်းများကို ကြိုတင်ကာကွယ်
ဘေးမတွယ်ပိုင်း၌ ရေး သားဖော်ပြသွားပါမည်။ ဆိုလိုသည်မှာ
ဝမ်းမီးနှင့်လျော်ကန်ပြီး၊ ဓာတ်မီးနှင့် လည်း လျော်ကန်စေ၊
ရောဂါတို့နှင့်လည်းလျော်ကန်သော ဆေးဝါးဓာတ်စာ၊  အာဟာရတို့ကို
ရွေးချယ်စားသောက်တတ်ရမည်ဖြစ်ပေသည်။
စားသောက်သော ဆေးသည်လည်း အစာသဘောသို့ ရောက်လျက် ရုပ် ခံဓာတ်ခံလည်း
လျော်ညီရမည်ဖြစ်သည်။
ဤအချက် ၃-ချက်သည် အသက် ရှည်ရာ အနာကင်းဝေးရေးအတွက်
အရေးကြီးဆုံးဖြစ်ပေသည်။
သို့မဟုတ်က ဆေးနည်းညွှန်ကြားချက်ကိုသာကြည့်၍
မိမိရောဂါ၊ ရုပ်ခံ၊ ဓာတ်ခံနှင့် မတိုင်း တာနိုင်ဘဲ
ဆေးနည်း၏အကျိုးဖော်ပြမှုကိုသာ အားကိုးသမှုပြုလျက် သုံး ဆောင်ကြသဖြင့်
"ပေါ့စေလို၍ ကြောင်ရုပ်ထိုး၊ ဆေးအတွက်ပိုလေး"ဆိုသော
မြန်မာစကားပုံကဲ့သို့ လိုရာအကျိုးမပြီး၊ အချည်းအနှီးအလဟဿ အချိန်ကုန်
လူပန်း ရောဂါကျွမ်းဖြစ်တတ်ကြလေသည်။
ထို့ကြောင့် ဆေးနည်းတစ်ခု၏ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး မိမိ ၀မ်းမီး၊
ဓာတ်မီး၊ ရုပ်ခံ၊ ဓာတ်ခံတို့နှင့် လျော်ကန်မည်ဖြစ်သော ဆေးကိုသာ
စွဲမြဲလျက် ဇွဲနပဲဖြင့် စားသောက်သင့်ပေသည်။
 မြန်မာ့ရိုးရာ၌ "လမ်းဆုံးလျှင် ရွာတွေ့မည်"ဟု စကားပုံရှိ၏။
 လျှောက်သောလမ်းသည်  လမ်းမှန်ဖြစ်ရန်သာ လိုပေသည်။
ယခုဖော်ပြလတ္တံ့သော ဆေးနည်းတို့သည် နည်းမှန်လမ်းမှန်များ သာ ဖြစ်ကြကုန်၏။
 မိမိဝမ်းမီးစသည်နှင့် လျော်ရာကိုသာ ရွေးချယ်လျက် ဇွဲ နှင့်စားသောက်ကြရန်သာ
လိုပေသည်။
မြန်မာနိုင်ငံ၌ ကျန်းမာသက်ရှည် အထွေထွေသော အားတိုးဆေးတို့ကို ခေတ်အလိုက်
စားသောက်ကြသည်ကို တွေ့ရပေသည်။
တစ်ခုခု စွဲမြဲစွာ
စားသုံးခြင်းမျိုးမဟုတ်ဘဲ တစ်ဦးဦးက ကောင်းလှသည်ဟု ဖော်ပြလိုက်သည် နှင့်
အားလုံးကလိုက်လုပ်ကြခြင်းမျိုးဖြစ်သည်။
သင့်လျော်ရာရွေးပြီး ဇွဲနပဲနှင့်
စွဲမြဲစွာ စားသောက်ကြခြင်း မဟုတ်သောကြောင့် လိုရာအကျိုးမပြီးသူတို့သာ
များလှကြောင်း တွေ့ရပေသသည်။
မူရင်း = page ၏ link.
https://m.facebook.com/theinphyufoundation/
ဆရာ - မင်းမင်းထက်သာ။
ကျမ်းမာရေးသုတပဒေသာ
မြန်မာ့ဆေးပညာစပ်မိစပ်ရာ
*************************
(ခါးနာကိုက်ခါးကိုက်အရိုးအဆစ်နာကိုက်ကုထုးံ)
-----------------------------------------
   အမေးစကားအတွေများစွာဆေးနည်းလေးညွှန်ဖို့အ
ကူအညီတောင်သူများရှိပါတယ်ဆေးနည်းပေးဖို့လွယ်တယ်စနစ်တကျကုသစားဖို့တော့ခက်တယ်
ခုတစ်လောကျနော်မြန်မာဆေးပညာရဲ့(ရောဂါဖြစ်
ကြောင်းအခြေခံအကြောင်းတရား)ကိုနဲနဲရှင်ပြချင်
တယ်
       &*ရိုးရိုးခါနာခါးကိုက်အကြောတင်ခြင်း  ခါးတင်
မကတစ်ကိုယ်လုးံအရိုးအဆစ်အကြောတွေနာတာ
ကိုက်တာတွေအဆုးံစွန်ပြောရရင်ဒီနေ့
  (အရိုးအဆစ်နာကိုက်လိုအိပ်စ်ရေးဓါတ်မှန်ရိုက်ဆေး
စစ်ဆေးသွေးစစ်အစရှိသဖြင့်စစ်ဆေးတော့
၁။အရိုးကျီးပေါင်းတက်ခြင်း
င်္ိ၂။လေးဘက်နာဂေါက်ရောဂါပိုးတွေ့တာ
၃။ယူရစ်အက်စစ်ဓါတ်လိုတာထက်များလို့ဖြစ်တာ
င်္ိ၎။အာရုံကြောညှပ်တာအားနည်လိုဖြစ်တာ   စသဖြင့်
ပေါ့လေသိရတွေ့ရမှာဖြစ်ပါတယ်  
      မြန်မာဆေးပညာအခြေခံအဆင့်မှာတင်အရိုး အဆစ် အကြော  တွေတောင့်တာတင်းတာကိုက်တာ
ခဲတာဘာကြောင်ဖြစ်တာလဲ?????မေးခွန်းအတွက်
၁။ပထဝီနဲ့အာပေါဓါတ် ၂ပါးလွန်လိုဖြစ်တာ
          အရိုးအဆစ်တွေမှာအဆီအစေးတွေကပ်ညှိ့
သင့်တာထက်ပိုလွန်ကပ်ညှိပြီး(ပွားစည်းခြင်း)ဆိုတဲ့
သဘောကြောင်အရိုးတွေမှာမလအညစ်အကြေးကပ်တာ အရိုးမှာကပ်အကွလိုဖြစ်ကျီးပေါင်းပေါ့ ခေတ်မှီစက်ကရိယာနဲ့စမ်သပ်ဓါတ်မှန်အစအန်ထရာဆေားင်း ဓါတုဆေးရည်တွေနဲ့ဓါတ်ခွဲအမြေထုတ်
အထက်ကဖေါ်ပြတဲ့လေးဘက်နာပိုး   ယူရစ်အက်
စစ်များတာအာရံကြောအစအများကြီးအဖြေထွက်လာ
တယ်မြန်မှာဆေးပညာကတော့အရိုးအဆစ်အကြော
နာတာတောင့်တာတင်းတာကိုက်ထာခဲတာအဲ့ဒါပထဝီနဲ့အာပေါဓါတ်လွန်တာ  အင်  အကြောညှပ်လွဲတင်
နှိပ်ထုတ်လိုက်ပြန်တည့်ဖိုအကြောပြင် ဟ ဒါတော့
မရဘူးဟေ  (ပထဝီအာပေါဓါတ်အရိုးစွဲတာ)ဆေး
သောက်ဆေးလိမ်း ဒီလိုကုမှရမယ်
       ရေးရင်းလိုရင်မရောက်တော့ဘူးခါးနာခါးကိုကအ
ရိးကျီပေါင်းတက်စသဖြင့်ရောဂါဖြစ်ခြင်းအစုစုသည်
(ဝမ်းတစ်လုံးကောင်းခေါင်မခဲ့ဘူး)ဆိုတဲ့မြန်မာစားပုံ
လိုဘဲ ဖြစ်သမျှရောဂါအစာအိမ်ကလာတာကဲဘာလုပ်
မလဲ့?????
၁။ဝမ်းမခ်ူပ် ဝမ်းဓါတ်မှန်ဖို့
၂။အခိုးအာကာသပွင့်သင့်တဲ့နေရာပွင့်ဖ်ု့လုပ်
၃။အပူလွန်အအေးလွန်အစားအသောက်အနေအထိုင်
    မိုးမဖြစ်အောင်စားသောက်နေထိုင်
၎။ထွက်သင့်တဲ့မလအညစ်အကြေးတွေသဘာဝအ
    တိုင်ထွက်ဖိုကြိုးစာနေထိုင်စားသောက်ဒါဘဲပေါ့
         အပြောလွယ်တယ်လိုက်နာဖို့ခက်တယ်
ကဲဗျာအရင်ကလဲဖေါ်ပြပြီးတဲ့ဆေးပါဘဲထပ်တင်မယ်
&ကျီးပေါင်းအပါဝင်အရိုးအဆစ်မှန်သမျှနာကိုက်
   --------------------------------------
               လိမ်းသောဆေး
               ------*------
၁။ငဖုန်းဆေး                     ၁ကျပ်သား
၂။ပန်းရင်း                                ။
၃။နံသာနီ                                 ။
၎။ကံ့ကော်ဝတ်ဆံ                   ။
၅။နနွင်းဥ                                  ။
၆။ဥပသကာ                             ။
၇။လေးညှင်း                     ၂ကျပ်သား
၈။ငရုပ်ကောင်း                 ၂ကျပ်သား
၉။ဆေးပုလဲ                   ၁၀ကျပ်သား
        င်္ိ&*မိမိလိုသလောက်အလေးချိန်အတိုင်းဖေါ်ပါ။
&*လိမ်းဆေးသောက်ဆေးရူဆေးအဖြစ်အသုးံးပြုနိင်သည်။
သောရန်။   ။ ၂ပဲသားကော်ဖီ၁ွန်းရေနွေးဖြင့်။
                   အခိုးပိတ်ဖျာအအေးပတ်ညောင်းကိုက်
                  အစားမှားအစာမကြေလဲသောက်နိုင်သည်
လိမ်းရန်။   ။ ခါးနာခါးကိုက်ဒူနာဒူးကိုက်တစ်ကိုလုးံ
                ကိုက်ခဲသောဆေးကော်ဖီ၂ဇွန်းသနပ်ခါး
              ချင်းသွေးအရည်နဲ့မပျစ်မကျဲဖျောနာကိုက်
              တဲ့နေရာအားမထူမပါးလိမ်း တစ်နေ၃ကြိမ်
              အနည်းဆုးံထားလိမ်း။
              အရိုးကျီးပေါင်းတက်သော်
            ၁။လည်ပင်းပုခုံးအလယ်ကျောရိုးမဖြစ်သော်
                ဆေးနှင့်ငရုပ်ကောင်း၅စေ့ကြိတ်ချေပါးပါး
             လိမ်းပြီးရေနွေအိပ်၁၀မိနစ်ခန့်ကပ်ပေးပါ
             တစ်နေ့၂ကြိမ်အနည်းလိမ်းပေးပါ။
            ** ခါးဆစ်တင်ပခွက်ပေါင်ရင်းဖြစ်သော
                       ဆေးကိုပိတ်ချင်းသီး၃တောင်လောက်
              နဲ့အညက်ကြိတ်ရေနွေးနဲဖျော်လိမါးရေနွေ
                 အိပ်ကပ်ပေး။
                 င်္ိ*ဒူးနှင်ခြေဖျားထိဖြစ်သော် ချင်းနှင်သွေ်း၍
                လိမ်းပါ။
                          ဆေးချည်းလိမ်းလဲရပါသည်။ရေ
                အေးရေနွေကြိုက်သလိုဖျော်လိမ်း။
                &* နှမ်းဆီမူန်ညှင်းဆီနှင့်ရောပြီးအဆစ်လွဲ
                 အကြောထုးံတင်ဒဏ်နာများလိမါးနိင်ပါ၏
&*ရေခိုးပြီးမန်းကျီးတစ်စေ့ရေနွေးဖြင်သောက်သော်
    အခိုးပွင်စေသည်။သတိပိန်သူမျာအပူလွန်သူများမ
သောက်ရ။ဆီးခိုသွေးခိုရှိသူမိားသောက်နိင်၏
              ***************
&*လေမုန်တိုင်ဆေး(ဝါယုဗလ)
      ************************
၁။ဇါသီး                             ၂ပဲသား
၂။လေးညင်း                                ။
၃။ပန်းနု
၎။ပန်းမပွင့်
၅။ကွက္ကရာ
၆။ဆောင်းမေခါး
၇။ဇီယာဖြူ
၈။နွယ်ခို
၉။တြိကဋုတ်
၁၀။စမုန်မိုး ၅ ပါး
၁၁။ကံကော်ဝတ်ဆံ
၁၂။သစ်ကြံပိုး
၁၃။ကရဝေးရွက်
၁၄။ကရဝေးသီး
၁၅။ဖါလာချဉ်ပေါင်
၁၆။စမြိတ်
၁၇။လက်ချား
၁၈။လင်းနေ
၁၉။ပဒဲကောကြီး
            အထက်ပါဆေး၁၉မိုးတစ်မိုးလျှင်ဆေးအ
လေးချိန်(၂ ပဲသား)စီအမျှစီယူပါ။ထို့နောက်
၂၀။ကြဇု               ၃ကျပ်၂ ပဲသား
၂၁။သိန္ဓော           ၆ကျပ် ၄ပဲသား
၂၂။စမုန်နက်         ၈ကျပ်၎ ပဲသား
၂၃။ဆေးပိုးတီ       ၁၂ကျပ် ၈ ပဲသား
၂၄။ဇဝက်သာ          ၄ကျပ် ၄ ပဲသား  
            ဆေးအားလုးံစုပြီးအမူန်ပြုပါ။
ဆေးအားမိမိလိုသလောကဖေါ်ယူနိင်သည်။ဆေးကျမ်းအရသာဖေါ်ပြခြင်းဖြစ်ည်။
ရသ            အေးဆိမ့်ချဉ်ငန်ခါး
ဝိပါကကျေကျက်ပြီးနောက်             အေးခိုချဉ်စပ်
အကိုးသွား        အတွင်းပထဝီအာပေါဓါတ်တိုကို
                 ပျက်စေ၏ဝါယောလေဓါတ်ကိုချောက်ချား
                 စေ၏ ဆီး ဝမ်း လေ တိုကိုသက်စေ၏
အသုးပြုပုံဆေးပမာဏ      တစ်မတ်သား
                                     (ကော်ဖီ၂ဇွန်း )ရေနွေးဖြင့်
                        သော်၎င်း ရှောက်ရေနှင့်သော်၎င်း
                    အဓိကနေ့  ၁နာရီခန့်သောက်ဆေး
                  သောက်ပြီးနောက်ဝမ်းတွင်းလေများမုန်
                  တိုင်းပမာမွှေမည်ထကြွမည်ဝမ်းဓါတ်
            များသွာပြီးပါကပျောက်ကင်းသွားမည်။
&*ရောဂါအတွက်ဆေးညွှန်း
                ခါးနာကိုက်ခဲထုံကျင်ညောင်းညာအရိုးအ
အဆစ်လေဖေါက်ပြန်၍ဖြစ်သောရောင်ရမ်းကိုက်ခဲ
ခြင်းမှစ၍(ယူရစ်အက်စစ်များချင်း   ဂေါက်လေးဘက်
နာဖြစ်ခြင်း  လေထိုးလေအောင်လေနာလေတက်
သွေးတိုးမူး ခေါင်အုန်ဇက်ကြောတက်  လေဓါတ်အား
နည်ဖေါက်ပ်ြချင်ကြောင်ဖြစ်သောဝေဒနျာလနက်လေအန်မူးနှင်(အစာအိမ်ကင်ဆာ)ဆီးခူပ်ရောဂါရရှင်များ
ကျောက်ကပ်သန့်ရှင်းလိုသူများ(နေ့ ၁ နာရီရှောက်
ရည်ဈှင်သောက်)တေးနှင်အစာဝေးပါစေ။
*****************
         ကဲလူတိုင်းနားလည်အောင်ေးလိုက်တာပါ
&*စကားအနည်းငယ်မှာပါရစေ
             မြန်မာ့ဆေးမှာသိန္ဓာဇဝက်သာဆားပုတ်
ဆိုတာတွေပါပါတယ်အဲ့ဒီအခါအမေးပြဿနာတစ်ခုရှိတယ်(သွေးတိုးရှိလိုအငနါနဲ့ဖြစ်မမလားးတဲ့
&*မြန်မာ့ဆေးပညာမှာ(ဝိပါက=အစာကျေကျက်ပြီး
နောက်  အသက်ခန္ဓအတွက်သြဇာအာဟာရသွေး
ဓါတ်အဖြစ်ရောက်ရှိတဲ့အခါ  သွေးထဲအခိုအငန်
အဖန်အစပ်အခါးအချဉ်ဆိမ်ဆိုတဲ့သြဇာဓါတ်တွေ
ဖြစ်ဖ်ု  အစာကြေချက်ပြီးတဲ့အခါမှာ(ဓါတ်ပြောင်းလွဲ
ခြင်းကို  ပါဠိလို  ဝိပါက  မြန်မာလိုဓါတ်ပြုဖြစ်ချင်းပြီး
နောက်မှာစားတဲ့ခိုချဉ်ဖန်စပ်ခါးဆိမ်တွေဟာရသသြဇာဓ်ါဖြစ်တဲ့ခါ  ဓါပြောင်းသွားပါတယ်။
ခုဆေးဥပမာလိုပေါ့   ဆေးရဲ့လျှာပေါ်တင်တဲ့ရသဓါတ်က(အေးဆိမ်ချဉ်
   *ငန်)ရသာဓါတ်ခံစားတယ်
&*ဝိပါက  ကေကြကျက်ပြီးသြဇာရသဖြစ်တဲ့အခါ
        (အေးခိုချဉ်စပ်  )သြဇါရသ ၄မိုးဘဲဖြစါကျန်ခဲ့
      တယ်  တစ်ဖန်  သွေးထဲကတဆင့်အဆင်ဆင့်
သောဓါတ်ပြုမူနဲ့အခိုဓါတ်ဟာအသားအရေပြားတင့်
တယ်စ်ုပြေမူ့အတွက်ခွဲထွက်သွားတော
(အေးချဉ်စပ်)ဲ့ဘဲကျန်နေပြီး(ပထမအငန်ပျက်သွား
တယ်ဒုတိယအခိုပျက်သွားတယ်)ဒီနေရာမှာဆေးအခေါ်(ပဘာဝသတ္တိ==ဆေး၏ထူးသောအစွမ်း
သတ္တိ  ရောဂါကိုဖယ်ရှာပယ်ရှားစေတတ်သောအကိုး
သတ္တိဖြစ်စေမဲ့(ဆေး၏ဣဒ္ဓိပါတ်)စွမ်းအားအာပဘာဝ
အဖြစ်ရောဂါကိုတိုက်ဖျက်တယ်။
     **ခုရောဂါမှာအရိုကျီပေါင်ဖြစ်ဖြစ်အကြောအဆစ်
        ကိုက်ခဲနာကျင်တောင့်တင်းခါးနာဒူနာတာဟာ
ပထဝီဓါတ်နဲ့အာပေါဓါတ်လွန်တာကြောင်ဖြစ်တယ်
လျောနည်းပျက်စီးနေတာက  တေဇောဓါတ်နဲဝါယော
လေဓါတ်ဘဲဆေးကြေကျက်တဲ့ဝိပါကအဆင်မှာ
ဆေးအာနိသင်က    ချဉ် စပ် ရသ ၂ပါးဘဲကျနမယ်
(တေဇေါဓါတ်နဲ့ဝါယောဓတ်ပေါင်းရင်ရသတစ်ခုထွက်ရမယ်(အစပ်ရသ)အဲ့ဒီ  ဓါတ်ဟာ ရောဂါဖြစ်တဲ့
နေရာရောကါချိန်အနာဖြစ်နေတဲ့နေရာရောက်ချိန်
*အစပ်ဓါတ်ဦးဆောင်တဲ့ဟာရောက်ပြီး   အချဉ်ဓါတ
လဲပါတော့အရိုးစွဲနာမလအညစ်အကြေးကိုအက်စစ်လို
အချဉ်ကခွါမယ် စားပြတ်မယ်ကွာလာတဲ့အညစ်အ
ကြေးကို  စပ်ချင်းဓါတ်ကအပူရှိန်ပါတော့ အခ်ုးအငွေ့
အဖြစ်အာကာသအခေါင်းအပေါက်မွှေးညှင်းပေါက်က
ချွေး သေး ချေးတွေအဖြစ်ထုတ်မယ်ဒါဘဲ
         &*ပြောအုန်းမှ
          တေဇောဆိုတဲ့ဓါတ်နဲ့အာပေါဓါတ်ပေါင်းရင်
(အငန်)ဓါတ်ဖြစ်တယ်ကဲအစားထဲရှာကြည့်
*အလွယ်ပြောစို   အုန်းရည်အုန်သီးဆရင့်
     *ဆေးကျမ်းတစ်ခို့မှာ    တေဇောအာပေါလွန်
           အသီးမဖြစ်တယ်(အာပေါတေဇောအသီးပေါ့်
          *စားစဉ်ရသ     ခိုဆိမ် တယ်
               *ဝိပါက     ကြေကျက်ပြီးတော့သြဇာဓါတ်
               ဖြစ်တော့    ငန်တယ်   ကဲသွေးတိုသမား
                အုန်းနိ့ပါတာစားရင်သွေးတိုးမယ်
အဲ့ဒီလောက်ဆိုသဘောတရားနားလည်လောက်ပြီ
ထင်ပါတယ်။
      %&*ကျောက်ကပ်နဲ့ပတ်သက်တဲ့ဆေးတစ်ခုရှိ
ဇဝက်သာ   သိန္ဓော  ဆားပုတ်   အငန်၃မိုးပါတယ်
သွေးတိုးသမားကပြောတယ်မသောက်ရဲဘူးငန်လို့
တဲ့အဲ့ဒါတွေကြေကျက်သွားတဲ့အခါ အငန်ဓါတ်
ပျောက်ပြီး  ချဉ်ဆိမ့် အေးခါးဆိုတဲ့ဝိပါကရသဖြစ်ပြီး
ပဘာဝအရ   ချဉ်အေးခါး သက်စေတဲ့ ဆေးမယ်ပါ
လာတယ်စမုန်မိုး၅ပါး   စင်ကြယ်စေ၏အပေါက်အ
ခေါင်ပိတ်သော  တနည်းအာကာသပိတ်သောအနာ
ကိုပွပြီးအာကာသပွင်စေ၏အလတိုက်ုစင်ကျယ်စေသော ဆေးဂုဏ်သတ္တိ(ပဘာဝအစွမ်သန္တိရစေ၏
        ငန်တိုင်းအငန်မဖြစ်ဘူး
ခိုတ်ုင်းအခိုမဖြစ်ဖူး
ခါးတိုင်းအခါးမဖြစ်ဖူး
စပ်တိုင်းအစပ်မဖြစ်ဖြစ်ဘူး
ချဉ်တိုင်းအချဉ်မဖြစ်ဖူး
ဖမ်တိုင်းအဖန်မဖြစ်မဖြစ်ဖူး
        ဘာကြောင့်လဲဆိုတော     ဝိပါကက  ကြေကျက်ပြီးနောက်  ဓါတ်ပြောင်ပြီးသြဇာရသဓါတ်
ဖြစါချိန်ဆေးရဲ့ဂုဏ်သတ္တိကို ရစေတဲ့ပြစေတဲ့ဦး
ဆောင်ဆေးရသ ဟာရောဂါဆီရောက်ဖို့ပါဘဲ။
    &*မြန်မာဆေးရောစပ်ဖေါ်တဲ့အခါတစ်ခုကိုတခု
အပြန်အလှန်ထိန်းခူပ်ပြီး  အဆိပ်ဖြစ်စေတတ်တဲ့
ဘေးထွက်ဆိုးကိုးကိုအတတ်နိင်ဆုးံထယ်ရှာထားတယ်
     &*စိန်တစ်တင်း  ချင်းတစ်တက်တဲ့
               ဟဲဟဲမြန်မာတိုင်းရင်းဆေးအမှတ်၎ပန်းနာချွဲ
ယိုင်ဆေးဟာ     စိန်  ဆေး   ဗျာ သံပုရာအလုး၁၀၀
အရည်နဲ့ဖေါ်တာ    စိန်အဆိပ်ကိုဖျက်တဲဟာနဲ့ရော
ထည့်တော့ အသက်ကယ်ဆေးဖြစ်ရောဗျာ
&*အဆိပ်လဲဆေး
&*ဆေးလဲအဆိပ်ဖြစ်တတ်တယ်
&*ဒါကြောငါ့  တန်ဆေး  လွန်ဘေး  တဲ့
       ကဲကျမ်းမာပါစေ။
ဆရာ - မင်းမင်းထက်သာ။
ကျမ်းမာရေးသုတပဒေသာ
မြန်မာ့ဆေးပညာစပ်မိစပ်ရာ
*******************-******
(မေး၍ဖြေသည်)
   မေးထားတာကရောဂါအကြောင်းသိချင်တဲ့
မေးခွန်းပါဗဟုသုတအဖြစ်ဖေါ်ပြပါမယ်
*အမေး(၃)ခုပါဆရာChit Oo Maungမေး
ထားတာပါ။
(က)ဂူနာရောဂါဆိုတာဘာလဲ??
(ခ)ပါဒရက်ရောဂါဆိုတာဘာလဲ??
(ဂ)ပိုးရောဂါဆိုတာဘာလဲ????
(၃)မိုးသောမေးခွန်းပါလိုတ်ရှင်းဖြေလိုရပေမဲ့ဆေးကျမ်းအစောင်စောင်နဲ့ညှိပြီသင်ခဲ့ရသမျှ
မကျဉ်းမကျယ်လေးဖေါ်ပြပေးလိုက်ပါတယ်။
*(က)ဂူနာ(ဝါ)ဂူလုးံရောဂါ
 *ဂူလုးံရောဂါ=ဝမ်းဗိုက်အတွင်းအလုးံအခဲဖြစ်
                       သောရောဂါကိုခေါ်ပါတယ်။
&*ဂူလုံးရောဂါဖြစ်ရခြင်းအကြောင်းရင်း
        သာရကောမုဒဆေးကျမ်းအစရောဂါ
နိဒါန်းဆေးကျမ်းအစုံတူညီတဲ့ဖြစ်ကြောင်း
အခြေခံ(အကြောင်းတရား)ကိုဖေါ်ပြပါမည်။
   ဂူလုံးနာခေါ်ဝမ်းဗိုက်အတွင်းမလုးံအခဲဖြစ်
သောအကြောင်းရင်းတရားမှာ*(မသင့်သောအစာအာဟာရကိုထပ်ခါထပ်ခါစားမိခြင်း
*အလွန်လိုအပ်သောအားထုပ်မူ့ထက်ပို၍
အကြိမ်ကြိမ်အားစိုက်ထုတ်မိခြင်း*မလျောက်
ပတ်သောနေထိုင်မူ့အပြုအမူကိုပြုမိခြင်းဆိုသောအကြောင်းတရားကိုသာပြဆိုထားသည်
အမှန်တော့(ဖေါက်ပြန်သောလေ သည်းခြေ
သလိပ်-အာယုဗေဒဆေးကျမ်းလါနှင့်ဒေသနာ
နယဆေးပညာရောဂ့ဖြစ်ခြင်းစစ်တမ်းကအပူ
အအေးဖေါက်ပြန်ခြင်းကြောင့်ပထဝိဝါယော
တေဇောအာပေါဓါတ်တို လွန်ကဲဖေါက်ပြန်လို
ဝမ်းဗိုက်အတွင်းအလုးံအခဲတည်ရေခြင်းဖြစ်
၏ဒေသနာနယဆေးကျမ်းအရ(လေ)အဓိကဟုပြဆိုထားသည်ကိုလည်းတွေရသည်။မည်
သိုပင်ဆိုစေကာမူ(ဂူလုံးနာ-၅ မိုး)ကိုဖေါ်ပြ
လိုက်ပါသည်။
1/လေလုးံ   (လေတဂူ-နာရောဂါ)
2/သည်းခြေလုံး(သည်းခြေတဂူနာရောဂါ)
3/သလိပ်လုံ(သလိကဖဂူလုးံရောဂါ)
4/သန္နိပါတ်လုံး(သလိပ်သည်းခြေ လေ၃မိုး
                      ပေါင်းစုံဖြစ်သောဂူလုးံရောဂါ)
5/*သွေးလုံး(သွေးတဂူ-ရတ္တဂူလုးံရောဂါ)
      ထိုရောဂါ၅မိုးလုးံမိန်းမ-ယောက်ကျားတို့
ဖြစ်တတ်ကြပါသည်။
     &*နံပါတ် ၅သွေးလုးံသွေးတဂူရောဂါမှာ
**မိန်းမများသာဖြစ်သည်ဟုကျမ်လာနှင်လက်
တွေကုထုးံပိုင်းအရသိရပါသည်။
   သွေးဂူလုးံကျမ်များဖွင့်ဆိုချက်
         မိန်းမများသွေးဂူလုးံသွေးလုးံဖြစ်ရခြင်း
သည်ဆင်းသက်ဒသောမီးယပ်သွေးဥတုများ
အကုန်အစင်မဆင်းရာမှကြွင်းကျန်သောကြောင့် သွေးလုးံတည်ခြင်းဖြစ်ရ၏လို*သုဿုတ
ကျမ်းမှ၎င်းရံဖန်ရံဖန်ယောက်ကျားတို၌၎င်းဖြစ်တတ်၏
 &*ဒေသနာနယဆေးကျမ်းလာ
      ဂူလုးံရောဂါ=အလုးံအခဲအပြင်ပြဆိုပုံ
       မြန်မာ့ဆေးပညာစစ်စစ်ဒေသနာနယ
ဆေးကျမ်းများမှာဤဂူလုးံရောဂါဖြစ်ရခြင်း
သည် လေမိုး(၈၀)ရှိသည့်အထဲကအောက်
ဖေါ်ပြပါလေတိုကြောင့်  ဂူလုးံရောဂါဖြစ်ရ
ကြောင်းပြဆိုသည်။
(က)အမာသယလေ
        ထိုလေသည်တစ်ပြင်တည်းစုဝေးစေ
သောလေဖြစ်၏ဥပမာပြသော်လူတစ်ယောက်က် အလေးချိန်၇ပိသာခန်ရှိကျောက်
တုးံအားကုတ်း၍မရာ အားအဖြစ်အဓိကဝမ်း
ဗိုက်ကြွက်သားကိုတင်းစေတောင့်စေသော
လေအဟုန်ကစုပြီး အားထည့်စိုက်စဉ်လေဗူး
ဗေါင်းရုတ်ခြည်းဖောင်းကြွသလိုလေသည်တစ်
စုတည်းစုပြီးကြွက်သားမျှင်များကိုတောင့်တင်း
စေသဲ့သို လေအဟုန်အားထုတ်ရသောလေ
ကိခေါ်သည်သည်ဟုဆရာ့ဆရာကြီးများက
လက်တွေ့ကျောက်တုးံမစေပြီးသင်ပြပေးဘူး
သည်။  ထိုသိနေပူ ဥတုပူမှာအကြိမ်ကြိမ်မပြီး
ရုတ်ခြင်းလိုရေအေးခိုးခြင်းမကြာခဏပြုမိသူ
သည်ဖွဲ့ခူပ်မိပြီး ဝမ်းဗိုက်တစ်ပြင်ုးလုးံမည်
သည့်နေရာမဆိုလေလုးံလေပြင်လေအခဲစုမီတတ်ပြီး လေလုးံအုဖြစ်တည်ခြင်းကိုလေတဂူ
နာဟုခေါ်သည်။လေပျဉ်ဟုလဲခေါ်သည်။
**တစ်ခိုဗေလုးံဟုလည်းခေါ်သည်။
(ခ)ဂေါလဝါတလေ
          ထိုလေသည်အလုးံအခဲအဖြစ်တည်
လေဖြစ်၏ထိုလေဖေါက်ပြန်သဖြင့်ရင်ခေါင်း
ချကအထက် ရင်ညွန့်နံပါးစေားင်းတို၌ဇီးဖြူ
သီးသံပုရာသီး ရှောက်သီးလုးံခန်ထိကြီးထွား
ပြီးဂူနာအဖြစ်လဲတည်တတ်၏ထိုဂေါလဝါသ
ဂူလုးံနာသည်ရင်ညွန့်မှာအတည်များပြီးအပူရှိန်ရှိသည်။ထိုဂူနာဖြစ်ပါကကုသရန်ခဲယဉ်း၏
အမြဲလိုလေပူထရင်ပူထပြီးတဖြည်းဖြည်းအ
သွေးအသားအရည်ညိုးရိခမ်းခြောက်ပြီးမြစ်
ခြောက်နာလိုဖြစ်ခါသေသည်အထိပြင်းထန်သည်။
     ဒါကဂူလုးံနာ=ဝမ်းဗိုက်ပြင်၌အလုးံအခဲဖြစ်
သောဂူလုးံနာရောဂါကိအကျဉ်းမျှသိရုံဖေါ်ပြတာပါ။ တစ်ခိုအတောများများဖြစ်တတ်ပါ
နေရာရွေ့ပြီး အလုးံကလေးဖြစ်တော အှဲုဒါ
လေတဂူနာလိုခေါ်ပါတယ်တစ်နေရာထည်း
မရှိဘဲရွေ့နေတတ်ပါတယ်။(အပူနာလိုမှတ်ပြီး
အအေးဆေးအအေးစာကျွေးပေးကုရပါတယ်
နောက်မှဆေးကုသပုံရှင်းပြခွင်ရင်ရှင်းပါမည်။
&**ဒုတိယမေးခွန်းဖြေပါမယ်
မေး။  ။ပါဒရက်ရောဂါဆိုတာဘာပါလဲ?????
ဖြေ……   ပါဒရက်ရောဂါ
      ပါဒသဒ္ဒအရ (ပါဒ=ခြေ--ရောဂ=ဖြစ်သော
အနာ။ပါဒရက်+ရောဂ=ပါဒတောရုဇတီတိ)
ဒီလိုလာပါတယ်တယ် အနက်ဖွင့်ဆိုလိုက်ရင်
(*ခြေမှစ၍နာကျင်တောင့်တင်းသောရောဂါလို
ကြံစည်ပြောကြပေမယ် အမှန်တကယ်တော့
*ပါဒရက်သည် ဝါတရက်(ဗာတရက်)သဒ္ဒအ
တိုင်ပြန်ဆိုရင်(ဝါတရတ္တ=သွေးလွန်လေလွန်
ရောဂါ)ဟုပြန်ဆိုရမှာဖြစ်သော်လည်းရှေးမြန်
မာ့ဆေးပညာမှာ(ပါဒရက်ရောဂါ)ဟုအခေါ်ပြု
ရှိနှင့်ပြီးဖြစ်သဖြင် ဘေသဇ္ဇမဉ္ဇူသာဆေးကျမ်း
ကိုမြန်မာပြန်ဆိုခဲ့သောဗင်္ဂလားဆရာတော်က
ဒုတိယမြှောက်ပြန်ဆုစဉ် ပါဒရက်နာဟုသာ
မြန်မာလိုတိုက်ရိုက်ပြန်ဆိုခဲ့ခြင်းသာဖြစ်သည်
မူလ(ဝါတရတ္တရောဂါ)ရှေးမြန်မာဆေးပညာရှင်များကခုလို (ပါဒရက်ရောဂါကိုဖွင့်ဆိုပြါတယ်)
          &*ပါဒရက်ရောဂါနိဒါန်း
       ပါဒရက်ရောဂါဟုအမည်တွင်ခေါ် ဖြစ်ပေါ်
ခြင်းရာပြသရာတွင် ခြေဘဝါးပြင်မှပူ၍တက်
ခြင်း/အေး၍တက်ခြင်းအပူအအေး၂ပါးရော
၍တက်ခြင်း  ထုံကျင်ခြင်း ကိုက်ခဲညောင်း
ညာခြင်း ခြေဖဝါးခြေသလုးံသားများတစ်စုံ
တစ်ရာကပ်ထားသကဲ့သို့ထင်ခြင်းတင်းကျပ်ခြင်းအောင်နာခြင်းတင်းမာတောင်တင်းခြင်း
ခြောက်သွေ့ခြင်းဖဝါးများကွဲအက်ကျိန်းစပ်ခြင်းနာခြင်း ခြေဆီမထွက်ခြင်းဦးထိပ်ခေါင်ကျိန်း
တတ်ခြင်းခေါင်းကိုက်ခြင်းမျက်စိမူန်ခြင်းဖက်
သချာလိုက်ခြင်း(ခြေဒရွတ်ဆွဲ)ကိုယ်ယောင်ခြင်းဝမ်းဗိုက်ခေါက်ထူခြင်းအသွားတတ်မလှမ်းတတ်ဖြစ်ခြင်းခြေလက်သေခြင်းလေးခြင်းကျင်
ကြီးကျင်ငယ်ပိတ်ဆိုသကဲ့သိုရှိခြင်း(စမြင်း
ခံ/ဆီးခူပ်အောင်တစက်စက်ဆီးထွက်ခြင်း)
*အကြောမ-ကြီးသေခြင်းအလူပ်နိုင်တောခြင်း
ကိုယ်ကိုကိုယ်သေအံထင်ခြင်းအစရှိသောလက္ခဏာများသည်(ပါဒ=ခြေထောက်)ခြေဖဝါး(လေ)၃ပါးကိုမီ၍ဖြစ်ရခြင်းဟုကိမ်းဂန်များက
ပြဆိုသည်။
      တစ်ခိုကျမ်းမှာ(၈)ပါးပိုင်းပြီးပြဆိုထား၏
&*အခူပ်မှာ(ပါဒအက္ကော -ဒွိ တံရောဂံ)ဟုသာ
ယူရမည်တနည်း ပါဒရက်ရောဂါ၂မိုးသာယူ
ပါရောဂါ၂မိုးသာရှိ၏)ဟုဖွင်ဆိုသည်။
(က)ဗဟိဒ္ဓ  အပြင်၌ပျက်သောအနာ
(ခ)အစ္ဇျတ  အတွင်းမှာပျက်သောအနာ
ထို၂မိုးသာယူရာ၏လိုပြဆိပါသည်။
      &*ဗဟိဒ္ဓ အပြင်အပပျက်သောပါဒရက်နာ
သည်အရေအသားကိုမှီ၍ဖြစ်ရ၏ခြေပူခြေကွဲ
လက်ပူလက်ဖဝါးဝါးပူဥပမာတည်
      $*အစ္ဇျတ္တအတွင်း၌ပျက်သောပါဒရက်
ရောဂါသည်ဝမ်းတွင်းအူအသဲကလီစာအားလုးံကိုမီပြီးဖြစ်ရသည်ခြေပူယောင်ပေါသ်သလုးံသားပူ/အေးဖေါယောင်နာကိုက် တိုအများ
စုယောက်ကျားသည် ကျောက်ကပ်ကလီကိုမှီ
ပြီးဖြစ်ရ၏မိန်းမတို့သည်သားအိမ်နှင်တကွအခြားကလီစာများမှီပြီးဖြစ်ရ၏
      && အဓိကမှာပါဒရက်ရောဂါစွဲကပ်သူ
     တိုင်းအသားအရေအဆင်မလှ ညိုးခြောက်
       နွမ်းဖျော့ခြင်းကိုယ်တွင်သွေးကွက်သွေး
       ပွက်က်ထခြင်း ခြေဖျားလက်ဖျားရောင်
        ယမ်းခြင်း(ဥပမာလေးဘက်နာခေါ်ဂေါက်
          နာ။
      &****အထူးမှတ်ရန်ကပါဒရက်နာကို
       ရောဂါအစုတစ်ပေါင်းတည်းဖြင်ဒူလာ
           ယောက်ကျားဖြစ်က/မိန်းမဖြစ်က
         မီးယပ်နာထဲထည့်ပြီးမီးယပ်ကိုးချိဖေါ
           ယောင်နာဟုခေါ်ကြောင်းတင်ပြပါ
            သည်။
%#*ဆရာChit OoMaung မောင်မေးတဲ့
နောက်ဆုးံမေးခွန်းက (ပိုး)ရောဂါအကြောင်း
ပါ
အဖြေ။ ။ဖြေရမယ်ဆိုသင်္ချာတွက်ရအောင်ဗျာ
******    ပထမဒေသနာနယဆေးကျမ်းဗုဒ္ဓ
        ကျမ်းမှာပြဆိုတာအကြမ်းပြင်းပေါ့နော်
        (*ပိုအမိုး=၈၀) မူရင်းပိုးတွေပေါ့နော်
  *ဒီလိုတွေးဆပါ လေဒေါသ သည်းခြေဒေါသ
    သလိပ်ဒေါသဆိုတဲ့အဖျက်ဒေါသ၃ပါးနဲ့
(၈၀×၃=၂၄၀)ပိုးအမိုးပေါင်း၂၄၀
&*နောက်သန္နိပါတ်ခေါ်ဒေါသ၃ပါးလုးံစုမိပြီး
ပေါက်ဖွားတဲ့ပိုးသစ်၁မိုနဲစောစောကပိုး၂၄၀
နဂိုပိုး၈၀နဲ့အဲဒီမူလ၈၀သောပိုးနဲ့အသစ်ပေါက်တ်ဖွားတဲ့ပိုးထပ်မြှောက်ဗျာ၈၀×၁=၈၀
*မူလပိုး                              ၈၀
*လေသလိပ်ရောပိုး             ၈၀
*လေသည်းခြေရောပိုး          ၈၀
*လေသလိပ်ရောပိုး                ၈၀
*သလိပ်+သည်းခြေပိုး          ၈၀
*လေ+သည်းခြေ+သလိပ်ပိုး ၈၀
                                        -----------
    ပိုးစုစုပေါင်းအရေအ       ၄၈၀
အတွက်ပေါ့  
&*တစ်မိုစီ၃မိုးပွားက        ၂၄၀
ဒါလဲထပ်ပေါင်းရမှာဘဲ    ---------
                                         ၇၂၀ သောပိုး
*ကံ၂ပါးကြောင်အသစ်        × ၂
  ဖြစ်သောပိုးနဲ့ထပ်မြှောက်---------
                                          ၁၄၄၀ပိုးပေါင်း
       အဲ့ဒါခန္ဓကိုယ်အတွင်းထဲမှမူလ၈၀
ကနေပေါက်ဖွါးတဲ့ပိုးဘဲရှိသေးတာနော်
ဒီနေခေတါသစ်သိပ္ပံနဲ့ရှာတွေ့ထားတဲ့
ရောဂါပိုးတွေထပ်ပေါင်းဗျာ  ခင်ဗျာသင်္ချာ
တွကါပေါ့နော်  (ရီရာပြောတာပါ)ပိုးကအနန္တပါ
ဗျာဒါကြောင် (မြန်မာ့ဆေးပညာစစ်ဒေသနာ
နယဆေးပညာမှာအတြါပြောထားတယ်
&*သန်း၏ဦးခေါင်း ပမာဏရှိသောအရွယ်မှ
မူန်ညှင်းစေအထိ၎င်းတစ်ခို၎လက္မ{သံကောင်}အထိ၎င်း တစ်ခိုသောပိုးတို့သည် အဏုမြူ
ပမာဏလောက်သေးငယ်ပြီး  အဆုးံစွန်း
သဗ္ဗေညုတမြတ်စွာဘုရားရှင်အတုမရှိသော
ဒိဗ္ဗစက္ခုမျက်စိတော်မှာမြင်နိုင်စွမ်းသောပိုးမိုး
တို့သည်တလံမျှရှိသောခန္ဓာကမ္ဘကြီးကိုမှီခိနေထိုင်ကြလေကုန်၏  တဲ့ ဒါကဒေသနာကျမ်း
လာရောဂါပိုးနော်
&*သာရကောမုဒိကျမ်းလာ(ကိမိရောဂါနိဒါန်း)
   ဆေးကျမ်း  မှာပြတဲ့(ပိုးရောဂါ)ကိုထုတ်ဖေါ်
   တင်ပြပေးမယ်ကျေနပ်လိမ်မယ်ထင်ပါတယ်
&*ကိမိရောဂါပိုးနိဒါလာပိုး
(က)ဗာဟိရ -အပြင်အပအနာမှာမှဖြစ်သောပိုး
(ခ)အစ္ဇျတ္တ-အကိုယ်အတွင်း၌ဖြစ်သောပိုး
    (၂)မိုးထဲပြပါတယ်။
       ထိုပိုး၂မိုးရှိသည်ပိုးအနက်ဝမ်းတွင်းရှိ
သောပိုးဖျက်သောအနာတိုသည်အပြင်အပအနာမည်၏ထင်ရှားစေအံ  
       *အရေအသားအရိုးအဆီတိုမှလွှတ်၍ဝမ်း
၌သာနေသော(အတိဝိသ/အတိသုက္ချစသော
အမည်အားဖြင်၂၀ရှိသောနှမ်းစေ့ပမာဏရှိမည်းနက်သောအဆင်း များသောအမွေးများ
သော ခြေသည်းရှိသောပိုးမိုးတို့သည်ဖေါက်
ပြန်ကုန်၍ချွေးကိုစားခြင်းသလိပ်ကိုစားခြင်း
သွေးကိုစားခြင်းကျင်ကြီးကျင်ငယ်တို့ကိုစား
ခြင်းအားဖြင့် ထို ဗာဟိရ အပနာပပိုး၎မိုးရှိ၏
       &-ရောဂါပိုးတို၏လက္ခဏာ
     ဝမ်း၌နေသောပိုးမိုး၂၀တို့သည်ချွေးသ
လိပ်ကျင်ကြီးကျင်ငယ်တိုကိုစားသဖြင့်အော့
အန်ခြင်း ပင်ပန်းခြင်း ချောင်းဆိုးခြင်းနှာချေ
လွန်းခြင်းကျင်ကြီးကျင်ငယ်ခူပ်ခြင်းတကျည်ကျည်ဝမ်းကိုက်ခဲခြင်းကြုံလှီခြောက်ကပ်ခြင်းရှိ၍ထိုပိုး၂၀မှအမြားအပြားပေါက်ဖွားလာခြင်းမိုးဗီဇသစ်ထောင်သောင်းသိန်းသန်းအထိ
ပွားများလာခြင်းဖြစ်ကုန်၏အထူးသဖြင့်တစ်ခိုပိုးတို့သည် ချောင်းဆိုးခြင်း နှာခြေဆတ်ခြင်း
တိုမှတစ်ဦးထံတစ်ဦးကူးစက်ပျံနှံစေသော
ရောဂါပိုးများအဖြစ်ပေါက်ဖွားခါကူးစက်ရာ
တစ်ခို့ပိုးတို့သည် အလွန်လျင်မြန်စွာလူကို
သေစေနိုင်၏ဥပမာ တုတ်ကွေးပိုးဝမ်းကိုက်ပိုး
လည်ချောင်ယောင်ယမ်းချောင်ဆိုးပိုးတို့သည်လျင်မြန်စွာကူးစက်နိင်ပေသည်။
 &*ထိုပိုးတိုကိုနိင်သောအဓိကဆေးမယ်
များစွာထဲတွင်ပင်လယ်ကသစ်ရွက်အရည်
*ကေမုက(ပန်းဥတစ်မိုး--စာရေးသူထိုဥအား
စုံစမ်းရာမသိဟုသာအဖြေထွက်၏)တောင်နံကတိုးမြစ်ရည်/ကြက်ဆူဆီနှင့်အမြသည်၎င်း
မျောက်လှေခါးရွက်(မျောက်ခေါက်ရှေးကွမ်း
ယာစားရာတွင်ထည့်သည်)အိပ်မွေမွေ့သီး
အစရှိသောဆေးဘက်ဝင်အပင်များသည်
ဝမ်းတွင်ပိုးတစ်ခိုကိုသေစေနိုင်စွမ်းသည်
ဟု(ကိမီရော-ပိုးရောဂါကုထုးံ)ကိုပြဆိုထား
ပါကြောင်း Ko ChitOoMaungမေးသောမေး
ခွန်းအား တတ်သမျှမှတ်သမျှဖတ်မှတ်သင်
ကြားလေ့လာမိသမျှ ဖတ်မှတ်မိသမျှကျမ်းစာ
များမှ  ရှာဖွေတင်ပြလိုက်ပါသည်။
     &*ကျေနပ်နိင်ပါစေ
   ****
      @*အကျွန်သိရာ
          ဆေးအဖြာဖြာ
          ပြန့်ပါစေကြောင်း
          ရည်ရွယ်ကြောင်းသာ
          စိတ်ထားဖြူမှန်း
         စေတနာလမ်းမှာ
          ဖတ်ကြသူငှာ
         ရပါစေ(ကျွန်တင်သည့်စာ)
     *ဆေးအဆိပ်မဖြစ်ပါက
  ကျေနပ်ပါကြောင်း လောကေ ဝါ
နတ်ဗြဟ္မာတို့ သိစေသောဝ်။ ။
ဆရာ - ရာဝဏ
**ရှားစောင်းချဉ်
ပုံသဏ္ဍာန်။ ။၎င်းကိုရှားစောင်းမျိုး၌ထည့်
သွင်းခေါ်ဝေါ်ကြသော်လည်းရှားစောင်းကြီးစသည်တို့ကဲ့သို့အရသာပူလောင်ခြင်း အစေး
များထွက်ခြင်းမရှိဖြစ်လေ၏။
၎င်းအပင်မှာမြေကပ်၍ပေါက်သောအပင်ငယ်
မျိုးဖြစ်သည်။ပင်စည်မှာအရင်းနှင့်အဖျားညီ
ညွတ်စွာတဖြိုးတည်းနေသည်မြေကောင်း
လျှင်တစ်ပေမျှမြင့်သည်၎င်းနောက်မြေသို့
ထောက်ပြီးလျှင်ပင်စည်မှအမြစ်များထွက်၍
အပင်များထပ်၍ပေါက်၏။
ပင်စည်၌ဆူးယောင်အဖုကလေးများရှိသည်။
အပွင့်မှာအချဉ်း ၁၂ ပဲမျှရှိ၍ညိုရောင်သန်း၍
ပြာသောအရောင်ရှိသည် ။
ယင်းကိုရွရွထုပြီးလဘက်သုပ်၌ထည့်စားကြသည်။
ဂုဏ်နှင့်စွမ်းရည်။ ။မျက်စိများပူလောင်ခြင်း
ယားယံခြင်း ထိခိုက်သောဒါန်ကြောင့်ရောင်
ရမ်းခြင်း မျက်ရည်ပူများယိုခြင်း မျက်စိနာခြင်း
တို့ကို ရှားစောင်းချဉ် ကျောက်ချဉ် မန်ကျည်း
ရွက်ကြမ်း၎င်း ၃ မျိုးကိုဆတူစု၍အနည်းငယ်
မျှကြိတ်ပြီးလျှင် ကျပ်ထုပ်လုပ်၍မီးနွေးနွေး
ဖြင့်ကျပ်ထုပ်ထိုးပေးမူ အထက်ပါရောဂါများ
လျှင်မြန်စွာပျောက်ကင်း၏။
၎င်အပြင် ရှားစောင်းကြီး မရိုးစသောပူလောင်
သောအစေးများမျက်စိအတွင်းသို့ဝင်မူ
ရှားစောင်းချဉ်၏သတ္တုရည်ကိုခပ်ပေးပါမူ
မျက်စိများပူလောင်ခြင်းမှငြိမ်းအေး၍မြန်စွာ
သက်သာရာရလေ၏။
Comments
     *ရှားစောင်းခါး
ပုံသဏ္ဍာန်။ ။ရှားစောင်းချဉ်ကဲ့သို့ပင်ငယ်
မျိုးဖြစ်သည် ၄င်းသည်အုပ်စုဖွဲ့၍အလိုအ
လျှောက်ပေါက်တတ်သောအလေ့ပေါက်အ
ပင်မျိုးဖြစ်သည်။၎င်းသည်ရှားစောင်းချဉ်ကဲ့
သို့ပင်စည်ရိုးတန်အထက်အောက်တပြေး
တည်းမဟုတ် အရင်းတုတ်၍အဖျားသေး၏
ရှားစောင်းချဉ်ကဲ့သို့ဆူးနှင့်တူသောအဖုများ
မရှိအစေးလည်းမရှိဖြစ်၏။
ဂုဏ်နှင့်စွမ်းရည်။ ။ရှားစောင်းခါးသည်
အေးသောအခိုးရှိသည် အပူကိုငြိမ်းစေ၏
ခြေဖျား လက်ဖျားများအေး၍အထက်သို့
ဆောင်သောလေကိုငြိမ်းစေ၏ သည်းခြေ
ဖောက်ပြန်ခြင်း သွေးဆိုးများဖေါက်ပြန်ခြင်း
ကိုလည်းငြိမ်းအေးစေ၏။
ဓာတ် ဆီး လေတို့ကိုလည်းမှန်ကန်စေ၏
ရှားစောင်းခါးကို ဟင်းအဖြစ်ကြော်ချက်၍
လည်းစားကြသည် လွန်စွာနှုတ်မြိန်သည်
ဝမ်းမီးကိုလည်းတောက်စေ၏ ဝမ်းချုပ်မှုကို
လည်းကာကွယ်သည် ဆေးလည်းဖြစ် အစာ
လည်းဖြစ်၏။
**မှတ်ချက်။ ။ရှားစောင်းချဉ်-ရှားစောင်းခါး
ရှားစောင်းလက်ဆက်တို့သည်အဆိပ်ဖြစ်
သောရှားစောင်းမျိုးမဟုတ်ချေ ဟင်းလျှာ
အနေဖြင့် အများသူငါစားကြသော ရှားစောင်း
မျိုးဖြစ်၏။
 ရှားစောင်းလက်ဆက်။
Wednesday 18 November 2015
ဆရာ-Kothetnaing  Kothetnaingoo
ကြယ်ပဲSACHA INCHI, Plukenetia volubilis
မျိုးရင်း Euphorbiaceae
Sacha Peanut, Mountain Peanut or INCA-PEANUT
မနေ့က မိတ်ဆွေ မဘုတ်ဘုတ်တို့ လင်မယား ဖိတ်ကြားလို့ သူတို့ ယာတောလေးကိုရောက်ခဲ့တယ်၊ သဘာဝ တောင်ကျစမ်းချောင်းလေးနဘေး မှာရှိတဲ့ ယာတောလေးက အရမ်းကိုအေးချမ်းလှတယ် ၊ စားပင်သီးပင်တွေကလည်းစုံလှတယ်၊ ထန်းတောအရိပ် နားနေတုံး " ကြယ်ပဲ လဘက်ရည်နဲ့ " ဧည့်ခံပါတယ်၊ တခါမှ မသောက်ဖူးလို့ စမ်းသောက်ကြည့်တာ မဆိုးဘူး အရသာရှိလှတယ်၊ မခါးဘူ၊ ရိုးရိုး လဘက်ရည်ကြမ်းလိုပါဘဲ၊ ကြယ်ပဲပင်ဆိုတာ ကြားသာကြားဖူးပြီး အပြင်မှာမမြင်ဖူးဘူး၊ အပင်ကို လက်တွေ့မြင်ရအောင် လိုက်ကြည့်ရင်း ဓါတ်ပုံရိုက်ရတယ်၊ ကိုယ်လိုဘဲ မမြင်ဖူးတဲ့သူတွေအတွက် ဗဟုသုတ မျှဝေခြင်စိတ်ပေါ်လာမိတယ်၊ ကြယ်ပဲပင်ဟာ မျိုးရင်း Euphorbiaceae ထဲမှာပါဝင်တယ်၊ Euphorbiaceae ဆိုတာ ကြက်ဆူပင်မျိးရင်းပါ။ ဒါ့ကြောင့်လည်း ကြယ်ပဲကို အပူပိုင်းဒေသမှာ စိုက်ပျိုးလို့ ရနိုင်တယ်လို့ မှတ်ယူနိုင်တယ်၊ ကြယ်ပဲရဲ့ trade name က SACHA INCHI လို့ အသိများပါတယ်၊ အခြားအမည်တွေက Sacha Peanut, Mountain Peanut or INCA-PEANUT လို့လည်း ခေါ်ကြတယ်၊ ဒီအပင်ရဲ့ မူရင်းဒေသတွေက South America (Suriname, Venezuela, Bolivia, Colombia, Ecuador, Peru, and northwestern Brazil) ဖြစ်ကြတယ် ၊ ဒါ့ပြင် Windward Islands in the Caribbean မှာလည်းစိုက်ကြတယ်၊ ပီရူးနိုင်ငံရဲ့ အမေဇုံအမြဲစိမ်းသစ်တောကြီးထဲမှာ ဒေသခံတွေက လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးခဲ့တာပါ၊ ကြယ်ပဲတွေဟာ ပူနွေးသောဥတု အမြင့်ပေ ၅ ထောင်ကျော် မှာ ကောင်းစွာဖြစ်ထွန်းကြတယ်၊ ရေစီးရေလာကောင်းပြီး အက်ဆစ်ဆန်သောမြေ နဲ့ မြစ်နားနီးသော alluvial flats လိုနေရာမျိုးကို သိပ်ကြိုက်တယ်၊ အခုအချိန်မှာတော့ ကြယ်ပဲတွေကို South East Asia မှစတင်ပြီး စိုက်ပျိုးလာကြဘီ။ အများဆုံးစိုက်ပျိုးနေတာကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ် ၊ ကြယ်ပဲအစေ့ကို SUPER FOOD လို့လည်း ခေါ်ကြတယ်၊ ကြယ်ပဲပင်လေးတွေက နှစ်ရှည်ခံ အပင်အမျိုးအစားပါ၊ ပင်စည်မှာ အမွှေးလေးတွေပါပြီး ထင်ရှားသော အစင်းကြောင်းတွေပါတယ်၊ အရွက်လေးတွေက ရွက်ထီးဖြစ်သလို ရွက်လွှဲထွက်ကြတယ်၊ သိသာသော အချက်တခုကတော့ ရွက်ညှာ ရဲ့ ထိပ်ဖျား ရွက်ပြားနဲ့ ဆက်တဲ့နေရာမှာ အစိမ်းရောင် ဂလင်း ၂ ခုကို ထင်ရှားစွာမြင်ရတာပါ၊ အရွက်ပုံစံက ဘဲဥပုံရှိပြီး အရွက်အရင်းက နှလုံးပုံလို အတွင်းဖက်ဟိုက်လို့နေတယ် ၊ ရွက်သားကအနဲငယ်ထူပြီးကြမ်းတယ် ၊ ရွက်နားကတော လွှသွားပုံ အနားလေးတွေနဲ့ဆင်ယင်ထားတယ်၊ ထင်ရှားသော ရွက်ကြောကြီး ၃ ခုက မြင်နေရပါတယ်၊ အပင်က တပင်တည်း လိင်စုံ monoecious အပင်လေးပါ၊ monoecious ဆိုတာ လိင်မစုံသော ပန်းပွင့်လေးတွေ တပင်ထဲ၊ တခိုင်ထဲမှာရှိတာကိုဆိုလိုပါတယ်၊ ပန်းခိုင်လေးတွေက ကြားထွက် ရေစင်း ပန်းခိုင်အမျိုးပါ၊ အဖိုပွင့် လေးတွေက ပန်းခိုင် အပေါ်ဖက်မှာ အစီအရီလိုက်ပွင့်နေပြီး ပန်းခိုင်ရဲ့ အခြေပိုင်းမှာ အမပွင့်လေး ကိုတွေ့ရပါတယ်၊ အဖိုပွင့်လေးတွေက စိမ်းဝါဝါအရောင်ဖြစ်ကြတယ်၊ ပန်းပွင့်ချိန်မှာ ပွင့်ရွက် ၅ ခုပါဝင်ပါတယ်၊ ဝတ်ဆံဖိုများစွာပါတယ်၊ အမပွင့်လေးတွေက တခိုင်မှာ တပွင့်သာပါပါတယ် တခါတလေ ၂ ပွင့်ပါတတ်ပါတယ်၊ အမပွင့်မှာ ထူးခြားနေတာကတော့ အခြေပိုင်းမှာ ကြယ်ပုံစံ အစေ့အိမ် စိမ်းစိမ်းလေးရှိသလို အဆမတန်ရှည်ထွက်နေသော ဝတ်မှုံခံတိုင် ကိုမြင်ရမှာပါ၊ အဝါရောင် ဝတ်မှုံခံ ၅ ခုကို ကိုလည်းမြင်ရပါတယ်၊ အဖိုပွင့် ၅၀ ကျော်နဲ့ အမပွင့် တပွင့်ထဲရှိသောပန်းခိုင်ဆိုတော့ ဘဲအုပ်ကတရာ ၂ ရာ မဗေဒါကတပင်ထဲဆိုသလိုဖြစ်နေတယ်၊ အချိန်တန်ရင် ဝတ်မှုံတွေ ကျလာရင် ခံဖို့ ဝတ်မှုံခံ ကကွေးညွှတ်တောင်နေပါတယ်၊ အပူပိုင်းဒေသမှာစိုက်ရင် အပင်လေးတွေမှီတွယ်ဖို့ အထောက်အပံ့လိုပါတယ်၊ ဒီဖက်မှာ သွပ်နန်းကြိုးလိုတယ် ၊ စပျစ်စိုက်ပုံနဲ့ ဆင်ပါတယ်၊ ကြယ်ပဲအသီး ရင့်မဲ့လာရင် အဝိုက်အဝိုက်နဲ့ တကယ်ကို ကြယ်ပုံစံ ဖြစ်လာပါတယ်၊ အသီးဖြစ်သည်အထိ တည်မြဲ ဝတ်မှုံခံက ကြွေကျမသွားပါဘူး၊ အဝိုက်က ၄ ခုကနေ အများဆုံး ၇ ဝိုက်အထိရှိပါတယ်၊ တဖြေးဖြေးရင့်လာလေလေ ညိုရာမှ အနက်ရောင်ပြောင်းလဲလာပါတယ်၊ အသီးက အက်ကွဲသီး capsules အမျိုးအစားပါ၊ အသီးမှဲ့ရင် အသီးထဲမှာ နုညံ့ပြီး အနက်ရောင် pulp ပါနေပါတယ် ဒီအပိုင်းက စားလို့မရပါဘူး၊ အောင်မြင်သော ၂ နှစ်သားအပင်တပင်ကနေ တနှစ်မှာ အစေ့ပေါင်း ၄၀၀ ကနေ ၅၀၀ အထိ ထုတ်ပေးနိုင်ပါတယ်၊ အစေ့တွေက အညိုရောင်ရင့်ရင့်ဖြစ်ပြီး ဘဲဥပုံဆန်လှတယ်၊ အစိမ်းလိုက်စားလို့မရပေမဲ့ ဖုတ် ကင်စားရင်တော့ ရနိုင်တယ်၊ ကြယ်ပဲ အစေ့မှာ ပရိုတင်း ၂၇% ၊ အဆီ ၃၅- ၆၀% အထိပါဝင်တယ်၊ ကြယ်ပဲဟာ အပင်အားလုံးထဲမှာ Omega fatty acids အများဆုံးပါသော အရင်းပင်တပင်ပါ၊ omega တခုထဲသာမက ၃ ခုတောင်ပါတယ် ၊ သူ့ထဲမှာ Omega 3 (48%), Omega 6 (36%), Omega 9 (9%). အထိပါဝင်နေတယ်၊ ဒါ့ပြင် fiber, iodine , vitamin A နဲ့ vitamin E လည်းပါဝင်နေပါတယ်၊ nine special amino acids လည်းပါဝင်နေတယ် ၊ ကြယ်ပဲကို super food အနေနဲ့ south America မှာ အများဆုံးအသုံးပြုခဲ့ကြတယ်၊
Sacha Inchi ကို super food လို့ခေါ်တာ အကြောင်းရှိပါတယ်၊ သူ့မှာ တကယ်ကို အရေးပါတဲ့ fatty acids တွေပါနေလို့ပါ၊ ဒါတွေက omega 3 နဲ့ ပြီးပြည့်စုံသော ပရိုတင်းများပါလို့ပါ ဒီပစ္စည်းတွေက အမျိုးမျိုးသော ကျမ်းမာရေး အတွက် physical တင်သာမက mental အပိုင်း အထိ အကျိုးပြုနေသောကြောင့်ဖြစ်သည်၊ ဒီအဆီက ရနံ့သင်းသင်း ဖြစ်ပြီး ခါးသက်မှုမရှိပါဘူး၊ Sacha Inchi oil ကို သားသတ်လွတ်စားသူတွေအတွက် vegetarian diets အနေနဲ့သုံးပြီး အဓိကက Omega-3 fatty acids ရဖို့ စားသုံးကြတယ်၊ Omega-3 fatty acid ဟာ လူ့အရေပြားကို များစွာ အကျိုးသက်ရောက်မှု ရှိစေတယ်၊ သူ့မှာ antioxidant properties လည်းရှိပါတယ်၊ အရေပြားအပေါ် long-lasting positive effect သက်ရောက်စေတယ်၊ သူဟာ skin hydration, freshness and comfort ကိုလည်း ပိုမိုကောင်းမွန်စေတယ်၊ အဆီဟာ အိုမင်းရင့်ရော်ခြင်းကို တားမြစ်ပြီး အရွယ်တင်နုပျိုစေတယ်၊ ဒါ့ကြောင့်လည်း သူ့ကို အလှကုန်ပစ္စည်းတွေမှာ အဓိက ထည့်သွင်းအသုံးပြုကြတယ် ဥပမာ facial powders, blushes, lipsticks, & mask တွေမှာလည်းသုံးကြတယ်၊ ဆံပင်ကိုလည်းအားပေးတယ်၊ ဆံပင်သန်ဆေးအဖြစ် shampoos and conditioners. တွေမှာလည်း သုံးကြတယ်၊ Peruvian Amazon အရပ်က မိန်းမ တွေက အဆီကို flour meal နဲ့ ရောကာ special cream အဖြစ် အသုံးပြုပြီး လိမ်းရင် အရေပြားဟာ ငယ်ရွယ်သူတယောက်လို ပြန်လည်ရရှိစေနိုင်ပါတယ်၊ ဟုတ်မဟုတ်စမ်းကြည့်စေလိုတယ်၊ အစေ့ကို အမှုံ့ အဆီထုတ်ပြီး သုံးစွဲခဲ့ကြတယ်၊ အစေ့ကိုကြိတ်ဖတ်တွေကို Peruvian Amazon ဒေသံတွေဟာ အစားအစာတင်မက ကျွဲနားစာအတွက်လည်းသုံးကြတယ်၊ ပီရူးနိုင်ငံက ဒေသခံတွေဟာ ဒီအစေ့တွေဟာ ရိုးရာအရ ရှေးကတဲက စားသုံးခဲ့ကြတယ်၊ မီးဖုတ်ထားသော အစေ့များကိုစားခြင်းဖြင့် ခွန်အားများကို ပြန်လည်ပြည့်ဖြိုးလာစေပြီး စွမ်းအင်အားတိုးဆေး tonic အနေနဲ့လည်းသုံးစွဲခဲ့ကြတယ်၊ အစေ့ကိုစားပြီး လုပ်ငန်းခွင် အလုပ်တွေပိုမိုလုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ကြတယ်၊ အဆီကို အရေပြားလိမ်းစေခြင်းဖြင့် ကြွက်သားများကျမ်းမာလာစေပြီး အဆစ်အမြစ်နာခြင်းတို့ ပျောက်ကင်းစေသည်ဟုယုံကြည်ခဲ့ကြသည်၊ အဆီမှာပါသော omega 3 fatty acid ပါဝင်နေခြင်းကြောင့် ကင်ဆာ ရောဂါ များမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သလို cardiovascular disease များကိုလည်း ကာကွယ်နိုင်ပါတယ်၊ အစေ့တင်သာမက အရွက်များကလည်း ဆေးဖက်ဝင်လှပါတယ်၊ ကြယ်ပဲအရွက်ခြောက်ကို လဘက်ရည်လိုနေ့စဉ် သောက်သုံးခြင်းဖြင့် အရိုးများသန်မာခြင်း အဆစ်အမြစ်ရောဂါများသက်သာခြင်း သွေးတွင်း ကိုလက်စထရောကျစေပြီး အစာစားခြင်စိတ်မျှတစေပြီး ခန္ဓာကိုယ်အလေးချိန်ထိမ်းညှိပေးခြင်း အသားအရေပျက်စီးမှုနဲပြီး အရွယ်တင်နုပျိုစေခြင်း ဆံပင်သားများကောင်းခြင်း၊ ဆီးချို သွေးတိုးကာကွယ်ပေးနိုင်ခြင်း၊ နှလုံးရောဂါ ရောဂါများဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ခြင်း၊ အာရုံကြောအားတိုးစေပြီး မှတ်ဉာဏ်စွမ်းအားတိုးလာစေခြင်း မျက်စေ့အားကောင်းလာစေခြင်း ၊ ကိုယ်ဝန်ဆောင်ချိန် သွေးဆုံးချိန်တွင်ဖြစ်တတ်သောရောဂါများတားဆီးနိုင်ခြင်းတို့ကိုရစေနိုင်ပါတယ်၊ ကြယ်ပဲလဘက်ရည် ကျကျ တခွက်ကို တစိမ့်စိမ့်သောက်ရင်း ဒီ post လေးကို ရေးမိပါတယ် ၊ ကြယ်ပဲ လဘက်ခြောက်ထုပ် လက်ဆောင်ပေးသော မိတ်ဆွေများကို အထူးကျေးဇူးတင်မိတယ်၊ သွေးတိုးရှိတာမို့ ကြယ်ပဲ လဘက်ရည်ကိုနေ့စဉ်သောက်ဖို့ စိတ်ကူးမိတော့တယ်၊ ကဲ မိတ်ဆွေများရော့ ကြယ်ပဲ လဘက်ရည်သောက်ပြီးဘီလား....ဆီလျော်အောင်ဘာသာပြန်ရတာမို့ လိုအပ်ချက်များရှိလျှင်ဖြည့်စွက် အကြံပြုပေးပါ.......
Hufstader, Chris (Winter 2009). "Looking to Sacha Inchi for their future". Oxfam Exchange 9 (1): 2–3. Guillen D. Maria, et al. "Characterization of Sacha Inchi (Plukenetia volubi L.) by FTIR Spectroscopy and 1H NMR. Comparison with Linseed Oil." Journal of the American Oil Chemists' Society. 2003.
Ref: Apollo Botanical Technologies from Facebook. Wikipedia