Thursday 19 November 2015

မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "စာအုပ် မှ

" ၀မ်းမီးနှင့် အခါးဆက်စပ်ပုံ "

ဝမ်းမီးနှင့်အခါးဆက်စပ်ပုံအကြောင်းကို အကျဉ်းချုံး၍ ဖော်ပြလိုပါသေး သည်။
ဝမ်းမီးဟုခေါ်လိုက်သော်လည်း စင်စစ် "ဂဟဏီ"ခေါ်သော ၀မ်းမီး ကို
ဆိုလိုခြင်းဖြစ်ပေသည်။
ထိုဝမ်းမီးသည် ဘ၀၏ အစဖြစ်သော ကမ္မဇတေ ဇော၏
အဟုန်ဖြစ်ပေသည်။

ချက်၌တည်သော လေအဟုန်သည် ၀မ်းမီး၏ တောက်ပ၊ ထက်မြက်မှုကို
အထောက်အကူပေး၏။ ၀မ်းမီးနှင့်လေသည် အမြဲ တမ်း မိတ်ဆွေဖြစ်၏။

"မီးလောင်ရာလေပင့်ဟူသော စကားပုံအတိုင်း မီး တောက်လောင်အောင် ပြုလုပ်လိုလျှင်လေကိုအသုံးချရမည် ဖြစ်ပေသည်။

ထိုမီးနှင့်လေတို့ သဟဇာတဖြစ်ကြပုံကိုလည်း
"မီးနှင့်ကားလေ၊ ရေနှင့်မြေ၊ မိတ်ဆွေတော်ကြ သဟာယ"ဟူသော
ရိုးရာဆောင်ပုဒ်ဖြင့် ဖော်ပြနေလေသည်။

ပါဠိစာပေတို့၌လည်း မီးနှင့်လေသည်ပေါ့ပါးသော လဟုဓာတ်၊ ရေနှင့်မြေ သည်
 အေးလေးသော ဂရုဓာတ်ဖြစ်သည်ဟု ဖော်ပြကြကုန်၏။

မီးနှင့်လေ ဆက်သွယ်နေပုံမှာ လောကမျက်မြင်အနေဖြင့်လည်း လေမရှိ လျှင်
မီးသေရ၏။
လေလွန်လျှင်လည်း မီးသည်ပျက်စီးရလေသည်။ ထိုဝမ်း မီးတွင်ရှိသော
မီးနှင့်လေတို့သည်ကား မီး၏သေသဘောလက္ခဏာနှင့် တူ သောကြောင့်
မီးဟုလည်းကောင်း၊ လေ၏သဘောလက္ခဏာနှင့်တူသော ကြောင့် လေဟုလည်းကောင်း ခွဲခြားဖော်ထုတ်ခြင်းဖြစ်ပေသည်။

 ပြင်ပမှ မီးလေတို့သည်ဥတုဇကြာင့်ဖြစ်၏။

ခန္ဓာကိုယ်ထဲ၌ရှိသော လေသည် ကား ကမ္မဇကို
အကြောင်းခံပြီး ပေါ်ပေါက်လာရခြင်း ဖြစ်ပေသည်။

 ကံ၊ စိတ်၊ ဥတု၊
အာဟာရတို့ကို အခြေခံနေပေသည်။ ထိုဝမ်းမီးဟူသော ပါစက သည်းခြေသည် ကျန်နေသော
သည်းခြေ ၅-မျိုးတို့ကို ထောက်ကူ အကျိုးပြုပေသည်။

ပင်မဖြစ်သောဝမ်းမီးကို
ပါစကဂ္ဂိဟု တစ်နည်းအားဖြင့် ခေါ်ပြီးလျှင် ထိုဝမ်းမီး၏အရှိန်ဖြစ်သော
ကြွင်းသောသည်းခြေ ၅-မျိုးတို့အား ဓာတွဂ္ဂိဟု (၀ါ) ဓာတ်မီးဟုခေါ်သည်။

ဓာတ်မီးသည် ရသရည်အစရှိသော ဓာတ်တို့တွင် ဦးဆောင်ပါဝင်နေသော အစိတ်အပိုင်း
မီးများဖြစ်သည်။ ထို ဓာတွဂ္ဂိဟုခေါ်သော ဓာတ်မီးတို့ကိုလည်း
လေဓာတ်သည်ကောင်းစွာ စောင့် ရှောက်ပေးလေသည်။

ထိုမျှမကသေး ၀မ်းမီးက
ချက်လုပ်သောဓာတ်တို့ကို လေဓာတ်က ဆောင်ယူပေးရလေသည်။ ထိုဓာတ်တို့ အဆင့်ဆင့်
ချက်လုပ်၊ ကြေညက်ပြီးသော ရသာရည်အာဟာရ အားလုံးတို့ကိုလည်း အာပေါဓာတ် က
ပေါင်းစည်းတည်ဆောက်ပေးရန်အတွက် ဆိုင်ရာဓာတ်တို့ကို ဆိုင်ရာ
နေရာတို့သို့ရောက်အောင် လေဓာတ်က ပို့ဆောင်ပေးရလေသည်။

ထိုဓာတ် ၇-ပါးတို့
ခန္ဓာကိုယ်ကြီးတွင် လိုအပ်သမျှတို့ကို တည်ဆောက်ပြီးသောအခါ၌
ကျန်ရှိနေသေးသော အညစ်အကြေးမလတို့ကို ခန္ဓာကိုယ်အပြင်သို့စွန့်ထုတ်
ရန်အတွက်လည်း လေသည် အဓိကအကျဆုံးဖြစ်ပါသည်။ ထိုလေသည် ကျင်ကြီး၊ ကျင်ငယ်၊
သုက်၊ ဥတုသွေး၊ ကိုယ်ဝန်တို့ကို ထုတ်ဆောင်တတ် လေသည်။

ထို့ပြင်
မွေးညင်းတို့မှ အပြင်သို့ထွက်သော ချွေးနှင့်အခိုးတို့ကို လည်း
အမြဲထုတ်စွန့်နေရလေသည်။

ထိုလေသည် သဘာဝအစဖြစ်သော ကမ္မဇတေဇော စသည်မှ တစ်ပြိုင် တည်း
စတင်ခဲ့ရသောလေဖြစ်သည်။ ထိုကိုလည်း ကမ္မဇလေဟုပင် ခေါ်ဆို လေသည်။

မမွေးဖွားမီ၌ ကမ္မဇလေက ထောက်ကူပေးသကဲ့သို့ မွေးဖွားပြီး နောက်
ပါစကမီးကိုလည်း ဥတုဇ၀ါယော၊ အာဟာရဇ၀ါယော၊ စိတ္တဇ ၀ါယောတို့က
ထောက်ကူအားဖြည့်ပေးနေကြလေသည်။

ထိုသို့ ၀မ်းမီးကို
တည်ဆောက်ထောက်ကူပေးနိုင်သော လေဓာတ်ကို ဥတုဇအနေဖြင့်ကား အသက်ရှူသောလေမှ
ရရှိ၏။ စိတ္တဇလေအနေဖြင့်ကား စိတ်၏လှုပ်ရှား တက် ကြွလန်းဆန်းမှုတို့မှ
ရရှိကြ၏။

အာဟာရလေအတွက်ကား ခါးငန်နှစ်ပါး၊ ၀ါယောထားဟူသည့်အတိုင်း ခါးငန်
နှစ်ပါးတို့မှ ရရှိကြလေသည်။ ထိုတွင် အငန်သည် အဖျက်ဝါယောကိုသာ
ဖြစ်စေပြီး အပြစ်များစေတတ်သောကြောင့် အဓိက ကျသော အာဟာရမှာ အခါးအာဟာရပင်ဖြစ်ပေသည်။

ထိုအခါးအာဟာရ တွင် ပူခါး၊ အေးခါး၊ မျှတသောအခါးဟု ၃-မျိုးရှိကြရာတွင်
မိမိ၏၀မ်းမီးသည် ပူခါးနှင့်မှသင့်မည်၊ မိမိ၏၀မ်းမီးသည်
အေးခါးနှင့်သင့်မည်၊ မိမိ၏၀မ်းမီးသည် မျှတသောအခါးနှင့်မှ သင့်မည်တို့ကို
နှိုင်းချိန်ဝေဖန်လျက် စားသောက်သုံး ဆောင်တတ်ရန် လိုပေသည်။

ဝမ်းမှာအခါးဟူသည့်အတိုင်း ၀မ်းမီးအတွက် အထောက်အကူပြုသော အခါးကို
စိစစ်ဝေဖန်ပြီး မိမိနှင့် သင့်တော်ရာကို စားသောက်ခြင်းဖြင့် ၀မ်းမီး သည်
အစဉ်သဖြင့် အားရှိပြီး ရသာရည်စသော ဓာတ် ၈-ပါးတို့ရှိသော ဓာတ် မီးတို့ကို
အစဉ်သဖြင့် စောင့်ရှောက်လျက် မလိုအပ်သော အညစ်အကြေး တို့ကို အစဉ်သဖြင့်
စွန့်ထုတ်လျက် သက်ရှည်ကျန်းမာ၊ အိုမှုမှဝေးကွာလျက် တည်နေရမည်
ဖြစ်ကြောင်းကို ကြောင်းကျိုးဆက်သဘောဉာဏ်ပါပါဖြင့်  ရေးသားဖော်ပြအပ်ပါသည်။
I
အိုမှုအားနည်းမှုတို့ကို ကုစားကာကွယ်ရန်အတွက် အခြေအမြစ်နှင့်တကွ ခိုင်မာသော
ကုထုံးဥပဒေတို့သည် မြန်မာ့ရိုးရာတွင် များစွာပင်ရှိကြကုန်၏။

မိမိနှင့်သင့်လျော်ရာကို ရွေးချယ်ပြီးလျှင် စွဲမြဲစားသောက်ရန်သာ
လိုပေသည်။ ထိုသို့သော အခြေအမြစ်ခိုင်မာလျက် ရှာဖွေရ၊
စုဆောင်းဖော်စပ်စားသောက် ရလွယ်ကူသော ဆေးနည်းများကို ကြိုတင်ကာကွယ်
ဘေးမတွယ်ပိုင်း၌ ရေး သားဖော်ပြသွားပါမည်။ ဆိုလိုသည်မှာ
ဝမ်းမီးနှင့်လျော်ကန်ပြီး၊ ဓာတ်မီးနှင့် လည်း လျော်ကန်စေ၊
ရောဂါတို့နှင့်လည်းလျော်ကန်သော ဆေးဝါးဓာတ်စာ၊  အာဟာရတို့ကို
ရွေးချယ်စားသောက်တတ်ရမည်ဖြစ်ပေသည်။

စားသောက်သော ဆေးသည်လည်း အစာသဘောသို့ ရောက်လျက် ရုပ် ခံဓာတ်ခံလည်း
လျော်ညီရမည်ဖြစ်သည်။

ဤအချက် ၃-ချက်သည် အသက် ရှည်ရာ အနာကင်းဝေးရေးအတွက်
အရေးကြီးဆုံးဖြစ်ပေသည်။

သို့မဟုတ်က ဆေးနည်းညွှန်ကြားချက်ကိုသာကြည့်၍
မိမိရောဂါ၊ ရုပ်ခံ၊ ဓာတ်ခံနှင့် မတိုင်း တာနိုင်ဘဲ
ဆေးနည်း၏အကျိုးဖော်ပြမှုကိုသာ အားကိုးသမှုပြုလျက် သုံး ဆောင်ကြသဖြင့်
"ပေါ့စေလို၍ ကြောင်ရုပ်ထိုး၊ ဆေးအတွက်ပိုလေး"ဆိုသော
မြန်မာစကားပုံကဲ့သို့ လိုရာအကျိုးမပြီး၊ အချည်းအနှီးအလဟဿ အချိန်ကုန်
လူပန်း ရောဂါကျွမ်းဖြစ်တတ်ကြလေသည်။

ထို့ကြောင့် ဆေးနည်းတစ်ခု၏ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး မိမိ ၀မ်းမီး၊
ဓာတ်မီး၊ ရုပ်ခံ၊ ဓာတ်ခံတို့နှင့် လျော်ကန်မည်ဖြစ်သော ဆေးကိုသာ
စွဲမြဲလျက် ဇွဲနပဲဖြင့် စားသောက်သင့်ပေသည်။

 မြန်မာ့ရိုးရာ၌ "လမ်းဆုံးလျှင် ရွာတွေ့မည်"ဟု စကားပုံရှိ၏။
 လျှောက်သောလမ်းသည်  လမ်းမှန်ဖြစ်ရန်သာ လိုပေသည်။
ယခုဖော်ပြလတ္တံ့သော ဆေးနည်းတို့သည် နည်းမှန်လမ်းမှန်များ သာ ဖြစ်ကြကုန်၏။
 မိမိဝမ်းမီးစသည်နှင့် လျော်ရာကိုသာ ရွေးချယ်လျက် ဇွဲ နှင့်စားသောက်ကြရန်သာ
လိုပေသည်။

မြန်မာနိုင်ငံ၌ ကျန်းမာသက်ရှည် အထွေထွေသော အားတိုးဆေးတို့ကို ခေတ်အလိုက်
စားသောက်ကြသည်ကို တွေ့ရပေသည်။

တစ်ခုခု စွဲမြဲစွာ
စားသုံးခြင်းမျိုးမဟုတ်ဘဲ တစ်ဦးဦးက ကောင်းလှသည်ဟု ဖော်ပြလိုက်သည် နှင့်
အားလုံးကလိုက်လုပ်ကြခြင်းမျိုးဖြစ်သည်။

သင့်လျော်ရာရွေးပြီး ဇွဲနပဲနှင့်
စွဲမြဲစွာ စားသောက်ကြခြင်း မဟုတ်သောကြောင့် လိုရာအကျိုးမပြီးသူတို့သာ
များလှကြောင်း တွေ့ရပေသသည်။

မူရင်း = page ၏ link.

https://m.facebook.com/theinphyufoundation/

No comments: