Wednesday 18 November 2015

ဆရာ-Kothetnaing  Kothetnaingoo

ကြယ်ပဲSACHA INCHI, Plukenetia volubilis
မျိုးရင်း Euphorbiaceae
Sacha Peanut, Mountain Peanut or INCA-PEANUT
မနေ့က မိတ်ဆွေ မဘုတ်ဘုတ်တို့ လင်မယား ဖိတ်ကြားလို့ သူတို့ ယာတောလေးကိုရောက်ခဲ့တယ်၊ သဘာဝ တောင်ကျစမ်းချောင်းလေးနဘေး မှာရှိတဲ့ ယာတောလေးက အရမ်းကိုအေးချမ်းလှတယ် ၊ စားပင်သီးပင်တွေကလည်းစုံလှတယ်၊ ထန်းတောအရိပ် နားနေတုံး " ကြယ်ပဲ လဘက်ရည်နဲ့ " ဧည့်ခံပါတယ်၊ တခါမှ မသောက်ဖူးလို့ စမ်းသောက်ကြည့်တာ မဆိုးဘူး အရသာရှိလှတယ်၊ မခါးဘူ၊ ရိုးရိုး လဘက်ရည်ကြမ်းလိုပါဘဲ၊ ကြယ်ပဲပင်ဆိုတာ ကြားသာကြားဖူးပြီး အပြင်မှာမမြင်ဖူးဘူး၊ အပင်ကို လက်တွေ့မြင်ရအောင် လိုက်ကြည့်ရင်း ဓါတ်ပုံရိုက်ရတယ်၊ ကိုယ်လိုဘဲ မမြင်ဖူးတဲ့သူတွေအတွက် ဗဟုသုတ မျှဝေခြင်စိတ်ပေါ်လာမိတယ်၊ ကြယ်ပဲပင်ဟာ မျိုးရင်း Euphorbiaceae ထဲမှာပါဝင်တယ်၊ Euphorbiaceae ဆိုတာ ကြက်ဆူပင်မျိးရင်းပါ။ ဒါ့ကြောင့်လည်း ကြယ်ပဲကို အပူပိုင်းဒေသမှာ စိုက်ပျိုးလို့ ရနိုင်တယ်လို့ မှတ်ယူနိုင်တယ်၊ ကြယ်ပဲရဲ့ trade name က SACHA INCHI လို့ အသိများပါတယ်၊ အခြားအမည်တွေက Sacha Peanut, Mountain Peanut or INCA-PEANUT လို့လည်း ခေါ်ကြတယ်၊ ဒီအပင်ရဲ့ မူရင်းဒေသတွေက South America (Suriname, Venezuela, Bolivia, Colombia, Ecuador, Peru, and northwestern Brazil) ဖြစ်ကြတယ် ၊ ဒါ့ပြင် Windward Islands in the Caribbean မှာလည်းစိုက်ကြတယ်၊ ပီရူးနိုင်ငံရဲ့ အမေဇုံအမြဲစိမ်းသစ်တောကြီးထဲမှာ ဒေသခံတွေက လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးခဲ့တာပါ၊ ကြယ်ပဲတွေဟာ ပူနွေးသောဥတု အမြင့်ပေ ၅ ထောင်ကျော် မှာ ကောင်းစွာဖြစ်ထွန်းကြတယ်၊ ရေစီးရေလာကောင်းပြီး အက်ဆစ်ဆန်သောမြေ နဲ့ မြစ်နားနီးသော alluvial flats လိုနေရာမျိုးကို သိပ်ကြိုက်တယ်၊ အခုအချိန်မှာတော့ ကြယ်ပဲတွေကို South East Asia မှစတင်ပြီး စိုက်ပျိုးလာကြဘီ။ အများဆုံးစိုက်ပျိုးနေတာကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ် ၊ ကြယ်ပဲအစေ့ကို SUPER FOOD လို့လည်း ခေါ်ကြတယ်၊ ကြယ်ပဲပင်လေးတွေက နှစ်ရှည်ခံ အပင်အမျိုးအစားပါ၊ ပင်စည်မှာ အမွှေးလေးတွေပါပြီး ထင်ရှားသော အစင်းကြောင်းတွေပါတယ်၊ အရွက်လေးတွေက ရွက်ထီးဖြစ်သလို ရွက်လွှဲထွက်ကြတယ်၊ သိသာသော အချက်တခုကတော့ ရွက်ညှာ ရဲ့ ထိပ်ဖျား ရွက်ပြားနဲ့ ဆက်တဲ့နေရာမှာ အစိမ်းရောင် ဂလင်း ၂ ခုကို ထင်ရှားစွာမြင်ရတာပါ၊ အရွက်ပုံစံက ဘဲဥပုံရှိပြီး အရွက်အရင်းက နှလုံးပုံလို အတွင်းဖက်ဟိုက်လို့နေတယ် ၊ ရွက်သားကအနဲငယ်ထူပြီးကြမ်းတယ် ၊ ရွက်နားကတော လွှသွားပုံ အနားလေးတွေနဲ့ဆင်ယင်ထားတယ်၊ ထင်ရှားသော ရွက်ကြောကြီး ၃ ခုက မြင်နေရပါတယ်၊ အပင်က တပင်တည်း လိင်စုံ monoecious အပင်လေးပါ၊ monoecious ဆိုတာ လိင်မစုံသော ပန်းပွင့်လေးတွေ တပင်ထဲ၊ တခိုင်ထဲမှာရှိတာကိုဆိုလိုပါတယ်၊ ပန်းခိုင်လေးတွေက ကြားထွက် ရေစင်း ပန်းခိုင်အမျိုးပါ၊ အဖိုပွင့် လေးတွေက ပန်းခိုင် အပေါ်ဖက်မှာ အစီအရီလိုက်ပွင့်နေပြီး ပန်းခိုင်ရဲ့ အခြေပိုင်းမှာ အမပွင့်လေး ကိုတွေ့ရပါတယ်၊ အဖိုပွင့်လေးတွေက စိမ်းဝါဝါအရောင်ဖြစ်ကြတယ်၊ ပန်းပွင့်ချိန်မှာ ပွင့်ရွက် ၅ ခုပါဝင်ပါတယ်၊ ဝတ်ဆံဖိုများစွာပါတယ်၊ အမပွင့်လေးတွေက တခိုင်မှာ တပွင့်သာပါပါတယ် တခါတလေ ၂ ပွင့်ပါတတ်ပါတယ်၊ အမပွင့်မှာ ထူးခြားနေတာကတော့ အခြေပိုင်းမှာ ကြယ်ပုံစံ အစေ့အိမ် စိမ်းစိမ်းလေးရှိသလို အဆမတန်ရှည်ထွက်နေသော ဝတ်မှုံခံတိုင် ကိုမြင်ရမှာပါ၊ အဝါရောင် ဝတ်မှုံခံ ၅ ခုကို ကိုလည်းမြင်ရပါတယ်၊ အဖိုပွင့် ၅၀ ကျော်နဲ့ အမပွင့် တပွင့်ထဲရှိသောပန်းခိုင်ဆိုတော့ ဘဲအုပ်ကတရာ ၂ ရာ မဗေဒါကတပင်ထဲဆိုသလိုဖြစ်နေတယ်၊ အချိန်တန်ရင် ဝတ်မှုံတွေ ကျလာရင် ခံဖို့ ဝတ်မှုံခံ ကကွေးညွှတ်တောင်နေပါတယ်၊ အပူပိုင်းဒေသမှာစိုက်ရင် အပင်လေးတွေမှီတွယ်ဖို့ အထောက်အပံ့လိုပါတယ်၊ ဒီဖက်မှာ သွပ်နန်းကြိုးလိုတယ် ၊ စပျစ်စိုက်ပုံနဲ့ ဆင်ပါတယ်၊ ကြယ်ပဲအသီး ရင့်မဲ့လာရင် အဝိုက်အဝိုက်နဲ့ တကယ်ကို ကြယ်ပုံစံ ဖြစ်လာပါတယ်၊ အသီးဖြစ်သည်အထိ တည်မြဲ ဝတ်မှုံခံက ကြွေကျမသွားပါဘူး၊ အဝိုက်က ၄ ခုကနေ အများဆုံး ၇ ဝိုက်အထိရှိပါတယ်၊ တဖြေးဖြေးရင့်လာလေလေ ညိုရာမှ အနက်ရောင်ပြောင်းလဲလာပါတယ်၊ အသီးက အက်ကွဲသီး capsules အမျိုးအစားပါ၊ အသီးမှဲ့ရင် အသီးထဲမှာ နုညံ့ပြီး အနက်ရောင် pulp ပါနေပါတယ် ဒီအပိုင်းက စားလို့မရပါဘူး၊ အောင်မြင်သော ၂ နှစ်သားအပင်တပင်ကနေ တနှစ်မှာ အစေ့ပေါင်း ၄၀၀ ကနေ ၅၀၀ အထိ ထုတ်ပေးနိုင်ပါတယ်၊ အစေ့တွေက အညိုရောင်ရင့်ရင့်ဖြစ်ပြီး ဘဲဥပုံဆန်လှတယ်၊ အစိမ်းလိုက်စားလို့မရပေမဲ့ ဖုတ် ကင်စားရင်တော့ ရနိုင်တယ်၊ ကြယ်ပဲ အစေ့မှာ ပရိုတင်း ၂၇% ၊ အဆီ ၃၅- ၆၀% အထိပါဝင်တယ်၊ ကြယ်ပဲဟာ အပင်အားလုံးထဲမှာ Omega fatty acids အများဆုံးပါသော အရင်းပင်တပင်ပါ၊ omega တခုထဲသာမက ၃ ခုတောင်ပါတယ် ၊ သူ့ထဲမှာ Omega 3 (48%), Omega 6 (36%), Omega 9 (9%). အထိပါဝင်နေတယ်၊ ဒါ့ပြင် fiber, iodine , vitamin A နဲ့ vitamin E လည်းပါဝင်နေပါတယ်၊ nine special amino acids လည်းပါဝင်နေတယ် ၊ ကြယ်ပဲကို super food အနေနဲ့ south America မှာ အများဆုံးအသုံးပြုခဲ့ကြတယ်၊
Sacha Inchi ကို super food လို့ခေါ်တာ အကြောင်းရှိပါတယ်၊ သူ့မှာ တကယ်ကို အရေးပါတဲ့ fatty acids တွေပါနေလို့ပါ၊ ဒါတွေက omega 3 နဲ့ ပြီးပြည့်စုံသော ပရိုတင်းများပါလို့ပါ ဒီပစ္စည်းတွေက အမျိုးမျိုးသော ကျမ်းမာရေး အတွက် physical တင်သာမက mental အပိုင်း အထိ အကျိုးပြုနေသောကြောင့်ဖြစ်သည်၊ ဒီအဆီက ရနံ့သင်းသင်း ဖြစ်ပြီး ခါးသက်မှုမရှိပါဘူး၊ Sacha Inchi oil ကို သားသတ်လွတ်စားသူတွေအတွက် vegetarian diets အနေနဲ့သုံးပြီး အဓိကက Omega-3 fatty acids ရဖို့ စားသုံးကြတယ်၊ Omega-3 fatty acid ဟာ လူ့အရေပြားကို များစွာ အကျိုးသက်ရောက်မှု ရှိစေတယ်၊ သူ့မှာ antioxidant properties လည်းရှိပါတယ်၊ အရေပြားအပေါ် long-lasting positive effect သက်ရောက်စေတယ်၊ သူဟာ skin hydration, freshness and comfort ကိုလည်း ပိုမိုကောင်းမွန်စေတယ်၊ အဆီဟာ အိုမင်းရင့်ရော်ခြင်းကို တားမြစ်ပြီး အရွယ်တင်နုပျိုစေတယ်၊ ဒါ့ကြောင့်လည်း သူ့ကို အလှကုန်ပစ္စည်းတွေမှာ အဓိက ထည့်သွင်းအသုံးပြုကြတယ် ဥပမာ facial powders, blushes, lipsticks, & mask တွေမှာလည်းသုံးကြတယ်၊ ဆံပင်ကိုလည်းအားပေးတယ်၊ ဆံပင်သန်ဆေးအဖြစ် shampoos and conditioners. တွေမှာလည်း သုံးကြတယ်၊ Peruvian Amazon အရပ်က မိန်းမ တွေက အဆီကို flour meal နဲ့ ရောကာ special cream အဖြစ် အသုံးပြုပြီး လိမ်းရင် အရေပြားဟာ ငယ်ရွယ်သူတယောက်လို ပြန်လည်ရရှိစေနိုင်ပါတယ်၊ ဟုတ်မဟုတ်စမ်းကြည့်စေလိုတယ်၊ အစေ့ကို အမှုံ့ အဆီထုတ်ပြီး သုံးစွဲခဲ့ကြတယ်၊ အစေ့ကိုကြိတ်ဖတ်တွေကို Peruvian Amazon ဒေသံတွေဟာ အစားအစာတင်မက ကျွဲနားစာအတွက်လည်းသုံးကြတယ်၊ ပီရူးနိုင်ငံက ဒေသခံတွေဟာ ဒီအစေ့တွေဟာ ရိုးရာအရ ရှေးကတဲက စားသုံးခဲ့ကြတယ်၊ မီးဖုတ်ထားသော အစေ့များကိုစားခြင်းဖြင့် ခွန်အားများကို ပြန်လည်ပြည့်ဖြိုးလာစေပြီး စွမ်းအင်အားတိုးဆေး tonic အနေနဲ့လည်းသုံးစွဲခဲ့ကြတယ်၊ အစေ့ကိုစားပြီး လုပ်ငန်းခွင် အလုပ်တွေပိုမိုလုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ကြတယ်၊ အဆီကို အရေပြားလိမ်းစေခြင်းဖြင့် ကြွက်သားများကျမ်းမာလာစေပြီး အဆစ်အမြစ်နာခြင်းတို့ ပျောက်ကင်းစေသည်ဟုယုံကြည်ခဲ့ကြသည်၊ အဆီမှာပါသော omega 3 fatty acid ပါဝင်နေခြင်းကြောင့် ကင်ဆာ ရောဂါ များမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သလို cardiovascular disease များကိုလည်း ကာကွယ်နိုင်ပါတယ်၊ အစေ့တင်သာမက အရွက်များကလည်း ဆေးဖက်ဝင်လှပါတယ်၊ ကြယ်ပဲအရွက်ခြောက်ကို လဘက်ရည်လိုနေ့စဉ် သောက်သုံးခြင်းဖြင့် အရိုးများသန်မာခြင်း အဆစ်အမြစ်ရောဂါများသက်သာခြင်း သွေးတွင်း ကိုလက်စထရောကျစေပြီး အစာစားခြင်စိတ်မျှတစေပြီး ခန္ဓာကိုယ်အလေးချိန်ထိမ်းညှိပေးခြင်း အသားအရေပျက်စီးမှုနဲပြီး အရွယ်တင်နုပျိုစေခြင်း ဆံပင်သားများကောင်းခြင်း၊ ဆီးချို သွေးတိုးကာကွယ်ပေးနိုင်ခြင်း၊ နှလုံးရောဂါ ရောဂါများဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ခြင်း၊ အာရုံကြောအားတိုးစေပြီး မှတ်ဉာဏ်စွမ်းအားတိုးလာစေခြင်း မျက်စေ့အားကောင်းလာစေခြင်း ၊ ကိုယ်ဝန်ဆောင်ချိန် သွေးဆုံးချိန်တွင်ဖြစ်တတ်သောရောဂါများတားဆီးနိုင်ခြင်းတို့ကိုရစေနိုင်ပါတယ်၊ ကြယ်ပဲလဘက်ရည် ကျကျ တခွက်ကို တစိမ့်စိမ့်သောက်ရင်း ဒီ post လေးကို ရေးမိပါတယ် ၊ ကြယ်ပဲ လဘက်ခြောက်ထုပ် လက်ဆောင်ပေးသော မိတ်ဆွေများကို အထူးကျေးဇူးတင်မိတယ်၊ သွေးတိုးရှိတာမို့ ကြယ်ပဲ လဘက်ရည်ကိုနေ့စဉ်သောက်ဖို့ စိတ်ကူးမိတော့တယ်၊ ကဲ မိတ်ဆွေများရော့ ကြယ်ပဲ လဘက်ရည်သောက်ပြီးဘီလား....ဆီလျော်အောင်ဘာသာပြန်ရတာမို့ လိုအပ်ချက်များရှိလျှင်ဖြည့်စွက် အကြံပြုပေးပါ.......
Hufstader, Chris (Winter 2009). "Looking to Sacha Inchi for their future". Oxfam Exchange 9 (1): 2–3. Guillen D. Maria, et al. "Characterization of Sacha Inchi (Plukenetia volubi L.) by FTIR Spectroscopy and 1H NMR. Comparison with Linseed Oil." Journal of the American Oil Chemists' Society. 2003.
Ref: Apollo Botanical Technologies from Facebook. Wikipedia

No comments: