Friday 20 November 2015

" စပါးကြီးသည်းခြေ စစ်မစစ် စမ်းနည်း "

( သိမ်ဖြူဆေးသိပ္ပံဆရာတော်ရေးသားသော သား-ငါး-ကျေး-ငှက် ပုံပြဆေးအဘိဓာန် ပဉ္စမတွဲ ဒုတိယပိုင်း မှ ကောက်နှုတ်ဖေါ်ပြချက်)

စပါးကြီးသည်းခြေကို နည်းနည်းယူ၍ လက်ဖ၀ါးဘက်က ကြပ်ကြပ်ပွတ်ထားပြီး
လက်ဖ၀ါးပေါ် ပါးစပ်ဖြင့်စုတ်လိုက်လျှင် ခါးလာသည်။ သို့မှစစ်သည်။
မခါးလျှင်မစစ်။

" စပါးကြီးသည်းခြေယူနည်း "

စပါးကြီးသည်းခြေသည် တစ်နေရာတည်း၌ အတည်မနေချေ၊

မွန်းမတည့်မီစပ်ကြားအချိန်တွင် ချက်မှခေါင်းပိုင်းအတွင်း၌
သည်းခြေကိုယူရသည်။

မွန်းလွဲပြီးနောက်ပိုင်း၌ ချက်မှ အမြီးပိုင်းတွင်
သည်းခြေကို ယူရသည်။

၎င်းကိုယူရာ၌ ၀မ်းကိုခွဲပြီး မစေ့နိုင်အောင်
ဒေါက်ထောက်ပြီးမှ သည်းခြေကို ရှာရသည်။

 ရှာခိုက်တွင်
အထက်ပိုင်းအောက်ပိုင်းသွားသော သွေးကြောကို စမ်းသပ်၍ မတွေ့မချင်း
သွေးသွင်းကာရှာလျှင် သွေးကြောဆုံးရာ၌ သည်းခြေကို တွေ့နိုင်သည်။

ဤသို့ရှာခြင်း(သွေးသွင်း၍ ယူခြင်း)သည် ရှိရင်းစွဲသည်းခြေထက်
ကြီးထွားသောသည်းခြေကို ရနိုင်သည်။

သည်းခြေကြီးထွား လာအောင်
ပြုလုပ်ခြင်းဖြစ်၍ ရှိရင်းစွဲသည်းခြေလောက်ကား သတ္တိထက်မြက်မည်မဟုတ်ချေ။

" စပါးကြီး စပါးအုံးတို့ခြားနားပုံ "

စပါးကြီးမြွေသည် အမြီးသွယ်၍ အကွက်ဆက်၏။
စပါးအုံးသည် အမြီးတိုတုတ်၍အကွက်ပြတ်၏။
စပါးကြီးသည် အင်းအိုင်ရေရှိရာ၌ နေတတ်သည်။
စပါးအုံးသည်ကုန်း၌နေတတ်သည်။

 စပါးကြီး၏ သက်တမ်းကို သိလိုလျှင်နှာခေါင်းပေါက်ကိုကြည့်ရသည်။
 တစ်နှစ်သားမှာ နှာခေါင်းတစ်ပေါက်-စသည်ဖြင့်
ရေတွက်ရသည်။ နှာခေါင်း ၉-ပေါက် အသက်၉-နှစ်တွင် အဆုံးသတ်ရသည်။

" ခေါင်းပိုင်းအရိုးဖွဲ့စည်းပုံထူခြားချက် "

လေးထောင့်ပုံ အရိုးဖွဲ့စည်းထားခြင်း
မေးရိုးအသီးသီး၏နောက်ဖက်ရှိအရိုးသည် လွတ်လပ်စွာချိတ်ဆက်ထားသည့်အတွက်
မေးရိုးသည်အပေါ်အောက်နှင့်ဘေးသို့ရွေ့နိုင်ပါသည်။

အောက်မေးရိုးများ
အောက်မေးရိုးသည်နောက်ဖက်တွင်ချိတ်ဆက်မှုရှိသော်လည်း
ရှေ့ဖက်တွင်ဆက်စပ်မှုမရှိဘဲ သီးခြားဆီကွဲနေသည့်အတွက်
သီးခြားစီပို၍ရွေ့လျားနိုင်ပါသည်။

" စပါးကြီးသည်းခြေ၏အကျိုးအာနိသင် "

( သိမ်ဖြူဆေးသိပ္ပံဆရာတော်ရေးသားသော သား-ငါး-ကျေး-ငှက် ပုံပြဆေးအဘိဓာန် ပဉ္စမတွဲ ဒုတိယပိုင်း မှ ကောက်နှုတ်ဖေါ်ပြချက်)

   စပါးကြီးသည်းခြေသည် အလွန်ပူသောအနာ၊ လေသလိပ်သည်းခြေ အားကြီးသောအနာ၊
သလိပ်ခြောက်ကပ်သောအနာ၊ မျက်စိနာ၊ လျှာနာ၊ အဘိညာဉ်သန္နိပါတ်
ဆိုက်သောအနာတို့ကို နိုင်၏။

ေ ဆးအသုံး -စပါးကြီးသည်းခြေသည် ဆီးရောဂါ၊ စမြင်းခံရောဂါ၊
လျှာနှင့်သက်ဆိုင်သောရောဂါ၊ မျက်စိ ရောဂါ၊ လည်ပင်းကြီးရောဂါ၊
သွေးလုံးလေလုံးရောဂါ၊ အဘိညာဉ်သန္နိပါတ်ဖျားရောဂါတို့အတွက် ဖော်စပ်သော
ဆေးတို့၌ ပါဝင်၏။

ထက်မြက်သောသတ္တိရှိသည့်အလျောက် ရောဂါသိမှု၊ ဆေးသိမှု၊
ဓာတ်သိမှု၊ ခန္ဓာဗေဒသိမှုတို့၌ ကျွမ်းကျင်သိမြင်ပြီးသော သမားများအဖို့
ဥာဏ်ရှိသလို ဖန်တီးအသုံးပြု နိုင်ကြသည်
   စပါးကြီးသည်းခြေပါဝင်သော ဆေးနည်းတို့ကား ဆေးကျမ်းအသီးသီးတို့၌
အထင်အရှားပါပြီး ဖြစ်ပေသည်။ လိုရင်းအချုပ်မျှ သိသာရန် အသုံးများသော
ဆေးနည်းအချို့ကို ဖော်ပြအံ့။
ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် မင်းအမိန့်ဖြင့် ဆက်သွင်းရသော
သမားစဉ် ကုထုံးကျမ်းလာ ဆေးနည်း ၃-မျိုးအနက်
 (၁) သူငယ်နာလျှာပွတ်ဆေး တွင်
နွယ်ချို၊ ပဲဆိမ့်နီ၊ စပါးကြီး သည်းခြေ ဤ၃-မျိုးဖြင့် ဖော်စပ်၍
အတောင့်လုပ်ထား၊ သူငယ်နာထသော ကလေးများအား ဆေးတောင့်ကိုသွေး၍
လျှာပွတ်ပေးရသည်။

(၂) မဟာသော မိဿရဆေးကြီးတွင်
   သန္နိပါတ်-သည်းခြေအားကြီး၍ နှလုံးဆူ၊ နှလုံးပူ၊ ထိတ်လန့်သူများအား ပေးသော
မဟာသော မိဿရဆေးကြီးတွင် ဆေးအမယ်ပေါင်း ၃၁ မယ်ရှိရာ
စပါးကြီးသည်းခြေပါဝင်သည်။
သန္နိပါတ်ငန်းနာ နှင့်တကွ မီးရပ်၊ မီးတွင်း၊
အပူမီးရပ်သွေးကြွင်းနာတို့ကိုလည်းကောင်း၊ မခိုင်သော ၀မ်းမီး၊
ခိုင်သောဝမ်း မီး၊ အစာမကြေသောဝမ်းမီး၊
စမြင်းခံသောဝမ်းရှိသောလူနာတို့ကိုလည်းကောင်း တိုက်ကျွေးက ပျောက်
ကင်းနိုင်၏။

(၃) နိဗ္ဗာနဆေးကြီးတွင်
တူလာသရော၊ မုတ္တကိစ်၊ မုတ္တဃာတ်အားကြီး၍ ကျင်ပြောသည်၊ အသွားလွန်သည်၊
တစက်စက်ရှိသည်၊ ကျင်ချုပ်သည်၊ ကျောက်ရှိသည်၊ ကိုက်ခဲနာကျင်သည်၊
ဝမ်းချုပ်သည်၊ မခံမရပ်နိုင် အောင်ပူသည်တို့ကိုပေးရာသော နိဗ္ဗာနဆေးကြီးတွင်
ဆေးအမယ်ပေါင်း ၂၄ မယ်ရှိရာ စပါးကြီး သည်းခြေပါဝင်သည်။
ဆိုခဲ့သောရောဂါများအပြင် အခြားဝေဒနာများကိုလည်း ရေလဲအမျိုးမျိုးပြောင်း၍
ပေးကျွေးက ဆိုင်ရာရောဂါများ ပျောက်ကင်းနိုင်၏။

စပါးကြီးသည်းခြေသည်
သူငယ်နာမှစ၍ လူကြီးရောဂါအထိ ရောဂါများကို အခြားဆေးဘက်မပါဘဲ
စပါးကြီးသည်းခြေသက်သက်ဖြင့် လည်းကောင်း၊ အခြားဆေးဘက်များတွင်
အဓိကအားဖြင့် ပါဝင်၍ ဆေးညွှန်းပေါင်းအဖြစ်ဖြင့်လည်း ကောင်း၊
ကျွေးမွေးပေးသွင်းရာ၌ အစွမ်းသတ္တိထက်မြက်ခြင်းဖြစ်ကြောင်း
သိစေရန်ဖော်ပြလိုက်ပါ သည်။

- ၀မ်းတွင်းသက်တန့်ရောဂါ၌ စပါးကြီးဥကိုပြုတ်၊ အခြောက်လှန်း၊
ပျားရည်နှင့်သွေးတိုက်၊ ပျောက်၏။
-  အသည်းတလျှောက်၌ဖြစ်သော
ဝမ်းတွင်းသက်တန့်၏လက္ခဏာကို ကြည့်တိုက်ပါ။
(အသည်းခြောက်လာသည်၊ အောင့်လာသည်၊
ချောင်းဆိုးလာသည်၊ ဤလက္ခဏာများကား ၀မ်းတွင်း သက်တန့် လက္ခဏာတို့တည်း။)
- မကျက်နိုင်သော အနာပျက်များ၌ စပါးကြီးသားကို အမှုန့်ပြုလုပ်၍
အနာပေါ်ကဖြူးပေးလျှင် ၂-ရက် ၃-ရက်အတွင်း အသားပြည့်လာလိမ့်မည်။
- ကျောက်ပေါက်သူများ မျက်စိ၌ ကျောက်ဆိုးမထွက်စေရန် စပါးကြီးသည်းခြေကို
ဖျော်၍ မျက်စိ ၌ ကွင်းထားလျှင် ကျောက်ဆိုးမထွက်တော့ချေ။
ကျဉ်းမြောင်းရာ၌
ကျောက်ဆိုးထွက်ခဲ့သော် ကျယ်ပြန့်သောနေရာသို့ ကျောက်ရွေ့အောင်
စပါးကြီးသည်းခြေကိုဖျော်ပြီး လိုရာအရပ်သို့ ၎င်းဖြင့်
လိမ်းသပ်လွှဲပြောင်းပေးနိုင်သည်။
- ကလေးများသူငယ်နာတက် တက်ခဲ့သော် စပါးကြီးသည်းခြေဖြင့် လျှာပွတ်ပေးပါက
ပျောက် ကင်းနိုင်သည်။
- မျက်စိနာသူများကိုလည်း ၎င်းသည်းခြေဖြင့် မျက်စိတွင်
ခတ်လဲခတ်ကွင်းလဲကွင်းပေး ပျောက်၏။
-ေ ချာင်းဆိုးသွေးပါအဆုတ်နာဖြစ်လျှင် မည်မျှပင် ပိုးများသောင်းကျန်း၍
မည်မျှအထိ အန္တရာယ် ဖြစ်နေစေကာမူ စပါးကြီးဥကို ပျားရည်တစ်ပုလင်း
ဥတ၀က်ခန့်(ရောဂါပြင်းထန်က)တစ်ဥလုံး အမှုန့်ပြု ထည့်၍
တစ်နေ့တစ်ဇွန်းသောက်ပါလျှင် ပျားရည်တစ်ပုလင်းမကုန်မီ ဧကန်ပျောက်ကင်းမည်။
-ဆီးရောဂါအတွက် မုတ္တကိစ်ဆီးထိုးအောင့်သော ရောဂါဖြစ်စေ၊
မုတ္တဃာတ်-ဆီးရှိလျက် မဆင်း သော ဆီးချုပ်ရောဂါဖြစ်စေ၊ စပါးကြီးသည်းခြေကို
အရည်ဖျော်သောက်ရာ၏။ မြစ်ချင်းပြီးဖြစ်သည်၊
အခြားသောနံ့သာဖြူရေဖြင့်လည်းကောင်း၊
မြင်းခွာရွက်ပြုတ်ရည်ဖြင့်လည်းကောင်း၊ သတ္တုရည်ဖြင့် လည်းကောင်း
စပ်၍သောက်နိုင်၏။
- ဆီးလမ်းကြောင်းမှ သွေးဆင်းသောရောဂါအတွက်လည်း အလွန်
ကောင်း၏။
ကလေးငယ်များဖြစ်မူ ချက်ကို သွေးထားသောစပါးကြီးသည်းခြေအရည်ဖြင့်
၃-ပတ်ရစ် လိမ်း၍ အောက်သို့ ကျင်ငယ်လမ်းကြောင်းတည့်တည့်ဆွဲချပါ။
- ကလေးသူငယ်များ အဖျားရှိန်ပြင်းထန် လာသောအခါ၌ မျက်စိနီရဲလာခြင်း၊
နားနှာခေါင်းပါးစပ်တို့မှ သွေးထွက်ခြင်း၊ အချို့ကျင်ငယ်လမ်းမှ
သွေးထွက်ခြင်း၊ လည်ချောင်းခံတွင်းတွင် ချွဲပူထခြင်း၊ အကြောတွင်
ဝင်ရောက်လောင်သောအခါ၌ ကောက်ကွေးလိမ်ဖယ်ပြီး တက်တတ်သည်။
-စပါးကြီးသည်းခြေကို ခံတွင်းသို့လည်း တိုက်ချပါ။ မျက်စိကို
- မျက်စဉ်းခတ်-ကွင်းပေးပါ။ နားထဲသို့လည်း လောင်းထည့်ပေးပါ၊
အလွန်ပြင်းထန်သော အန္တရာယ်ပြုနိုင်သော ကလေးရောဂါသည်
စပါးကြီးသည်းခြေတစ်မျိုးတည်းဖြင့် ပျောက်ကင်းနိုင်ပါ သည်။

အသား၏အကျိုးအာနိသင်
   ယုန်၊ ဖြူ၊ ဖွတ်၊ မြွေ၊ ကြွက်၊ ပတတ်တို့သည် တွင်းကျင်း၌
နေတတ်(အောင်းတတ်)သော ကြောင့် ဗိလေသယတိရစ္ဆာန်မျိုးမည်၏။ ၎င်းတို့၏အသားသည်
ဆိမ့်၏၊ ၀မ်းမီးချက်ပြီးနောက်လည်း ဆိမ့်၏၊ ပူ၏၊ လေကိုနိုင်၏၊ ၀စေတတ်၏၊
ကျင်ကြီးကျင်ငယ်ကို ခိုင်စေတတ်၏။
   စပါးကြီးသားသည် မြင်းသရိုက်နာနှင့် အလွန်သင့်၏။

မူရင်း page ၏ link.

https://m.facebook.com/theinphyufoundation/

No comments: