Wednesday 18 November 2015


ဆရာ- ရာဝဏ

***တပင်ရွှေထီး ဂမုန်း
***တပင်ရွှေထီး ဂမုန်းအကြောင်းကို အဂ္ဂိ
ရတ်ကျမ်းများနှင့် ဆေးကျမ်းများစွာတို့၌ဖတ်
ရှုဖူးကြပေလိမ့်မည်။
gp မှာလည်းဆရာများတင်ပြီးဖြစ်ပါသည်။
ဒေသအလိုက်တပင်ရွှေထီးဟုခေါ်ကြ
သောအပင်တို့လည်းများကြ၏။ဤသို့ဖြင့်
မူလ တပင်ရွှေထီး ဂမုန်းပင်မှာဝေဝေဝါးဝါးဖြစ်
လာသည်။
အဂ္ဂိရတ်ကျမ်းများ၌ ပြဒါးကိုခဲစေနိုင်၏ ဟုပါရှိ
သည် အရသာမှာ ပူ ခါး တက်ဖြစ်သည် မူးရစ်
ဆေးဝါးဖြစ်သောဘိန်ကဲ့သို့တူညီသောအာနိ
သင်ရှိသဖြင့် ဝမ်းလျှောရောဂါ ဝမ်းကိုက်ရော
ဂါ တို့တွင်ဘိန်းအစားထိုး၍သုံးစွဲကုသနိုင်
သည်။
ယခုအခါ တရုတ်ပြည်မှ ရသမျှစု
ဆောင်းဝယ်ယူနေကြပါသည်။
အပင်ကိုကြည့်လျှင်ထီးတချောင်းနှင့်တူ
လှ၏ အရွက်ဝိုင်းဝိုင်းဖြစ်သည် အပင်တပင်
ချင်းသာပေါက်သည် အမြင့်တစ်ပေခန့်အထိ
တွေ့ရသည်။
အပင်ရင်း မြေထဲ၌ဂေါ်လီလုံးအရွယ်
ဖြူဝါရောင်ဥတစ်လုံးသာရှိသည် ဆေးသုံးရာ
တွင် ဥကပိုစွမ်းသည် ။
အရှေ့ရိုးမတောတွင်းနှင့် မိုးများသောဒေ
သတိုင်း၌ရှိနိုင်သည် အပင်နှင့်အမည်တွဲ၍မ
သိခြင်း အပင်ကိုတွေ့ဘူးသော်လည်း ဆေး
အဖြစ်အသုံးမချတတ်ခြင်းကြောင့် အသုံးမဝင်
ဖြစ်နေကြသည်။
ရေရသောနေရာများတွင်စိုက်ပျိုးဖြစ်
ထွန်းနိုင်သဖြင့် ဆေးဝါးအဖြစ်အလွယ်တကူ
သုံးစွဲနိုင်စေရန် ပန်းအိုးများဖြင့်စိုက်ပျိုးထား
သင့်ပါသည်။
**သတိပြုရန်မှာ အပင်ရိုးတန်မှဆွဲ
နုတ်ယူလျှင် ဥမပါလာဘဲမြေကြီးတွင်ကျန်
ရစ်လေ့ရှိသဖြင့် ပင်ရင်းမြေအောက်ကို ဂရု
တစိုက်တူးနှိုက်၍ ဥကိုပါအောင်နုတ်ယူရမည်။

No comments: