Tuesday 17 November 2015

https://m.facebook.com/story.php?story_fbid=694374720662129&id=100002688236044

တဇောင်းလက်ညှိုး
Euphorbia tirucalli L., Sp. Pl. 452. 1753.
Common names are : ‘African Milkbush’,’Milk hedge’, aveloz, firestick plants, Indian tree spurge, naked lady, pencil tree, pencil cactus, sticks on fire or milk bush
Family : Euphorbiaceae
လပြည့်နေ့က နှစ်ပေါင်း ၂၀ လောက်ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းရဲ့အိမ်ကိုရောက်ခဲ့တယ်၊ ကျယ်ဝန်းသော ဝင်းခြံ နဲ့ ဆိပ်ငြိမ်အေးချမ်းသော ရပ်ကွက်ထဲမှာ သူ့အိမ်လေးရှိတယ်၊ ပိတောက်ပင် သရက်ပင် အပင်ကြီးတွေကလည်း အုပ်အုပ်ဆိုင်းဆိုင်း၊ သန့်ရှင်းသပ်ယပ်သော ကျူရှင်ခန်းလေးကလည်း အိမ်ရှေ့မှာ၊ သူကတော့ သူငယ်ချင်းကိုပြန်တွေ့ရလို့ စကားတွေ ပြောမကုန်ပေါ့ ကျနော်တို့ငယ်ဆရာတွေအကြောင်းပါသလို ငယ်သူငယ်ချင်းတွေအကြောင်းကလည်း မပါမဖြစ်ပါရတယ်၊  ထူးတာက တဝင်းလုံးနီးပါး အလှစိုက်ထားတဲ့ တစောင်းလက်ညှိုးပင်လေးတွေပါဘဲ၊ လူတရပ်သာသာ အပင်လေးတွေကပုပုလုံးလုံးမို့ ဘွန်ဇိုင်းပင်အလားဖြစ်နေတာပေါ့။ သူငယ်ချင်း ဒါ ဘာပင်လဲ သိလားဆိုတော့ ငါမသိဖူး လှလို့စိုက်ထားတာ၊ မင်းသိရင်ပြောပြဦး ဆိုရှာတယ်၊ တဇောင်းလက်ညှိုးဆိုတဲ့ အမည်နဲ့လိုက်အောင် အကိုင်းအခက်လေးတွေက လက်ညှိုးလေးတွေလို အရည်ရွှမ်းပြီး succulent-branched ဖောင်းဖောင်းလေးတွေပါ၊ ဆူးမရှိပါဘူး၊  တကယ်တော့ ဒီအပင်တွေက တောထဲမှာဆို အပင်ကြီးတွေပါ၊ သူနဲ့အတူတွေ့တတ်တာကတော ရှးဇောင်းပြဿတ် ရှားဇောင်းမြင်းနား ကျားရှာပင်တွေပေါ့။ အများစုက လူသူမနီးတဲ့ ကျပ်တီးကုန်းမြေ သုဿန်မြေ လိုနေရာမျိုးမှာသာတွေ့နိုင်တာပါ၊ ဒီအပင်တွေကို  xerophytic plants လို့ခေါ်ပါတယ်၊ ပင်စည်က အညိုရောင်ဖြစ်ပြီး ရင့်မာရင် အက်ရာတွေပါလေ့ရှိတယ်၊ အရွက်လေးတွေက ရွက်ထီး ရွက်လွှဲထွက်ပြီး ရွက်ညှာမဲ့တတ်ပါတယ်၊ အလွယ်တကူ ကြွေကျတတ်တယ်၊ ဒါက ရေနဲခံပင်လက္ခဏာတခုဖြစ်ပြီး  သေးငယ်လှတယ်၊ ရွက်စွယ် သေးငယ်ပြီး discoid ပုံစံပါ၊ ပန်းခိုင်ကတော့ Euphorbia genus လက္ခဏာ အရ Cyathia ဖြစ်လို့နေတယ် ။ Cyathia လေးတွေဟာ ပုံမှာအတိုင်း အကိုင်း ၂ ခုဆုံရာခွ လေးသာမက အကိုင်းထိပ်ဖြားမှာလည်း ရှိနေကြတယ်၊ Cyathia လေးတွေက အဝါရောင်သန်းသောအစိမ်းရောင်ပါ၊ involucral bract က scarious type ပါ၊ ပွင့်ခံရွက်ကတော့ triangular semiorbicular ပုံစံပါ၊ အသီကတော့ rounded-trilobate, ပုံစံပါ ၊ အစေ့ကတော့ minutely carunculate Seeds ဖြစ်လို့နေပါတယ် ဒီအပင်လေးလည်း တိုင်းရင်းဆေးမှာ ထင်ရှားလှပါတယ်၊  ဆေးကျမ်းထဲမှာ အာယုဗေဒ အလိုအားဖြင့် ပူ၏ သည်းခြေနာ နူနာ အဖြူကွက်ရောဂါများတွင်များစွာ အကျိုးပြု၏  အစေးသည် အဆိပ်ကိုနိုင်၏  ဝမ်းဖောယောင်ခြင်း လေနာရောဂါတို့ပျောက်ကင်းစေ၏  ရေဖျဉ်း ချောင်းဆိုးခြင်း ညောင်းကျခြင်း သရက်ရွက်ကြီးခြင်း အအေးပတ်ခြင်း  လိင်နိမိတ်ရောဂါတို့ကိုနိုင်၏  ဓတ် ၇ ပါးကိုပြုပြင်၏ အကြောနှင့်စပ်လျဉ်းသောရောဂါတို့တွင် လိမ်းဆေးသဖွယ်အသုံးပြုရ၏၊ အဆစ်အဆက်ကိုက်သောရောဂါများရောဂါများအတွက် အပင်ရဲ့ အစေးကို ထိုးဆေးအဖြစ်အသုံးပြု၏  အစေးသည် အလွန်ပူ၏ ဝမ်းသက၏  အစေး ၁ပဲသားကို ကုလားပဲမှုန့်နှင့်ရောကာ ဝမ်းနှုတ်ဆေးသုံးနိုင်၏ ၊ လို့ ဆေးကျမ်းကဆိုထားတယ်၊ အခြားသော သုတေသနမျာမှာလည်း ဒီအပင်ကို အစွမ်းရှိသော ကင်ဆာကုသဆေး အနေဖြင့်သာမက အရေးကြီးသော စွမ်းအင် အရင်းအမြစ် အဖြစ် အသုံးပြုခဲ့ကြတယ်၊ အပင်ကထွက်သော အစေးက ငါးနဲ့ကြွက်တွေအတွက်တော့ အဆိပ်ဖြစ်စေပါတယ်၊ Aqueous wood extracts are antibiotic against Staphylococcus aureus. ဒီအချက်ကလည်းစိတ်ဝင်စားစရာပါ၊ အပင်ကနေရတဲ့ မီးသွေးမှုန့်ကလည်း
gun powder. လုပ်ကြပါသေးတယ်၊ အပင်ရဲ့အကိုင်းအခက်တွေကို ထင်းအဖြစ်လည်းသုံးကြပါတယ်၊ စွယ်စုံကျမ်းထဲမှတော့ သူ့ရဲ့ အသုံးဝင်ပုံက အများသားဗျ
Euphorbia tirucalli also has uses in traditional medicine in many cultures. It has been used for cancer, excrescence, tumors, and warts in such diverse places as Brazil, India, Indonesia[citation needed], and Malaysia.It has also been used as for asthma ပန်းနာ , cough ချောင်းဆိုး , earache နားကိုက် , neuralgia, rheumatism အဆစ်အမြစ်ရောင်, toothache သွားကိုက်, and warts in India and Malaysia. Euphorbia tirucalli has been promoted as an anticancer agent, but research shows that it suppresses the immune system, promotes tumor growth, and leads to the development of certain types of cancer. အထူးခြားဆုံးကတော့ ကင်ဆာရောဂါကုသရာမှာသုံးကြတာပါဘဲ၊ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးရှိနေတာကို သုတေသနတွေကပြလို့နေပြန်တယ်၊ ဆက်လက်သုတေသနပြုလုပ်သင့်သော အပင်လေးပါ၊ လူတွေသိမယ်ထင်ပေမဲ့ တကယ်တော့ မသိကြပါဘူး။  အခု သဘာဝ အပင်လေးက မလှပေမဲ့ အိုးထဲထည့်စိုက်တော့လည်း ချစ်စရာလေးဗျ၊ အရမ်းလှသော တဇောင်းလက်ညှိုးပင်လေးတွေလည်းရှိသေးတယ်  အရောင်ကလည်း လိမ္မော် အဝါရောင်ပါ၊ ဧည့်ခမ်း ထဲမှာ အလှစိုက်ပန်းအိုးလေးလုပ်ပြီး  ရောင်းကြတယ်၊ တခါတလေ "အလှအပ ဆိုတာ ခံစားသူနဲ့သာဆိုင်မယ်လို့ထင်မိတယ်" အရွက်မပါ အရိုးခြည့် ရှိတဲ့ ဒီအပင်လေးမှာ ဘယ်မှာ အလှရှိပါ့မလဲ့။ ဒါပေမဲ့ပေါ့လေ ..တစိမ့်စိမ့်ကြည့်ရင်..သူလည်းတမျိုးတော့လှသား ........
Ref: flora of Pakistan, e floa org, Ashinnagathein, Wikipedia,
https://hort.purdue.edu/newcrop/duke_energy/Euphorbia_tirucalli.html

No comments: