Tuesday 17 November 2015

ဘူ

Kingdom : Plantae
(unranked) : Angiosperms
(unranked) : Eudicots
(unranked) : Rosids
Order : Celastrales
Family : Celastraceae
Genus : Salacia
Species : Salacia sp.

ဘူပင်အကြောင်းကိုရှာဖွေလေ့လာသောအခါ
အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-ဒုတိယတွဲ
စာမျက်နှာ(၂၈၉)တွင်တွေ့ရှိဖတ်ရှုရပါသည်။
သို့သော်
အင်္ဂလိပ်အမည်၊ရုက္ခဗေဒအမည်များမပါရှိပါ။
ထပ်မံ၍
Mr.Johnny ၏ Myanmar Herbals စာအုပ်တွင်
အမှတ်စဉ်(၈၄၁)၌
ဘူပင်ကို
ရုက္ခဗေဒအမည် Salacia perinoides ဖြင့်
ဖော်ပြထားသည်ကိုတွေ့ရသည်။
သို့သော်လည်း
ဘူပင်၏ရုက္ခဗေဒအမည်မှန်မှာ
Salacia prinoides ဖြစ်ပါသည်။
မျိုးရင်း Celastraceae တွင်ပါဝင်သည်။
The Checklist of Plants of Myanmar စာရင်းအရ
Salacia မျိုးစိတ်(၁၃)ခုတွေ့ရပါသည်။

၎င်းတို့မှာ

၁။Salacia chinensis/Salacia prinoides

၂။Salacia densiflora

၃။Salacia flavescens

၎။Salacia floribunda

၅။Salacia grandiflora

၆။Salacia multiflora

၇။Salacia myrtifolia

၈။Salacia polyantha

၉။Salacia roxburghii

၁၀။Salacia smaliana

၁၁။Salacia tortuosa

၁၂။Salacia verrucosa

၁၃။Salacia viminea - တို့ဖြစ်ကြပါသည်။

ပုံပြဆေးအဘိဓာန်တွင်
ရေဘူ၊ကုန်းဘူဟူ၍
နှစ်မျိုးဖော်ပြထားသည်။
ကုန်းဘူကို
ဝက်ကဘိုင်(ဝက်ကပိုင်/ဝက်သပိုင်)ဟုလည်း
ခေါ်ဆိုကြောင်းဖော်ပြသဖြင့်
ဆက်လက်လေ့လာရာ
အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-တတိယတွဲ
စာမျက်နှာ(၂၄၃)တွင်
ဝက်ကပိုင်အကြောင်း
တွေ့ရှိဖတ်ရှုရပါသည်။
ရုက္ခဗေဒအမည် Salacia prinoides ကိုဖော်ပြထားပါသည်။
Checklist တွင်မြန်မာအမည်ဖော်ပြထားသော
Salacia မျိုးစိတ်(၄)ခုရှိပါသည်။

၎င်းတို့မှာ

၁။Salacia chinensis L.

Cited as : Salacia prinoides DC.

Habit : Climber

Distribution : Ayeyarwady/Bago/Rakhine/Taninthayi

Common Names : Bu,Bwe-thein

အမည် = ဘူ ၊ဘွဲ့သိမ်

၂။Salacia roxburghii Wall

Habit : Climber/Creeper

Distribution : Wide

Common Names : Konbu,Mayan-gyaung

အမည် = ကုန်းဘူ၊မရန်းချောင်

၃။Salacia smaliana Brandis

Habit : Climber/Creeper

Distribution : Sagaing

Common Names : Nwe-ngan

အမည် = နွယ်ငန်း

၎။Salacia verrucosa Wight

Habit : Shrub

Distribution : Wide

Common Names : Sauk-kala

အမည် = ဆောက်ကုလား

ဘူ၊ရေဘူ၊ကုန်းဘူ၊ဘွဲ့သိမ်၊မရမ်းချောင်၊ဝက်ကဘိုင်
အစရှိသဖြင့်အခေါ်အဝေါ်ကွဲများရှိနေသော်လည်း

ဘူဟုခေါ်သောမျိုးစိတ်(၂)ခုမှာ

၁။Salacia chinensis/Salacia prinoides နှင့်

၂။Salacia roxburghii

တို့ဖြစ်ကြောင်းတွေ့ရှိရပါသည်။
ပို၍တိကျသေချာမှန်ကန်အောင်
စနစ်တကျလေ့လာဖော်ထုတ်သင့်ပါသည်။
အခြားနွယ်ငန်း၊ဆောက်ကုလားအပါအဝင်
Salacia မျိုးစိတ်များ၏ဆေးဖက်ဝင်မှုများကိုလည်း
လေ့လာသုတေသနပြုသင့်ပါသည်။
စာရေးသူအနေဖြင့်
မြန်မာ့ဆေးဖက်ဝင်အပင်များအကြောင်း
သတင်းအချက်အလက်မျှသာပေးနိုင်သဖြင့်
အကျယ်လေ့လာလိုသူများအင်တာနက်တွင်
ရှာဖွေဖတ်ရှုလေ့လာနိုင်ပါသည်။
အမှားအယွင်းအားနည်းချက်များပါရှိနေပါက
နားလည်ခွင့်လွှတ်ပြီး
စေတနာရှေ့ထားရေးသားမျှဝေနေမှုကိုသာ
အကြောင်းရင်းခံမြင်သိစေလိုပါသည်။
ရှာဖွေထားသော
ဘူပင်နှင့်ပက်သက်သည့်အကြောင်းများကို
ဗဟုသုတအလိုငှာရေးသားဖော်ပြလိုက်ပါသည်။

#ဘူ

Salacia chinensis

Synonym:Salacia prinoides (Wild)DC.

Salacia chinensis -is a woody climber(or)shrub
grow up to 2-5 meters.
It is often found in the coastal areas.
The roots of this is with golden yellow cork
layer(Phelloderm).
Inner root is reddish brown with several
circles of bark and wood.
The stem cross section also show
several rings due to the development of
several layers of bark tissue alternating
with wood tissue.
The leave are elliptic,serrate-dentate,
acute,opposite to sub opposite.
Flowers axillary usually solitary,
small yellowish green.
Berries are pale green become reddish
when mature,contain single seed.
The root and stem wood are well known
for its antidiabetic activity.
Now it is taken up for cultivation in
southern states of India.

အကြမ်းဖျဉ်းဘာသာပြန်ရလျှင်---
ဘူပင်သည်
၂ မှ ၅ မီတာအထိကြီးထွားနိုင်သော
ချူံပုတ်ပင်(သို့မဟုတ်)သစ်နွယ်ပင်ဖြစ်သည်။
ကမ်းရိုးတန်းနေရာများတွင်တွေ့ရသည်။
အမြစ်ရွှေဝါရောင်၊အတွင်းသားနီညိုရောင်ရှိပြီး
အကွင်းအရစ်များပါရှိသည်။
နွယ်ပင်စည်ကိုဖြတ်တောက်ကြည့်လျှင်
အခေါက်တစ်သျူးများ
တစ်ဆင့်ပြီးတစ်ဆင့်ကြီးထွားလာမှုကြောင့်
ဖြစ်ပေါ်နေသောအရစ်များစွာကိုတွေ့နိုင်သည်။
အမြစ်နှင့်ပင်စည်နွယ်သည်
ဆီးချိုရောဂါဆေးအဖြစ်အသုံးဝင်လူသိများ၊
လက်ရှိအိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များတွင်
ဘူပင်ကိုစိုက်ပျိုးကြသည်။

#ဘူပင်

***ပုံသဏ္ဌာန်***

ဘူပင်သည်ကုန်းဘူနှင့်ရေဘူဟူ၍(၂)မျိုးရှိသည်။
ထိုသို့(၂)မျိုးကွဲပြားခြင်းသည်
ပေါက်ရောက်ရာဒေသ၊ပေါက်ရောက်ပုံသဏ္ဌာန်ခြင်း
ကွာခြားခြင်းကြောင့်ဤကဲ့သို့(၂)မျိုးကွဲပြားခြင်းဖြစ်သည်။
ရေဘူမှာ
ရေနှင့်နီးစပ်သောအရပ်ဒေသတို့၌ပေါက်ရောက်တတ်၍
ကုန်းဘူမှာ
ကုန်းမြေပြင်တို့၌ပေါက်ရောက်တတ်ကုန်၏။

(က)ရေဘူသည်ပင်ရောင်နွယ်ရောင်ချုံမျိုးဖြစ်၏။
အရွက်သည်အကိုင်းတွင်စီတန်းပြီးထွက်ကြကုန်၏။
၅လက်မ မှ ၆လက်မခန့်ရှည်၍အဖျားချွန်သွယ်၏။
အရွက်တွင်အကြောများအထင်အရှားရှိ၏။
အသီးလုံးကလေးများသီးတတ်၏။

(ခ)ကုန်းဘူသည်ပင်စည်ပင်လုံးဖြင့်ပေါက်ရောက်တတ်၏။
အခေါက်ထူပွ၏။
အရောင်ဝါရှိ၏။
အရွက်သည် ၅ လက်မ ခန့်ရှည်၍
အနံမှာ ၂ လက်မခွဲခန့်ရှိ၏။

ကုန်းဘူ၊ရေဘူ(၂)မျိုးလုံးပင်ဆေးတွင်သုံးကြ၏။
အချို့(၂)မျိုးလုံးစုရုံးပြီးထည့်၏။
သို့သော်ကုန်းဘူထက်ရေဘူကိုအသုံးများကြ၏။

***ဂုဏ်နှင့်စွမ်းရည်***

အစာသစ်အိမ်ဝမ်းမီးကိုတောက်စေ၏။
ရင်ချောင်၏။
ရင်တွင်းရှိသောလေပူကိုပယ်နိုင်၏။
အစာဟောင်းအိမ်ရှိအပါနလေကိုအကျိုးပြု၏။
ဆီး၊ဝမ်း၊လေတို့ကိုထုတ်ပယ်တတ်၏။
တကိုယ်လုံး၌ရှိသောအင်္ဂမင်္ဂနုသာရီလေကို
အားရှိစေ၏။
အမြစ်ကိုများစွာအသုံးပြုကြကုန်၏။
၎င်းအမြစ်ကိုစင်းပြီးလျှင်
ထန်းလျှက်သင့်တော်အောင်ထည့်၍
စိမ်ဆေးအဖြစ်ဖြင့်လည်းစီမံပြီးအသုံးပြုကြကုန်၏။
အနှစ်ကျအောင်ကျိုပြီးလျှင်
စမုံမျိုးငါးပါး၊ဆားဖုတ်၊ကြက်သွန်ဖြူစသည်တို့ကို
အနည်းငယ်စီထည့်စွက်ပြီးလျှင်
လက်ကော်ရသည်အထိချက်၍
စားသောက်သုံးဆောင်ကြကုန်၏။

ရေဘူကိုရေဘူဟုသာခေါ်ကြ၏။
ကုန်းဘူကိုကား
အချို့အရပ်ဒေသ၌ဝက်ကဘိုင်ဟုခေါ်ကြ၏။

#ဝက်ကပိုင်

Salacia prinoides

***ပုံသဏ္ဌာန်***

၎င်းသည်ခြုံနွယ်မျိုးဖြစ်၏။
သစ်ပင်ကြီးများကိုလည်းမှီတွယ်၍တက်တတ်၏။
အရွက်အရောင်တောက်ပ၏။
အရွက်သည်ခန့်မှန်းခြေအားဖြင့်
အလျား ၆ လက်မနှင့်အနံ ၃ လက်မမျှရှိ၏။
အပွင့်သည်သရက်ပွင့်များကဲ့သို့
ပွင့်ခိုင်ပွင့်တန်ထိုး၍ပွင့်၏။
အသီးမှာကွမ်းသီးစိမ်းမျှရှိ၏။
မှည့်လျှင်ဝါသောအရောင်ရှိ၏။
တခိုင်တွင်(၄-၅-၁၀)လုံးမျှအပြွတ်လိုက်သီး၏။
အသီးတစ်လုံးတွင်တမွှာသာရှိ၏။
အရသာချို၏။
၎င်းအသီးမှည့်ကို
တောင်သူလယ်သမားတို့သည်သန်ချဆေးအဖြစ်
အသုံးပြုကြကုန်၏။
၎င်း၏အမြစ်ရောင်သည်ဝါရောင်ရှိ၏။
သက်ရင်းကတိုးမြစ်၏အရောင်နှင့်တူ၏။
မာကြော၏။
အချို့သူတို့သည်
၎င်းဝက်ကပိုင်ပင်ကိုရေဘူဟူ၍လည်းခေါ်ကြ၏။
ဝက်ကပိုင်တခြား၊ရေဘူတခြားဖြစ်၏။

***ဂုဏ်နှင့်အသုံး***

ဝက်ကပိုင်အသီးမှည့်ကိုသန်ချဆေးအဖြစ်ဖြင့်
အသုံးပြုကြသည်ကိုတွေ့ရ၏။
၎င်း၏အမြစ်ကို
ဝမ်းသက်၊ဝမ်းကိုက်သောကလေးသူငယ်များအား
ဆန်ဆေးရည်နှင့်သွေးတိုက်ရ၏။
အသီးအမှည့်ကိုမီးဖုတ်ပြီးဝက်သက်ဝမ်းအတွက်
ကလေးသူငယ်များကိုကျွေးရ၏။
၎င်းအမြစ်ကိုရေငတ်ဝမ်းကျလိုက်သောသူငယ်အား
ဆန်ဆေးရည်နှင့်သွေး၍တိုက်ကျွေးပါက
ပျောက်ကင်းနိုင်၏။

မှတ်ချက်။              ။ရနိုင်သမျှသောအချက်အလက်များအား
စုစည်းထားသည့်သဘောနှင့်ဗဟုသုတသက်သက်
ဖြစ်ပါသည်။
အပင်ပုံသဏ္ဌာန်၊အခေါ်အဝေါ်ကွဲပြားနေသဖြင့်
သိပ်ပြီးအားရကျေနပ်စရာတော့မဟုတ်သေးပါ။

#Source : Google

Mr.Johnny -Myanmar Herbals

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-ဒုတိယတွဲ

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-တတိယတွဲ။

မူရင်း=== page

https://m.facebook.com/Myanmar-Medicinal-Plants-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%B1%E1%80%86%E1%80%B8%E1%80%96%E1%80%80%E1%80%B9%E1%80%9D%E1%80%84%E1%80%B9%E1%80%A1%E1%80%95%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-580814715380885/

No comments: