Wednesday 18 November 2015
မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော် 
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "စာအုပ် မှ
" သာသနာငါးထောင် အသက်ရှည်ဆေး "
ဆေးနည်း
(၁) တောချဉ်ပေါင်စေ့ ၁၀၀၀
(၂)  ဥနှဲစေ့                      ၁၀၀၀
(၃)  ဥသျှစ်စေ့                ၁၀၀၀
(၄)  ငရုတ်ကောင်းစေ့  ၁၀၀၀
(၅)  ပိတ်ချင်းသီး           ၁၀၀၀
၎င်းတို့ကို အမှုန့်ပြုပြီး ပျားရည်နှင့်တေပြီး အသုံးပြုရသည်။
ထိုဆေး၏ အမည်ကို သာသနာငါးထောင်ဆေးဟု ရိုးရာတလျှောက်လုံး ခေါ်ဝေါ်သုံးစွဲကြလေသည်။
ထိုဆေးကို ဖော်စပ်စားသောက်ရာတွင် ဆေး မည်ငါးမျိုး တစ်မျိုးလျှင် အရေအတွက် တစ်ထောင်စီ ထည့်ရသောကြောင့် သာသနာငါးထောင်ဆေးဟု အမည်ရခြင်းဖြစ်ပေသည်။
ထိုဆေးသည် ပူစပ်ခါးသောအရသာရှိပေသည်။
ပူစပ်သောအရသာသည် သလိပ်အပိတ်၊ အဖွဲ့တို့ကို ပယ်ဖျက်နိုင်သည်။
အခါးအရသာသည် အပြစ်ပြု မည့် လေဓာတ်တို့ကို ပယ်ဖျက်၍ အကျိုးပြုလေကို ဖြစ်ပေသည်။
 သွေးအား လေအား၊ အကြောအားတို့ကို ခိုင်မာစေတတ်သည်။
 ထိုဆေးကို အသက်ရှည် ဆေးအနေဖြင့် စားသုံးကြရသည်။
အချို့သည် ထိုဆေးကို ကာယသိဒ္ဓိပြီးစေပြီး၊ ဓား၊ လှံ၊ လက်နက်တို့ မထိမရှဟု ပြီးဆေးအနေဖြင့် အသုံးပြုကြလေသည်။
ထိုဆေးသည် ပူစပ်ခါးသော အရသာရှိသော ဆေးဖြစ်သောကြောင့် ရုပ် ၀သူ ၊သလိပ်အဖွဲ့အပိတ်ရောဂါရှိသောသူ၊ လေအားနည်းပြီး၊ ရေဓာတ်များသော သူ၊ လေငန်း၊ သွက္ချာပါဒ၊ နှလုံးကျဉ်း၊ နှလုံးအစီပိတ်၊ သွေးတွင် အဆီများ သော ရောဂါရှိသောသူများအတွက် အကောင်းဆုံးဖြစ်ပေသည်။
ထိုဆေးကို စားသောက်သောသူသည် အထူးသဖြင့် ခိုင်မာသော ၀မ်းမီးနှင့် ပြည့်စုံရမည် ဖြစ်သည်။
အသက်ကြီးသွေးအားနည်း၊ လေအားနည်း၊ ၀မ်းမီးအားနည်း၊ ရုပ် ပိန်သော သူတို့နှင့်ကား မသင့်ပါ။
လူလတ်၊ လူရွယ်၊ သွေးအသား အားရှိခိုက်၌ဖြစ်တတ်သော ငှက်ဖျားရော ဂါ၊ ပန်းနာသလိပ်ကျပ်၊ ထုံနစိုနာ၊ လေအေးကျင်သော ရောဂါမျာအတွက်ကား အထူးကောင်းသောဆေးဖြစ်ပါသည်။
"ပူအေး၊ တက်သက်၊ ဖွင့်ပိတ်၊ ဖျက် ဖြည့်"ဟူသောအတိုင်း အေးလွန်းသောရောဂါကို ပူနွေးလာစေရန် ၊သက်နေ သောရောဂါကို တက်လာစေရန် ၊ပိတ်နေသောရောဂါကို ပွင့်စေရန်၊ အဖြည့်အားကြီးသောရောဂါကို ဖျက်၍ကုသရမည်ဖြစ်သည်။
ထိုဆေးတွင် ထူးခြားစွာ မှတ်ယူရမည့် ဆေးဖက်မှာပိတ်ချင်းဖြစ်သည်။
ပိတ်ချင်းသည် အရသာပူစပ်သော်လည်း ၀မ်းထဲရောက်သောအခါ ပူနွေး သော ၀မ်းမီးကို အကျိုးပြုသော အဆင့်သို့ရောက်၏။
တောချဉ်ပေါင်သည်လည်း၊ နွယ်အမျိုးဖြစ်၍ ၎င်း၏အစေ့သည် ချဉ် ပေါင်စေ့သဏ္ဌာန်ရှိပေသည်။
အရသာမှာ ပူစပ်ခါးသော အရသာရှိသည်။
၎င်းကို ၀ါးစားလျှင်အလွန်ထူပူသွားပြီး ထိုးကြိတ်ရိုက်နှက်၍ မထိမရှ မကွဲ မပဲ့သည်ကို တွေ့ရသည်။
ထို့ကြောင့် ရှေးက လက်ဝှေ့သမားတို့သည် တော ချဉ်ပေါင်စေ့ကို မန်းမှုတ်၍ ၀ါးပြီး၊ ထိုးသတ်ယှဉ်ပြိုင်ကြသည်။
မထိမရှ၊ မကွဲ မပဲ့သော အကျိုးကို ရရှိသည်ဟု ယုံကြည်ကာ အသုံးပြုကြသည်။
ထိုသာသနာငါးထောင်ဆေးကို သက်ကြီး၊ ရုပ်တရုပ်စို၊ မန္ဒရုပ်၊ သလိပ် စေးထိုင်းမှုများသော ရုပ်ရှိသောသူတို့၌ ပျားရည်နှင့်တေပြီး စားသောက်လျှင် ချွေးတစို့စို့ဖြင့် စားသောက်ကောင်းနေထိုင်ကောင်း၊ ပေါ့ပါးလန်းဆန်းစေပါ သည်။
ထိုသည် မြန်မာ့ရိုးရာတစ်လျှောက် အစဉ်အလာ သုံးစွဲခဲ့သောနည်းဖြစ်  ခြင်းကြောင့် ကျန်းမာသက်ရှည်လိုသူတို့ မိမိဉာဏ်နှင့် နှိုင်းချိန်၍ ဖော်စပ် စားသောက် နိုင်စိမ့်သောငှာ ရေးသားဖော်ပြအပ်ပါသည်။
မူရင်း page ၏ Link.
https://m.facebook.com/theinphyufoundation/
No comments: