Wednesday 18 November 2015
မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော် 
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "စာအုပ် မှ
"              အမတ နာဠိကေရ
မအို၊ မနာ၊ မသေ အုန်းသီးအသက်ရှည်ဆေး "
အိုနာသေမှု ဝေးအောင်ပြုနိုင်ရန်အတွက် အထောက်အကူပြုနိုင်သော ဆေးနည်းပေါင်းများစွာတို့ကို ရေးသားဖော်နေရာ ယခုတစ်ဖန် မြန်မာ့ရိုးရာတစ်လျှောက်လုံး တွင်ကျယ်စွာ အသုံးပြုခဲ့ကြသော အိုမှုသက်သာ၊ နာမှုသက်သာရေးကို ပြင်စေနိုင်သည့်"အမတ နာဠိကေရ" ခေါ်သော အုန်း သီးအသက်ရှည်ဆေးအကြောင်းကို ဖော်ပြလိုပါသေးသည်။
ထူးခြားသောဆေးအမည်
ထိုဆေး  "အမတ နာဠိကေရ"ဟူသောအမည်သည် မြန်မာအမည် မဟုတ်ပါ။ ပါဠိအမည်ဖြစ်သည်။ မူရင်း သိဟိုဠ်ဘာသာ"အမရိတာ နာဠိကေရ"မှ ပါဠိလို "အမတ နာဠိကေရ" ဟုပြောင်းလဲခေါ်ဝေါ်ထားခြင်းဖြစ်ပေသည်။ အဓိပ္ပာယ်ကား၊ အမတ (သေခြင်းကင်းသော (၀ါ) မသေသော (၀ါ) သေမှု မှ သက်သာစေနိုင်သော) နာဠိကေရ အုန်းသီးဆေးဟု အဓိပ္ပါယ်ရပါသည်။
ဆေး၏အကျိုးအာနိသင်
ဆောင်ပုဒ်။။ "ရုပ်သက်၊ နာမ်သက်၊ အစောင့်ဖျက်၊ သုံးချက်သေပြီမှတ်"
                          ဟုလည်းကောင်း၊
                         "ပဋိသန္ဓေ၊ အိုနာသေ၊ လေးထွေဥသ္မာအဖြေရှာဟူ၍
                            လည်းကောင်း၊
                           "၀မ်းတစ်လုံးကောင်း၊ ခေါင်းမခဲ"ဟူ၍လည်းကောင်း၊
  ကျန်းမာမှုအသက်ရှည်မှုအသေသက်သာမှုတို့အတွက်အရေးကြီးသည့်အချက်တို့ကို မြန်မာ့ရိုးရာ၌ ရှေ့တန်းထား အသုံးပြုခဲ့ကြသည်။
ဆိုလိုရင်းမှာ ရောဂါဖြစ်သမျှတို့သည် "ရောဂါမူလံ အာဇိဏ္ဏကံ" ရောဂါဟူ သမျှတို့သည် မကျေကျက်သောပျက်စီးဖောက်ပြန်သော ၀မ်းမီးကို အခြေခံ၍ ဖြစ်ကြရသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။
ထို့ကြောင့် တစ်စုံတစ်ရာ အနာရောဂါ တို့ကို အမြစ်ပြတ်ကုသလိုလျှင် ထိုရောဂါ၏ အစဖြစ်သော ၀မ်းမီးကို အဓိက ထား၍ ကုသကြရမည်ဖြစ်ပေသည်။
ဝမ်းမီးဖျက်ဆီးရာ၌ (၇)မျိုးသော အကြောင်းတို့ကြောင့် ပျက်စီးပုံ(၅) မျိုးအနေဖြင့် ပျက်စီးကြရလေသည်။
ဝမ်းမီးကို ပျက်စီးသောအကြောင်းရင်း များကား၊
(၁) လေကြောင့် လည်းကောင်း၊
(၂) သည်းခြေကြောင့်လည်းကောင်း၊
(၃)သလိပ်ကြောင့်လည်းကောင်း၊
(၄)လေနှင့် သည်းခြေနှစ်ခုယှဉ်တွဲ အပြစ် ပြုသောကြောင့် လည်းကောင်း၊
(၅) လေနှင့်သည်းခြေ ယှဉ်တွဲအပြစ်ပြုသောကြောင့် လည်းကောင်း၊
(၆) သည်းခြေနှင့်သလိပ် ယှဉ်တွဲ အပြစ်ပြုသောကြောင့် လည်းကောင်း၊ (၇)လေသည်းခြေသလိပ် သုံးမျိုးစလုံး ယှဉ်တွဲအပြစ်ပြုသောကြောင့်လည်းကောင်း ဖြစ်ကြရလေသည်။
ဝမ်းမီးပျက်စီးပုံ (၅)မျိုး
(၁)မန္ဒ၀မ်းမီး၊ (၂)တိက္ခ၀မ်းမီး၊ (၃)မန္ဒ၀ိသမ၀မ်းမီး၊ (၄) တိက္ခ၀ိသမ၀မ်း မီး၊ (၅) ဘသ္မ၀မ်းမီးတို့ ဖြစ်ကြသည်။
(၁) တိက္ခ၀မ်းမီး
တိက္ခ၀မ်းမီးသည် သည်းခြေဒေါသ လောင်းကျွမ်းအပြစ်ပြုသော ကြောင့် ပျက်စီးသော ၀မ်းမီးဖြစ်၏။ ထိုတိက္ဓ၀မ်းမီးကြောင့်အစာအိမ်ခြောက် ခြင်း၊ အစာအိမ်ပူလောင်ခြင်း၊ လေချဉ်များတက်ခြင်း၊ အစာအိမ်အချဉ်ပေါက် ခြင်း၊ အသည်း၊ အဆုတ်၊ နှလုံး၊ အသက်ရှူလမ်း စသည်များ တင်းရောင်ခြင်း၊ အသားအရေ ခြောက်သွေ့ကျုံလှီခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ကြမ်းခြင်း၊ လက်ဖ၀ါး လက်များပူခြင်း၊ ခြေဖ၀ါးပူခြင်း၊ အကြောများ တောင့်တင်းခြင်း၊ ချွေးခြောက် အသားပူခြင်း၊ ၀မ်းလွန်ချုပ်ခြင်း၊ ပျက်လိုလျှင်လည်း၊ ပျက်စီးခြင်းတို့ဖြစ်တတ်သည်။ အထူးသဖြင့် တိက္ခ၀မ်းမီးရှိသောသူ၏ ကျင်ကြီးသည် ဆိတ်၏ ကျင်ကြီးကဲ့သို့ ခြောက်၍ မာကြောနေတတ်၏။ ရံခါတွင် အူခြောက် နေတတ်သည်။ ထိုခြောက်သွေ့မာကြောသော ၀မ်းမီးစမြင်းတို့ကြောင့်စအို ကွဲခြင်း၊ စအိုမှ သွေးပါခြင်း၊ စသည်များ ဖြစ်တတ်ကြလေသည်။
(၂) မန္ဒ၀မ်းမီး
မန္ဒ၀မ်းမီးကား သလိပ်ဖွဲ့စည်းမှု လွန်ကဲသော ၀မ်းမီးဖြစ်သည်။စားသမျှသော အာဟာရတို့သည် ကောင်းစွာကြေညက်ခြင်းသို့မရောက်ဘဲ မကြေညက်သော အရိအရွဲ ၀မ်းအဖြစ်သို့သာရောက်ရလေသည်။ စားသမျှ အာဟာရသည် သွေးသားမဖြစ် အဆီအညစ်အကြေးနှင့် မကြေညက်သော ကျင်ကြီးတို့ ဖြစ်ရလေသည်။ ဥပမာအားဖြင့် ၀က်၊ ဘဲ၊ ကျွဲတို့၏ ကျင်ကြီး ကဲ့သို့ ပျော့သွက်ပြီး မကြေမညက်ဖြစ်ကြရလေသည်။ ထိုမန္ဒ၀မ်းမီးပျက်ကြောင့် မီးယပ်ဝမ်းပျက်၊ဒူလာဝမ်းပျက်၊ သူငယ်နာဝမ်းပျက် သက်ကြီးဓာတ်မီးအားနည်း ၀မ်းပျက် သက်ကြီးဝမ်းမလုံ ၀မ်းပျက်၊ စသည်များဖြစ်ကြရလေသည်။ထိုဝမ်း ပျက်ရောဂါတို့သည် ခြေအေးဝမ်းရောင်ဆိုသည့်စကားပုံအတိုင်း ခြေများသည် အေးနေတတ်၏။ ရုပ်ဝစိုပြေနေတတ်၏။ ၀က်သား၊ ဘဲသား၊ စသည်များ အုန်း နို့စသည်များ စားမိသည်နှင့်တစ်ပြိုင်နက် ၀မ်းပျက်ရတတ်လေသည်။ အသား အေးစက်နေတတ်၏။ဝမ်းအမြဲလိုလို ဖောနေတတ်၏။
ဝမ်းပျက်လျင်လည်း မထိန်းနိုင်မသိမ်းနိုင် ဖြစ်လာရတတ်၏။ နံနက်အိပ် ယာထသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ရာ မည်သည့်ကိစ္စမှမပြုမီ ၀မ်းအရင်း သွားရ၏။ အချို့ အရေးတကြီး မနိုင်မနင်းဖြစ်သည်အထိ တွေ့ရသည်။ အချို့ အစာစားပြီးသည်နှင့် သို့မဟုတ် ၀မ်းထဲသို့ အစာဝင်သည်နှင့် ၀မ်းပျက်တတ်လေ သည်။ ထိုသို့သော ၀မ်းပျက်ခြင်းသည် "မန္ဒအဇိဏ္ဏမ" ကြေညက်သော ၀မ်းပျက် ဖြစ်၏။ ထိုသို့ပျက်ရာ၌လည်း ၀က်၊ ဘဲတို့၏ ကျင်ကြီးကဲ့သို့ မကြေမကျက် ပွ ရောင်းဖွယ်လျက် သက်ဆင်းပျက်ကျရလေသည်။ ထိုသူမျိုးကို မြန်မာ့ရိုးရာ၌ "သာလိကာဝမ်း"ဟု ခေါ်ကြသည်။
(၃) တိက္ခ၀ိသမ၀မ်းမီး
တိက္ခ၀ိသမ ၀မ်းမီးပျက်သည်ကား သည်းခြေနှင့် လေယှဉ်တွဲအပြစ် ပြုသော ၀မ်းပျက်ခြင်းမျိုးဖြစ်၏။ ရံခါ ၀မ်းတွင် အလွန်ချုပ်နေတတ်၏။ သက် လျှင်လည်း နည်းနည်းနှင့် မကြာမကြာမကြေညက်သောဝမ်းများ သက်ဆင်း တတ်၏။ ၀မ်းဗိုက်တစ်လျှောက်၌လည်း ရစ်နာတတ်၏။ ၀မ်းကိုက်ခြင်း၊ သွေး ပါခြင်း၊ အစာအိမ် အူသိမ်တို့၌ ရောင်ရမ်းခြင်း၊ အသည်း၊ အဆုတ်၊ နှလုံး၊ သရက် ရွက်၊ အူခွေတို့၌ထိုမကြေညက်သော ချုပ်ပျက်ဝမ်းမီးကြောင့် တင်းခြင်း၊ ရောင်ခြင်း၊ထိုးအောင့်ခြင်းများ ဖြစ်လာတတ်ပေသည်။ ထိုမှတစ်ဆင့် မကြေ ညက်သော ၀မ်းမီး၏ အငုပ်အခိုးတို့ကို တိက္ခသည်းခြေဓါတ်က အထက်သို့ ဆောင်ယူသဖြင့် မျက်နှာတင်းခြင်း၊ လေးခြင်း၊ ယားယံခြင်းတို့ဖြစ်လာတတ်လေ သည်။ ရံခါ၌လည်း ၀မ်းသည် ကြာရှည်ချုပ်နေတတ်၏။ ပျက်လျှင်လည်း အ လွန်ပျက်တတ်လေသည်။
(၄) မန္ဒ၀ိသမ ၀မ်းမီး
၎င်းသည် မကြေညက်သောဝမ်းမီနှင့် ဖောက်ပြန်သောလေတို့ ပူး ပေါင်း အပြစ်ပြုခြင်းဖြစ်သည်။ ၀မ်းချုပ်လျှင် အလွန်ချုပ်ပြီးနောက် မကြာမီ များစွာ သက်လျှောတတ်လေသည်။ အူသိမ်၊ အူမ၊အစာဟောင်းအိမ်တစ်လျှောက် ၌ အဓိကပျက်စီးတတ်လေသည်။ထိုမန္ဒ၀ိသမ ၀မ်းမီးရှိသော သူတို့သည်လည်း  ရုပ်ဝစိုပြည်နေတတ်၏။ သွေးတွင် အဆီကစီများနေတတ်၏။ လူသည် တဖြည်း ဖြည်းဝလာတတ်သည်။ လူဝသည်နှင့်အမျှ နှလုံးအားနည်း၊ သွေးအားနည်း၊ ဖြစ်လာတတ်၏။ အပြစ်ပြုသော လေဓါတ်သည် ပွားများလာပြီးလျင် များစွာ ဖောက်ပြန်သောလေဒေါသ၏ အပြစ်တို့ကို ပြုတတ်ကြလေသည်။ ထိုမန္ဒ၀ိ သမ ၀မ်းမီး၏အပြစ်ပြုမှုကြောင့် အူသိမ်၊အူမ၊ အစာဟောင်းအိမ်တို့၌ ထိုး ခြင်း၊ အောင့်ခြင်း၊ ပွကယ်ခြင်း၊ ကျင်ကြီးသွားရာ လမ်း၌ အနာတရဖြစ်ခြင်း၊ ကျင်ကြီး၌အဆီ၊ သလိပ်၊ စသည်များ ၀မ်းလေမကွဲ လေရော ၀မ်းပါ၊ ပါဝင် လာတတ်ခြင်းတို့ ဖြစ်လာတတ်သည်။ ထို့ထက်ဆိုးရွားသော "ဒုန္ဒမေဒရောဂါ "(ဒု-ပျက်စီးသော၊ မေဒ-အဆီတို့သည် အစာဟောင်းအိမ်ကျင်ကြီးလမ်း တို့မှ စုအောင်းလျက် စအိုတစ်လျှောက် သက်ဆင်းလာသော ရောဂါများ ဖြစ်လာ တတ်ကြသည်။ ထိုပျက်စီးသော အဆီအချွဲတို့နှင့်အတူ ပြည်သလိပ်ပုပ်များ လည်း ရောနှော သက်ဆင်းလာတတ်ကြလေသည်။
(၅) ဘသ္မ (ပြာ)၀မ်းမီး
၎င်းဝမ်းမီးသည် ပူလောင်ခြောက်သွေ့ပြီး၊ စားသမျှအစာတို့သည် သွေးသားမဖြစ်အာဟာရဘ၀၌ပင်လျှင် လောင်ကျွမ်းခြောက်သွေ့ပြီး ပျောက် ပျက်သွားရခြင်းဖြစ်သည်။ ရုပ်လက္ခဏာ ပိန်ချုံးခြောက်သွေ့ပြီးနေတတ်၏။ ကိုယ်သားကိုယ်ရေ လက်ဖ၀ါး၊ ဖြေ၀ါး၊ ခေါင်းကို အမြဲပူနေတတ်၏။ ချွေးမ ထွက်၊ မောဟိုက်ပင်ပန်းနေတတ်၏။ သွေးအား၊ အသားအားတို့သည် တစ ထက်တစ်စ ခန်းခြောက်လာတတ်၏။
စားသမျှအစာ လောင်ကျွမ်းပြီး အပူဝမ်းလျှောခြင်း၊ ၀မ်းကိုက်သွေးပါခြင်း၊ သွေးချည်းသက်သက် ဆင်းခြင်း၊ အစာသစ်အိမ်၊ အူသိမ်တစ်လျှောက်၌ ပူ လောင်ခြင်း၊ အနာတရဖြစ်ခြင်း၊ စသည်များ ဖြစ်လာတတ်ကြလေသည်။ နောင်အဆင့်မြင့်လာသောအခါ မစားရ မနေနိုင်၊ရင်တွင်း၌ လွန်စွာပူလောင် ၏။ အလွန်ကြေညက်လွန်ပြီး၊ သက်ခြင်းဖြစ်တတ်သည်။
ဝမ်းမီးပျက် (၅)မျိုး ကြောင့်ဖြစ်ရသောရောဂါတို့ကိုရောဂါ၏ရောက်ကြောင်းအလိုက် ခံစား လျက်၊ အလိုက် ရောက်ရာအလိုက် အုပ်စု (၅)မျိုးခွဲယူနိုင်သည်-
(၁)ရောဂါငယ်ကား   -အာဂန္တုက အာဟာရမှား၊ ဥတုမှား၊
ပူစပ်ချဉ်တို့ကို အစာမှားပြီးဖြစ်တတ်၏။
(၂)ရောဂါလတ်ကား  -မကြေကျက်သော အာဟာရတို့ကိုစား
သောက်ခြင်း၊ အကြော်အလှော်စသော ခြောက်ကပ်သော အာဟာရတို့ကို စား
သောက်ခြင်းနှင့် အေးမြစွတ်စိုသော  ဥတုနှင့်ဆုံပြီး အပြစ်ပြုခြင်းဖြစ်၏။
(၃)ရောဂါကြီးကား    -ထိုပျက်စီးသော ၀မ်းမီးသည်အာဟာရ
ကိုချက်လုပ်ရာ၌ မသန့်ရှင်းသောသွေးတို့ကိုသာဖြစ်စေပြီး၊ ထိုသွေးကို အခြေပြု
၍ ဖြစ်ပေါ်လာသော ၀မ်းမီးဖြစ်သည်။
(၄)ရောဂါလွန်ကား     - ထိုပျက်စီးသောဝမ်းမီးသည် အစာသစ်
အူသိမ်တစ်လျှောက်၌ ပြင်းထန်စွာဖောက်  ပြန်ပျက်စီးလျက် ထိုဝမ်းမီးကိုပင်လျှင်
စွဲပြီး၊ အပြစ်ပြုသောရောဂါမျိုးဖြစ်၏။
(၅)ရောဂါဆုံးကား     -ထိုသို့ ၀မ်းမီးကို အခြေဆိုက်ပျက်စီးပြီးနောက် ထိုမှတစ်ဆင့်
ဝမ်းမီး၏အရှိန်ဖြစ်သော ရောဂါမျိုးဖြစ်၏။ အသား ပေအး  စက်နေခြင်း၊ ချွေးစေး၊
 ချွေးအေးများ ထွက်ခြင်း၊ တစ်စုံတစ်ရာ မသိတုံးကဲ့သို့ဖြစ်နေခြင်းတို့ကို တွေ့ရသည်။
ရောဂါဆုံးအဆင့်သို့ရောက်သောအခါ၌ ခုခံအားလည်း ပျက်စီးနေပြီးဖြစ်သောကြောင့် အချမ်းအပူ၊ ဥတုဒဏ်ကိုလည်း မခံနိုင်ဖြစ်လာတတ်သည်။
တချို့လည်း၊ နံနက် ခေါင်းကိုက်၊ တချို့နေထွက်ခေါင်းကိုက်၊ တချို့ နေ့လယ် ခေါင်းကိုက်၊ တချို့လည်း ခေါင်းတစ်ခြမ်းကိုက်စသည်ဖြင့် အမျိုးမျိုးဖြစ်တတ် ကြကုန်၏။
ထိုထက် အဆင့်မြင့် ပျက်သောအခါ ၀မ်းချုပ်ရာမှပျက်၊ ပျက်ပြီးသည့် နောက် ဖောရောင်တင်းဖြစ်လာတတ်ကြကုန်၏။
အချို့အထွေထွေသော ရောဂါတို့ဖြစ်ပြီးသည့်နောက်တွင် ဖောရောင်လာတတ်ကုန်၏။ အချို့လည်း ၀မ်းပျက်လာတတ်၏။
ထိုသို့သောအဖြစ်မျိုးကိုပထ၀ီပျက်သည်ဟုလည်း ကောင်း၊ ရောဂါဆုံးအဆင့်သို့ ရောက်ပြီဟုလည်းကောင်း သတ်မှတ်ကြ  သည်။
 ထိုသို့ဖြစ်လာခြင်းသည်ဝမ်းမီး၏ စွမ်းရည်ဖြစ်သော စောင့်ရှောက် မှု ဓာတ်မီး၊ (ဥသ္မာတေဇော) ပျက်စီးခြင်းကြောင့် ဖြစ်ပေသည်။
 နောက်ဆုံး တွင် အသားအေးစက်လာခြင်း၊ ချွေးအေး၊ ချွေးစေးများထွက်လာခြင်း၊ တစ်ကိုယ်လုံးညိုညစ်မဲလျက်၊ သြဇာဓာတ်ပျက်ခြင်း၊ အချို့နေရာ၌ ဖြူကွက်နေ ခြင်းတို့ကို တွေ့ရသည်။
ထိုသို့ဖြစ်လျှင် ရောဂါအဆင့်မြင့်နေပြီဟု မှတ်ယူရ သည်။
ထိုဆိုခဲ့သောအစုံစုံသောရောဂါ၊ အဆင့်ဆင့်သောရောဂါတို့သည်ဝမ်းမီး ပျက် (၅)မျိုးကို အခြေခံ၍ ဖြစ်လာရခြင်းဖြစ်သည်။
ထိုရောဂါတို့၏ မူလအရင်း အမြစ်မှာ၊ ၀မ်းမီးကို ကောင်းအောင် ပြုပြင်ရန်သာဖြစ်ပေသည်။
ထိုရောဂါတို့ နှင့် ဆန့်ကျင်ဘက်ဖြစ်သော ၀မ်းမီးကောင်း၏ လက္ခဏာများကား -
အဆုံးငါးပါး၊ ပူသည်၊ အေးသည်မရှိ  ၊ ချွေးအေးမထွက်၊
နှစ်ကြိမ်စားလျက်  တစ်ကြိမ်ဝမ်းသက် သည်။ သက်သောဝမ်းသည်လည်း သန့်ရှင်း၏။ ပေကျံခြင်း၊ ၀မ်းကျန်နေခြင်း မရှိချေ။
 ချွေးထွက်၏ ကိုယ်သားကိုယ်ရေ သန့်ရှင်း၏။
 ရေသောက်ကောင်း၊ စားကောင်း၊ အိပ်ပျော်၏။ ထို (၃)ချက်ကို သတိထားပြီး စဉ်းစားရသည်။ ထို ဆိုခဲ့သော လက္ခဏာတို့သည် သမမျှတသော ဝမ်းမီး လက္ခဏာများဖြစ်ကြလေသည်။
ထိုသို့ ၀မ်းမီးပျက် (၅)မျိုးမှ လွတ်ကင်းစေလျက် သမမျှတသော ၀မ်းမီး ဖြစ်ရန် အစဉ်တစိုက် ပြုအပ်သော ဆေးသည် "အမတနာဠိကေရ" ခေါ် အုန်း သီးအသက်ရှည်ဆေးပင်ဖြစ်သည်။
ဆေးနည်းဖော်စပ်ပုံ
(၁)သစ်ဆိမ့်သီးအဆံ  ၁ကျပ် ၄ပဲ
(၂)ကြဇုသီး                     ၁ကျပ် ၄ပဲ
(၃)ဆီးဖြူသီးအသား    ၁ကျပ် ၄ပဲ
(၄)ကံ့ကော်ဝစ္ဆံ               ၁ကျပ် ၄ပဲ
(၅)နွားမြက်ရင်းခေါင်း ၁ကျပ် ၄ပဲ
(၆)ငရုတ်ကောင်း          ၁ကျပ် ၄ပဲ
(၇)လင်းနေ                     ၁ကျပ် ၄ပဲ
(၈)ဖာလာ                        ၁ကျပ် ၄ပဲ
(၉)အိပ်မွေ့သီး               ၁ကျပ် ၄ပဲ
(၁၀)ပိတ်ချင်းသီး           ၁ကျပ် ၄ပဲ
(၁၁)ကန့်ချုပ်နီ                                ၁၀ဲ
(၁၂)နံ့သာနီ                                     ၁၀ဲ
(၁၃)ဆင်တုံးမနွယ်                         ၁၀ဲ
(၁၄)နှမ်းဆီ                           ၂ကျပ်
(၁၅)ထောပတ်                     ၂ကျပ်
(၁၆)ပျားရည်                         ၂ကျပ်
(၁၇)သကြား                        ၂၅ကျပ်
(၁၈)ထန်းလျက်                   ၁၀ကျပ်
(၁၉)အုန်းသီးတခြမ်း၏နို့ရည်       ၂၀ကျပ်
(၂၀)အုန်းသီးတစ်ခြမ်း၏အဖတ်(လှော်ထည့်)
(၂၁)အုန်းသီးတစ်လုံးရည်
ဖော်စပ်ပုံ
(၁)အုန်းသီးကိုခြစ်ပါ။ ပြီးလျှင် ထိုအုန်းရည်ဖြင့် နို့ညစ်ယူပါ။ကျန်
သောအဖတ်ကို မီးကျွမ်းအောင်လှော်ပါ။
(၂)အုန်းသီးလှော်ဖတ်နှင့်တကွ နံပါတ် (၁)မှ (၁၄)အထိ ဆေးဖက်
များကို အမှုန့်ကြိတ်ပါ။
ဆေးချက်ပုံအဆင့်ဆင့်
သံဒယ်အိုးဖြင့် ထောပတ်ကို ဆီသတ်ပါ။
ဆီသေလျှင် အောက်သို့ချပြီး ပျားရည်ထည့်မွှေပါ။
 ၎င်းတွင် နှမ်းဆီသတ်ပြီး ထည့်ပါ။
ထန်းလျက်ကို ကြေ အောင်ကြိတ်ပြီး ထည့်မွှေပါ။
၎င်းနောက် အုန်းနို့ကိုထည့်မွှေပါ။
ကျက်ကျက် ဆူသောအခါ သကြားကို ထည့်မွှေပါ။
 ကြေညက်ပြီးမှ ဆေးမှုန့်များကိုထည့် ပါ။
 ပြီးလျှင် မီးမျှင်းမျှင်းဖြင့် တဖြည်းဖြည်း လက်ကော်ရအောင် ဆီပြန်လာ အောင် ချက်ပါ။
ထိုအခါ သုံးဆောင်ရန်သင့်သော " အမတ နာဠိကေရဆေးအဖြစ်သို့ရောက် ရှိပြီးဖြစ်သည်။
ထိုဆေးကို စားသောက်သောအခါ၌ နံနက်စောစောတွင် ၈ပဲ သားခန့် (ကွမ်းသီးခြမ်း) ရေနွေးနှင့်သောက်ပါ။ ဆေးသောက်ပြီးသည့်နောက် တွင် အနုပါနအနေဖြင့် ကော်ဖီဖြစ်စေ၊နွားနို့ဖြစ်စေ၊ သားပြုတ်ရည် တစ်ခုခု ဖြစ်စေ၊ ထမင်းရည်ဖြစ်စေသောက်ပါ။
ထိုဆေးကို စားသောက်သုံးဆောင်ခြင်းကြောင့် အထက်၌ဖော်ပြခဲ့သော ၀မ်းမီးပျက်၊ (၅)မျိုးမှ ကင်းလွတ်ပြီး အထူးသဖြင့် မန္ဒ၀ိသမ ၀မ်းမီးတို့မှ ကင်း လွတ်ပြီး၊ သမသော ၀မ်းမီးကို ရရှိလျက် ကျန်းမာခြင်းအသက်ရှည်ခြင်း အသေသက်သာခြင်း အကျိုးတို့ကို ဧကန်ရရှိလာကြမည်ဖြစ်ပေသည်။
နာတာရှည်စွဲဖျား၊ ငှက်ဖျား၊ အငုပ်၊ ၀မ်းကိုက်အငုပ်၊ သွေးအား၊အသား အားနည်းသူတို့အတွက် အသင့်တော်ဆုံးဖြစ်သည်။
ထို့ကြောင့် ကျန်းမာရေး၊ အသက်ရှည်ရေး၊ အနေသက်သာရေးတို့အတွက် လိုအပ်သောသူအပေါင်း လိုက်နာကျင့်သုံး လိုသူအပေါင်းတို့အတွက် ကျန်း မာသက်ရှည်၊ အသေသက်သာမှုကို ပေးစွမ်းနိုင်သော "အမတနာဠိကေရ"
ဆေးနည်းကို ရေးသားဖော်ပြလိုပါသတည်း။
မူရင်း page ၏ link.
https://m.facebook.com/theinphyufoundation/
No comments: