Thursday 10 September 2015

လေ့လာခြင်း

            အပွေးမြင် အပင်သိ ဟူသော ညဏ် ရင့်သန်စေ
ရန် ဘုတ်ငါးပါးဖြင့် ခွဲခြားနည်းများမှာ။
#ပထဝီ အပင်၏ပုံပန်း သွင်ပြင်သည် ပင်စောက်ဖြစ်ခြင်း
အသအနှစ်မာ၍ အနံပြင်းခြင်း အသားအနှစ်ပြည့်ခြင်း
အပင်မာကျစ် တိုတောင်းခြင်း ကြီးထွားမှု နှေးကွေးခြင်း
ထင်ရှားသော အနေဖြင့် ဗမာကုက္ကို ရှားပင် ဇောင်းခြမ်း
အထက်ပါ လက္ခဏာဖြင့်သိလေ။ ထို အသား၏ အသီး
အရွက် အကြမ်းအနု အမာ  အပျော့ လိုက်၍ ပထဝီအနု
အရင့်ကို ဆုံးဖြတ် ခွဲယူရသည်။ အဘယ့်ကြောင့်ဆိုသော်
အပင်ကား ပထဝီ အသီးကား အာပေါ အရွက်ကား ဝါယော ဟု အစိတ် အပိုင်း တစ်ခုနှင့်တစ်ခု မတူညီ သော
ကြောင့်ပင် ဤကား ယေဘုယ သဘောနှင့် ညဏ် သက်ဝင်လေ။ ထို ပထဝီ လက္ခဏာကို နည်းမှီ၍  အရွက်
အသီး ကို ခွဲသည်ရှိရာတွင် ကြာသီးဆံ ဇာတိပ္ဖိုလ် သီး-ပွင့် ပဲကြီး ကောက်ညင်း အာလူး မြေပဲဆန် အုန်းဆံ ငှက်ပြောသီး ပန်းသီး စသည်ဖြင့် အသားကျစ်ခြင်း
ပြည့်ခြင်း မာခြင်း လုံးဝန်းခြင်း ချောမွတ်ခြင်း စသည့်
လက္ခဏာ များကြောင့် ပထဝီ သီးဟု သိနိုင်သည်။
အပင်ကဲ့သို့ ပင် အနုအရင့် အမာ အပျော့ လိုက်၍
ပထဝီ အနည်း အများကို ၄င်း အပူ အအေး လက္ခဏာ
အရ အပူ အအေးဖြစ်ပုံကို ဆက်လက် ကြံဆ ခွဲခြားရာ၏။
ပထဝီ၏ ပင်ကို သဘော ကိုက အမာ သဘောဖြစ်သည်
ကို မမေ့အပ်ပေ။ထို့ ကြောင့် ပထီဓါတ်အားနည်းသူများ
အနေဖြင့်ရောဂါဖြစ်သူ၏ အနု အရင့်အပူ အအေးကို
ကြည့်ကာ ပဲကြီးလှော် ပဲဆန် ရွှေ ငွေ ပုလဲ အရိုး စွတ်ပြုတ် ဆင်စွယ် အမှုန့် အံဖတ် ငှက်သိုက် စသည့်
ဆေးဝါး ဓါတ်စာ ပြုလုပ် ကုနိုင်သည်ကို သိလေ။
#အာပေါပင် ၏ပုံပန်းသွင်ပြင်အနေဖြငိ့"!!!
ပင်စောက် ထက် နွယ်ပင်မျိုးဖြစ်ခြင်း အေးသောအရပ်၌
ပေါက်ခြင်း ပင်စည် ခက် ရွက်သီးပွင့် နူးညံခြင်း
အရည် စို ရွမ်းခြင်း အခွံအသားပျော့ခြင်း ထူခြင်းဖေါင်းပွ
များခြင်း အနှစ်မရှိ အခွံအကာသာလျှင် အနှစ်ဖြစ်ခြင်း
ဖြစ်ထွန်းလွယ် အရသာရှိခြင်း ခက်ညွန့် ဖါးလျားရှည်
ထွက်ခြင်းတို့ ဖြစ်သည်။ ဥပမာ ဗူး ဖရုံ သခွါး ကန်စွန်း
အခြား အပင်များအား ညဏ်ကွန့် ၍ သိလေ။
မည့်သည့်ဓါတ် ပျက်နေသူအား ဤ အသီးအရွက် ပေး၍
ပျောက်သည် ဆို သော်ညားလည်း  လူတိုင်း ပျောက်နိုင်
သည်မဟုတ် လူနာ တစ်ဦးနှင့် တစ်ဦး ဓါတ်ခံ မူလ အပူ အအေး မတူ ညီသကဲ့သို့  ထို သီးရွက်တို့ ၏ ဗီဇ မျိုးရိုး
တူသော်ညားလည်း ဘုတ်ငါးပါး ကိန်းပုံခြင်း မတူပေ။
ထို့ ကြောင့် တစ်ထစ်ကျ မှတ်သား၍ မရ နိုင်သလို
ဘုတ်တို့ ၏ ကိန်းပုံ ချယ်လှယ်  အနု အရင့် သဘာဝ
ကို ထောက်ဆ ချင့်ချိနိ ရမည်ဟူသော အသိကို
ထပ်ဆင့်မွေးမြူ ရမည်။ ပကတိ ဓါတုညဏ် အမြင်သန်
မှ ရနိုင်ပေသည်။( မိမိလည်း လေ့လာနေဆဲ ဤကား
စကားချပ်ပင်)။
 #တေဇောပင်၏ ပုံးပန်းသွင်ပြင်အနေဖြင့်
 အပူပိုင်း ဒေသ ၌ ပေါက်ခြင်း အရည်ဓါတ်နည်းပြီး
အစေးထွက်ခြင်း ဆူးပေါက်ခြင်း ခက်ညွန့်  တို ခြင်း
ခက် ရွက်သီးပွင့် အရောင် ပို ရင့်ခြင်း တောက်ပ ခြင်း
လုံးဝန်း မညီညာခြင်း အခွံအသားပါးလျားမာကြောခြင်း
ပင်စည် ခက်ရွက် ပုကြပ် ကြမ်းတမ်းခြင်း တို့ ဖြစိသည်။
ဥပမာ ဥသျှစ် ဆူးခေါက်နက် မိုးနံ ကန့် ချုပ် ရှောက်
သံပရာ ဥပမာ အနေဖြင့်သာ မှတ်လေ အပင်တေဇော
အသီး အာပေါ ရှိသော အပင်ရှိသည်ကို လည်းမမေ့အပ်။
#ဝါယောပင်၏ ပုံပန်းသွင်ပြင် အနေဖြင့်
ပင်စောက်ထက် နွယ်ပင်များခြင်း ပင်စောက်ဖြစ်ပါက ပင်စည် ရှည်လျား ခြင်း အသားဆတ်၍ ကျိုးလွယ်ခြင်း ပင်စည် ခက် ရွက် ညွန့် ပွင့်ရှည်လျားခြင်း
ပင်စည်ခက်ရွက်သီးပွင့်မြစ် ဥ တို့ ၌ ဆူး အမြောင်း ဇောင်း အခေါင်း အပေါက် အဆစ် အမျှင် အနာအဆာ
အကွဲအအက် များခြင်း ခက်ရွက်ကျဲ၍ အရွက် လက်ကြား
ကွဲခြင်း ပင်စည် ခက် ရွက် သီးပွင့် မညီ တွန့် လိမ် ပိန်ကောက်ခြင်း လွင်ပြင်တွင် အပေါက်များခြင်း
စသည်တို့ ဖြစ်သည်။ ဥပမာ ဂန့် ဂလာ ကြက်ဟင်းခါး
ခွေးတောက် ဆင်တုန်းမနွယ်။
အထူး မှတ်ရန် အနေဖြင့် ဝါယောဓါတ် သတ္တိ လိုက်၍
သင်္ဘောပင် ဒန့် သလွန် တမာ နဘဲ မဲဇလီ ခံတက်
ကြောင်လျာ သခွတ် စသည်တို့ သည် လွင်ပြငိ အပြင်
အခြား၌ ပေါက်သည်ကို ကြည့်ကာ ပင်စောက်ဖြစ်ကာ
ပင်စည်ရှည်လျား မြင့်မားသည်ကို တွေ့ရမည်။ ထိုဘအပင်အား လုံးသည် ပထဝီ ဓါတ်ခံအားနည်းပြီး
ဝါယောဓါတ် များပြားလွန်ကဲသောကြောင့် ပင်စည်
ကိုင်းခက်တို့ ၌အသားပျဉ်း အသားကြော ရှည်ခြင်း
အသားပွ၍ ဆတ်ခြင်း ကျိုးလွယ်ခြင်းဖြင့် သိနိုင်၏
ချိန်ဆလေ။
#အာကာသပင်၏ ပုံပန်း သွင်ပြင် အနေဖြင့်
တေဇော ဝါယောပင်တို့ ၏ လက္ခဏာ အများ အပြားရှိခြင်း ထက်မွန် စူးရှ တောက်ရှားသော အနံ ရှိခြင်း
မွှေးကြိုင် သော အနံရှိခြင်း ဥပမာ ရှောက် သံပရာ ကြောင်ပန်း ကွမ်းရွက် စသည်ဖြင့်။
 အထူးမှတ်ရန် မှာ အာကာသပင်တို့ တွင် တေဇောပင်
၏ လက္ခဏာ ဝါယောပင်တို့ ၏ လက္ခဏာများ ပေါင်းစပ်
နေတတ်သည်ကို ညဏ်ဖြင့် သိလေ။ အထူးသဖြင့်
အာကာသ ဓါတ်သည် ဝါယောနှင့်အမြဲကိန်းနေပြီ
အာပေါနှင့်ကား မည်သည့် အခါ မျှ တွဲစပ်ကိန်းအောင်း
ခြင်းမဖြစ်ပေ။ထို့ ကြောင့် အာပေါ ကိန်းသော လွန်ကဲ
သော အပင်၌ အာကာသ ဓါတ် မတွေ့ရှိနိုင် သလို
ဝါယော အာကာသ ကိန်းသော အပင်၌ အာပေါဓါတ်
သည်မည်သည့် အခါမှ မကိန်းပေ။ ကိန်းမကိန်းဆိုရာတွင်
လွန် ယုတ် သဘောမျှကို ရည်ညွန်းသည် ကို သိလေ။
ဘုတ် ငါးပါးတို သည် စုပေါင်းတည်ဆောက်နေကြ
သော်ညားလည်း အချို့သည် ဓါတ် တစ်ပါး ဓါတ် နှစ်ပါး
တွဲကာ ဦးဆောင်လွန်ကဲနေပါသည်။ ငရုတ်ကောင်းကဲ့သို
ပဉ္စငါးပါးလုံး တေဇော အာကာသ ဦးဆောင်သော အပင်
ကြက်ဟင်းခါး ဂန့် ဂလာ ခွေးတောက် မဲဇလီကဲ့သို့ ပဉ္စငါး
ပါးလုံး ဝါယောလွန်ကဲသော အပင်။ ဇောင်းချမ်း ခံတက်
ဆူးခေါက်နက် သက်ရင်း သြော်လည်း ဆေးပုလဲ တို့ 
ကဲ့သို့ တေဇော ဝါယော ဦးဆောင်သောအပင်။ဗူး ဖရုံ
သခွါး  ကန်စွန်းတို့ ကဲ့သို့ အာပေါ လွန်ကဲသော အပင်
စသည်ဖြင့် ပဉ္စငါးပါး လုံး၌ လွန်ကဲသောဓါတ် တူညီ
သော အပင်များရှိသကဲ့သို့ တစ်ပင်တည်းဖြစ်လျက်
အပင် နှင် အသီး အသီး နှင့် အရွက်စသည်ဖြင့် ဓါတ်
ကိန်းပုံခြင်း မတူ သော အပင်တို့ လည်းများစွာ ရှိပေသည်။ ဥပမာ သင်္ဘောပင် ပင်စည် အရွက် ပုံပန်း
သွင်ပြင်သည် တေဇော ဦးဆောင်သောကြောင့် ပူ၏
တက်၏ တေဇော ဝါယော အားနည်း ရောဂါ ရှိပါက
စားသုံးပေးပါက မုချ ပျောက်ကင်းနိုင်သည်။
သို့ ရာတွင်  အသီးမှာ ခြားခဲ့လေပြီ အဘယ့် အတွက်
ဆိုပါက ဓါတ်ကိန်းပုံခြင်း မတူသည့် လက္ခဏာပင်ဖြစ်
သည်။အာပေါ ဦးဆောင် လွန်ကဲကြောင်းကို ပြသည်။
အေး၏ သက်၏  ဤကားတစ်ပင်တည်းဖြစ်လျက်
မတူသည်ကို ဥပမာ ပြခြင်း ပင်ဖြစ်သည် အခြား အပင်များ ကိုလည်း တွေးတော ကြံဆ ယူလေ။ တွေးလေ
တွေးလေ တွေး၍ မဆုံးသော ပညာရပ် ဖြစ်သောကြောင့်
တွေးဆ ကြံစည် ရန် အထူးလို အပ်ပေသည်။
   
                               ဆက်လက်ဖေါ်ပြပါမည်။
မှတ်ချက် ။    ။  ရှင်နာဂသိန် အခြေပြု ဆေးအဘိဓါန်မှ
ပထမ မိမိ ဖတ် ထိုမှ ရေးဖတ်မှတ် ၍ ဖေါ်ပြပါသည်။
အကယ်၍ ဖေါ်ပြချိန်ကြန့် ကြာပါက မိမိအား နားလည်ပေးပါရန် တောင်းပန်ပါသည်။

No comments: