Thursday 10 September 2015

 လေ့လာခြင်း  

     အာယုဗေဒ ဆေးပညာကို အပြီးတိုင် တက်မြောက် လိုသူတို့ သည် ဗယဆေးပစ္စည်း များကို ပြရာဖြစ်သည့်
ကျမ်းများစွာကို များစွာဖတ်ရှု ရပေမည်။ အကြောင်းမှာ
ထိုထို ကျမ်းများမှ ဆေးဘက်တွင် အသုံးပြုသည့်နည်း
ရုက္ခဗေဒ ဒဗျ ( သစ်ပင်အတတ်နှင့် ၄င်း ဖြစ် ဘယ ဆေး
ပစ္စည်းများ ) ပါဏဗေဒ ဒဗျ ( သတ္တဝါ အတတ်နှင့် ၄င်း
ဖြစ် ဘယဆေး ပစ္စည်းများ) ဓါတုဗေဒ ဒဗျ ( ဓါတ်အ
တတ်နှင့် ၄င်းဖြစ် ဘယ ဆေးပစ္စည်းများ) စသည့်သော
အကြောင်းများကို ပြဆိုသောကြောင့်ဖြစ်သည်။
    အဆိုပါ ရုက္ခဗေဒ ပညာ။ ပါဏဗေဒ ပညာ။
ဓါတုဗေဒ ပညာစသည့်ပဘာရပ် များကို သိထားဖို့ 
လိုအပ်သည်။ အထူးသဖြင့် ရုက္ခဗေဒ ပညာကို အထူး
ကျွမ်းကျင်ဖို့ လို သည် သို့ မှသာ ဆေးဝါး ဖေါ်စပ်ရာတွင်
ဘယ ဆေးပစ္စည်း အမှန်ကို ရရှိ နိုင်ပေမည်။
( စကားချပ် အနေဖြင့် မိမိသည်လည်း ပညာရှင် မဟုတ်
ဘဲ စာဖတ်သူ သက်သက် ဖြစ်သည်ကို ဦးစွာသိထားပေး
ပါရန်) ကမ္ဘာပေါ်တွင် အဖိုးတန် ပညာရပ် တစ်ခု ဖြစ်
သည့် ရုက္ခဗေဒ ပညာရပ်သည် စရက သုဿုတ စသော
အာယုဗေဒ ကျမ်းများမှ မြစ်ဖျား ခံခဲ့သည် ဆိုလျှင် မှားအံ
မထင်ပေ။အကြောင်းမှာ ထို ကျမ်းများမှ ရုက္ခဗေဒ နှင့်
သက်ဆိုင်သည့် ပြဆိုထားသည့် အချက်များကို တွေ့
ရှိရသောကြောင့်ပင်ဘဖြစ်သည်။ ဥ ပမာ (ကျွန်ုပ် မဖတ်
ရသေး) စရကသံဟိတ ကျမ်းတွင် ငုသီး၏ ပုံပန်းကိုပြဆို
ရာ၌ "အာရဂ္ဂဓော ဒီဃ ဖလော" ငုသီးသည် ရှည်သော
အသီးမျိုးဖြစ်သည်ကို ပြဆိုထားသည်။ထို မှ တစ်ပါး
စရက သံဟိတ ကျမ်းတွင် လက်ထုပ် ပင်ကို အဖို အမ ခွဲ
ပြရာ၌ " ဗြဟတ ဖလော သေတ ပုပ္ဖေါ,သိနိဒ္ဓပတ္တော
ပုမာ ဘဝေ,သျာမာအာရုဏ ပုပ္ဖေါထီဖလ ဝိန္တေတထာ,
ဏှသိ" အကြင် လက်ထုပ်ပင်၏ အသီးသည် ကြီး၏
အပွင့်သည် ဖြူ၏ အရွက်သည်ချော၏ ထို လက်ထုပ်ကို
အဖို ပင်ဟု မှတ်ပါ။ အကြင် လက်ထုပ်သီးသည်ညို၏
အပွင့်သည် အရုဏ် ရောင် ရှိသည် အသီးနှင့် အညာတို့ 
သည်ငယ်သည်။ ထို လက်ထုပ် ကို အမ ဟု မှတ်ပါ။
ထိုကဲ့သို့ သစ်ပင်များကို ယခုခေတ်သစ် ရုက္ခဗေဒ ကျမ်း
များကဲ့သို့ အဖို အမ ခွဲးခြားထားသည်ကို တွေရသည်။
ထို့ အပြင် "ရတ္တိံ ရုက္ခာ မလာနိ ဒုရတော ပရိဝဇ္ဇေယေ"
သစ်ပင်တို့ သည် ည အခါ ၌ မလ တို့ ကို အဝေးသို့ 
စွန့် ပစ်ကုန်၏ ဟု ဆိုထားပြန်သည်။ထို စကားသည်
ယခုခေတ် သိပ္ပံ ဆရာတို့ ၏ အယူ အဆ အားဖြင့် သစ်ပင် များသည် နေ့ အခါတွင် လေတွင်ပါသော အာဟာရ ကိုစုပ်ယူပြီး  သကြားဓါတ် စသည့် အသုံးဝင်
သည့်ပစ္စည်းများကို ပြုပြင် ဖန်တီးသည်။ ည အခါတွင်  အညစ် အကြေးများကို စွန့် လွတ်ပစ်၏ဟု အဆို ရှိလေ
သည်။ထို့ ကြောင့် ရုက္ခဗေဒ ပညာရပ်သည် ထိုထို ကျမ်း
များမှ အခြေပြုပေါက်ဖွားလာသည်မှာ ထင်ရှားလှပေ
သည်။ အာယုဗေဒ ဆေးပညာရပ် ဖြင့် အံဝင်ဂွင်ကျ ဖြစ်
သည့် ရုက္ခဗေဒ ပညာကိုလည်း လေ့လာသင်ကြားနိုင်
စေရန် အတွက် စသည့်စသည့် သော အကြောင်းအရာ
များကို သိရှိထားဖို့ ရန် ကျွန်ုမှ စာပါ အတိုင်း စေတနာ
အရင်းခံ၍ ဖေါ်ပြလိုက်ပါသည်။
  သစ်ပင်တို့ သည် အမျိုးမျိုး အထွေထွေ ရှိ၏ သို့ ရာတွင်
အမှတ်ရလွယ်အောင် အကျဉ်းချုပ် အနေဖြင့် ၂ မျိုးဟု
သတ်မှတ်ရပေမည်။ အပင်ကြီးမျိုးနှင့် အပင်ငယ်မျိုး။
အပင်ကြီးများအနေဖြင့်အပင်ကြီးပြီး ပေ ၂၀ မြင့်ကာ
အောက်ခြေပင်စည် တစ်မျိုးတည်း ရှိသော အပင်မျိုး။
ထိုမှ ပင်လတ်အနေဖြင့် ပင်ကြီးမျိုးထက်ငယ်၍ ချုံမျိုး
ထက်မြင့်ပြီ လျှင် အသားရှိသော အပင်မျိုး။ ချုံမျိုး
တစ်မျိုးတည်း တူညီသောအမြစ်မှ အကိုင်းအခက်များစွာ
ထွက်သော အသားရှိသော အပင်မျိုး။ ပင်နုပင်ပျော့ မျိုး
မြေကြီး အပေါ်ထက်၌ အသားမရှိသော အပင်မျိုး။
နွယ်ပင်မျိုး အသားမရှိ တွားသွားတတ်သော အပင်မျိုး။
မြက်မျိုး အရွက်ကြမ်းခြင်း အလျားရှည်တတ်ခြင်း တတ်ခြင်း ပင်စည် ပြွန်ပုံ နေခြင်း ရှိသော အပင်မျိုး
ဝါး ကြံ စားကြက်ပင်များ ကောင်ပင်မျိုး စသည်တို့ ပါဝင်
ကာ ၆ မ်ျုး ခန့် ကွဲပြီး ထိုမှ အပွင့် မပွင့်သော အပင်မျိုး
အပွင့်ပွင့်သောအပင်မျိုး ၂ မျိုးကွဲကာ ထို မှ အပွင့်မပွင့်
သော အပင်မျိုး အနေဖြင့် အမြစ်အရွက် ပင်စည်ကင်း
သောအပင်မျိုး။ အမြစ် အရွက် ပင်စည်ရှိသော အပင်မျိုး
ဟု ၂ မျိုး ကွဲပြန်သည်။ထိုမှ ထင်ရှားသော အမြစ် အရွက်
ပက်စည်ကင်းသော အပင်မျိုးအားဖြင့် မှော်မျိုး မှိုမျိုး
သစ်ကပ်မှော်မျိုး စသည့်ဖြင့် ၃ မျိုးရှိပြန်သည်။
အပွင့် ရှိသော အပင်မျိုးသည်လည်း အသီးတွင် အစေ့
ပိတ်၍ မပါရှိသော အပင်မျိုး အသီးတွင် အစေ့ ပါရှိသော
အပင်မျိုးအားဖြင့် ၂ မျိုးထပ်ကွဲပြန်သည်။ စသည်တို့ 
အကြောင်းများကို အကျဉ်းချုပ် အနေဖြင့် မှတ်သားအပ်
သည်။အကျယ်အားဖြင့် အလို ရှိပါက ရုက္ခဗေဒ ကျမ်းများ
အား ကြည့်ရှုရန် ဆရာတော်မှ ရေးသားထားပါသည်။
သစ်ပင်များ၌ မသိမဖြစ်သော အရာများ အနေဖြင့်
အရွက် ပုံပန်း။ ပင်စည် ပုံပန်း။ အခေါက်ပုံပန်း။ အပွင့်ပုံပန်း။ အသီးပုံပန်း။ အစေ့ပုံပန်း။ အမြစ်ပုံပန်း။
စသည်အားဖြင့် ၇ မျိုး ရှိလေသည်။ ကမ္ဘာပေါ်တွင် သစ်ပင် များမည်မျှများစေကာမူ အကျဉ်းချုပ် အနေဖြင့်
သစ်ရွက်ပုံပန်းကို အောက်ပါ အတိုင်း ၁၅ မျိုး သာရှိသည်
ကို ပြဆို ထားသည်။
-ရေခါကာရ ( Kinear) ကြိုးပြားသေးပုံ။
ထို အရွက်သည် ရှည်၍ ကျဉ်းသည်။ဥပမာ မြက်ပင်
-သလ္လာကာရ (Lanceolate) လှံစွပ်ပုံ။
လှံစွပ်ကဲသို့ အချင်းအရာရှိသော အရွက်ကို ခေါ်သည်။
ဥပမာ ဝါး ရွက်
-ဂေါလာကာရ (Rotund) စံကောပုံ။
အရွက်၏ အနားသတ်လတို့ သည် ဝိုင်း၍ စံကောကဲ့သို့ 
ပုံရှိသော အရွက်ကို စံကောပုံ အရွက်မျိုး ဥပမာ
ကြာရွက် ကဲ့သို့ 
-ဥပဏ္ဌကာရ ( Euipatical or Ovald) ငှက်ပြောဖူးပုံ။ ငှက်ပြေားဖူးကဲ့သို့ အချင်းအရာရှိာသော
အပင်ကို ဆိုလို သည်။
-အဏ္ဌကာရ (Ovata) ဥပုံးသဏ္ဌန်။
 ဥပုံ ရှိသော အရွက်ကို ဥဖျားသွယ်ပုံ
ရှိသော အရွက် ဟုခေါ်သည်။ဥပမာ ညောင်ကြပ်ရွက်။
-သုဝါကာရ ( Slathulate )ယောက်ချိုပုံ အရွက်။
ယောက်ချိုကဲ့သို့ ပုံရှိသော အရွက်
-တိရိယကပတ္တ( Obligue ) ရွက်စောင်း။
အရွက်သည် တည့်မနေ အဖျားမှ စောင်း နေခြင်းကို
ရွက်စောင်း ဟုခေါ်သည်။ဥပမာ တမာရွက်
-ဟဒယကာရ (Condate ) နှလုံးပုံအရွက်။
ှု ဥပမာ ကွမ်းရွက်
-ဝက္ကကာရ (Reni form) ကျောက်ကပ်ပုံ အရွက်။
 ကျောက်ကပ် ပုံနှင့်တူသော အရွက်။
-ဝါဏာကာရ (Sagittate) မြှားဦးပုံ အရွက်။
 မြှားကဲ့သို့ အချင်းအရာရှိသော အရွက်။
-ကုန္နကာရ ( Hostate) လှံသွားပုံ။
 လှံသွားပုံ ရှိသော အရွက်။
-ဝီဏာကာရ  (Lyrate) တရောပုံ။
 တရော ပုံ ရှိနေသောအရွက်။
-သုစိအာကာရ (Acieular) အပ်သွားပုံ။
 အပ်၏ ပုံနှင့်တူသော အရွက်။
-ဖါနာကာရ (Cuneate) သပ်ပုံ အရွက်
 သပ် ၏ ပုံ နှင့်တူသော အရွက်
-ဒီဃဝိတ္တာကာရ (Oblong) ငှက်တောင်ပုံ
 ရှည်လျားလုံးဝန်းသော ငှက်တောင် ပုံကဲ့သို့ ရှိသောအရွက် စသည်ဖြင့် ၁၅ မျိုးရှိသည်ကို ပြဆိုထား
ပေသည်။
                       စေတနာဖြင့်-ဆက်လက်ဖေါ်ပြပါမည်။
ကိုးကား။    ။  ရှင်နာဂသိန် အခြေပြုဆေးအဘိဓါန်မှ
ဖတ်မိသမျှပြန်လည်ဖေါ်ပြပါသည်။ စာထဲပါသော ကျမ်း
ကြီးများအား မိမိ မဖတ်ဖူးကြောင်း ဝန်ခံပါသည်။

            

No comments: