Friday 11 September 2015

  ဓါတ်လေးပါး အကျဉ်း

ပထ၀ီဓါတ်-မာသဘော၊ ပျော့သဘော။
အာပေါဓါတ်-ဖွဲ့စည်းခြင်းသဘော၊ ယိုစီးခြင်းသဘော။
တေဇောဓါတ်-ပူခြင်းသဘော၊ အေးခြင်းသဘော။
ဝါယောဓါတ်-တွန်းကန်တဲ့သဘော၊ ထောက်ကန်တဲ့သဘော။

ကျန်တဲ့ဓာတ်တွေကိုလည်း သဘောပေါက်အောင် အနည်းငယ် ရေးသားပေးလိုက်ပါတယ်။ တေဇောဓါတ် ကို အပူဓါတ်လို့ အများအားဖြင့် သိထားသော်လည်း တကယ့်အရှိတရားက လောင်မြိုက်တတ်တဲ့သဘော၊ ရင့်ကြက်ခြင်းသဘောတို့ကို တေဇောဓါတ်လို့ ခေါ်တာပါ။ ခန္ဓာအိမ်ကြီးအတွင်းမှာ တေဇောဓါတ်ရှိနေလို့ အစာအာဟာရများကို ခြေဖျက်ပြီး တစ်နေ့ထက်တစ်နေ့
ကြီးရင့်လာကြပါတယ်။ နုပျိုခြင်းတို့ကို တငွေ့ငွေ့လေးလောင်
မြိုက်လှိုက်စားနေလို့ တဖြည်းဖြည်းပျက်စီးနေတာဟာ တေဇောဓါတ်ကြောင့်ပါ။

အာပေါဓါတ်ဆိုတာကတော့ ယိုစီးခြင်း၊ ဖွဲ့စည်းခြင်းသဘောရှိပါတယ်။ သက်ရှိ၊ သက်မဲ့အရာအားလုံးမှာ ဖွဲ့စည်းခြင်း၊ ယိုးစီးခြင်းသဘောတွေရှိနေတာဟာ အာပေါဓါတ်ဖြစ်ပါတယ်။

ဝါယောဓါတ်ဆိုတာကတော့ လေဓါတ်ဖြစ်ပါတယ်။ ခန္ဓာကိုယ
ကြီး ထ၊ ထိုင်၊ ရပ်သွား၊ လှုပ်ရှားနေနိုင်ရန်အတွက် ကိုယ်ခန္ဓာတစ်ခုလုံးမှာ မရေတွက်နိုင်အောင် များပြားလှတဲ့ အကြောပေါင်းစုံထဲတွင် လေဓါတ်ကလေးက အမြဲအပြည့်အဝရှိနေတာ
ကြောင့် အားလုံး တောင့်တောင့်တင်းတင်းနဲ့ ရှင်သန်နေနိုင်တာပါ။ ဒီလေဓါတ်ကလေး ချို့ယွင်းသွားရင် လေများမစီးဆင်းတော့ဘဲ လေဖြတ်သွားပါက ခန္ဓာအိမ်ကြီးလည်း၊ လေထွက်သွားတဲ့ ပူပေါင်းတစ်လုံးလို၊ ကြိုးပြတ်သွားတဲ့အရုပ်တစ်ခုလိုပဲ လဲပြိုကျသွားမလား ပျော့ခွေသွားမလား တစ်ခုခုတော့ ဖြစ်သွားမှာပါ။

အဲဒါကြောင့် ခန္ဓာကိုယ်ကြီးမှာ ဓါတ်ကြီးလေးပါး ညီညွတ်နေမှ ကျန်းမာပါတယ်။ အဲဒီလို ညီညွှတ်အောင်လည်း မိမိတို့က ဆိုင်ရာဆိုင်ရာတို့ကို သတိလေးနဲ့ပြုလုပ်ပေးရပါမယ်။ ဒါမှ ကျန်းမာစွာနဲ့ သွားလာနေထိုင်နိုင်မှာပါ။

မှတ်ချက်။    ။ အာကာသ ဓါတ် တစ်ပါး ထည့်ပါက ဘုတ်ငါးပါး ဖြစ်သည် အာကာသ ဓါတ်သည် ဟင်းလင်းဖြစ်ခြင်း သဘာဝရှိသည်။ အာကာ ပွင့် အခိုးပွင့် လျှင် နေထိုင် ပေါ့ပါးသည်။
ပေါ့ သွားတာဘဲ စသည်ဖြင့် ဆိုကြသည်။

No comments: