Friday 11 September 2015

ဆရာ ငြိမ်းချမ်းမောင်။

ကင်းဝန်မင်းကြီး၏ ကသစ်နှင့်ကင်းကိုက်ေ၇ာဂါ။
ကင်းဝန်မင်းကြီးသည်ကိုရင်တပါးတောက်တဲ့နက်ကိုက်သည်ကို ကသစ်မြစ်ဖြင့် ကုသပျောက်ကင်းသည်ကိုမျက်မြင်ကိုယ်တွေ့ မို့ နှုတ်ဖြင့်တစ်ခါတည်း ၇ွတ်ဆိုလိုက်တဲ့တေးတပ်ကလေးက.........
သပွတ်ကြီး ၊ ကသစ်နှင့် ဧကရာဇ်သုံးဖြာ
အမြစ်ကိုယူပါ။
မြင်းခွာငယ်ဖြတ်စ၊သည်လေးပါးအညီကို ပိုမသီနှော ကြိတ်ကြပါ။
တောက်တဲ့နက်၊ခွေးရှုး၊မြွေ၊ဘေးထူးထွေစုံလှ၊အဆိပ်နာမှန်သမျှနှင့်၊အနန္တများစွာ ဝက်ပေအူစိန်ကိုစားလို့ ၊သေခါနီးဖြစ်သည့်အခါ။
သည်ဆေးမျှဤေ၇ာဂါကို၊ရှုတော်မူသောက်၊လိမ်းလို့၊ပျောက်ငြိမ်းလွယ်တစ်ကူ၊ကင်းလွတ်ကြသူ၊ဘယ်မျှလောက်ဂဏန်းဟူ၊မယူနိုင်ဘူးရှင့်လေး။
ကသစ်မြစ်
သပွတ်ကြီးမြစ်
ဧကရာဇ်မြစ်
မြင်းခွာမှဖြတ်သောအစ
၎င်းလေးပါးအားအညီမျှကြိတ် အတောင့်ပြုသံပရာရည်(သို့)ရေနှင့်သွေး၍သောက်ပါ။လိမ်းပါ။အစားမှား၍အဆိပ်ဖြစ်ပြီးသေလုမျောပါးဖြစ်ပါစေကယ်တင်နိုင်ပါသည်။
ကင်းကိုက်၊မြွေကိုက်၊ခွေးရှုးကိုက်၊တောက်တဲ့နက်ကိုက်၍အဆိပ်တက်သမျှမုချချမ်းသာပျောင်ကင်း၏။
တောက်တဲနက်ဆိုသည်ကား မြွေပွေးကွက်နှင့်တူသောအကွက်ပါ၏ ထိုတောက်တဲ့နက်အကိုက်ခံရသူသည် မြွေပွေးဆိပ်ပမာပြင်းပါသည်။ဆေးကုနောက်ကျပါက အသက်ပင်ဆုံးရှုံး၇၏။

No comments: