Saturday 12 September 2015

စွယ်စုံရ( ၇ )ပါးဆေး - ဆရာ ငြိမ်းချမ်းမောင်။

စွယ်စုံရ (၇ပါးဆေးနည်း)
=========================
ဆေးဖေါ်စပ်ရတာ လွယ်ကူသလို ဆေးအာနိသင်လဲ အတော်ထက်မျက်ပါတယ်။ ကျနော်ရဲ့ မိသားစု အိမ်တွင်းအသုံးပြုဆေးဆိုလဲမမှားပါဘူး။ ချွေးအောင်းဆေးအဖြစ်လဲ အသုံးပြုလို့ ရပါတယ်။ ဒါပေမဲ့
ဆေးနည်းကတော့အချိန်အတွယ်မ၇ှိပါ ဘူး။
၁/ ကွမ်းရွက်

၂/ ကြက်ဟင်းခါးရွက်

၃/ မြက်မုန်ညှင်းဥ

၎/ကြောင်ပန်းရွက်

၅/ ကြပ်ခိုး

၆/နနွင်းစိမ်း

၇/ ရှိန်းခို
 ။ ။ ဆေးကျမ်းက အ၇ွက်စို တောင်းပြီး ရ၇ှိသော သတ္ထုရည်ဖြင့် အလုံး အတောင့်ပြုလုပ်ထားပါ။ ကျနော်ကတော့အခြောက်လှန်းပြီး ဖေါ်စပ်ပါတယ်။
၇ှိန်းခို ၁ိသား၊ ကြပ်ခိုး၃ိသား၊ ကျန်ဆေးမယ် ၂ိသားစီဖေါ်စပ်
 အသုံးပြုပါတယ်။
ဆေးညွှန်း
လူကြီး။ ။ အပူငုတ်၍ အဖျားဝင် သော်ဆေးမန်ကျည်းစေ့ ၂စေ့ခန့် ရေနွေးပုပူ
နှင့်သောက် ချွေးအောင်း။
ဝမ်းချုပ်သော်ဆားအနဲငယ်ထည့်ပြီး ရေအေးနှင့်သောက်။
ဝမ်းသွားသော် ရေနွေးပူပူနှင့်သောက်။
ထုံနာ၊ကြင်နာ နှမ်းဆီနှင့်လိမ်း။
မိန်းကလေးများ ရေချိုးမှား ခေါင်းလျှော်မှားပြီးဖျားသော် ဆေးမကျည်း၃စေ့ခန့်ရေနွေးပူပူသောက်ချွေး၁၀မီးနှစ်ခန့်အောင်း ခဏချင်းသက်သာပါသည်။
ကလေး
ဝမ်းဖေါ၊ဝမ်းရောင် နှမ်းဆီနဲ့ဆားအနဲငယ်ရောစပ်၍ ရင်ညွှန့်ကအောက်သို့လိမ်းပေး
ပြီးအဝတ်မထူမပါး ပတ်ပေးပါ ခဏအတွင်း ရင်မှအခိုးထွက်ပြီးသက်သာလာတာတွေ့ရပါလိပ်မည်။ဝမ်းသွား၊ဆေးရွှေးစေ့ခန့် ရေကျက်ရေးနှင့်တိုက်။
ဝမ်းချုပ် ရေအေးနှင့်တိုက်။
အထက်အန်၊ဝမ်းချောဆေးကွမ်းသီးတလုံးစာ၊သနပ်ခါးမြစ်၊ နှမ်းဆီေ၇ာစပ်၍ 
ဝမ်းဗိုက်လိမ်းပေး အဝတ်ပတ်ပေးပါ
ခဏခဏလိမ်းပေး နာရီဝက်ဖြင့်သက်သာပျောက်ကင်းကြောင်း ကျနော့ရဲ့ 
လက်တွေ့နည်းလေး ဝေငှလိုက်ပါတယ်။
=========================
အသက်ရှည်ရာ အနာမဲ့ကြောင်း

No comments: