Friday 11 September 2015

အရေးကြီးသော ဒေါသ သုံးပါး

 ဒေါသ သုံးပါးဟုဆိုလိုက်သည်နှင့် ကျမ်းမာရေးလိုက်စားနေသူများသည် လေ သလိပ် သည်ခြေ ဖြစ်သည်ကို သိရှိကြပါသည်။
ထို ဒေါသ သုံးပါး ညီညွတ်မျှတ နေလျှင် နေထိုင်ကောင်းသည်
ကျမ်းမာရေး ကောင်းသည် အဖြစ်ကို ရရှိကြပေသည်။
ထိုမှ တစ်ပါးပါးသည် လွန်ယုတ်နှစ်သွယ်ဖြင့် ဖေါက်ပြန်နေပါက
မကျမ်းမာခြင်း မနေသာခံခက်ခြင်း အမျိုးမျိုးသော ဒုက္ခဝေဒနာများသည် မိမိအား လူပင်ပန်း စိတ်ပင်ပန်းခြင်းစသော စိတ်ညစ်
ဖွယ်များအား ရရှိဖြစ်ပေါ် ခံစားရပါလိမ့်မည်။
                 သို့ ပါသောကြောင့်  လေ သလိပ် သည်းခြေဟု
ဆိုသည် ဒေါသ သုံးပါးအား များပါက နုတ် ယုတ်ပါက ဖြည့်
ပေးခြင်းဖြင့် ပြုပြင်ဖန်တီး ရပေမည်။ သို့ ရာတွင် လေသဘောသည် အဘယ်ကဲ့သို့  သလိပ် သဘောသည် အဘယ်ကဲ့သို့ 
သည်းခြေးသဘောသည် အဘယ်ကဲ့သို စသည်ဖြင့် သဘောတရား များစွာ သိရှိရန် ဆေးပညာနှင့်ပတ်သက်သည့် စာပေများ အား ဖတ်ရှုလေ့လာခြင်းဖြင့် မိမိ၏ ကျမ်းမာရေး အပြုအမှုများကို ထိန်းသိမ်းစောက်ရှောက်ရမည်။အကယ်၍များ သိရှိမှတ်သား ခြင်းလည်းမပြု လေ့လာခြင်းလည်း ပြုလုပ်ခြင်း မရှိပါက မိမိ ဇီဝ အား တန်ဖိုး မထားရာ ရောက်ပေလိမ့်မည်။ ယခု
ခေတ် ကာလသည် အမှန်တကယ် စိတ်ဝင်စားပါက နှစ်သက်
သည့် ပညာရပ်တစ်ခုအား အချိန်အနည်းငယ် အတွင်း တွင်
အတွေ့အကြုံ မှ လွဲ၍ သင်ယူ ရရှိနိုင်သည်။ မြတ်စွါ ဘုရားရှင်
သော်မှ ကျမ်းမာရေးသည် လွန်စွာ အရေးကြီးပုံ ကို လာဘ်
တစ်ပါး အဖြစ် မိန့် ကြားခဲ့သည်ကို မမေ့အပ်ပေ။
မည်သည့် ဘာသာဝင် ဖြစ်စေ ကျမ်းမားရေသည်
ကပ်ကမ္ဘာ ကုန်ဆုံးသည့် အထိ အရေးကြီးပေသည်။
ဤမျှ အရေးပါ အရေးကြီးသည့် ကျမ်းမာရေး ကဏ္ဍ အား သက်ရှင် သမျှ ကာလ ပတ်လုံး မျက်ခြေ မပျက်သင့်ပေ။သက်ကြီး
ရွယ်အို မှ ကျမ်းမာရေး ချို့တဲ့သည်ဟု မထင်သင့် ငယ်ရွယ်သူများသည်လည်း ချို့တဲ့ခြင်းဖြစ်နေကြသည်။ အဘယ် အတွက် ဟု ဆန်းစစ်ကြည့် ပါက နေထိုင်ခြင်း စားသောက်ခြင်း အလေ့အကျင့် မှားယွင်းခြင်း တစ်ခု ပြုမိပါက ဒေါသ သုံးပါး ဖေါက်ပြန်
ပြီး ဒုက္ခပေး တတ်သည်။ သတိ မမူ ဂူ မမြင်သောသူ မဖြစ်ရ
လေအောင် စားသတိ လာသတိ နေထိုင် သတိ ဟု ဆိုအပ်
သည့် သတိ သည် လွန်စွာ အရေးကြီးပေသည်။
    အဘယ်ကြောင့် ရောဂါဖြစ် သနည်း။ မည်သည့် ဒေါသ လွန် ယုတ်ခြင်းကြောင့် ရောဂါ ဖြစ်သနည်း။ မည်သည့်ရောဂါ
သည်မည်သို့ သော အကြောင်းဖြင့် ဖြစ်တော့မည် ကို ပြ သ
နည်း။ ရောဂါ ဖြစ်ကြောင်းသည် လွန်စွာများသည်။လေ့လာ၍ လည်း မကုန်နိုင်ပေ။ ရောဂါသိမှု ဆေးသိမှု ကုထုံးသိမှု ဓါတ်သိမှု ဟုဆိုသော လွန်စွာ ကျယ်ဝန်းသည့် သိမှုလေးဖြာသည် တစ်ခုခြင်းဆီ မှာပင် အလွန် ကျယ်ဝန်းသည်။ သမုဒ္ဒရာ ပမာပင်ဖြစ်သည်။ သမားဆို အို မှ စကားပုံသည် အဘယ်ကဲ့သို ဖြစ်သည်ကို သတိထားကြည့်နိုင်ပါသည်။
      ကျွနုပ် ကိုယ်တိုင်လည်း အခြေခံ အသိ အခြေခံ သဘာဝ သဘောတရား ကို ဆန်းစစ်လေ့လာနေပါသောကြောင့် ဒေါသ သုံးပါး၏ သဘောတရား ဘုတ်ငါးပါး၏ တည်ရှိနေပုံ အမျိုးမျိုး
သော အကြောင်းရာ များအား လေ့လာ ဆည်းပူးနေပါသော
ကြောင့် လေ့လာသည့် အဆင့်ဟု မှတ်ယူပါလေ။
       

No comments: