Friday 11 September 2015

ဒေါ်နန္ဒာမြင့် 
fb စာမျက်နှာတွင် တင်ခဲ့သော post.

*** မိတ်ဆွေများအားလုံး မင်္ဂလာပါ ***
*** ရောဂါဝေဒနာများ ကင်းဝေးနိုင်ကြပါစေရှင် ***
{ ဝှေးပင် ( ဂွေးပင် ) နှင့် ဆေးဖက်အသုံးဝင်ပုံ }
* ဒီအပင်ကတော့ ထင်ရှားတဲ့ အပင်ပါ ။ အရိုင်းအချဉ်
မျိုးနဲ့ အချိုမျိုးဆိုပြီး (၂) မျိုးရှိပါတယ် ။ အချိုမျိုးကတော့
ရှားပါးပြီး နိုင်ငံခြားမှ တင်ယူလာတဲ့အတွက် ( သင်္ဘော
ဝှေးပင်) လို့ ခေါ်ကြပါတယ် ။ဒီအပင်(အချိုမျိုး) ပေါက်ရောက်
စိုက်ပျိုး တည်ရှိနေမှုကို အစွဲပြုပြီး မန္တလေးမြို့မှာ
( ဂွေးချိုကျောင်းတိုက် ) ဆိုပြီး ယနေ့တိုင် ခေါ်ဆိုသမှု ပြုကြပါတယ် ။
* အများစုကတော့ အသီးကို ပါးပါးလှီးပြီး ရေချိုငါးပိနဲ့ အတို့အမြှုပ် လုပ်စား ကြပါတယ် ။ အရွက်နုတွေကို သုတ်စားခြင်း၊ တို့မြှုပ်စားခြင်း ပြုလုပ်ပါတယ်။ အသီးနုကို
ထောင်းပြီး မျှင်ငါးပိနဲ့ ချက်စားရင် အလွန်နှုတ်မြိန်စေပါ
တယ် ။ အသီးစိမ်းကို ပါးပါးလှီးပြီး သုတ်စားခြင်း ၊
အသီးစိမ်းကို အရသာကောင်းအောင် ပြုလုပ်ထားတဲ့ ငြုပ်
အနုမှုန့်နဲ တို့စားရင်တော့ ကလေး၊ လူကြီး အကြိုက်ပါ။
တစ်ပေခန့် အပင်ပေါက်ခါစအချိန်မှာ အမြစ်ဥတွေကိုတူး၊ သန့်စင်အောင် ဆေးကြောပြီး စားကြည့်ရင် စိမ်းစားဥလိုပဲ အရသာရှိပါတယ် ။(ရင်တွင်းရှိ လေပူ၊ လျှာပူ၊ ကွဲခြင်း၊ အာခေါင်စပ်ခြင်း) တွေအတွက် အလွန်အကျိုးပြုပါတယ် ။
တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း များစွာ စားသုံးပေးရင်
တော့ ဓာတ်ချုပ်၊ လေချုပ်၊ ဖျားခြင်း၊ ရင်ကြပ်ခြင်းတွေ
လည်း ဖြစ်တတ်တဲ့အတွက် အထူးသဖြင့် ကလေးငယ်များ
အလွန်အကျွံ မစားသုံးမိဖို့ အထူး လိုအပ်ပါတယ် ။
( ဂုဏ် နှင့် စွမ်းရည် )
* အသီးစိမ်း သည် ပူဧ။်၊ ချဉ်ဧ။် ၊ လေနာကို နိုင်ဧ။်၊
နှုတ်မြိန်စေပြီး၊ ၀မ်းလျောစေတတ်ဧ။် ။
* အသီးမှည့် သည် ဖန်၊ ချို၊ အေးဧ။် ။ သလိပ်ပွါး၊
သုက်ပွါး၍ ၀ဖြိုးပြီး အားဖြစ်စေဧ။် ။ လေနာ၊ သည်းခြေနာ၊ အားအင်ကုန်ခန်းခြင်း၊ ပူလောင်ခြင်း၊ သွေး
ဖောက်ပြန်ခြင်းကို ကင်းဝေးစေဧ။် ။
* အရွက် သည် ချိုသောအရသာရှိဧ။် ။ လည်ချောင်းနာ နှင့် သင့်မြတ်ဧ။် ။
* အခေါက် သည် မြွေဆိပ်ကို ထုတ်ပယ်တတ်သည့်
ဆေးမျိုးတွင် တစ်ပါး အပါအ၀င်ဖြစ်ဧ။် ။ ဖျားနာ၊ ရေငတ်၊
ပိတ်ဝမ်းကိုက်ခြင်းကို အသုံးပြုရဧ။် ။
( ဆေးဖက်အသုံးဝင်ပုံ )
( အစာအိမ် အချဉ်ပေါက်ခြင်း )
* အသီးစိမ်းနု သတ္တုရည် (၁၂) ပဲသားမျှ၊ သကြား (၃ ကျပ် ၈ ပဲသား) ကို ရောစပ်ပြီး နံနက်၊ ည တစ်ကြိမ်စီ
သောက်ပါ၊ ရောဂါ အနု အရင့် အလိုက် သင့်သလို သောက်ပေးပါ ။ ပျောက်ကင်းဧ။် ။
( နားနာ ၊ နားကိုက်ခြင်း )
* အရွက် သတ္တုရည်ကို နားအတွင်းသို့ အနည်းငယ်
ခပ်၍ပေးခြင်း၊ နားအပြင်ဘက်မှလည်း လိမ်းပေးပါက နား
နာ နားကိုက် ပျောက်ကင်းဧ။် ။
( အစာမကြေ ၀မ်းပျက်ရောဂါ )
* အရွက်ဧ။်အမှုန့် (သို့ ) အခေါက်ပြုတ်ရည်ကို အသင့်
အတင့် သောက်ပေးပါ ။ ထိုရောဂါ ပျောက်ကင်းဧ။် ။
( သည်းခြေအားနည်းခြင်း )
* ၎င်းအသီးဧ။် အသား စားပေးခြင်းဖြင့် ပျောက်ကင်း
စေပါသည် ။
( အဆိပ် နှင့် ယှဉ်သော အနာ )
* အဆိပ်နှင့် ယှဉ်သော အနာများအတွက် ၎င်းအသီးကို
သွေး၍ လိမ်းပါက ပျောက်ကင်းဧ။် ။ အသီးအခြောက်ကို
၎င်း၊ အစိမ်းကို၎င်း စားပေးပါက အဆိပ်နှင့် ယှဉ်သော
အနာပေါက်များအတွက် အဆိပ်ငန်းမန်း ငြိမ်းအေးစေပါဧ။်။
~~ အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေရှင် ~~
<< အရှင်နာဂသိန် ပုံပြ ဆေးအဘိဓာန် ~ တတိယတွဲ >>
မှ ကူးယူ ဖော်ပြပါသည် ။

No comments: