Thursday 10 September 2015

             ချို ချဉ် ငန် စပ် ခါး ဖန်

အချို
   ပထဝီနှင့် အာပေါ ဓါတ်နှစ်ပါးကြောင့်  ချို သော ရသာ
ဖြစ်လာ၏။ ချို သော ဆေး အဟာရသည် နှလုံးသို့ ရောက်၍့ တည်ပြီး ဓါတ်ရက် အနေဖြင့် ၇ ရက်ရှိပြီး
အဆင်းအားဖြင့် ပြိုးပျက်သော အရောင် ရှိသည်။
အချဉ်
        တေဇော နှင့် ပထဝီ ဓါတ်နှစ်ပါး ကြောင့် ချဉ်သော
ရသာ ဖြစ်လာသည်။ ချဉ်သောဆေး အဟာရ သည်
အူသိမ်းအူမ သို့ သွားပြီး ဓါတ်ရက် အနေဖြင့် ၂၄ ရက်ဖြစ်
ပြီး အဆင်းအားဖြင့် နီ သော အဆင်းရှိသည်။
အငန်
           တေဇော အာပေါ ဓါတ်နှစ်ပါးကြောင့် ငန်သော
ရသာ ဖြစ်လာပြီး ငန်သောဆေးအဟာရတို့ သည် အကြော သို့ သွားပြီး ဓါတ်ရက် အနေဖြင့်ကား မရှိ အဆင်း မှာ နီမောင်းသော အရောင်ရှိသည်။
အစပ်
            တေဇော နှင့် ဝါယော ဓါတ်နှစ်ပါးကြောင့်စပ်
သော ရသာ ဖြစ်လာပြီး စပ်သော ဆေး အဟာရ တို့ သည် ရိုးတွင်းချင်ဆီ သို့ သွားကာ ဓါတ်ရက် အနေဖြင့်
၁၂ ရက် အဆင်းကာ အဖြူရောင် ရှိသည်။
အခါး
            အာကာသနှင့်ဝါယော ဓါတ်နှစ်ပါးကြောင့် ခါးသော ရသာ ဖြစ်လာပြီး ခါးသောဆေးအဟာရ တို့ 
သည် အရေပြားသို့ သွားကာ ဓါတ်ရက် အနေဖြင့် ၂၄ ရက် ရှိပြီး အဆင်းကား ညို သော အဆင်းရှိသည်။
အဖန်
         ပထဝီ နှင့် ဝါယော ဓါတ်နှစ်ပါးကြောင့် ဖန်သော
ရသာ ဖြစ်လာပြီး ဖန်သော ဆေးအဟာရတို့ သည် အသား သို့ သွားကာ ဓါတ်ရက်အားဖြင့် ၇ ရက် အဆင်းမှာ ရွှေအဆင်းရှိသည်။

 ပထဝီ လွန်ပါက ဆိမ့်သော အရသာ
အာပေါ လွန်ပါက ချို သော အရသာ
ဝါယော လွန်ပါက ခါးသော အရသာ
အာကာသ လွန်ပါက စပ်သော အရသာ။
ရသာ ၆ ပါး တို့ မည်သည် ပကတိ အားဖြင့် ချို/ငန် ဖြစ်
ပါက ဝမ်းမီးချက်ပြီးလျှင် ချို သော ရသာ တစ်ပါးသာဖြစ်
သည်။ စပ်/ခါး/ဖန် ရသာ သုံးမျိုးအား ဝမ်းမီးချက်ပြီးပါက
စပ်သော ရသာ ဖြစ်လာသည်။ချဉ်သော ရသာမှာ မပြောင်း ပေ။ ချဉ်သော ရသာအား သီတ တေဇောဟု
မှတ်ပါ။

No comments: