Friday 11 September 2015


 


         ငရုပ်ကောင်း
မျိုးရင်း ။           ။ Piperaceae
ရုက္ခအမည်။      ။ Piper nigrum Linn.

 #မြေအမျိုးစား ။    ။ ရေစီးရေလာကောင်းပြီးမြေသြဇာထက်သန်သည့် သဲနှုံးမြေ နှုံးတင်မြေနု ဂဝံမြေ မြေနီ သဲဝန်း
တောင်စောင်း တောင်ကုန်း တို့ တွင် ကောင်းစွာဖြစ်ထွန်း
ပြီး မြေချဉ်ကို ပို၍ နှစ်ခြိုက်သည်။မြေတွင် အစိုဓါတ်
ကောင်းစွာရှိပြီး ရေအလွန်မဝပ်သော မြေမျိုးဖြစ်သင့်
သည်။ စိမ့်ဆွဲသည့် မြေ မဖြစ်စေရ။
ရာသီဥတု အနေဖြင့် ပူအိုက်စွတ်စို ထိုင်းမှိုင်းသည့်
ရာသီဥတုကို နှစ်သက်သည်။
#စိုက်ယူပုံ ။      ။  အစေ့ကို စိုက်ပျိုးလျှင် ရသည်
သို့ သော် အလွန်ကြာသည်။ကိုင်းဖြတ် ကိုင်းကူး စိုက်ပါက
ပို၍လျှင်မြန်စွာ ဖြစ်ထွန်းသောကြောင့် ထိုနည်းကို အသုံး
ပြုသူများသည်။ ထို့ အပြင် အပင်ကြီးမျိုး များနှင့်လည်း
တွဲ၍ စိုက်နိုင်သည်။ သီးခြားစိုက်ပါက ပင်စည်ကုပ်တွယ်
နိုင်ရန် အတွက် ခိုင်မှာသောတိုင်များ စိုက်ရမည်။ အရိပ်ပင် တွယ်ပင်များ၏ ခြေရင်း၌ တစ်လက်မခွဲ ခန့် 
ရှည်သော အညွန့် ၂ ညွန့် ၃  ညွန့် ကိုတော်သလင်း
သီးတင်းကျွတ် လလောက်တွင် တိုက်ရိုက်ချ၍ စိုက်နိုင်သည် သို့ မဟုတ်  အညွန့် တို့ ကို သီးခြားစိုက်
ပျိုး၍ အမြင့် တစ်လက်မခွဲခန့် ရှိသော အခါတွင် စိုက်
နိုင်သည်။ တိုင်ထူစိုက်ပါက တစ်တိုင်နှင့်တစ်တိုင် ၅ ပေ
၇ ပေခန့် ခြားသင့်သည်။ ကိုင်းဖြတ်ယူမည် ဆိုပါက မနု
မရင့် အကိုင်းကို အဆစ်လေးဆစ်မှ ငါးဆစ် အထိ
ပါအောင် ဖြတ်ယူပါ။ အကိုင်းဖြတ်ရာတွင် ထိပ်နှစ်ဖက်ကို
အဆစ်အပေါ် လက်သုံးလုံးခန့် ချိန်၍ဖြတ်ပါ။ ထို့ နောက်
သဲထည့်ထားသော ပျိုးခွက် သို့ မဟုတ် ပျိုးခုံတွင်  အကိုင်း များကို ခပ်စောင်းစောင်း ၄၅ ဒီဂရီခန့် စောင်းမြုပ်
ပါ။ထို အချိန်တွင် ပျိုးခုံ ပျိုးခွက်တွင် နွားချေး မြေဆွေး
များ မထည့်ရချေ။ ထိုမှ အပင်များကောင်းစွာ ရှင်သန်ပြီး
အရွက်များထွက်မှသာ နွားချေး မှုန့် ကို ထည့်ပေးပါ။
အမိုးမိုးထားပါ။အမိုးကို နေပြောက်ဝင်အောင် ခပ်ကြဲကြဲ
လုပ်ပေးပါ။ အပင်များ တစ်နှစ်သားရ၍ အားကောင်း
လာသည့် အခါတွင် မိုးဦးကျပါက ပြောင်းရွေ့ စိုက်ပါ။
ငရုပ်ကောင်းကို  လေးဆစ် ငါးဆစ်ပါအောင် ဖြတ်၍
မပျိုးဘဲ တစ်ဆစ်ထည်းဖြတ်၍ စိုက်ပျိုးနိုင်သည်။ တစ်ဆစ်စီ ဖြတ်သည့်အခါ နှစ်ဖက်ထိပ် တစ်လက်မခွဲခန့် 
စီချန်ဖြတ်ရသည်။ ထို့ နောက် အဆစ်ကို အပေါ်ထောင်
၍တစ်ဝက်လောက်မြုပ်ထားပြီး ရေပုံမှန်လောင်းပေးပါ။
#ပြောင်းရွေ့စိုက်ခြင်းနှင့်ပြုစုခြင်း။       ။ငရုပ်ကောင်း
သည်တိုင်ထောင်ပေးရသော အပင်မျိုးဖြစ်သည်။သက်
တမ်းအားဖြင့် ၁၅ နှစ်ခန့် ရှည်သည်။ ထို့ ကြောင့် တိုင်များ
ကို သစ်မာများဖြင့် ပြုလုပ်သင့်သည်။မိမိစိတ်ကူးသာ။
တိုင်များစိုက်ပါက အမြင့် ၇ ပေ ၈ ပေခန့် စိုက်ကာ တစ်တိုင်နှင့်တစ်တိုင်ကို ခြောက်ပေပတ်လည် သို့ မဟုတ်
၈ ပေခန့် ခွါပါ။ ဂွေးပင် ယိုးဒယား လဲ့မှို့ ပင်များ ဖြစ်ပါက
၁၂ ပေ ခန့် ခွာသင့်သည်။ အကွာဝေးချပြီးပါက တိုင်
ခြေရင်းတွင် ကျင်းများကို အနက်တစ်ပေခွဲ အကျယ်
အချင်း တစ်ပေခွဲတူးပြီး မြေများကို မှုန့် အောင်ဆွပေးပါ။
မြေစေးပါက သဲ ၃၀ ရာနှုန့် ခန့် ရောပေးပါ။သဲနှုန်း ဖြစ်ပါက သစ်ရွက် မြေဆွေး ထည့်ပေးပါ။ ထို သို့ ပြင်ဆင်
ပြီးပါက အပင်လေးများအား အမြစ်မနာအောင် မြေဆိုင်
ဖြင့်မယူကာ စိုက်ပါ။ ပြောင်းရွေ့စိုက်ပြီး ဒုတိယနှစ်တွင်
အပင်သည် အနညးဆုံး သုံပေ ခန့် တက်နေမည်ဖြစ်
သည်။ ထို အချိန်တွင် ပြန်၍ ဆွဲချပြီးတိုင်ဘေးပတ်လည်
တွငိ ခွေပေးပါ။ ၄င်းမှ အတတ်များပေါက်၍ တက် လာ
မည်ဖြစိသည်။ဤနည်းမှာ အကုန်ကျ အနည်းဆုံးနှင့်
အများဆုံး ရသောနည်းဖြစ်သည်။နောက်တစ်နည်းမှာ တိုင် တစ်တိုင်တွင် သုံးလေးပင် စိုက်ပျိုးသည့်နည်းဖြစ်
သည်။ ငရုတ်ကောင်းပင်မှာ ငယ်စဉ် အခါ နေရောင် ကို
မနှစ်သက်ပေ။ ကွမ်းကဲ့သို့ အမိုးလုပ်ပေးရသည်။ သို့ သော် ကြီးလာပါက နေပူ အလွန်ကြိုက်သည်။ အရိပ် မရှိ
စေရ ထို့ နောက် သုံးနှစ်တွင် စသီးပြီး ငါးနှစ် ခြောက်နှစ်
သားတွင် အသီးများလှိုင်ပါပြီ။ ပေါင်းမြက်များကိုလည်း
ကင်းစင်စေကာ မြေတွင် ရေအစို ဓါတ်ကို အမြဲရှိရမည်။
အပင်နွယ်တတ်ရာတွင် လိုအပ်သလို စိတ်ကြိုက် ပြုပြင်
ပေးသင့်သည်။ စုဆောင်းရယူခြင်းအနေဖြင့်
အသီးများကို တစ်နှစ်လျှင်တစ်ကြိမ် တပေါင်းလမှ ကဆုန်
လ တွင် ဆွတ်ခူးပေးရမည်။အသီးများ အနီရောင်စပြလျှင်
မှည့်ပြီ ဖြစ်၍ ဆွတ်ယူနိုင်သည်။ဆွတ်ယူပြီးပါက ကောင်း
စွာခြောက်သွေ့အောင် လှမ်းပါ။( လှမ်းယူရာတွင် နေပူ
တွင်လှမ်း နေရိပ်တွင်လှမ်း နှစ်နည်းရှိသည်ဤကား စာရေးသူ အာဘော်ပင်) ဆွတ်ခူးပြီး အခိုင်များကို သွေ့
ခြောက်ပါက အညှာနှင့် အမှိုက်သရိုက်များကို ပြာထုတ်
သန့် စင်လိုက်ပါက သင်မျော်မှန်းထားသော #ငရုတ်ကောင်းများ  စတင်ရရှိပါပြီ။     ။
    နောက်ဆက်တွဲအနေဖြင့်ကား ငရုတ်ကောင်းသည်
တိုင်းပြည် အတော်များများတွင် အသုံးဝင်ပြီး ဆေးဘက်
၌လည်း အလွန်အသုံးများသည်။    ဖေါ်ပြရပါမူ
ငရုတ်ကောင်းသည် လူတိုင်းသိနှင့်နေပြီးသော
တြိကဋုပ် သုံးပါးတွင်တစ်ခု အပါဝင်ဖြစ်သည်။ အရသာ
အနေဖြင့် စပ် ပူ ဖြစ်ပြီး ဝိပါက အနေဖြင့်စပ်သည်။ဂုဏ်
နှင့် စွမ်းရည် အနေဖြင့် ထက်မြတ် ခြောက်ထပ်စေပြီ
လေ သလိပ် ကို ပါယ်တတ်သည်။သည်းခြေကို ဖြစ်စေ
တတ်ပြီး ပန်းနာ ထိုးအောင့်နာ ပိုးရောဂါတို့ ကို ပျောက်ကင်းစေသည်။ ရောဂါ အလိုက် အသုံးပြုပါက
လည်း #ကြက်မျက်သင့်ရောဂါအတွက်  ငရုတ်ကောင်း
ကို ဒိန်ရည်ဖြင့်သွေး၍ မျက်စဉ်း ခတ်ပေးပါက ပျောက်
သည်။ #နှာခေါင်းသွေးလျှံခြင်း အနေဖြင့်လည်း ၄င်းကို
ကြိတ်၍ဒိန်နှင့်ရောပြီး ကြံသကာ အဟောင်းဖြင့်
ကျွေးခဲ့ပါက နှာခေါင်းသွေးလျံခြင်ူအပြင် သွေးယိုစီးခြင်း
ကို ပျောက်ကင်းစေသည်။#ဝမ်းပျက်ပါက  ငရုတ်ကောင်း
တစ်ရွေးသား ရှိန်းခို ရွေးထက်ဝက် ဘိန်း ရွေး၏ ၄ပုံ တစ်ပုံ ထိုသုံးမျိုး အမှုန့် ပြု၍ တိုက်ပါက ဝမ်းပျက်ရောဂါ
ပျောက်ကင်းသည်။ငရုတ်ကောင်းစေ့ အား အမှုန့် ပြု ပျား
ရည်ဖြင့်ရော၍ လျက်ပါက ချောင်းဆိုးရောဂါ ပန်းနာရင်ကြပ် ရောဂါပျောက်ပြီး မိခင်များစားပါက နို့ ထွက်ကောင်းသည်။ငရုတ်ကောင်းကို မီးကင်ပြီး အခိုးအငွေ့များရှုရှိုက် ပေးပါက ကြို့ထိုးရောဂါပျောက်
ကင်းသည်။ငရုတ်ကောင်း ငါးစေ့ အညာခရာစေ့ ၆ပဲသား
ကို အမှုန့် ပြု၍  ၃ ရက်တိုင်အောင် စားပေးပါက ခွေးရူး
ဆိပ်ပြေပျောက်သည် သို့ သော် တစ်နှစ်ကျော် အထိ အချဉ် နှင် အဆီကို ရှောင်ကြင် ရမည်။ငရုတ်ကောင်း
ကိုထောပတ်ဖြင့်ကြိတ်၍ နား၌ကျပ်ပေးပါက ခေါင်းတစ်
ခြမ်းကိုက်ရောဂါ ပျောက်သည်။အမှုန့် ပြု၍ ကြံသကာ
ဒိန်ရည်တို့ ဖြငိ့ ရောသောက်ပါက နှာစေး ရောဂါ ပျောက်
ပင်းသည်။ တရုတ် တိုင်းရင်းဆေးပညာတွင်ငရုတ်ကောင်း
အစေ့ ကို အတတ်ကျဆေး  နှင့် အကိုက် အခဲပျောက်
ဆေးဖြင့်လည်ကောင်း အသီးနှင့်အမြစ်ကို ငှက်ဖျား
ရောဂါ ကုသရာတွင်လည်းသုံးသည်။ငရုတ်ကောင်းမှုန့် 
ကို ဆေးလုံးပြုလုပ်၍ အအန် သက်သာစေရန်နှင့် အစာမကျေခြင်း ဝမ်းဗိုက် နာကျင်ခြင်းတို့ တွင် အသုံးပြု
သည်။တရုတ် ပရဆေး ပညာအရ ငရုတ်ကောင်းသည်
အစာကြေ လေနိုင်ခြင်း ချွေးထွက်စေခြင်းဆီးသွားစေခြင်း
အစာချေရည်များစေခြင်း အစာအိမ်နှင့်အူများ လှုပ်ရှား
မှုကို တွန်းအားပေးခြင်း စသည့်အာနိသင်များရှိပါသည်။

ဤမျှ အကျဉ်းလောက်ဖေါ်ပြခြင်းဖြင့် စာဖတ်သူ အနေနဲ့
ငရုတ်ကောင်းသည် စိုက်လည်းစိုက်သင့် (စီးပွါးဖြစ်မဟုတ်ပါက ၁၄ ၁၅ ပင်ခန့် ) စိုက်ပျိုးထား
ခြင်းဖြင့် လိုအပ်သလို အသုံးချနိုင်ကြောင်းတင်ပြရင်း။

Post by  #Sii Thuu  ( တောသား )

ကိုးကားများ ။          ။ ရှင်နာဂသိန် ပုံပြဆေးအဘိဓါန်။ စိုက်ပျိုးနည်းပဒေသာ။ မြန်မာ့ ဆေးဖက်ဝင်အပင်။ Burmese medicinal plants.

#အမှတ်စဉ် (၂ )

#သင်္ဘောပင်

မြန်မာအမည်-သင်္ဘောသီး
အင်္ဂလိပ်အမည်-Papaya
ရုက္ခဗေဒအမည်-Carica papaya
မျိုးရင်းအမည်-Caricaceae

၁။မူရင်းဒေသ

သင်္ဘောပင်၏မူရင်းဒေသမှာ
တောင်အမေရိက၊မြောက်အမေရိကတိုင်းပြည်များနှင့်
အနောက်အိန္ဒိယကျွန်းစုဟုယူဆကြပါသည်။

၂။စိုက်ပျိုးသည့်ဒေသများ

သင်္ဘောပင်သည်
အပူပိုင်းစားသုံးသီးပင်ဖြစ်၍
အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသရှိတိုင်းပြည်များတွင်
စိုက်ပျိုးကြပါသည်။
မြန်မာနိုင်ငံတွင်လည်း
နေရာအနှံ့အပြားတွင်စိုက်ပျိုးကြပါသည်။

၃။သင်္ဘောမျိုးများ

သင်္ဘောပင်တွင်
အဖိုပင်၊အမပင်နှင့်လိင်စုံပင်
အဓိကသုံးမျိုးရှိသည်။
အဖိုပင်မှအသီးသီးသည်ကိုတွေ့ရခဲသည်။
အမပင်နှင့်လိင်စုံပင်များမှသာအသီးသီးလေ့ရှိသည်။

(က)အဖိုပင်

အဖိုပင်မှာ
များသောအားဖြင့်ပန်းပွင့်စောထွက်လေ့ရှိပြီး
အခိုင်လိုက်ပွင့်ပါသည်။
အဖိုပင်မှပုံမှန်အားဖြင့်အသီးသီးလေ့မရှိသော်လည်း
အပင်ကိုထိခိုက်ဒဏ်ရာရခြင်း၊ထိပ်ပိုင်းဖြတ်ပေးခြင်းဖြင့်
အဖိုပွင့်များကြားတွင်အမပွင့်များပြောင်းလာကာ
အသီးငယ်များသီးလာတတ်သည်။
ဤအပင်မျိုးကိုသင်္ဘောပဒေသာဟုခေါ်သည်။

(ခ)အမပင်

အမပွင့်သီးသန့်ပွင့်၍ပွင့်သီးလေ့ရှိသည်။
ထို့ကြောင့်
မျိုးအောင်ရန်အတွက်
အခြားအပင်မှဝတ်မှုန်ကူးပေးရသည်။
ရာသီဥတုနှင့်ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်
အပွင့်ပုံသဏ္ဌာန်နှင့်သဘာဝ
ပြောင်းလဲမှုမရှိချေ။

(ဂ)လိင်စုံပင်-(Hermaphrodite)

အပွင့်ပွင့်ရာတွင်
ပွင့်တံတစ်ခုမှအပွင့်နှစ်ပွင့်သုံးပွင့်ပွင့်တတ်သည်။
အပွင့်များတွင်
အမအင်္ဂါ(ovary)နှင့်အဖိုအင်္ဂါ(stamen)များပါသည်။
ရာသီဥတုပေါ်မူတည်၍
အဖိုပွင့်၊အမပွင့်များရော၍ပွင့်လာတတ်ကြသည်။
ရာသီဥတုအလိုက်
အပွင့်၏ပုံသဏ္ဌာန်နှင့်သဘာဝ
အနည်းငယ်အပြောင်းအလဲရှိသည်။
ထို့အတူ
အသီး၏
ပုံသဏ္ဌာန်နှင့်သဘာဝလည်း
အနည်းငယ်ပြောင်းလဲလာသည်။

၎။ရေမြေရာသီဥတု

သင်္ဘောပင်သည်
ပူနွေးစွတ်စိုသောရာသီဥတုကိုကြိုက်နှစ်သက်သည်။
မြန်မာနိုင်ငံတွင်
ပေ ၃၀၀၀ အထက်မြင့်ပြီး(ဒေသများတွင်)
ဆောင်းဥတုတွင်အအေးဓာတ်များခြင်း၊
ဆီးနှင်းကျခြင်းကြောင့်အပင်များသေသွားတတ်ပါသည်။
သင်္ဘောပင်သည်
မြေသြဇာထက်သန်ပါက
မြေအမျိုးအစားမရွေးဖြစ်ထွန်းသည်။
မြေသြဇာထက်သန်သောနုန်းမြေများတွင်
ပိုမိုဖြစ်ထွန်းသည်။
စနယ်မြေစေး၊ရေဝပ်သောမြေနှင့်
မြေအောက်ရေမျက်နှာပြင်နီးသောနေရာများတွင်
ကောင်းစွာမဖြစ်ထွန်းနိုင်ချေ။

၅။ပျိုးထောင်နည်း

သင်္ဘောပျိုးပင်ကို
များသောအားဖြင့်
အစေ့မှပျိုးထောင်၍စိုက်ပျိုးကြသည်။
အချို့သောအပင်များသည်
တစ်ခါတစ်ရံအတက်များထွက်တတ်ရာ
ယင်းအတက်ကို
အရင်းပိုင်းအဖုလေးပါအောင်ဖြတ်ယူပြီး
အမြစ်ဖောက်၍စိုက်ပျိုးနိုင်သည်။
သင်္ဘောပင်ပျိုးထောင်ရန်အတွက်
ပျိုးဘောင်၊ပျိုးသေတ္တာ၊ပျိုးခြင်းတောင်း၊
ပလတ်စတစ်အိတ်တို့ကိုအသုံးပြုနိုင်ပါသည်။
ပျိုးထောင်မည့်မြေသည်
နွားချေးဆွေး၊သဲ၊မြေကြီးတို့ကို
ဆတူနှုန်းဖြင့်ရောမွှေထားသော
မြေမျိုးဖြစ်ရန်လိုသည်။
သင်္ဘောစေ့ကိုပျိုးထောင်ရာတွင်
မြေနက်နက်ဖုံးမိလျှင်
အစေ့ပုပ်သွားပြီး
အပင်ပေါက်ညံ့ဖျင်းတတ်သည်။
သင်္ဘောစေ့ကို
ပျိုးဘောင်ပေါ်တွင်
တစ်တန်းနှင့်တစ်တန်း(၆)လက်မထား၍
တစ်ပင်နှင့်တစ်ပင်(၄)လက်မခန့်ထားပြီး
ပျိုးထောင်ရသည်။
အပေါ်မှကောက်ရိုးပါးပါးဖုံး၍
ရေလောင်းပေးရသည်။

တစ်ဧကစိုက်ပျိုးခင်းအတွက်
မျိုးစေ့(၁၅၀-၂၀၀)ဂရမ်ခန့်လိုသည်။
သင်္ဘောပျိုးပင်များတွင်
အမပင်(၄၀-၆၀)%အထိ
ပါရှိတတ်သည်။
အဖိုပင်သည်
အမပင်ထက်ပို၍သန်စွမ်းတတ်ကြသည်။

သင်္ဘောစိုက်ပျိုးသူအချို့က
ပျိုးထောင်ရာတွင်
သွပ်ပြားကိုအောက်မှခံပြီး
ယင်းပေါ်တွင်
မြေသား(၄)လက်မခန့်အထူထည့်၍
ပျိုးထောင်လေ့ရှိသည်။
အဖိုပင်သည်
အမပင်ထက်သန်စွမ်းသောကြောင့်
အမြစ်သည်
အောက်တွင်ခံထားသောသွပ်ပြားနှင့်
မြန်မြန်ထိလွယ်ပေရာ
ပြောင်းရွှေ့ စိုက်ပျိုးချိန်တွင်
အဖိုပင်များသည်ညှိုးနွမ်းနေလေ့ရှိသည်။
အဖိုပင်နှင့်အမပင်ခွဲခြားရာတွင်
ဤနည်းကို
အများဆုံးအသုံးပြုကြသည်။
ပျိုးသက်
တစ်လခွဲမှနှစ်လသားခန့်ရှိလျှင်
စိုက်ခင်းသို့
ပြောင်းရွှေ့ စိုက်နိုင်ပြီဖြစ်သည်။

၆။မြေပြုပြင်နည်း

စိုက်ကျင်းတူးမည့်နေရာသည်
ရေမဝပ်နိုင်သောနေရာဖြစ်ရမည်။
စိုက်ကျင်းတစ်ကျင်းနှင့်တစ်ကျင်း
အကွာအဝေးမှာ
မျိုးကိုလိုက်၍(၈-၁၂)ပေအထိထားသင့်သည်။
မိုးများသောဒေသများတွင်
တစ်ပေပတ်လည်
ကျင်းတူးသင့်သည်။
စိုက်ကျင်းတစ်ကျင်းလျှင်
နွားချေးဆွေး(သို့)သစ်ဆွေးမြေသြဇာစသည့်
သဘာဝမြေသြဇာများကို
ခွဲတောင်းတစ်လုံးခန့်ထည့်ပေးရသည်။
သင်္ဘောပင်ကိုစိုက်ပျိုးရာတွင်
လေးကွက်ကျားစနစ်(သို့)ဖိုခနောက်ဆိုင်စနစ်ဖြင့်
စိုက်လေ့ရှိသည်။
ဖိုခနောက်ဆိုင်စနစ်ဖြင့်စိုက်ပါက
အပင်အရေအတွက်
(၁၅)%ပို၍ဝင်ဆန့်သည်။

လေးကွက်ကြားစနစ်ဖြင့်(၈×၈)ပေအကွာစိုက်ပါက
တစ်ဧကတွင်
သင်္ဘောပင်(၆၈၀)ခန့်ဝင်၍
(၁၂×၁၂)ပေစိုက်လျှင်
တစ်ဧကတွင်(၃၀၁)ပင်
ဝင်ဆန့်မည်။

၇။ရွှေ့ ပြောင်းစိုက်ပျိုးနည်း

အသင့်ပြင်ထားသောစိုက်ကျင်းများ၌
လိင်စုံမျိုး(Hermaphrodite)ပျိုးပင်များကို
တစ်ကျင်းလျှင်
တစ်ပင်ကျစိုက်၍
အဖိုအမ၊မသေချာသည့်ရိုးရိုးမျိုးဖြစ်ပါက
တစ်ကျင်းလျှင်
နှစ်ပင်စိုက်ရသည်။
သတိပြုရန်မှာ
ပင်စည်ပိုင်းကိုမြေထဲမြုပ်အောင်
မစိုက်မိရန်ဖြစ်သည်။
စိုက်ပြီးလျှင်
်ရေဝလင်အောင်လောင်းပေးရသည်။
ပျိုးမထောင်ဘဲ
အစေ့ကိုတိုက်ရိုက်စိုက်မည်ဆိုလျှင်
စိုက်ကျင်းထဲသို့
အစေ့များများထည့်စိုက်ရသည်။
စီးပွားဖြစ်စိုက်ခင်းအနေဖြင့်စိုက်ပါက
ဝတ်မှုန်ကူးရန်အတွက်
အမပင်(၂၀)လျှင်
အဖိုပင်တစ်ပင်နှုန်း
ထားပေးရသည်။

၈။အပင်ပြုစုနည်း

ရွှေ့ ပြောင်းစိုက်ပျိုးပြီးနောက်တစ်ပတ်အတွင်း
အပင်သေများရှိလျှင်
ချက်ချင်းအစားထိုးစိုက်ပေးပါ။
စိုက်ပြီးစနှစ်ပတ်အတွင်း
ရေကိုနေ့စဉ်လောင်းပေးရန်လိုအပ်ပါသည်။
ရေလောင်းရာတွင်
အပင်ငယ်များပေါ်သို့
ရေလုံးရေပေါက်များ
အားအင်အရှိန်ဖြင့်မကျစေရပါ။
စိုက်ခင်းတွင်ပေါင်းမရှိစေရန်နှင့်
အပင်ခြေရင်း၌ရေမဝပ်စေရန်
အထူးဂရုစိုက်ရပါသည်။

၉။မြေသြဇာကျွေးနည်း

ရွှေ့ ပြောင်းစိုက်ပြီး
အမြစ်စွဲသည့်အချိန်မှစ၍
(၆)လတစ်ကြိမ်
စိုက်ကျင်းတစ်ကျင်းလျှင်
နွားချေးဆွေးတစ်တောင်းခန့်ကျွေးရပါသည်။
နွားချေးဆွေးမြေသြဇာကျွေးချိန်တွင်
တစ်ဧကလျှင်
ယူရီးယား(၁၂)ပေါင်
တီစူပါ (၂၄၀)ပေါင်
ပိုတက်ရှ်(၂၄၀)ပေါင် နှုန်းကျွေးပေးရသည်။
ဓာတ်မြေသြဇာများကျွေးရာတွင်
အမြစ်များသွားသည့်အကွာအဝေးထိ
အနှံ့ပက်ကြဲပေးရသည်။
အမြစ်များသည်
အပင်မြင့်ထက်ပို၍ရှည်အောင်သွားနိုင်ကြသည်။
ဓာတ်မြေသြဇာကျွေးပြီးချိန်တွင်
ရေဝလင်အောင်လောင်းပေးရန်
လိုအပ်သည်။
မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့သောမြေများတွင်
သင်္ဘောပင်အောက်ရွက်များဝါလာခြင်း၊
အသီးတွင်သကြားဓာတ်နည်းသွားခြင်းနှင့်
အနံ့အရသာ
သိသိသာသာညံ့ဖျင်းသွားခြင်းတို့
ဖြစ်တတ်သည်။
ထိုသို့
မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့မှုဖြစ်ပါက
မဂ္ဂနီစီယမ်ဆာလ်ဖိတ်(ဓာတ်ဆား)ကိုရေဖျော်၍
အရွက်များပေါ်နှံ့အောင်ဖျန်းပေးရပါသည်။

၁၀။ဆွတ်ခူးခြင်းနှင့်အထွက်

စိုက်ခင်းသို့ပြောင်းရွှေ့ စိုက်ပြီး
(၄-၅)လကြာလျှင်
ပန်းစပွင့်၍
(၆)လကြာလျှင်
အသီးစတင်သီးသည်။
သုံးနှစ်သားအရွယ်အထိ
အသီးအထွက်ကောင်းသည်။
မျိုးကိုလိုက်၍
တစ်ပင်လျှင်အသီး(၅၀-၁၀၀)အထိသီးနိုင်သည်။
သင်္ဘောပင်များကို
(၈)ပေလေးကွက်ကျားစနစ်ဖြင့်စိုက်ပါက
သင်္ဘောတစ်ပင်သည်
ပျမ်းမျှအသီး(၇၀)ခန့်သီးလျှင်
တစ်ဧကမှအသီးပေါင်း(၄၇၆၀၀)ရနိုင်သည်။

#ဂုဏ်နှင့်စွမ်းရည်။     ။အမြစ်သည်ချုပ်၏ လေကို ပျက်စေတတ်၏ ပူ၏ မီးယပ်သွေးကို မှန်ကန်စေ၏။
#အသီးမှည့် ။ ။ အသီးမှည့်သည်ချို၏ ဝမ်းမီးကို တောက်
စေသည် ဆာလောင်စိတ် ကိုဖြစ်ဖေါ်ကာကြေကျက်လွယ်
၏။ဝမ်းကြောတင်းခြင်းကို ပျောက်စေ၏ ဆီးရွင် ဝမ်းတွင်း
ပူလောင်ခြင်းကို ငြိမ်းစေသည်။ဆီးရောဂါ ကျောက်တည်
ရောဂါတို့ ကို ပယ်ဖျောက်တတ်၏ အလွန် ဝဖြိုးသော ကိုယ်ကို ပိန်စေတတ်၏။ သလိပ် နှင့် သွေးများ ရော၍ ပါခြင်း နှင့် သွေးမြင်းသရိုက် ကို ပျောက်ကင်းစေသည်။
ဆီးကြော ဆီးပြွန်များ ပူခြင်း ဆီးကြောနှင့် အနာပေါက်
ခြင်းကို ကာကွယ်၏။သလိပ် ကို ပွါးစေပြီ နှလုံး ကို အကျိုးပြုသည်။ရူးသွပ်ခြင်း ကိုလည်းပျောက်စေသည်။
ကာမ ကိုအားပေးသည်။အူများကို တွန့် ရှုံ စေ၏။ သွေးကို
စင်ကြယ်စေ၏။ သည်းခြေကို ငြိမ်းအေး စေ၏။ အသီး
မှည့်ကို အလွန် အကျွံ စားပါက ဆီးချိုနှင့်ဆီးလွန် ရောဂါ
ကိုယ်ဖေါက်ပြန်ခြင်းကို ဖြစ်စေတတ်သည်။
#အသီးစိမ်း။ ။ အသီးစိမ်းသည် အတိသာရ ဝမ်းရောဂါကိုပျောက်ကင်းစေသည်။
#အရွက်။ ။ အရွက်သည် အဆိပ် အနည်းငယ် ရှိ၏။
အရွက်ကို စားပါက အကြော လှုပ်ရှားမှု ကို နှေးစေသည်။ နှလုံး၏ လှုပ်ရှားမှူ ကိုလည်းနှေးစေသည်။
နှလုံး အေးခြင်းကို ပြုတတ်သည်။ နှလုံးကို အားပေး၏။
အဖျားကို ပယ်တတ်၏။
#အစေ့။ ။ အစေ့သည် ဝမ်းတွင်းရှိ သန်ကောင်များကို
ဖျက်စီး တတ်ပြီ မီးယပ်သွေးကို မှန်ကန် စေ၏။ ကင်းဆိပ်
ကိုလည်း များစွာ နိုင်နင်းသည်။
#သင်္ဘောသီးနှင့်အစေးသတ္တု
အပင်၌ ရှိသောသင်္ဘောသီး အစိမ်းကို အစေး
ထွက်ရုံ ခြစ်၍အိုးငယ် သံခွက်စသည်တို့ ဖြင့်အစေးကို
ခံယူပါ။ အစေးနှင့် အရည်များထွက်လာပါလိမ့် မည်။ထို့ နောက် သဲအပြည့်ထည့်ထားသော အ ဝ ကျယ် အိုး၏ အပေါ်တွင် သင်္ဘောသီး အစေး ခံယူထားသော အိုးကို
ဆင့်ကာထားပြီးလျင် မီးမြှင်းမြှင်းထည့်ပါ။ ထို အစေးများ
ပျစ်ခဲလာသောအခါ အအေးခံ၍ အပြားကလေးများပြုကာ
ခြောက်သွေ့သော ပုလင်းတွင် လုံစွာထားပါ။ယင်းသည်
သင်္ဘောသီးသတ္တု ဖြစ်ပါသည်။ နောက်တစ်နည်းမှာ
သင်္ဘောသီး အစိမ်းများကို လှီးခြစ်၍ အစေးများထွက်လာ
သောအခါ ထို အစေးများကို သဲပေါ် တွင် အဝတ်ထူထူ
ခင်းဖြန့် ၍ အဝက်ပေါ် မှ သင်္ဘောသီး အစေးကို ခြောက်
အောင်ထားပါ ခြောက်သောအခါ ပုလင်းတွင် လုံစွာထား
၎င်း သည်လည်း သင်္ဘောသီးအစေးသတ္တုခဲ ဖြစ်သည်။
#အစာကြေဆေး
သတ္တု အစေး ရွေးဝက် မှ တစ်ရွေး အထိ လူလတ် အရွယ်များကို နွားနို့ သကြာခဲ ရ ရာဖြင့် ကျွေးပါက လျင်စွာပျောက်သညိ။
ရောဂါအလိုက်အသုံးပြုသည်များမှာ =======
#ပွေးနှင့်ယားနာပျောက်ဆေး။ ။ သင်္ဘောသီး အစိမ်းမှ
ထွက်သောအစေးကို လိမ်းကျံပေးပါက ပွေး ယားနာ
အရေပြား ရောဂါများ ပျောက်သည်။
#ကင်းဆိပ်ဖြေဆေး။ ။ သင်္ဘောသီး အစိမ်းကို လှီးဖြတ်
ထွက်လာသောအရည်ဖြငိ့ ကင်းကိုက်သောနေရာကို
လိမ်းပေး ကင်းဆိပ် ပြေသည်။
#သရက်ရွက်ကြီးသောရောဂါ ။ ။ သင်္ဘောသီး အစေး ၄ ပဲသား သကြား ၄ ပဲသား ထို နှစ်မျိုးရောကာ
၃ ခွက်စာပြုပါ။ နံနက် နေ့ လည် ည သုံးကြိမ်သောက်
သရက်ရွက်ကြီး သောရောဂါ တစ်ပါတ် သောက်ရုံဖြင့်
ပျောက်ကင်းသည်။ ထိုမှမဟုတ် အသီးစိမ်းကို အခြောက်
လှမ်း အမှုန့် ပြု သုံးစွဲမူ အထက်ပါရောဂါ ပျောက်ကင်း၏။
သရက်ရွက်ကြီးပါက သင်္ဘောသီးခြောက်မှုန့်  (ဝါ) အသီး
ခြောက်ကို ဆားပနည်းငယ်ဖြင့်ထည့်ပြီးသုံးပါက သရက်
ရွက်ကြီးခြင်းပျောက်ကင်းသည်။
#အတိသာရဝမ်းသွားပျောက်ဆေး။ ။ သင်္ဘောသီး
နုနု ကို အခြောက်လှမ်း အမှုန့် ပြု ၄င်း အမှုန့် ကိုအနည်း
ငယ်စားပါက နာတာရှည် အတိသာရ ဝမ်းပျက်များ
ပျောက်ကင်းသည်။
#အနာအဖုများ။ ။ အစေးကို လိမ်းပေးပါက နု လျင်
ပိန် ရင့်လျင်ပေါက်စေ၏။
#လိင်နိမိတ်ရောဂါ။ ။ လူပျိုနာဖြင့် စပ်လျင်သော
အနာပေါက်များကို ၄င်းအစေးဖြင့်လိမ်းပေးပါက ကျပ်နာ
ဘင်နာ အရေပြားပေါ်မှ အနာများကို ပျောက်ကင်းစေ
သည်။
#နို့ထွက်ဆေး။ ။ သင်္ဘောသီးအစိမ်းကို ဟင်းလျာပြု
၍စားပေးပါက ရင်သားတင်းမာ လာကာ နို့ များစွာထွက်
သည်။
#အကြောတက်ရောဂါ။ ။ သင်္ဘောရွက်သတ္တုရည်ကို
ဘိန်း အနည်းငယ် ရောပြီး လိမ်းပေးပါက အကြောတတ်
ပျောက်ကင်းသည်။
#သန်ချဆေး။ ။ သင်္ဘောသီးအစေ့ ကို အရွယ်
ကြည့်၍ အနည်းငယ်ကျွေးပါက ဝမ်းတွင်းရှိ သန်များကျ
ဆင်းလာပေလိမ့်မည်။
#မီးဖွါးလွယ်ကူရန်ဆေး။ ။ သာအိမ် ဝ ကို သင်္ဘေသီး အစေး အနည်းငယ်မျှ လိမ်းပေးပါက အလွန်
မီးဖွါးရ ခက်နေသော အမျိုးသမီးများ လွယ်ကူစွာဖွါးမြင်
လိမ့်မည်။
#ဆီးရွင်ဆေး။ ။ သင်္ဘောသီး ဝမ်းပြင်းကို ဟင်းချက်စား သို့ မဟုတ် သနပ်လုပ်၍ စားပါက ဆီးနှင့်ဝမ်းကို ရွင်စေသည်။
#ဝမ်းတွင်းအပူအားကြီးခြင်း။ ။သင်္ဘောသီး အမှည့်
ကို စားပေးပါက ဝမ်းတွင်းရှိ ပူလောင်ခြင်းများ ပျောက်ကင်းသည်။
လေ့လာမူ အရ သင်္ဘောပင်သည် အသီးအရွက် ပင်စည်
အစေးအမျိုးမျိုးသုံးစွဲနေကြသည်။ ကင်ဆာ အထိ ပင်
ပျောက်ကင်းနိုင်ကြောင်းသိရသည်။အဟာရ အနေဖြင့်
လူများနှင့်သင့်တော်သော သဘာဝပေါက်ပင် ဖြစ်ကြောင်း
ဓါတုဗေဒ ကင်းသည့် သင်္ဘောပင်ကို အိမ်တိုင်းစိုက်ထား
သင့်ပါကြောင်း။
**အထူးမှာကြားချက်*
သင်္ဘောသီးသည် ဂျင်း (ချင်း) နှင့် လုံးဝ မတည့်ပါ။အစေ့ အရွက် အသီးစိမ်းကို ကိုယ်ဝန်ဆောင် မိခင်များမသုံးစွဲသင့်ပေ။

  အမှတ်စဉ်( ၃ )
   #ခွေးလှေးယားပင်
   ရုက္ခအမည်။    ။  Mucuna pruriens
  အင်္ဂလိပ်အမည်။     ။  Velvet Bean.
  မျိုးရင်း ။   ။  papilionaceae ( Fabaceae)
  စိုက်ပျိုးနည်းက လွယ်ကူလို့ မရေးတော့ပါ။အပူပိုင်း
ဒေသနှင့် သမပိုင်း ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းပါသည်
 အာယုဗေဒ ဆေးပညာသမိုင်းမှာလည်း အသုံးပြုမှု မှတ်တမ်းတွေရှိပါတယ်။ အပူပိုင်းဒေသမှာဆိုရင် ရိုးရာ
ဆေးအဖြစ်လည်း အသုံးပြုကြသည်။ မျိုးစိတ် အမည်
ဖြစ်တဲ့ pruriens ၏ အဓိပ္ပါယ် မှာ  အသီးတောင့်၏
အမွှေးများနှင့် ထိမိပါက အရေပြားယားယံခြင်း ခံစားရ
သည်အဓိပ္ပါယ် ကိုဆောင်သည်။ အထူးသဖြင့် အိန္ဒိယနှင့်
အာဖရိက တိုက်မှာပေါများစွာပေါက်သလို မြန်မာပြည်မှာ
လည်း ကောင်းစွာဖြစ်ထွန်းပါတယ်။ အောက်တိုဘာလ နှင့် ဒီဇင်ဘာလ အတွင်း ပန်းပွင့်များ အသီးများတွေ့
ရသည်။ ဓါတုဒြပ် ပါဝင်မှု အနေနဲ့ ခွေးလှေးယား အစေ့
မှာ အသားဓါတ် ၂၀ ၂၉ ရာနှုန်း ကစီဓါတ် ၅၀ ၆၀ ရာနှုန်း အဆီဓါတ် ၆ ၇ ရာနှုန်း အမျှင်ဓါတ် ၈  ၁၀ နှင့်
သတ္တုဓါတ်တွေ များစွာပါဝင်ပါသည်။ခွေးလှေးယားသီး
ရဲ့ အစေ့ အရွက် တို့ ဟာ သွေးထဲမှာရှိတဲ့ သကြားဓါတ်
ပမာဏ ကို လျော့ကျစေတဲ့အတွက် ဆီးချို ရောဂါ ကုသ
မှုမှာ အသုံးပြုနိုင်ပါသည်။ ထို့ အပြင် အမြစ် အရွက် အသီး အစေ့ တို့ သည်ရောင်ရမ်း မှုကိုသက်သာစေခြင်း
အတွင်းကလီစာများရှိ ကြွက်သားမျှင်များ၏ spasm ကို
တားဆီးခြင်း နာကျင်မှု ကို သက်သာစေခြင်း အဖျားကျ
စေခြင်း စသောသတ္တိရှိပါသည်။ခွေးလှေးယား စေ့ ကို
ကမ္ဘာ အနှံမှာ ရှေ့ရိုးစဉ်ဆက် နည်းအဖြစ် မြွေကိုက်တဲ့
လူနာတွေမှာ အသုံးပြုကြသည်။ခွေးလှေးယားစေ့ဟာ
မြွေဆိပ်ကြောင့်ဖြစ်သော သွေးခဲမှု ကိုဟန့် တားပြီး
မြွေဆိပ်ရဲ့ အဆိပ် အတောက် ကို လျော့နည်းစေသည်။
အစေ့ တွင်ရှိသော အသားဓါတ်က အဆိပ်အားခြေဖျက်
သည့် ပဋိပစ္စည်း ကို မြင့်တင်သည်ဟု ယူဆသည်။
ဘရာဇီးနှင့် အိန္ဒယ နိုင်ငံတွေမှာဆိုရင် ခွေးလှေးယားပင်
ကို ရှေးအစဉ်ဆက်တည်းက လိင် အားတိုးဆေးအဖြစ်
အသုံးပြုကြသည်။  ၄င်း သည် ခန္ဓာကိုယ်တည်ဆောက်
ဖွဲ့စည်းမှု ကိုအားပေးသည့်အစွမ်းသတ္တိရှိသည်ဟုလည်း
ယူဆကြသည်။ လိင်အားတိုးဆေးအဖြစ်လည်း အခြား
ပရဆေး မယ်များနှင့်ပေါင်းစပ်ပြီ အပြည်ပြည်ဆိုင်ရာ
ဈေးကွက်တွေမှာ ရောင်းချနေကြပါပြီ။ အန္ဒိယ နိုင်ငံမှာ
ဆိုရင် ဆီးချို ရောဂါကို အခြားဆေးအမယ်တွေနဲ့
ရောနှောသုံးနေကြသလို ယောင်္ကျားများမျိုးပွါး ချို့ယွင်း
မှု ရောဂါမှာလည်း အသုံးပြုကြသည်။ အစေ့သည် ဝမ်း
တွင်းပါ ချို့ယွင်းမှု ကို ဖြစ်စေနိုင်ပြီ သားအိမ် အား တွန်းအား ပေးနိုင်ပါသောကြောင့် ကိုယ်ဝန်ဆောင်
မိခင်များ မသုံးစွဲသင့်ပေ။ သွေးထဲ ရှိသော သကြားပမာ
ဏ ကိုလျော့နည်းစေတဲ့အတွက် သွေးချိုဓါတ် နည်းသူများ ဆီးချိုရောဂါ ရှိသူများ အနေဖြင့် နားလည်
တတ်ကျွမ်းသူ ဆေးပညာရှင်များ၏ ကွပ်ကဲမှုဖြင့် သုံးစွဲ
သင့်ပါသည်။ယောကျာင်္းဟိုမုန်း များစေတဲ့အတွက် ဟိုမုန်း များသောရောဂါတွင် များစွာ သတိထားရမည်။
ဇီဝဋ္ဌာယီ ဦးစံလှ ရေးသောနာနာနယ အာဟာရ စွယ်စုံ
ကျမ်းမှာ- ခွေးလီ ခွေးရီ ဟုလည်းခေါ်ကြသည်။ ပဲတောင့်
အနေနဲ့အလျား ၃ လက်မ ရှိပြီး အနံ သုံးမတ် အရွယ်ခန့် 
ရှိပြီး စစ်တွေတွင် ပဲတက်အနက် ခွေးရေးပဲ။ ချင်းတောင်
တွင် ရာ၊ယုံနှမ်၊ဘူရှုး တရုတ်လို အောင်လောက် ဟုလည်း ခေါ်ဆိုပြီး  ၁၉၁၀ ခုနှစ်Tropical Agriculturist မဂ္ဂဇင်းတွင်၎င်း ပဲသီးများကျွေးပါက
ဝဖြိုး စေတတ်ကြောင်းလူတို့ အသင့်တင့်စားပါက အန္တရယ်မရှိကြောင်း သို့ ရာတွင် အများအပြားစားပါက
ဓါတ်လျောစေတတ်ခြင်း အော့အံစေတတ်ကြောင်း ဖေါ်ပြထားပါသည်။အယဉ် နှင့် အရိုင်းနှစ်မျိုးမှာအယဉ်မျိုး
သည် အသီးတောင့်ရှည်ပြီး အစေ့လည်းကြီးသည်။အစေ့ တွင် အနက်ရောင်ရှိသကဲ့သို့ အဖြူလည်း ရှိသည်။ အယဉ် မျိုးထည်းမှာတွင် အမွှေးအနည်းငယ်ရှိသော
အပင်နှငိ့ အမွှေူးလုံးဝမပါသော အပင်ဟူ၍ ၂ မျိုးရှိသည်။
ခြံ ဥယာဉ် လယ်ယာ တို့ တွင်စိုက်ပျိုးရောင်းချ
စားသောက်ကြသည်။အယဉ်မျိုး ရဲ့ အသီးနု ကို ဟင်းလျာ အဖြစ်လည်း ချက်ပြုတ်စားသောက်နိုင်သည်။
အသုံးပြုပုံ အနေနဲ့ကား အမြစ် နှင့် အစေ့ ကို ဆေး
အဖြစ် အသုံးပြုကြသည်။ အစေ့ အနေနဲ့သုတ်ကို ပွါးစေ
ပြီး အားကိုဖြစ်စေသည်။
#သွေးဝမ်း  ခွေးလှေးယားအမြစ်ရဲ့အမှုန့် ကို ရေဖြင့်ရော
သောက်ပါက ထိုရောဂါပျောက်သည်။
#ပြင်းထန်သောဝမ်းရောဂါ   အတွက် ခွေးလှေးယားမြစ်
ကို ၅ ပုံတစ်ပုံကြွင်း ပြုတ်ပြီး ပျားရည်ဖြင့် ရောသောက်ခဲ့
ပါက အလွန်ပြင်းထန်သော ကာလဝမ်း ရောဂါပျောက်
သည်။
#ဆီးချုပ်နာ ဖြစ်ပါက ခွေးလှေးယားစေ့ အမှုန့် ငါးရွေးသားခန့် ကို ရေဖြင့်ရောပြီး သောက်ခဲ့ပါက ဆီးချုပ် ရောဂါ ပျောက်ကင်းသည်။
#သွေးအံသွေးကျ ဖြစ်ပါက ခွေးလှေးယားစေ့ အနုကို
ဟင်း အဖြစ်ဖြင့်ကြော်ချက်စားပါက ထို ရောဂါပျောက်
သည်။
#လေအားနည်ူဖြစ်သော ရောဂါအတွက် ခွေးလှေးယား
မြစ်သတ္တုရည် ကို တစ်လတိုင်အောင် ဆက်၍ သောက်ပါက ထိုရောဂါ လျင်မြန်စွာ ပျောက်သည်။
#ပန်းနာ ဖြစ်ပါက ခွေးလှေးယားစေ့ အမှုန့် ကို ပျားရည်
ထောပတ်နှင့် ရော၍ လျှက်ပေးပါက ပန်းနာ ပျောက်သှ်။
#ပိန်ကြုံနာ ခွေးလှေးယားစေ့ ကို ထောပတ် ဖြင့်ကြော်
ချက်စားပေးပါက ပိန်ကြုံ သောရောဂါ ပျောက်ကင်းပြီး
သုတ်အားသည်လည်း တိုးပွါးလာပါလိမ့်မည်။
#ရေဖျဉ်း  ဖြစ်ပါက ခွေးလှေးယားမြစ်ကို ကြိတ်၍ ရေဖျဉ်း ရှိနေသော ဗိုက်တွင် လိမ်းပေးပါ။ အမြစ်ကို အတုံး ငယ်များပြု လုပ်ပြီး ခြေဆစ် လက်ဆစ်တို့ ၌ ချည်
ထားပေးပါ။
#လက်မောင်းသိမ် ဖြစ်ပါက ခွေးလှေးယားစေ့ သတ္တုရည်
ကို နေ့ စဉ် သောက်သုံးသွားခဲ့သော် လက်မောင်းသိမ်
ရောဂါ ပျောက်ကင်းသည်။
#ဆင်ခြေထောက်ရောဂါ  ဖြစ်ပါက ခွေးလှေးယားစေ့ မြစ်
မှုန့် တိုကို ဆီဖြင့်ချက်ပြီး လျင် ဆေးဖတ်တို့ ကို စစ်ထုတ်
ပစ်ပြီး ၄င်း ဆီကို လိမ်းပေးပါက ဆင်ခြေထောက်ရောဂါ
ကို ပျောက်ကင်းစေပါသည်။
#ကင်းဆိပ် တက်ပါက ခွေးလှေးယားစေ့ ကိုကြိတ်ပြီး
ကင်းကိုက်ရာတွင် အုံပေးပါက ကင်းဆိပ်ပြေပျောက်သည်
( ခွေးလှေးယားစေ့ အနက် နှင့် ရွေးအနက် ကို ဆောင်
ထာပေးပါက လယ်ယာ လုပ်ငန်းတွင် မြွေ အန္တရယ် ကို
အထူးကာကွယ်သည်= စာရေးသူ)
#ရွဲ့စောင်းလေငန်း  ဖြစ်ပါက ခွေးလှေးယားစေ့ အခွံချွတ်
၍ နွားနို့ နှင့် ကျိုသောက်ပေးပါက နှုတ်ခမ်းရွဲ့စောင်းခြင်း
မျက်စိရွဲ့စောင်းခြင်း စသောလေငန်း ရောဂါ ပျောက်ကင်း
သည်။
#ငန်းဖျား ဖြစိပါက အမြစ်ကို ၅ ပုံတစ်ပုံကြွင်းပြုတ်၍
သောက်ခဲ့သော် အဖျားလွန်ကဲခြင်း ကယောင်ကတမ်း
ပတောက်ပရစ် ပြောဆို၍ ဖျားခြင်းပျောက်ကင်းသည်။
#သားအိမ်လျောနာ ဖြစ်ပါက ခွေးလှေးယားမြစ်ကို ၄ ဘို့ တစ်ဘို့ ကြွင်းပြုတ် ၍ သောက်ပါ။ ၄င်းပြုတ်ရည်ဖြင့်
သားအိမ် ကို ဆေးကြောပေးပါကသာအိမ် လျောခြင်း
ကင်းပြီး သာအိမ် အားရှိလာပါလိမ့်မည်။
#သုတ်အားနည်း ဖြစ်ပါက ခွေးလှေးယားစေ့ ဆူးလေသီး
စေ့ သကြားတို့ ကို အမျှစီစု အမှုန့် ပြု၍ ၆ ပဲသားခန့် 
သောက်ပါ ထိုမှ နွားနို့ ပူပူ ထပ်သောက်ပါ။နောက်တစ်နည်းဆေးတွင် သကြားထပ်မထည့်ဘဲ ၂ မျိုး ကိုသာ အမှုန့် ပြု
ပြီး  ၂ ပဲ သားခန့် သောက်ပါ။ ထိုမှ နွားနို့ တွင် သကြား
ထည့်ပြီး ချိုချို ပူပူ ထပ်သောက်ပါ။ (သုဿတ)
#သုတ်ပျက်  ပါက ခွေးလှေးယားစေ့ ကို အခြားသော
အားရှိစေတတ်သည့် ဆေးဖက်မျိုးတို့နှငိ့ ရောစပ် မှီဝဲ
ပေးပါက သုတ်ပျက်ရောဂါ ပျောက်ကင်းသည်။
#သုတ်ရည်ယို  ခွေးလှေးယားသီး နု အစိမ်းကို အရိပ်မှာ
သွေ့အောင်လှမ်း၍ နွားနို့  ၂၅ိ သားဖြင့် ကျို ပါ။၎င်း ကို
နေ့ စဉ် သုံးစွဲပေးပါက သုတ်ရည် အမျှင်မျှင် ကျဆငိး
ယိုစီးသော ရောဂါ ကာမ အားနည်းသောရောဂါ။
သုတ်အားနည်းသောရောဂါများ ပျောက်ကင်းပါသည်။
#ကာလသားရောဂါ ဖြစ်ပါက ခွေးလှေးယားစေ့ ၁၂ ပဲ သားကို ကြိတ်၍ ရေ ၁၂ ကျပ် ၈ ပဲ့သားနှင့် နေ့ စဉ်
၇ ၇က်တိုင်တိုင် သောက်ခဲ့သော် ကာလသား ရောဂါ
ပျောက်ကင်းပါသည်။
#သုတ်လွတ်ရောဂါ ခွေးလှေးယားစေ့ မိချောင်းကွမ်းဖက်
 ၁ိ သားစီ သကြားခဲ ၂ိ သားတို့ ကို ရောပြီး အမှုန်ပြု
၆ ပဲသားခန့် ပြုတ်သောက်ပါ။ထို့ နောက် နွားနို့ ပူပူ ကို
ထပ်သောက်ခဲ့သော် သုတ်အားနည်းသောသူများ  သုတ်များ လာပါလိမ့်မည်။ သုတ်မြန်ရောဂါ အလိုလိုကျ
ဆင်းသော သုတ်ရည်ယို ရောဂါ များလည်း ပျောက်ကင်း
ပါသည်။ ညဥ့် အိမ်မက် သုတ်လွတ်ရောဂါအတွက် အထူး
သင့်လျော်ပါသည်။
#အသားအနုတက်ဆေး ခွေးလေးယားစေ့ ၃ိ သားကို ကြိတ်၍ မုန်ညင်းဆီ ၁၂ိသားဖြင့် ချက်ပြီလျှင် အဆီကို
စစ်ယူပြီ မကျက်နိုင်သော အနာပျက်များကို လိမ်းပေး
လျှင် အနာ အသားနု တတ် ၍ ကျက်လာပါလိမ့်မည်။
#သံကျဆေး  သကာရည် သကြားရည် သို့မဟုတိ ပျားရည် ရရာ တစ်ခုခုတွင် ခွေးလှေးယား အရိုင်း၏ အသီးတောင့်ကို ထည့်၍ အမွှေးနုများကို ပျားရည်ထဲတွင်
ပျစ်လာသည်အထိ မွှေပြီးနောက် အဖတ် အတောင့်များ
ကို ဆယ်ယူပစ်ပါ။ ထိုမှ ကြွင်းကျန်သော အရည်ကို
ခလေးဖြစ်ပါက လဘက်ရည်ဇွန်ူ တစ်ဇွန်း လူကြီးဖြစ်ပါက
စားပွဲဇွန်းဖြင့် တစ်ဇွန်း ကို ၃ ၄ ရက် ဆက်သောက်ပါ။
ထု့ နောက် ဝမ်းနှုတ်ဆေး စားပေးပါက ဝမ်းတွင်းရှိသံ
ပိုးများ ကျဆင်းလာပါလိမ့် မည်။
ဤမျှလောက် ဖေါ်ပြခြင်းဖြငိ့် #ခွေးလှေးယား ပင်သညိ
ဈေးကွက် ခိုင်မာစွာရှိပါက အသုံးများစွာ ရှိသောကြောင့်
စိုက်ပျိုးသင့်သည့် အပင်ဖြစ်သည်ကို တင်ပြပေးလိုက်ပါသည်။ ဤမှ ယင်းအပင်သည်အဆိပ်
အတောက်ရှိသော အပင်ဖြစ်ပါသည် သုံးပါက သတိထားသုံးလေ။ဤ သည်တို့ မှာ အသုံးဝင်ပုံ အကျဉ်းပင်ဖြစ်သည် အခြား အသုံးလည်း ရှိပါသည်။



ကိုးကားများ ။      ။ ရှင်နာဂသိန်ပုံပြ ဆေးအဘိဓါန်။

No comments: